← Chapters

ကောင်းကင်လျှောက်လှမ်းခြင်းလား

Vol. 91 Ch. 1257

ကောင်းကင်လျှောက်လှမ်းခြင်းလား

Vol. 91 Ch. 1257

ဝမ်ပေါင်လဲ့က တိတ်ဆိတ်နေသည်။ သူက ချန်ရှင်း၏ အကြည့်ကို မြင်လိုက်သည့်အခါ သူ့စိတ်ထဲ အတွေးများစွာ ပေါ်ထွက်လာ၏။ ထိုအရာက တဖြည်းဖြည်းချင်း သက်ပြင်းချသံအဖြစ် ပြောင်းလဲသွားသည်။ သူက သူ့ဆရာ၏ သေဆုံးမှုကို စိတ်ထဲမထားတော့သော်လည်း ဂိုဏ်းတူအစ်ကိုကြီးဟု မခေါ်နိုင်သေးပေ။

အဆုံးသတ်တွင် သူက အရိုအသေသာ ပေးလိုက်၏။

ထို့နောက် သူက လှည့်ကာ ထွက်သွားလိုက်သည်။

သူ့ဂိုဏ်းတူအစ်ကိုကြီး အဆင့်တက်လှမ်းသည့် နေ့ရက်က သူ့တာအိုရှာဖွေတော့မည့် နေ့ ဖြစ်ကြောင်း သိထားလေသည်။ ကျောက်ပြားကမ္ဘာအတွင်း တာအိုရှာဖွေခြင်းက ကျောက်ပြားကမ္ဘာမှ ထွက်သွားကာ ပြင်ပစကြဝဠာထဲ သွားရောက်ပြီး ဤနေရာနှင့် လုံးဝကွဲပြားနေသည့် ကြယ်တာရာကောင်းကင်ကို ကြည့်ဖို့ရာ ဖြစ်သည်။

သူ့လက်ရှိ ကျင့်ကြံဆင့်ဖြင့် သူက ထိုအရာကို မလုပ်နိုင်သေးပေ။ ထို့အပြင် သူ့တာအိုက ချန်ရှင်းနှင့် ကွဲပြားနေ၏။

ဓာတ်ငါးပါးကလည်း မပြီးပြည့်စုံသေးပေ။ တစ်ချိန်တည်းဆိုသလို ချန်ရှင်း၏ ရွေးချယ်မှုက မသေချာမှုများဖြင့် ပြည့်နှက်နေသည်။ သူက အမှန်တကယ် အောင်မြင်သွားပြီး အတားအဆီးကို ချိုးပြီး တာအိုကို ရှာဖွေနိုင်လောက်သလို မထင်မှတ်ထားသည့် အရာတစ်စုံတစ်ခုလည်း ဖြစ်ပျက်သွားနိုင်ချေလည်း ရှိနေသည်။

ဝမ်ပေါင်လဲ့အတွက် အဆုံးသတ်တွင် မည်သို့ဖြစ်နိုင်မလဲ မစိုးရိမ်ဘဲ မနေနိုင်ဖို့ မဖြစ်နိုင်ပေ။ သို့သော်လည်း စိုးရိမ်မှုက အသုံးမဝင်ကြောင်း သိထားလေ၏။ ဤသည်က ချန်ရှင်း၏ စွဲလမ်းမှုဖြစ်ပြီး သူ လျှောက်လှမ်းနေသည့် ရွေးချယ်မှုလမ်းစဉ်လည်း ဖြစ်ပေသည်။

“အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ပါတယ်” ဝမ်ပေါင်လဲ့က ရေရွတ်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားသည်။

ဝမ်ပေါင်လဲ့ ထွက်သွားပြီးသည့်နောက်တွင် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းခေါင်းဆောင်ကြီးကလည်း ချန်ရှင်းထံ ဦးညွှတ်ကာ လှည့်ထွက်သွားသည်။ တစ်ခါက အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေ ဖြစ်ခဲ့ဖူးသည့် နေရာထဲ ချန်ရှင်းတစ်ယောက်သာ ကျန်ရှိတော့၏။ သူက တင်ပျဉ်ခွေ ထိုင်လိုက်သည်။ မြစ်ကြောင်းက သူ့ဝန်းကျင်တွင် ပေါ်ထွက်လာပြီး ပုံရိပ်ကို ဖြည်းဖြည်းချင်း ဖုံးလွှမ်းသွား၏။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားလေသည်။ မျက်စိတစ်မှိတ်အတွင်း ၂၈ နှစ် ကုန်ဆုံးသွားခဲ့၏။

