← Chapters

ထိုးနှက်ခံလိုက်ရသည့် ရှဲ့ကျစ်ယီ

Vol. 13 Ch. 182

ထိုးနှက်ခံလိုက်ရသည့် ရှဲ့ကျစ်ယီ

Vol. 13 Ch. 182

အခန်း (၁၈၂) ထိုးနှက်ခံလိုက်ရသည့် ရှဲ့ကျစ်ယီ

ရှဲ့ကျစ်ယီက နှုတ်ခမ်းထောင့်များတွန့်ကွေးပြီး မိစ္ဆာဆန်စွာ ပြုံးလိုက်သည်။ သူ့အသွင်အပြင်က ပုံမှန်မဟုတ်ဘဲ အနည်းငယ်ထူးဆန်းနေ၏။

သူ့ပုံစံက ပိုမိုဖျတ်လတ်နေပြီး အရှိန်အဟုန်ကလည်း အရင်ကထက် ပိုမိုလျှင်မြန်လာသည်။

သူ အသုံးပြုသော ကောင်းကင်မိုးကြိုးခန်းမ၏သိုင်းပညာများသည်လည်း ယခင်ကနှင့်မတူတော့ဘဲ လျှပ်စီးချက်များပမာ လျှင်မြန်ပြင်းထန်ကာ ကောင်းကင်ကိုးထပ်မှ မိုးကြိုးသွားများအလား တောက်လောင်လျှက်ရှိသည်။

အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည့် ရှဲ့ကျစ်ယီ၏သိုင်းကွက်က ထူးဆန်းပြီး အုံ့မှိုင်းသည့်အငွေ့အသက်များ ပါဝင်နေသည်။

ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်။ သူ၏အင်္ကျီလက်ထဲမှ နဂါးတစ်ကောင်ပျံသန်းသွားသည့်အလား စိမ်းပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထိုအလင်းတန်းက လေထုထဲတွင် ခဏမျှ ရပ်တန့်နေပြီးနောက် ရှဲ့ကျစ်ယီ၏ ခရမ်းရောင်မိစ္ဆာဓားအလင်းရောင်ကို ရိုက်ချပစ်လိုက်သည်။

ရှဲ့ကျစ်ယီ၏ရုပ်သွင် တစ်ဖန်ပြန်ပေါ်လာပြီး သူ့လက်ထဲတွင် ငွေ့ရိပ်တံဆိပ်ခတ်ထားကို ကိုင်ဆောင်ထားသည်။ ရန်ကျောက်ကဲကို အေးစက်စွာ စိုက်ကြည့်နေပြီး သူ့မျက်လုံးများက အဝါရောင်အခိုးအငွေ့များဖြင့် ပြည့်နက်လျှက်ရှိသည်။ သူ့ခန္ဓာကိုယ် အနောက်ဘက်တွင်တော့ သွေးနီရောင်အလင်းတန်းများက တဖျတ်ဖျတ်တောက်ပလျှက် ရှိ၏။

ရန်ကျောက်ကဲကိုကြည့်နေရင်း သူ့နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ချောက်ချားဖွယ်ရာ ပုံပျက်ပန်းပျက်အပြုံးတစ်ခု ထွက်ပေါ်လာသည်။

“တကယ်ပဲ နတ်ဆိုးလက်ထဲရောက်သွားပြီပဲ”

ရှဲ့ကျစ်ယီက ဘာမှထိန်းချုပ်မထားဘဲ စိန်ခေါ်လိုက်သည်။

“ရန်ကျောက်ကဲ... လာ... တိုက်မယ်”

ထို့နောက် ရှဲ့ကျစ်ယီက တစ်ချက်လှုပ်ရှားလိုက်ရာ သူ့ခန္ဓာကိုယ်ပျောက်ကွယ်သွားပြီး ခရမ်းရောင်ဓားအလင်းတန်းထွက်ပေါ်လာသည်။

သူက ရန်ကျောက်ကဲ အနောက်ဘက်တွင် ပြန်ပေါ်လာပြီး ဓားဖြင့်ထိုးစိုက်ချလိုက်သည်။

ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုကလည်း ပြတ်သားသည်။ သူက ခြေတစ်လှမ်းပင်မရွှေ့ ၊ နောက်သို့ တစ်ချက်လှည့်မကြည့်ဘဲ နောက်ပြန်ဓားချက်တစ်ချက်ဖြင့် ရှဲ့ကျစ်ယီ၏ဓားချက်ကို တန်ပြန်တိုက်ခိုက်လိုက်သည်။

ရှဲ့ကျစ်ယီက ရယ်မောလိုက်ရင်း...

