အပိုင်း (၄၄၈) – ငွေညှစ်မလို့လား
Vol. 005 Ch. 448
လောင်းကြေးထပ်ထားသော လူများသည် ကျယ်လောင်စွာ အော်ကြလေသည်။ သူတို့ထဲမှ ဘယ်သူမှ မမှန်သောကြောင့် အားလုံးကို ဒိုင်စားလေသည်။
သို့သော် သူတို့သည် ရှီမာယူယူသည် သခင်ကြီးဖြစ်ခြင်းကို ဘယ်သူမှမခန့်မှန်းနိုင်ကြပေ။ သူတို့သာ သိခဲ့ပါက ဒီလောင်းကြေးကိုထပ်ခဲ့မည် မဟုတ်ပေ။
အမှန်တော့ အားလုံး အေးအေးချမ်းချမ်းပြီးသွားချိန်အစတွင် သူတို့ ခန့်မှန်းထားမိသေးသည်။ သို့သော် ကောင်းကင်ကျားအိမ်တော်မှ ဧည့်သည်အဖြစ်ဖိတ်လိမ့်မည်ဟုတော့ မထင်မိကြပေ။
သည်လိုနှင့် ဆိုင်ရှင်ချူသည် ပြုံးသွားလေသည်။ ဒါဟာ လုံးဝအမှန်အကန်ပဲ… လုံးဝ အောင်နိုင်မှုကြီးပဲ၊ သို့သော် ဝေစုခွဲယူရန်လာမည့် ရှီမာမျိုးနွယ်ကို တွေးလိုက်လျှင် ရင်နာသွားရပြန်သည်။
သူသာ အစောကသိခဲ့ရင် ခွဲယူဖို့ကို သဘောမတူခဲ့ပါဘူး။
ကျောင်ဟိုင်မို ရှီမာယူယူနှင့်တခြားသူများကို ကောင်းကင်ကျားအိမ်တော်သို့ ဖိတ်ကြားမှပင် သူမသည် တည်ဆောက်မှု သခင်ကြီး ဖြစ်သည်ကို ကောင်းကင်ကျားအိမ်တော်မှ လူများသိကြလေသည်။ ထို့ကြောင့် အိမ်တော် သခင်ကြီးက ကိုယ်တိုင်လာပြီး တောင်းပန်တာ မထူးဆန်းတော့ပါဘူး။
သူတို့ ကောင်းကင်ကျားအိမ်တော် ဝင်ပေါက်သို့ ရောက်သောအခါ ကျောင်ဟိုင်မိုသည် တခြားသော အိမ်တော်အခွဲခေါင်းဆောင်များကို ပြောလိုက်လေသည် “ကိုယ့်အလုပ်ကို သွားလုပ်လို့ရပါတယ်”
“ဟုတ်ကဲ့ပါ အိမ်တော်သခင်ကြီး”
ထိုအိမ်တော်အခွဲ ခေါင်းဆောင်များသည် ထွက်သွားရာ ကျောင်ဟိုင်မိုနှင့် ကျောင်ဟိုင်မင်သာ ကျန်ခဲ့ လေသည်။
“မင်းလည်းသွားတော့လေ ကိုယ့်အမှားကို သွားပြန်သုံးသပ်လိုက်” ကျောင်ဟိုင်မိုသည် ကျောင်ဟိုင်မင် အားပြောလေသည်။
“ဟုတ်ကဲ့ပါ အစ်ကို” ကျောင်ဟိုင်မင်သည် ရှီမာယူယူနှင့် တခြားသူများကို မကြည့်ပဲထွက်သွားလေ သည်။
“ကျွန်တော် တောင်းပန်ပါတယ်” ကျောင်ဟိုင်မိုသည် ရှီမာယူယူနှင့် တခြားသူများကို ကြည့်ကာ ပြော လေသည် “အဲဒီ တည်ဆောက်မှုကို ကြည့်ဖို့ ခေါ်သွားပေးပါမယ်”
“ကောင်းပါပြီ”
ကျောင်ဟိုင်မိုသည် ခြံဝန်းအကျယ်နှင့် သီးသန့်ရှိနေသော အိမ်တစ်အိမ်သို့ ခေါ်သွားလေသည်။ သို့သော် အိမ်သည် လွတ်နေသဖြင့် လူသူကင်းမဲ့ကာ ခြောက်ကပ်နေလေသည်။
