← Chapters

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ပြောင်းလဲမှု

Vol. 86 Ch. 1206

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ပြောင်းလဲမှု

Vol. 86 Ch. 1206

အခန်း (၁၂၀၆) မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ပြောင်းလဲမှု

အထက်ဘုံကမ္ဘာအတွက် ‘ကောင်းကင်ဖွင့်ကျမ်းစာ’ က အလွန် အရေးပါသည်။

အထက်ဘုံကမ္ဘာကို မတည်ထောင်မီတွင် ခွန်လွန်အထင်ကရ (၉)ပါးက ‘ကောင်းကင်ဖွင့်ကျမ်းစာ’ ကို အတူတကွ လေ့လာခဲ့သည်ဟု မှတ်သားရသည်။

ထို့နောက် ‘ကောင်းကင်ဖွင့်ကျမ်းစာ’ ကို အသုံးပြုပြီး အထက်ဘုံကမ္ဘာတွင် ထိပ်တန်းအဆင့် သိုင်းပညာရပ်များစွာကို ဖန်တီးခဲ့ကြသည်။ ထိုသိုင်းပညာရပ်များဖြင့် ပိုမိုကောင်းမွန်သော ကမ္ဘာ့အခြေအနေကို တည်ထောင်ခဲ့ကြသည်။

ချီလင်ကမ်းပါးမှ ‘ယင်ယန်မိုးဖြိုတူ’ ၊ ကျောက်စိမ်းကျောက်ဆောင်မှ ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း ၊ ကျောက်စိမ်း ကောင်းကင်တောင်ထွတ်မှ နက်ရှိုင်းရေခဲဓားသိုင်းနှင့် ရေခဲသိုင်းပညာရပ် (၇)ခုတို့မှာ ကောင်းကင်ဖွင့်ကျမ်းစာမှ ခွဲထွက်လာသည့် ကျော်ကြားသော သိုင်းပညာများ ဖြစ်ကြသည်။

ကောင်းကင်ဖွင့်ကျမ်းစာ၏ထူးခြားချက်ကြောင့် ဤကျမ်းစာကို မှတ်တမ်းတင်ရေးသားထားခြင်းမရှိပေ။ သင်ယူလိုသည်ဆိုလျှင် နှုတ်ဖြင့်သာသင်ကြားပေးနိုင်ပြီး သင်ယူသူက နားလည်ရန် အတတ်နိုင်ဆုံး ကြိုးစားကြရသည်။

ထို့ကြောင့် ကောင်းကင်ဖွင့်ကျမ်းစာ၏ နိယာမကို အပြည့်အဝ နားလည်ရန် ကျင့်ကြံသူတစ်ယောက်၏ အရည်အချင်းနှင့် ခံယူချက် လိုအပ်သည်။

နိယာမကိုနားလည်ရန်ကျရှုံးသွားပါက ကျင့်ကြံသူ၏ဝိညာဉ်သည်လည်း အက်ကွဲသွားနိုင်သည်။

သို့သော် ရန်ကျောက်ကဲအတွက်တော့ ပြဿနာမရှိလှပေ။

သူက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသည်သာမက ကိုယ်ပိုင်ခံယူချက်သည်လည်း ခိုင်မာသောကြောင့် ဖြစ်၏။

ထို့ပြင် ရန်ကျောက်ကဲက စန်းချင်း (၃)ပါး အဆက်အနွယ် သိုင်းပညာ (၃)ရပ်လုံးကို ကျင့်ကြံထားသည်ဖြစ်လေရာ သူက ကျင့်စဉ်လမ်းကို ပိုမိုကောင်းမွန်စွာ နားလည်လာနေပြီ ဖြစ်သည်။

ဟုတ်ပေ၏။

ဤလမ်းသို့လိုက်ခြင်းက ကျင့်ကြံခြင်းအခြေခံအုတ်မြစ် မခိုင်ခန့်ဘူး ဆိုလျှင်တော့ လျှောက်ရမည့်လမ်းက ပိုမိုခက်ခဲလာပေမလိမ့်မည်။

ဤလောကတွင် ရှေ့ပဝေသဏီကာလမှသည် ယနေ့ခေတ်အထိ မိမိထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသူများကို စိန်ခေါ်နိုင်သော အဆုံးမရှိသည့် ပါရမီရှင်များစွာ ရှိပေသည်။

မတူညီသော ကျင့်ကြံခြင်းအဆင့်များက မတူညီသော တိုက်ခိုက်ရေး စွမ်းရည်များကို ပေးစွမ်းသည်။

သို့သော် ကျင့်ကြံသူများအနေဖြင့် တူညီသေသိုင်းပညာကိုသင်ယူခဲ့ဦးတော့ သူတို့၏တိုက်ခိုက်ရေးစွမ်းရည်များက တူညီသောအဆင့်တွင် ရှိမည်မဟုတ်ပေ။ ကျင့်ကြံသူတိုင်းတွင် မတူကွဲပြားမှုများ အစဉ်အမြဲ ရှိနေခဲ့သည်။

ဥပမာဆိုရသော်...