“ထပ်လာပြန်ပြီလား ၊ ငါက အခု အရင်နဲ့မတူဘူးကွ... ၊ ရန်ကျောက်ကဲ... မင်းကို ကလီစာတွေအကုန် နှုတ်ပစ်မယ်”

တစ္ဆေတစ်ကောင်ပမာ ရွေ့လျားနေသည့် ရှဲ့ကျစ်ယီ၏ ခန္ဓာကိုယ်သည် မြင်ကွင်းထဲတွင် လှုပ်ခတ်လျှက်ရှိသည်။ ခရမ်းရောင်မိစ္ဆာအလင်းတန်းများက သူ့ခန္ဓာကိုယ်တစ်ခုလုံး ဝန်းရံထားပြီး လှုပ်ရှားမှုများက လျှင်မြန်သလို မှန်းဆ၍လည်း မရနိုင်ပေ။

“ပန်ပန် စိတ်မပူနဲ့ ၊ အေးအေးဆေးဆေးနေနော်...”

ရန်ကျောက်ကဲက ပန်ဒါကြီးကို နှစ်သိမ့်စကားဆိုရင်း မြေပြင်ထက်တွင် ခိုင်ခိုင်မာမာ မတ်တတ်ရပ်နေသည်။ ရှဲ့ကျစ်ယီ၏ ဓားကွက်များကို အဆက်မပြတ်ဟန့်တားရင်း သူ့လက်ထဲမှ ကျောက်စိမ်းနဂါးဓားက တောက်ပနေသည်။

“နတ်ဆိုးလက်ထဲကျသွားပြီးတဲ့နောက် သူ့စွမ်းအားတွေ အတော်လေးတိုးတက်လာတယ် ၊ ဒါပေမဲ့ ပမာဏကတော့ ပြောပလောက်စရာ မရှိပါဘူး”

ရန်ကျောက်ကဲက ရှဲ့ကျစ်ယီ၏တိုက်ခိုက်မှုကို ခြေရာခံရင်း တည်ငြိမ်စွာပင် မတ်တတ်ရပ်နေသည်။

“ဒီကောင့်စိတ်ခံစားချက်တွေက မတည်မငြိမ်ဖြစ်နေပေမယ့် တိုက်ကွက်တွေကိုတော့ တည်တည်ငြိမ်ငြိမ် ထုတ်ဖော်နိုင်တယ် ၊ ဒေါသကြောင့် သိုင်းစွမ်းက လျော့မသွားဘူးပဲ”

ရှဲ့ကျစ်ယီ၏ လက်ရှိအခြေနေကို ယခင်အခြေအနေနှင့် နှိုင်းယှဉ်ကြည့်ပြီးနောက် ရန်ကျောက်ကဲ ကောင်းစွာသဘောပေါက်သွားသည်။

“ယေဘူယျ ပြောရရင် နတ်ဆိုးလက်ထဲကျသွားတဲ့ ကျင့်ကြံသူတစ်ယောက်က အတိုင်းအတာတစ်ခုအထိ စွမ်းအားတွေ တိုးလာတယ် ၊ ဒါပေမဲ့ ပမာဏကတော့ အတော်လေးနည်းတယ်”

သူက ရှဲ့ကျစ်ယီကိုကြည့်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။

“ကျွတ် ကျွတ်... ဒါက မင်းအတွက် နည်းနည်းတော့ မတရားဘူးပေါ့ကွာ ၊ နတ်ဆိုးလက်ထဲကျသွားပြီးတော့ မင်းရဲ့စွမ်းအားတွေ တိုးတက်လာတယ် ၊ ဒါပေမဲ့ အဲဒီတိုးတက်မှုက နည်းလွန်းတယ်”