၂၈နှစ်က ကျောက်ပြားကမ္ဘာအတွက် များများစားစား မဟုတ်သော်လည်း အပြောင်းအလဲများ ကြီးမားလွန်းလှသည်။ အဆုံးမဲ့မျိုးနွယ်က ကျဆင်းသွားပြီးသည့်နောက် အတိတ်ကလို မောက်မာမှုမျိုး မရှိကြတော့ပေ။ ယခင်က သူတို့ကျွန်ပြုထားသည့် ဂိုဏ်းများ၊ မျိုးနွယ်များနှင့် လူမှုအဖွဲ့အစည်းများက စတင်ပုန်ကန်လာကြသည်။ အဆုံးသတ်၌ အဆုံးမဲ့မျိုးနွယ်က အရာအားလုံးကို လက်လျှော့ပြီး သူတို့၏ ဘိုးဘေးပိုင်ဂြိုဟ်ဆီ စုဝေးပြီး နေရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။ ထိုအခါမှသာ သူတို့က နေစရာနေရာ ရသွားခြင်း ဖြစ်၏။

အကြောင်းအရင်းကမူ ရှဲ့မျိုးနွယ်၏ ခေါင်းဆောင်ကြီးက ပေါ်ထွက်လာပြီး မျိုးနွယ်ကို ကာကွယ်ပေးခဲ့၍ ဖြစ်သည်။

ထိုအရာကလွဲ၍ ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်သော်လည်း တစ်ခါမှ မလှုပ်ရှားခဲ့ပေ။ ယခင်တိုက်ပွဲအတွင်းဖြစ်စေ သို့မဟုတ် လွန်ခဲ့သည့် ၂၈နှစ်အတွင်း ဖြစ်စေ သူက အတော်လေး တိတ်ဆိတ်နေခဲ့သည်။ သူ့တည်ရှိမှုကပင် အင်မတန် မှေးမှိန်နေ၏။ ရှဲ့မျိုးနွယ်ကလည်း သူတို့၏ ပိုင်နက်ကို မချဲ့ထွင်ခဲ့ပေ။

ထိုအစား သူတို့က ကျုံ့သွားလေသည်။ အကြောင်းအရင်းကမူ သူက လတ်တလော အုပ်စိုးနေကြသော ဝမ်ပေါင်လဲ့၊ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး သို့မဟုတ် အမှောင်ဂိုဏ်းတို့ထံ လှုပ်ရှားမှု ပြုလုပ်ပြီး ခက်ခဲအောင် မလုပ်ခဲ့ပေ။

အမှောင်ဂိုဏ်းအတွက်မူ ယခင် ၂၈နှစ်အတွင်း ကျောက်ပြားကမ္ဘာ၌ နံပါတ်တစ်ဂိုဏ်း ဖြစ်လာခဲ့သည်။ ထိုအရာက ကြီးမားလှပြီး ယခင်အဆုံးမဲ့မျိုးနွယ်နှင့်ပင် ယှဉ်နိုင်လေ၏။ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အမှောင်ဂိုဏ်းသားများကလည်း နယ်မြေအနှံ့ တွေ့မြင်နိုင်သည်။ သူတို့က လက်ထဲတွင် မီးအိမ်ကို ကိုင်စွဲလျက် သေလူများ၏ ဝိညာဉ်ကို ပို့ဆောင်ပေးဖို့ လှေငယ်များအပေါ် ထိုင်နေကြသည်။

ပြန်လည်ဝင်စားခြင်း စက်ဝန်းက စတင်ခဲ့ပြီဖြစ်ကာ အမှောင်ဂိုဏ်း နည်းစနစ်များကလည်း ပြန်လည်ပေါ်ထွက်လာသည်။ ကျောက်ပြားကမ္ဘာတစ်ခုလုံးက ပြန်လည်အေးချမ်းသွားသလိုမျိုး ဖြစ်၏။

မဟာလက်ဝဲတာအိုနယ်မြေဆီ ပြန်ရောက်လာသည့် ဝမ်ပေါင်လဲ့က သီးသန့်ကျင့်ကြံနေခြင်း မရှိတော့ပေ။ သူက မြေဓာတ်တာအိုမျိုးစေ့ကို ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ဖွဲ့စည်းဖို့ မြန်ဆန်လာစေသည်။ သို့သော်လည်း အရှိန်က မည်မျှပင် မြန်ဆန်စေကာမူ ညတွင်းချင်း မဖြစ်နိုင်ပေ။ သို့သော်လည်း လုပ်ပိုင်ခွင့်ရရှိထားမှုက ဝမ်ပေါင်လဲ့အား သူ့တာအိုမျိုးစေ့ ဖွဲ့စည်းမှု ကျရှုံးသွားလျှင်ပင် တာအို သယ်ဆောင်ထားသည့်ပစ္စည်း၏ အရည်အသွေးအပေါ် သက်ရောက်မှု မရှိအောင် ကာကွယ်ပေးထား၏။