“တည်ဆောက်မှုက ပင်မခန်းမမှာပါ” ကျောင်ဟိုင်မိုသည် အရှေ့တံခါးမရှိသော အိမ်အား ညွှန်ပြလေ သည်။
အရင်ကဆိုလျှင် ထိုတံခါးများကို ဖြတ်ပြီးသွားလာသူများလှသဖြင့် သူတို့သည် ကြီးမားစွာ ဆောက်လုပ် ခဲ့ကြသည်။
ရှီမာယူယူ ဝင်လိုက်ချိန်တွင် ပစ်ထားထားသော တည်ဆောက်မှုအား တွေ့လိုက်ရသည်။ တည်ဆောက် မှု ကျောက်များသည် ပတ်ပတ်လည်ရှိနေသေးသည်။ သူတို့သည် ဖုန်များတင်နေလေသည်။ တည်ဆောက်မှု နှင့် ဆက်စပ်ထားသော နေရာများ၏ အမည်များကို နံရံပေါ်တွင် ရေးထားလေသည်။
“တည်ဆောက်မှုထပ်ပြီးပျက်မှာစိုးလို့ဆိုပြီး လူအများစုက ဒီကိုမလာတော့ဘူး” ကျောင်ဟိုင်မို ရှင်းပြ သည် “သခင်ကြီး ဒီတည်ဆောက်မှုကို ပြင်ဖို့ နည်းလမ်းရှိသေးလား”
“ကျွန်တော် အရင်ဆုံးသေချာစစ်ကြည်ပါဦးမယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီတည်ဆောက်မှု ပျက် သွားတာ အကြောင်းအမျိုးမျိုးရှိနိုင်တယ် ဒါပေမဲ့ ဘယ်လိုအကြောင်းပဲဖြစ်ဖြစ် နေရာနဲ့ ပတ်သတ်မှုတော့ ရှိမှာပဲ အကြောင်းအရင်းကို သေချာမသိရင် ဒီတည်ဆောက်မှုကို ပြင်ဖို့ နည်းလမ်းမရှိဘူး”
ကျောင်ဟိုင်မိုသည် တည်ဆောက်မှုများအကြောင်းကို မသိသော်လည်း ရှီမာယူယူ ပြောသည့်စကားများ ကို နားလည်သည်။ သူသည် အဖြေများရှာခဲ့သော်လည်း မျှော်လင့်ချက်မတွေ့ခဲ့ပေ။
သူသည် ရှီမာယူယူအား အရိုအသေပေးကာ ပြောလိုက်သည် “ဒီ တည်ဆောက်မှုကို ပြင်ဖို့ ကျေးဇူးပြု ပြီး ကူညီပေးပါဦး သခင်ကြီး ကျွန်တော်တို့ သေချာပေါက် သခင်ကြီးကို ထိုက်တန်တဲ့ အကျိုးအမြတ်ပေးပါမယ်”
“အချိန်လိုတယ်” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ ပစ္စည်းတချို့လည်းလိုမယ်”
“သခင်ကြီး ပြောသာပြောလိုက်ပါ၊ ကောင်းကင်ကျားဧရိယာမှ ရှိတယ်ဆိုရင်တော့ လူလွှတ်ပြီး ပို့ခိုင်း လိုက်ပါမယ်” ကျောင်ဟိုင်မိုသည် စိတ်လှုပ်ရှားစွာ ပြောလေသည်။
“ကောင်းပါပြီ” ရှီမာယူယူသည် ကျောင်ဟိုင်မိုအား ပစ္စည်းတချို့ကို ပြောလိုက်ပြီးနောက် သူ ထွက်သွား လေသည်။
သူထွက်သွားသည်နှင့် ရှီမာယူရန် မေးလိုက်သည် “ညီလေး ၅ ဒီတည်ဆောက်မှုက တကယ်ပဲ ပြင်လို့ရ လား”