နျဲ့ကျင်းရှန်က ‘ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ’ ပိုင်ဆိုင်ပြီး ယင်လုန်ထူဆိုလျှင်တော့ ‘ခုနစ်စဉ်ကြယ်ခန္ဓာကိုယ်’ ပိုင်ဆိုင်ထားကာ ရှကွမ်းကတော့ ‘မိုးကြိုးသွားသွေး’ ကို ပိုင်ဆိုင်သည်။

သူတို့၏ ရုပ်ခန္ဓာစွမ်းအား အားသာချက်များအပြင် သူတို့၏ အမြင်များသည်လည်း သာမန်ကျင့်ကြံသူများထက် ထူးခြားသာလွန်ကြသည်။

ထို့ကြောင့် သူတို့နှင့် ကျင့်ကြံခြင်းအဆင့်တူညီသူများနှင့် တူညီသောသိုင်းပညာရပ်ကို လေ့လာသည့်အခါ သူတို့က အခြားသူများထက် အမြဲတမ်း နားလည်နိုင်စွမ်း ပိုမိုမြင့်မားနေပေလိမ့်မည်။

အချို့သောသိုင်းပညာရပ်များအပေါ်တွင် သူတို့၏နားလည်မှုနှင့် အသုံးချနိုင်စွမ်းက ရှိရင်းစွဲ ကျင့်ကြံခြင်းအဆင့်ထက်ပင် သာလွန်ကြသည်။ ထို့ကြောင့် သူတို့က ကျင့်ကြံခြင်းအဆင့်တူများအလယ်တွင် အလွန်စွမ်းအားကြီးမားကြပြီး မိမိတို့ထက် ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားသူများကိုပင် စိန်ခေါ်နိုင်စွမ်း  ရှိကြသည်။

ရန်ကျောက်ကဲကတော့ သူတို့နှင်မတူညီသည့် အခြားဥပမာတစ်ခု ဖြစ်၏။

သူ၏ စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို နားလည်နိုင်မှုက သိုင်းသူတော်စင်တစ်ယောက်ပင် ဖြစ်လင့်ကစား သူနားလည်သင့်သည်ထက် များစွာသာလွန်နေခဲ့သည်။

သိုင်းပညာမျိုးစုံကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့သည်ဖြစ်ရာ ရန်ကျောက်ကဲသည် ကနဦးကောင်းကင်သို့နောက်ပြန်လှည့်ခြင်းကဲ့သို့သော ‘စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်’ ၏ ပြင်းထန်သော အပြောင်းအလဲများကို ကောင်းစွာထိန်းချုပ်နိုင်စွမ်း ရှိခဲ့သည်။

သာမန်အနေများတွင် နတ်ဘုရားတံခါးကိုဖွင့်လှစ်ပြီးသော အစစ်အမှန်နတ်ဘုရားများသာမက နက်ရှိုင်းနတ်ဘုရားအချို့သည်ပင် ‘စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ’ ကို ကျင့်ကြံရာတွင် ထိုကဲ့သို့ နက်နဲစွာ နားလည်နိုင်စွမ်း မရှိကြပေ။

ထို့ကြောင့် ရန်ကျောက်ကဲက ‘အမတချီစွမ်းအား’ သို့မဟုတ် ‘အမတချီစွမ်းအားအုပ်စု’ ကို ကျင့်ကြံနိုင်ခြင်း မရှိသေးဘဲ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့်ပင် ‘စက်ဝန်းသံသရာကောင်းကင် စည်းတံဆိပ်’ ကို အသုံးပြုသော်လည်း ထိုပညာကို နက်နဲစွာ ကျ့င်ကြံထားသည့် ‘ချန်ချန်းဟွာ’ အား အနိုင်ယူနိုင်ခဲ့သည်။