ဤသည်က လုံလောက်နေပြီ ဖြစ်၏။

ဝမ်ပေါင်လဲ့က မြေဓာတ်တာအိုမျိုးစေ့ ဖွဲ့စည်းဖို့ အချိန်ကျလာကြောင်း ခံစားမိလိုက်သည်။

ပြည်ထောင်စုကြီးကလည်း ယခင် ၂၈နှစ်အတွင်း အတော်အတန် စည်ပင်ကြွယ်ဝလာသည်။ ၂၈ နှစ်က စကြဝဠာတစ်ခုလုံးနှင့် ယှဉ်လျှင် သေးငယ်သည့် အချိန်ပမာဏ ဖြစ်သော်လည်း မဟာလက်ဝဲတာအိုနယ်မြေအတွင်း ပြည်ထောင်စုကြီး၏ အရှင်သခင် ဟူသော ရာထူးဂုဏ်ပုဒ်က သက်ရှိအားလုံး၏ စိတ်ထဲ၌ နက်နက်နဲနဲ အမြစ်တွယ်သွားခဲ့သည်။

ထိုအရာက တာအိုသခင် ဝမ်ပေါင်လဲ့အတွက်လည်း အတူတူသာ ဖြစ်၏။ ဤသည်က မဟာဒိဋ္ဌိနယ်မြေအတွက်လည်း အတူတူသာ ဖြစ်ပေသည်။ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းက သေချာသည့် အနေအထားတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့သည်။ ထိုခေါင်းဆောင်ကြီးက မဟာဒိဋ္ဌိနယ်မြေရှိ ဂိုဏ်းအားလုံး စုဝေးပြီး မဟာဒိဋ္ဌိ တာအိုသခင်အဖြစ် ခံယူနိုင်ခဲ့သည်။

တစ်ခုတည်းသော ခြွင်းချက်ကမူ စန္ဒာကြယ်ဂိုဏ်း ဖြစ်၏။ ဤသည်က မဟာဒိဋ္ဌိနယ်မြေအတွင်း လျှို့ဝှက်အဆန်းကြယ်ဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပေသည်။ စန္ဒာကြယ်ဂိုဏ်းအကြောင်း သိဖို့ အရည်အချင်းပြည့်မှီသည့်သူ အနည်းငယ်မျှသာ ဖြစ်၏။ လူများစွာက ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းအကြောင်း သိသော်လည်း စန္ဒာကြယ်ဂိုဏ်းအကြောင်း မသိကြပေ။

ဝမ်ပေါင်လဲ့အတွက်မူ သူက စန္ဒာကြယ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးဖြင့် ပြုလုပ်ထားသည့် ကတိစကားကို မမေ့သေးပေ။ ယခုမှစ၍ ၂၁ နှစ်ကြာ လိုနေသေးသည်။

အချိန်က ဖြည်းဖြည်းချင်း ချဉ်းကပ်လာလေသည်။

လွန်ခဲ့သည့် ၂၈နှစ်အတွင်း ဝမ်ပေါင်လဲ့က နေရာများစွာကို သွားခဲ့သည်။ သူက မဟာဒိဋ္ဌိနယ်မြေဖြစ်စေ၊ မဟာလက်ဝဲတာအိုနယ်မြေဖြစ်စေ၊ ရွှေဓာတ်နှင့် မီးဓာတ်ကို သယ်ဆောင်ထားနိုင်သည့် ရတနာကို လိုက်လံရှာဖွေနေခဲ့၏။

သူ့အနေဖြင့် ထိုအထွတ်အထိပ် ရတနာနှစ်ခုကို ရှာမတွေ့သေးသည်မှာ နှမြောဖို့ကောင်းလှသည်။ ဝမ်ပေါင်လဲ့က  ၂၈ နှစ်အတွင်း အလယ်ပိုင်း အဆုံးမဲ့တာအိုနယ်မြေဆီ သုံးကြိမ်တိုင်တိုင် သွားခဲ့၏။