မြင်ကွင်းထဲတွင် လှုပ်ခတ်နေသည့် ရှဲ့ကျစ်ယီ၏ အသွင်အပြင်က ရုတ်တရက် ရပ်တန့်သွားသည်။

သွေးနီရောင်အလင်းတန်းများက ပိုမိုတောက်ပလာပြီး သူ့မျက်ဝန်းများတွင်လည်း အဝါရောင်အခိုးအငွေ့များက ပိုမိုလင်းလက်လာသည်။ သူက ရန်ကျောက်ကဲကိုစိုက်ကြည့်ရင်း ကြောက်စရာအသံနက်ကြီးဖြင့် အော်ဟစ်ရယ်မောလိုက်၏။

တောက်ပနေသည့် ခရမ်းရောင်ဓားအလင်းက ဗလာနယ်ကိုဖြတ်ကျော်ပြီး ရန်ကျောက်ကဲရှိရာသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။ ထိုဓားက မိုးမြေတစ်ခွင်လုံးကို ဖြတ်တောက်ပစ်တော့မည့်အလား ထင်မှတ်ရသည်။

ထိုဓားချက်အဆုံးတွင် နောက်ထပ်ဓားချက်တစ်ချက်က ဆက်တိုက်လိုက်ပါလာသည်။

မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်း။

“ရန်ကျောက်ကဲ... ငါပြောခဲ့တယ်မလား ၊ ငါက အရင်နဲ့မတူတော့ဘူးဆိုတာ...”

စကားသံနှင့်အတူ ရှဲ့ကျစ်ယီက ဟားတိုက်ရယ်မောရင်း တတိယဓားကွက်ကို ထုတ်ဖော်လိုက်သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောများအားလုံး ပေါက်ထွက်သွားပြီး သွေးများစိမ့်ထွက်လာလေရာ သူ့ပုံစံက မိစ္ဆာဆန်လွန်းလှသည်။ ပြင်းထန်သည့်နာကျင်မှုကြောင့် ရှုံ့မဲ့နေသည့် သူ့မျက်နှာက သေမင်းတစ်ပါးပမာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

ပတ်ဝန်းကျင်မှ အနက်ရောင်မြူခိုးများက ဒဏ်ရာများကို ကုသပေးရန် သူ့ခန္ဓာကိုယ်နှင့် ချက်ချင်းချိတ်ဆက်သွားသည်။ သို့တိုင် သူ၏သွေးကြောဆုံချက်များကို ပြုပြင်ပေးနိုင်ခြင်းမရှိဘဲ နာကျင်မှုကို သက်သာစေရန်သာ ကူညီပေးနိုင်တော့သည်။

နာကျင်ခံစားနေရသည့်တိုင် ရှဲ့ကျစ်ယီက ဝမ်းသာပီတိဖြစ်စွာ အော်ကြီးဟစ်ကျယ် ရယ်မောလိုက်သည်။  မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းကို (၃)ကွက်ဆက်တိုက် ထုတ်ဖော်အသုံးပြုပြီး ရန်ကျောက်ကဲကို တိုက်ခိုက်နိုင်ခဲ့လေပြီ။

ရန်ကျောက်ကဲက ရှဲ့ကျစ်ယီကို အေးအေးဆေးဆေးပင် ကြည့်နေပြီး ကျောက်စိမ်းနဂါးဓားကို ထုတ်လွှတ်လိုက်ရာ ဓားအလင်းရောင်က လေထုထဲ ပျံ့လွင့်သွားသည်။

ခဏအတွင်း နောက်ထပ်ဓားအလင်းတန်းတစ်ခု ထပ်မံထွက်ပေါ်လာသည်။

တတိယဓားအလင်းတန်း ၊ စတုတ္ထဓားအလင်းတန်း ၊ ပဉ္စမဓားအလင်းတန်း...။

ရန်ကျောက်ကဲက ဓားချက် (၅)ချက်ဆက်တိုက် ပေါင်းစပ်ထုတ်ဖော်ပြီးနောက် ရှဲ့ကျစ်ယီကို မှင်သေသေဖြင့် စိုက်ကြည့်လိုက်သည်။ ရှဲ့ကျစ်ယီ၏မျက်ဝန်းများ မယုံကြည်နိုင်ဖြစ်နေစဉ်မှာပင် သူက ဆဋ္ဌမမြောက်ဓားချက်ကို ထပ်မံ ထုတ်‌ဖော်လိုက်သည်။