ချန်ချန်းဟွာက နားလည်နိုင်စွမ်းမြင့်မားပြီး သူ သင်ယူခဲ့သမျှ သိုင်းပညာရပ်တိုင်းအပေါ် အပြည့်အဝ နားလည်နိုင်စွမ်း ရှိသူပင်။ သို့သော် ‘စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ’ တွင်တော့ ရန်ကျောက်ကဲအား ရှုံးနိမ့်ခဲ့ရသည်။

ကျင့်ကြံခြင်းအဆင့်မြင့်မားလာလေ အဆင့်ကျော်ပြီး အနိုင်ယူတိုက်ခိုက်ရန် ဖြစ်နိုင်ခြေနည်းလေ ဖြစ်သည်။ တစ်ခါတစ်ရံ ဖြစ်နိုင်ခြေက သုညပင် ဖြစ်၏။

ဤသို့ဖြစ်ရသည့် ပထမအချက်မှာ...

လူတစ်ယောက် ကျင့်ကြံခြင်းအဆင့်မြင့်မားလာလျှင် သူနှင့်တူညီသည့်ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိလာသူများ အားလုံးသည်လည်း သူကဲ့သို့ပင် ထူးချွန်သည့်ပါရမီရှင်များ ဖြစ်နေသောကြောင့်ပင်။

ကျင့်ကြံခြင်းအဆင့်မြင့်မားလေ တစ်ယောက်နှင့်တစ်ယောက် ခြားနားမှုက နည်းပါးလေဖြစ်သည်။

ဒုတိယအချက်အနေဖြင့်...

ကျင့်ကြံခြင်းအဆင့်မြင့်မားလေ သိုင်းပညာမူဝါဒနှင့်ပတ်သက်ပြီး နားလည်နိုင်စွမ်းက အကန့်အသတ်ရှိလေ ဖြစ်၏။

ထို့ကြောင့် တစ်စုံတစ်ယောက်က သိုင်းပညာသဘောတရားများကို စောစီးစွာနားလည်ပြီး စောစီးစွာ အဆင့်တက်သွားသည့်တိုင် အခြားသူများ သူနှင့် ကျင့်ကြံခြင်းအဆင့် တူညီလာသည့်အခါ ထိုသူကို အမီလိုက်နိုင်ဦးမည် ဖြစ်၏။

သို့ဖြစ်ရာ ကျင့်ကြံခြင်းအဆင့် တူညီချိန်တွင် ထူးထူးခြားခြား ကွာခြားချက်ရှိတော့မည်မဟုတ်ပေ။ အရေးကြီးသည်က သိုင်းပညာစွမ်းအား စုဆောင်းနိုင်ရန်သာ ဖြစ်သည်။

ရန်ကျောက်ကဲအတွင် ကောင်းကင်ဖွင့်ကျမ်းစာကို အပေါ်ယံအဆင့် နားလည်ရန်မှာ ခက်ခဲသည်မဟုတ်သဖြင့် နက်နက်နဲနဲနားလည်အောင် မည်သို့သွားရမည်လဲဆိုသည်ကို ပိုပြီးအာရုံစိုက်ရပေမည်။

ခဏတာ တံခါးပိတ်ကျင့်ကြံပြီးနောက် ရန်ကျောက်ကဲ တောင်ပေါ်မှ ထွက်ခွာလာခဲ့သည်။

ယခုတစ်ကြိမ်မှာတော့ သူက အထက်ဘုံကမ္ဘာမှ တန်းပြီးထွက်ခွာသွားခဲ့၏။

“အဲဒီနေရာက စန်းချင်း(၃)ပါးအဆက်အနွယ်တွေရဲ့ တာအိုစကြာဝဠာမဟုတ်ဘူး ၊ ဗုဒ္ဓဘာသာတွေရဲ့ သုခဘုံစကြာဝဠာလည်းမဟုတ်သလို အမတခုံရုံး စကြာဝဠာလည်း မဟုတ်ဘူး”

ပြင်ပဗလာနယ်ထဲတွင် လှည့်လည်သွားလာရင်း ရန်ကျောက်ကဲ တွေးတောနေသည်။

“မဟာကပ်ဘေးကြီးပြီးဆုံးသွားတဲ့နောက် စကြာဝဠာတွေက ငါထင်တာထက်ပိုများလာတာပဲ”

ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ပြင်ပဗလာနယ်ထဲမှ ခရီးအကွာအဝေးက အလွန်တရာ ရှည်လျားလွန်းလှသည်။