သူ သွားရောက်ခဲ့သည့်အချိန်တိုင်း အမှောင်မြစ်ကြောင်းနား ရပ်ကာ အမှောင်မြစ်ကြောင်းကို ကြည့်လေ့ရှိသည်။ သူက အမှောင်မြစ်ကြောင်းအတွင်းရှိ ပုံရိပ်ကို ဝေဝေဝါးဝါး မြင်ရ၏။

အချိန်တိုင်းဆိုသလို အချိန်အတော်ကြာ ကြည့်နေပြီးသည့်နောက် ဦးညွှတ်ကာ ထွက်ခွာသွားလေသည်။

အကြိမ်တိုင်း သူ ထွက်ခွာသွားပြီးသည့်နောက် မြစ်ကြောင်းအတွင်း ရှိနေသည့်ပုံရိပ်က မျက်လုံးပွင့်လာကာ အဝေးတစ်နေရာကို လှမ်းကြည့်လာသည်ကိုတော့ ဝမ်ပေါင်လဲ့တစ်ယောက် သတိမထားမိခဲ့ပေ။

နောက်ထပ်တစ်နှစ်တာ ကုန်ဆုံးသွားလေ၏။ ၂၉ နှစ်မြောက် ရောက်ရှိလာသည့်အခါ မီးတောက်ခေါင်းဆောင်ကြီးက သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားခဲ့ပြီး စကြဝဠာအဆင့် တက်လှမ်းဖို့ လုပ်ဆောင်နေသည်။ ဝမ်ပေါင်လဲ့ကလည်း သူ့မိသားစုနှင့် ၂၉နှစ်တာ အဖော်ပြုပေးခဲ့၏။ သူက မြေဓာတ်တာအိုမျိုးစေ့ကို နားလည်ဖို့ရာအတွက် ရံဖန်ရံခါ သီးသန့်ကျင့်ကြံရေး ဝင်ရောက်လေ့ရှိသည်။ သူက မြေဓာတ်မျိုးစေ့ ဖွဲ့စည်းမှုသည် သိပ်အလှမ်းမဝေးတော့ကြောင်း ခံစားမိ၏။

အချိန်က မြန်မြန်ကုန်ဆုံးသွားလေသည်။ ဤတစ်ကြိမ် ပိုပင် တိုတောင်းလှ၏။ နောက်ထပ် တစ်နှစ် ကုန်ဆုံးသွားခဲ့သည်။

တိုက်ပွဲကြီး ပြီးဆုံးသွားသည်မှာ နှစ် ၃၀ ကြာမြင့်သွားပြီဖြစ်၏။ ဤနေ့ရက်၌ ဝမ်ပေါင်လဲ့က ရုတ်ချည်းဆိုသလို မျက်လုံးပွင့်လာသည်။ သူက သူ့ရှေ့၌ လေထဲတွင် ပြည့်နှက်နေသည့် သင်္ကေတများစွာကို မကြည့်ပေ။ ထိုအစား သူက ခေါင်းမော့ကြည့်လိုက်၏။ သူက အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေရှိ အမှောင်နယ်မြေကို လှမ်းကြည့်လိုက်ခြင်း ဖြစ်သည်။ အမှောင်မြစ်ထဲမှ ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

ဝမ်ပေါင်လဲ့က မြစ်ကို ကြည့်လိုက်သည့်အချိန် ဝိညာဉ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၊ ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးနှင့် စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်တို့ကလည်း အမှောင်မြစ်ဆီ ကြည့်လာကြသည်။

အမှောင်မြစ်က လှုပ်ခတ်လာပြီး ဆူဆူညံညံအသံများစွာ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုက အထဲမှ ထွက်ပေါ်လာ၏။ အရှိန်အဝါ တစ်ခုတည်းဖြင့် ကျောက်ပြားကမ္ဘာတစ်ခုလုံးကို လှုပ်ခတ်သွားစေသလို သက်ရှိအားလုံးက တုန်ယင်သွားကြသည်။

သို့သော်လည်း အရှိန်အဝါက အလျင်အမြန် ပျောက်ကွယ်သွား၏။ အမှောင်မြစ်၏ ဂယက်ရိုက်မှုက ပြန်လည်တည်ငြိမ်သွားသည်။ သို့သော်လည်း အမှောင်မြစ်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။

သူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် သစ်သားဓားနှင့် ဘူးသီးခြောက် သေရည်အိုးကို ကိုင်ဆောင်ထားသည်။ ရင်းနှီးသည့် ပုံရိပ်က ဝမ်ပေါင်လဲ့နှင့် တခြားသူများရှေ့ ပေါ်ထွက်လာသည့်အခါ သူတို့က အံ့အားသင့်သွားကြ၏။