ရှီမာယူယူနှင့် ရှီမာယူလင်းတို့သည် အကြည့်ချင်းဖလှယ်ကာ ရယ်မောကြလေသည်။ ရှီမာယူလင်းသည် ရှီမာယူရန်၏ ပခုံးကိုပုတ်ကာ ပြောလေသည် “ဒီတည်ဆောက်မှုက ဘာမှဖြစ်တာမဟုတ်ဘူး တည်ဆောက်မှု သခင်တိုင်းပြင်တတ်တယ်၊ အဲဒါပျက်သွားတော့ ကောင်းကင်ကျားအိမ်တော်မှာ တည်ဆောက်မှုသခင် တစ်ယောက်မှ မရှိလို့ ပြင်မယ့်သူမရှိဖြစ်နေတာ”
“ဒါအရမ်းခက်တယ်လို့ ညီလေး ၅ ပြောလိုက်တယ်လေ” ရှီမာယူရန် ပြောလိုက်သည်။ “မင်း သူတို့ဆီက ငွေညှစ်မလို့လား”
“ကောင်းကင်ကျားအိမ်တော်မှာ လူမျိုးစုတွေဆီက ငွေညှစ်ထားတာတွေ အများကြီးရှိတယ်၊ ကျွန်တော် နည်းနည်းလောက်ယူလိုက်လို့ သူတို့ ဒုက္ခရောက်မသွားပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ယူလင်း ဒီတည်ဆောက်မှုကို ကြည့်ထား မင်း ဒီတိုင်းပြည် နေရာရဲ့ ထူးခြားတဲ့အချက်ကို ရှာတွေ့လား”
“အနိမ့်တိုင်းပြည်နဲ့တော့ ကွာခြားချက်ရှိတယ်” ရှီမာယူလင်း ပြောလေသည်။
“ဟုတ်တယ် လေဟာနယ်တွေရဲ့ အားတွေက မတူကြတာဖြစ်နိုင်တယ်၊ အဲဒါကြောင့် အံ့ဖွယ်အရှင် မရောက်ရင် ပျံလို့မရတာဖြစ်မယ်၊ နေရာတွေရဲ့ နယ်နိမိတ်ကလည်း မတူကြဘူး” ရှီမာယူယူ ပြောလိုက်သည်။ “အဲလိုဆိုရင် ဒီတည်ဆောက်မှုကို သုံးပြီး ဒီတိုင်းပြည်ကတည်ဆောက်မှုတွေ အကြောင်းကို လေ့လာရမယ်”
“မဆိုးဘူး” ရှီမာယူလင်း စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
သည်လိုနှင့် သူတို့နှစ်ယောက်သည် တည်ဆောက်မှုများကို လေ့လာနေချိန်တွင် ဘေဂုံထန်နှင့် ရှီမာ ယူရန် တို့သည် ဘေးတွင်ထိုင်ကာ ကိုယ့်အလုပ်ကိုလုပ်နေကြလေသည်။
သုံးရက်အကြာတွင် ကျောင်ဟိုင်မို ပေါ်လာကာ ရှီမာယူယူတောင်းသော ပစ္စည်းများကို ယူလာပြီး နောက် သူတို့အတွက် ပြင်ထားသော အကျိုးအမြတ်များကို ယူလာလေသည်။
“သခင်ကြီး တောင်းထားတဲ့ ပစ္စည်းတွေ ပြင်ပြီးပါပြီ” ကျောင်ဟိုင်မိုသည် မှော်ဝင်လက်စွပ်ကို ထုတ်ကာ ပြောလေသည် “ကျန်တဲ့ပစ္စည်းတွေက သခင်ကြီးအတွက် ပြင်ထားတဲ့ အကျိုးအမြတ်တွေပါ”
သူတို့ ဒီလောက်မြန်မည်ဟု ရှီမာယူယူ ထင်မထားကာ သူတို့ပေးသော အကျိုးအမြတ်မှာလည်း မြင့် သည်။ သို့သော် သူမသည် မျက်မှောင်ကြုတ်လိုက်သည်။
“သခင်ကြီးက ဒီပေးတဲ့ပစ္စည်းတွေကို မကျေနပ်တာများရှိလို့လား၊ အဲလိုဆိုရင် ကျွန်တော် လူလွှတ်ပြီး ထပ်ပို့ခိုင်းလိုက်ပါမယ်” ကျောင်ဟိုင်မိုသည် အမူအရာပြောင်းသွားသည်ကို အလေးအနက်ထားသည်။