အချိန်ကုန်သက်သာရန်အတွက် မတူညီသည့်နေရာများ တစ်နေရာနှင့်တစ်နေရာ ကူးပြောင်းရန် ဗလာနယ်ဝဲဂယက်များကို ရှာဖွေရမည် ဖြစ်၏။ မဟုတ်ပါက နှစ်ပေါင်း ရာနှင့်ထောင်နှင့်ချီလျှင်တောင်မှ သူသွားချင်သည့်နေရာသို့‌ ရောက်ရှိမည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲက ဗုဒ္ဓဘာသာကမ္ဘာများနှင့် အမတခုံရုံး ကမ္ဘာများသို့ ရောက်ရှိခဲ့ပြီဖြစ်ရာ ပြင်ပဗလာနယ်လမ်းကြောင်းများနှင့် အကျွမ်းတဝင်ရှိနေပြီ ဖြစ်သည်။

ထို့ပြင် နက္ခတ်ဧကရာဇ်ကလည်း အလွန်တိကျသောနေရာကို ညွှန်ပြခဲ့သည်ဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် မြေပုံအတိုင်း လိုက်သွားရန်သာ လိုအပ်သည်။

မည်သို့ပင်ဖြစ်စေ ရှည်လျားသောခရီးစဉ်ကတော့ ရှောင်လွှဲမရနိုင်ပေ။

စကြာဝဠာနှစ်ခုကြားရှိ အရံအတားကို ဖြတ်ကျော်ပြီးနောက် ရန်ကျောက်ကဲ ဗလာနယ် အသစ်တစ်ခုဆီသို့ ဝင်ရောက်လာသည်။

သူ့မျက်စိရှေ့တွင် အမှောင်ထုက ဖုံးလွှမ်းနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးက သေစေလောက်အောင် တိတ်ဆိတ်နေကာ အဝေးတစ်နေရာတွင် ကြယ်စင်ရောင်များကို တွေ့မြင်ရသည်။

ဗလာနယ်ထဲတွင် ဝိညာဉ်စွမ်းအားများက ပါးလွှာသည်ဖြစ်ရာ ရန်ကျောက်ကဲ အနည်းငယ် စိတ်မသက်မသာ ခံစားရသည်။

အန္တရယ်ဖြစ်လောက်သညအထိတော့ မဟုတ်ပေ။ ဤသည်က တာအိုစကြာဝဠာနှင့် လုံးဝမတူညီသည့် စကြာဝဠာတစ်ခုသို့ရောက်လာသဖြင့် လိုက်လျောညီထွေမဖြစ်ခြင်းသာ ဖြစ်သည်။

“ဒီနေရာက လူတွေအတွက်မသင့်တော်ဘူး ၊ ဒါပေမဲ့ မိစ္ဆာတွေအတွက်တော့ အသက်ရှင်ဖို့ ကောင်းတဲ့နေရာပဲ”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ အထက်ဘုံကမ္ဘာ စသည့်နေရာများတွင် သားရဲများနှင့် မိစ္ဆာများ အလွန်နည်းပါးသည်။

လူသားများနေထိုင်သည့် စကြာဝဠာနှင့် အလွန်ဝေးကွာသော ကြယ်စင်စကြာဝဠာတွင်တော့ စွမ်းအားကြီးမားသော မိစ္ဆာများ အနည်းငယ်ရှိကြသည်။

သို့သော် မိစ္ဆာအ‌ရေအတွက် အလွန်နည်းပါးသဖြင့် အများစုမှာ မဟာကပ်ဘေးကြီး မတိုင်ခင်ကပင် သေဆုံးသွားခဲ့ကြသည်။

သို့ပေသိ မဟာကပ်ဘေးကြီးမတိုင်ခင်ကနှင့်ယှဉ်လျှင် ကြယ်စင်စကြာဝဠာက များစွာပြောင်းလဲသွားခြင်း မရှိပေ။ ထို့ကြောင့် ထိုနေရာတွင် လူသားများရော မိစ္ဆာများပါ နေထိုင်နိုင်ကြသည်။

ယခု ရန်ကျောက်ကဲ ရောက်ရှိလာသည့်နေရာကတော့ လူသားများကို ကြိုဆိုခြင်းရှိဟန်မတူပေ။

ရန်ကျောက်ကဲကလည်း ထိုအကြောင်းကို သိပ်စိတ်မဝင်စားဘဲ သူ့ခန္ဓာကိုယ်ထဲမှ ပရမ်းပတာ ချီစွမ်းအားများကို ဖြန့်ကျက်ပြီး ပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျဖြစ်အောင် ပြုလုပ်လိုက်သည်။