သူတို့က သူ့ကို ထိုးဖောက်၍ မမြင်ရပေ။

ချန်ရှင်းက စောစောလေး ထွက်ပေါ်လာစဉ်အခါက အင်မတန် အားကောင်းလွန်းလှသည်။ သို့သော် မည်သူကမှ သူ့ကျင့်ကြံဆင့် အတက်အကျကို မမြင်ရပေ။ သို့သော်လည်း ချန်ရှင်းက ယခုအခါ သေမျိုးတစ်ယောက်လိုမျိုး ဖြစ်နေ၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် မည်သည့် လှိုင်းတွန့်မှ မရှိဘဲ သူ့အမူအရာက ယခင်ကကဲ့သို့  အေးစက်နေခြင်း မရှိဘဲ ပိုမိုညင်သာလာသည်။

သို့သော်လည်း ထိုသေမျိုးနှင့် တူသည့် ပုံရိပ်က သူ့ကို မြင်လိုက်ရသည့် လူအားလုံးကို စဉ်းစားရကြပ်သွားစေသည်။ ပထမတစ်ချက်ကြည့်လျှင်ပင် သေမျိုးနှင့် တူသော်လည်း ဒုတိယတစ်ကြိမ် ပြန်ကြည့်ပါက နတ်ဘုရားတစ်ပါးကို မြင်လိုက်ရသလိုမျိုး ဖြစ်နေသည်။

“ကောင်းကင်ဘုံလျှောက်လှမ်းခြင်းလား” ဝမ်ပေါင်လဲ့ဘေးတွင် မမလေးပုံရိပ်က ပေါ်ထွက်လာသည်။ သူမက မယုံကြည်နိုင်စွာ ကြည့်ရင်း ရေရွတ်လိုက်၏။

“အဲ့လိုလည်း မဟုတ်ဘူး ထင်တယ်”

ဝမ်ပေါင်လဲ့က မမလေး၏ ရေရွတ်သံများကို ဂရုမစိုက်ပေ။ ထိုသူက အရေးမကြီးပေ။ အရေးကြီးသည်က သူ့စိတ်နှလုံးသားထဲမှ ဝမ်းနည်းမှု ပေါ်ထွက်လာခြင်း ဖြစ်၏။

အဆင့်တက်လှမ်းမှု ပြီးဆုံးသွားသည့် ချန်ရှင်းသည် တာအိုကို ရှာဖွေတော့မည် ဖြစ်ကြောင်း သိလိုက်သည်။ သို့သော်လည်း တာအိုကို ရှာဖွေနိုင်မည်လား သို့မဟုတ် တာအိုအတွက် အသက်စွန့်ရမည့်လူ ဖြစ်လာမလား မသိရပေ။

ထို့ကြောင့် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က မဟာလက်ဝဲတာအိုနယ်မြေမှ ပျောက်ကွယ်သွားခဲ့သည်။ သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ အမှောင်မြစ်ဘေး ရောက်ရှိနေပြီ ဖြစ်၏။ ချန်ရှင်းနှင့် ပေတစ်ထောင်မျှသာ ကွာဝေးတော့သည်။ သူက ချန်ရှင်းကို စိတ်ရှုပ်ထွေးသည့် အမူအရာများဖြင့် ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။

“တကယ် သွားတော့မှာလား”

ချန်ရှင်းက ခေါင်းလှည့်ကာ ဝမ်ပေါင်လဲ့ကို ညင်သာစွာကြည့်လာသည်။ သူက ပြုံးလိုက်၏။

“ဂိုဏ်းတူညီလေး ငါက မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးအနေနဲ့ မင်းထက် ရှေ့တစ်လှမ်း စောတယ်။ ငါက ကမ္ဘာကြီးရဲ့ အဆုံးသတ်ကို သွားကြည့်တော့မယ်။ မင်းနဲ့ ငါ ကိုယ်တိုင်အတွက် ငါက နောင်တမရှိတဲ့ ဘဝမှာ နေရမယ်။ ငါက ကံကြမ္မာအပေါ် မယုံဘူး။ တကယ်လို့ ငါ ကျရှုံးသွားတယ်ဆိုရင် ငါ့အတွက် ဝမ်းနည်းနေစရာ မလိုဘူး။ ဒါက ငါ့ရဲ့ တာအိုမလို့ပဲ”

All Chapters