“အိမ်တော်သခင်ကြီးက ကျွန်တော်တို့ကို လုံလုံလောက်လောက်ပေးတာပါ၊ ကျွန်တော် စိုးရိမ်တာက ဒီ ပစ္စည်းတွေက တည်ဆောက်မှုပြင်တဲ့နေရာမှာ သုံးလို့ရမလားဆိုတာပဲ” ရှီမာယူယူ ပြောလိုက်သည် “သုံးရက် လောက်စစ်ပြီးတော့ ပြဿနာအစကို သိလိုက်တယ်၊ တခြား ပြဿနာလည်းရှိနေတယ်၊ အဲဒီ ပြဿနာတွေကို မရှင်းဘူးဆိုရင် ကျွန်တော်တို့ သေချာပြင်ရင်တောင် အချိန်အကြာကြီးသုံးလို့မရမှာစိုးတယ်”
“ဒါက.. ဘာတွေထပ်လိုသေးတာလဲ သခင်ကြီး ပြောသာပြောလိုက်ပါ” ကျောင်ဟိုင်မို ပြောလေသည်။
သည်လိုနှင့် ရှီမာယူယူသည် ပစ္စည်းစာရင်းရေးပေးလိုက်ရာ ကျောင်ဟိုင်မိုသည် ထပ်ပြီးထွက်သွားလေ သည်။
ငါးရက်အကြာတွင် ကျောင်ဟိုင်မို ထပ်ပြီး ရောက်လာပြန်သည်။ သူမ လိုအပ်သော ပစ္စည်းများနှင့်အတူ နောက်ထပ် အကျိုးအမြတ်များ ထပ်ယူလာလေသည်။
ဒီတစ်ကြိမ်တွင် သူမသည် သူ့အား ဒုက္ခမပေးတော့ပဲ ပစ္စည်းများ ယူထားလိုက်ပြီး ဆယ်ရက်ကြာမှ လာရန်ပြောလိုက်လေသည်။ ဆယ်ရက်အတွင်းတွင် သူမသည် တခြားသူများကို အနှောင့်အယှက်မပေးခိုင်းပဲ တည်ဆောက်မှုအား ပြုပြင်လေသည်။
ကျောင်ဟိုင်မိုသည် စိတ်လှုပ်ရှားစွာဖြင့် ထွက်သွားလေသည်။ တစ်ချိန်တည်းမှာပင် ရှီမာယူယူတို့အား နှောင့်ယှက်ခြင်းမပြုရန် အားလုံးအား သတိပေးလိုက်လေသည်။
တည်ဆောက်မှု ကောင်းတော့မည်ဟု ကြားသည်နှင့် ကောင်းကင်ကျားအိမ်တော်မှ လူများသည် ပျော်ရွှင် ကြလေသည်။
တခြားနေရာမှ လူများသည် ကောင်းကင်ကျားအိမ်တော်မှလူများ သူတို့ကို ဖြတ်လမ်းတည်ဆောက်မှု အသုံးမပြုခိုင်းသည်ဟုပင် ထင်ကြသည်။ သူတို့သည် တည်ဆောက်မှုနှင့် အချိန်အတော်ကြာ အလှမ်းဝေးနေ သဖြင့် တည်ဆောက်မှု အလုပ်မလုပ်တော့သည်ကိုသာ သိကြသည်။
ထိုဆယ်ရက်အတွင်းတွင် ရှီမာယူယူနှင့်အဖွဲ့သည် ဘာမှမလုပ်ကြပေ။ ကိုးရက်ကို ကျင့်ကြံကြသည်။ ဆယ်ရက်မြောက်နေ့ မနက်မှပင် ရှီမာယူယူ တည်ဆောက်မှုဘေးလျှောက်လာသည်။ ကျောက်ပေါ်တွင် တင် နေသော ဖုန်များကို ဖယ်ရှားကာ ကျောက်များကို နေရာအနည်းငယ်ရွေ့လိုက်ရုံနှင့်ပင် တည်ဆောက်မှု ပြင်ဆင်ခြင်း ပြီးဆုံးသွားလေသည်။