သို့သော် အလွန်ပြင်းထန်သော ပတ်ဝန်းကျင်အခြေအနေက သူ၏အတွေးများကို ပျောက်ဆုံးသွားစေသည်။

ရုတ်တရက် သူ၏ခန္ဓာကိုယ် တစ်ချက်လှုပ်ရှားသွားပြီး ဘေးနားတွင် အရပ်မြင့်မြင့် လူငယ်တစ်ယောက်ပေါ်လာသည်။

အခြားသူမဟုတ် ၊ သူ၏ကိုယ်ပွားဖြစ်သော ‘မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား’ ပင် ဖြစ်၏။

ထို့နောက် ရန်ကျောက်ကဲက အသက်ပြင်းပြင်းတစ်ချက်ရှူရင်း ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအားနှင့် သွေးစွမ်းအားများကို လွတ်လပ်စွာလှည့်ပတ်လိုက်ပြီး ခန္ဓာကိုယ်ကို ကျုံ့ဝင်သွားအောင် လုပ်လိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်ဖဝါးတစ်ဖက်ကို ဖြန့်လိုက်ပြီး လက်ဖဝါး အလယ်ဗဟိုတွင် အလင်းရောင်များ တောက်ပစွာ ထွက်ပေါ်လာ သည်။

ခန္ဓာကိုယ် ကျုံ့ထားသော သေးငယ်သည့် ‘ရန်ကျောက်ကဲ’ က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်ဖဝါးထက်မှ အလင်းတန်းထဲသို့ ခုန်ချလိုက်ပြီး ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ အသွင်အပြင်သည်လည်း အနည်းငယ် ပြောင်းလဲသွားသည်။

လူသားအသွင်အပြင်အတိုင်း ကျန်ရှိနေသေးသော်လည်း သူ၏ခန္ဓာကိုယ်သွေးကြောဆုံချက်များမှ သွေးရောင်လွှမ်းသော မိစ္ဆာချီစွမ်းအားများ ထွက်ပေါ်လာသည်။

သူ၏နောက်ကျောမှကြွက်သားများ ရုန်းကြွသွားကာ အတောင်ပံတစ်စုံဆန့်ထွက်လာပြီး အတောင်များဖြန့်ကားလိုက်သည့်အခါ ကောင်းကင်ကိုလွှမ်းခြုံပြီး နေမင်းကိုပင် ဖုံးလွှမ်းသွားသည်။

ထိုအတောင်ပံများက တာအိုတန်ခိုးစွမ်းအားဖြင့် အသွင်ပြောင်းထားခြင်း မဟုတ်ပေ။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ တကယ့်သွေးသားအစစ် အတောင်ပံများ ဖြစ်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်ထဲတွင် ခွန်ဖိန်အရိုးကို ရယူထားသည့်အပြင် အခြားသော မိစ္ဆာသွေးမျိုးစုံ ရောနှောထားသည်ဖြစ်ရာ သူ၏ရုပ်ခန္ဓာအား မိစ္ဆာခန္ဓာတစ်ခုအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။ ထိုမိစ္ဆာခန္ဓာဖြင့် ကျင့်ကြံခြင်းအဆင့်သည်လည်း မြင့်မားခြင်း ရှိလေသည်။

လောလောဆယ်မှာတော့ မိစ္ဆာအသွင်အပြင် အနည်းငယ်ထွက်ပေါ်နေပြီး လူသားအသွင်ယူထားသည့် ခွန်ဖိန်မိစ္ဆာတစ်ကောင်ပမာ ထင်မှတ်ရသည်။

သူက ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိစေရန် ခဏမျှ ချိန်ညှိလိုက်ပြီးနောက် အတောင်များကိုဖြန့်ကာ ပျံသန်းထွက်ခွာသွားတော့သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ပျောက်ကွယ်သွားပြီး ခဏအကြာတွင် လေထုထဲတွင် အနက်ရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

“လူသားတစ်ယောက် အာရုံခံမိတယ်... ဒါပေမဲ့ ချက်ချင်းပြန်ပျောက်သွားတယ် ၊ ငါပဲ ထင်ယောင်ထင်မှား ဖြစ်နေတာလား မသိဘူး”

All Chapters