မိုးကြိုးတုန်လှုပ်သိုင်းပညာ ၊ ဓားကွက် (၆)ကွက် ဆက်တိုက် အသုံးပြုခြင်း။

ရှဲ့ကျစ်ယီ၏ ခရမ်းရောင်ဓားအလင်းတန်းက လေထဲလွင့်စင်သွားသည့် ပြာမှုန့်ပမာ လုံးဝပျက်စီးသွားသည်။ ထိုခဏတွင် ပတ်ဝန်းကျင်တစ်ခုလုံး အနက်ရောင်မြူခိုးများအက်ကွဲသွားပြီး လေထုတစ်ခုလုံး သန့်စင်သွားသည်။

ကြောက်မက်ဖွယ်ရာ စိမ်းပြာရောင်ဓားအလင်းတန်းက နဂါးတစ်ကောင်အလား လွန့်လူးလျှက် များပြားလှစွာသော ကျောက်စိမ်းမြွေများအဖြစ် ခွဲထွက်သွားကာ ရှဲ့ကျစ်ယီ၏ ခန္ဓာကိုယ်အား ထိုးဖောက်ဝင်ရောက်သွားသည်။

ရှဲ့ကျစ်ယီ နောက်ဆုံးမြင်လိုက်ရသည်မှာ သူ့ကို အေးဆေးစွာပင်ကြည့်နေသည့် ရန်ကျောက်ကဲ၏ မျက်နှာဖြစ်၏။

“ဘာမတူတာလဲ သိလား”

ရန်ကျောက်ကဲက မေးခွန်းထုတ်သည်။

ရှဲ့ကျစ်ယီက ပါးစပ်ကိုဖွင့်ကာ ကြုံးဝါးသံတစ်ချက် ပြုလုပ်လိုက်ချင်သော်လည်း အသံမထွက်နိုင်တော့ပေ။

သူ မကျေမနပ်ဖြစ်နေသည် ၊ သူ နာကျည်းမုန်းတီးနေသည် ၊ အဆိုးဆုံးကတော့ သူ ကြောက်ရွံ့နေခြင်းပင်။

သူက ငရဲကိုးထပ်မှနတ်ဆိုးများ၏ကိုယ်ခွဲတစ်ခု ဖြစ်လာသည့်တိုင် ရန်ကျောက်ကဲကို အနိုင်ယူနိုင်ခြင်း မရှိသေးပေ။

လက်ရှိ ရှဲ့ကျစ်ယီ ခံစားနေရသည့် နာကျည်းမုန်းတီးမှုများက နတ်ဆိုးလက်ထဲမကျရောက်ခင် ခံစားရသည့်နာကျည်းမုန်းတီးမှုများထက် ပိုမိုပြင်းထန်သည်။

သို့သော် သူ့ဘဝ အဆုံးသတ်သွားပြီဖြစ်ပြီး အသက်ဓာတ်စွမ်းအားလင်းဓာတ်သည်လည်း ပျောက်ဆုံးသွားပြီ ဖြစ်သည်။

တစ်စစီပျက်စီးနေသည့် သူ့ခန္ဓာကိုယ်က ပတ်ဝန်းကျင်မှ မိစ္ဆာချီစွမ်းအားများနှင့် ပေါင်းစည်းသွားပြီး အနက်ရောင်မီးခိုးလုံးတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားသည်။

ရှဲ့ကျစ်ယီ၏အလောင်း ထူးဆန်းစွာပေါက်ကွဲသွားသည်ကိုကြည့်ရင်း ရန်ကျောက်ကဲ မျက်မှောင်ကြုတ်လိုက်၏။

“မှတ်တမ်းတွေထဲမှာ ရေးထားတဲ့အတိုင်းပဲ ၊ သူတို့အသွေးအသားက သာမန်လူနဲ့ ခွဲခြားမရပေမယ့် သူတို့တွေက လူသားတွေမဟုတ်ကြတော့ဘူးပဲ”

အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းနေသည့် ကြည်လင်လျှို့ဝှက်ရေကန်ပတ်ဝန်းကျင်သည် မိစ္ဆာချီများ ဖုံးလွှမ်းနေသည့် ဧရိယာဖြစ်လေရာ နတ်ဆိုးများလှည့်စားခံရရန် များစွာအခွင့်အရေးများသည်။ မိစ္ဆာချီက လူတစ်ယောက်၏ ဖြစ်ချင်သည့်ဆန္ဒ ၊ စွဲလန်းမှုများကို ပစ်မှတ်ထားပြီး အဆက်မပြတ် လွှမ်းမိုးရန် ကြိုးစားသည်။