နေ့လည်ရောက်သောအခါ ကျောင်ဟိုင်မိုသည် အိမ်တော်သခင်များနှင့် သူ့ညီကိုပါ ခေါ်လာလေသည်။ တည်ဆောက်မှုသည် အသစ်ဖြစ်သွားသည်ကို မြင်ပြီးနောက် သူတို့သည် စိတ်လှုပ်ရှားကြလေသည်။
“သခင်ကြီး ဖြတ်လမ်းတည်ဆောက်မှုက ပြင်ပြီးသွားပြီလား” ကျောင်ဟိုင်မိုသည် ရှီမာယူယူအား ကြည့် ကာ မေးလေသည်။
ရှီမာယူယူသည် ဘာမှမပြောပေ။ သူမသည် ပြုံးရုံသာပြုံးကာ တည်ဆောက်မှုထဲသို့ ဝိညာဉ်စွမ်းအင် အနည်းငယ်ထည့်လိုက်သည်။ ဝိညာဉ်စွမ်းအင်ဝင်သွားသည်နှင့် တည်ဆောက်မှုတစ်ခုလုံးသည် အလင်းတန်းများ ဖြာထွက်ကာ တစ်အိမ်လုံး လင်းသွားလေသည်။
“ကောင်းသွားပြီ”
“တကယ်ကောင်းသွားတာပဲ”
“အလင်းတန်းမမြင်ရတာ နှစ်တွေအများကြီးကြာနေပြီ တကယ်ပဲ စိတ်လှုပ်ရှားစရာပဲ”
“ဟုတ်တယ်”
“သခင်ကြီးက တကယ်အားကောင်းတာပဲ”
“ကျေးဇူးတင်ပါတယ် သခင်ကြီး”
ကောင်းကင်ကျားအိမ်တော်မှ လူများသည် ရှီမာယူယူအား မကျေမနပ် မဖြစ်ကြတော့ပေ။ သူမသည် သူတို့၏ အဖွဲ့ခွဲ အိမ်တော်ခေါင်းဆောင်များကို သတ်ခဲ့သော်လည်း ခေါင်းဆောင်တစ်ယောက်လောက်က ဖြတ်လမ်းတည်ဆောက်မှုလောက် ဘယ်အရေးကြီးပါ့မလဲ။
အားလုံးသည် ရှီမာယူယူနှင့် တခြားသူများကို မသတ်လိုက်သည်ကိုပင် ဝမ်းသာမိသည်။ မဟုတ်လျှင် ဖြတ်လမ်းတည်ဆောက်မှုသည် ဘယ်သောအခါမှ ပြန်ကောင်းတော့မည် မဟုတ်ပေ။
“ကျေးဇူးတင်ပါတယ် သခင်ကြီး” ကျောင်ဟိုင်မိုသည် အားလုံးကို ခေါ်ကာ ရှီမာယူယူအား အရိုအသေ ပေးလေသည်။
သူတို့သည် တန်ဖိုးကြီးပစ္စည်းများ ပေးလိုက်ရသော်လည်း ဖြတ်လမ်းတည်ဆောက်မှု ပြန်ကောင်းသွား သဖြင့် ထိုက်တန်သည်။
သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်ကို ကြည့်ပြီး ဘေဂုံထန်တို့သည် ကျိတ်ရယ်မိကြသည်။ ဒီလူ တွေက လိမ်ရတာတကယ်လွယ်တာပဲ
“ဟုတ်သားပဲ ဆိုင်ရှင်ချူတော့ နိုင်သွားပြီပေါ့၊ ဘယ်သူမှ မမှန် ဘူးလေ၊ အဲလိုဆိုရင် ပိုက်ဆံတွေအားလုံး ဒိုင်စားပြီ ကျွန်တော်တို့ တစ်ဝက်စီသဘောတူထားတော့ ပြန်ရောက်ရ ရင် တစ်ဝက်စီခွဲကြတာပေါ့”
သူမ ပြောပြီးချိန်တွင် ကျောင်ဟိုင်မိုအား ခေါင်းညိတ်ပြကာ နှစ်ယောက်အတူ ထွက်သွားလေသည်။ ရှီမာယူရန်နှင့် တခြားနှစ်ယောက်လည်း တခြားသော ကောင်းကင်ကျားအိမ်တော်မှ လူများနှင့်အတူ တည်းခို ဆောင်မှ ထွက်သွားကြလေသည်။