စိတ်ထဲမှအစွဲအလန်းနှင့် လိုချင်တပ်မက်မှုများကို အပြင်လောကတွင် အမှန်တကယ်ဖြစ်လာသည့်ပမာ မိစ္ဆာချီက လှည့်စားပြီး လူသားတစ်ယောက်၏ခန္ဓာကိုယ်အား ငရဲကိုးထပ်မှ နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲပစ်မည် ဖြစ်သည်။

နတ်ဆိုးလက်သို့ကျရောက်သွားသည့် ကနဦးအဆင့်တွင် စိတ်ပျက်အားငယ်ခြင်းနှင့် မျှော်လင့်ချက်မဲ့မှုများပျောက်ကွယ်ပြီး လိုချင်သည့်စွမ်းအားကို ပေးစွမ်းနိုင်သည်။ စွမ်းအားဆိုသည်က ကျင့်ကြံသူအပေါ်မူတည်ပြီး အမျိုးမျိုး ဖြစ်နိုင်သည်။

နတ်ဆိုးလက်သို့ကျရောက်သွားလျှင် လူသား၏ခန္ဓာကိုယ်က ပြင်းထန်စွာ ဒဏ်ရာရထားသည့်တိုင် ကြီးမားသောကုသခြင်းကို ခံရပြီး အပြည့်အဝ ပြန်လည်ကောင်းမွန်လာလေ့ရှိသည်။

အထူးသဖြင့် မိစ္ဆာချီများထူထပ်သည့်နေရာတွင် နတ်ဆိုးလက်သို့ကျရောက်ခဲ့လျှင် တိုးတက်မှုက ပိုမိုများပြားမည် ဖြစ်သည်။

ပြင်ပထိုးနှက်ချက်များ မည်သို့ပင်ရှိပါစေ လူတစ်ယောက် နတ်ဆိုးလက်သို့ ကျရောက်သွားရခြင်း အဓိကအချက်မှာ သိုင်ကျင့်ကြံသူတစ်ယောက်၏ စိတ်အလိုဆန္ဒပါဝင်မှသာ ဖြစ်နိုင်သည်။

မိစ္ဆာချီလွှမ်းမိုးလှည့်စားခြင်းကို တွန်းလှန်နိုင်ပြီး ခိုင်မာတည်ကြည်ပြီး မယိမ်းယိုင်သည့်စိတ်ဓာတ်ရှိပါက ထိုသို့သောလူမျိုးကို နတ်ဆိုးလက်သို့ကျရောက်စေရန် မည်သူကမှ ပြုလုပ်နိုင်မည် မဟုတ်ပေ။

အနှစ်ချုပ်ရသော လူသားတစ်ယောက် နတ်ဆိုးထံကျရောက်ခြင်းသည် စိတ်အလိုဆန္ဒ ၊ သို့မဟုတ် အစွဲအလန်းတို့ကြောင့် ဖြစ်ပြီး မိစ္ဆာချီကထိုခံစားချက်များကို များပြားစေကာ အခြားသောအတွေးအမြင်များနှင့် ကျိုးကြောင်းဆီလျော်မှုအားလုံးကို ဖြိုခွင်းလိုက်သည်။ နတ်ဆိုးလက်သို့ ကျရောက်သွားသည့်အခါ အတွင်းစိတ်နှင့် အပြင်အတ္တက ပေါင်းစပ်သွားသည်။

ထို့ကြောင့် မိစ္ဆာချီနှင့် ခန္ဓာကိုယ် ထိမိရုံမျှဖြင့် နတ်ဆိုးလက်သို့ ကျရောက်မည် မဟုတ်‌ပေ။

ရှဲ့ကျစ်ယီ၏ခန္ဓာကိုယ်ပျောက်ကွယ်သွားပြီးနောက် ရန်ကျောက်ကဲက ငွေ့ရိပ်တံဆိပ်ခတ်ဓားရှိရာနေရာသို့ ရောက်လာသည်။  ထိုနေရာတွင် ရှဲ့ကျစ်ယီ၏ဓားသာမက အခြားသောပစ္စည်းများထည့်ထားသည့် အိတ်တစ်လုံးကိုလည်း တွေ့လိုက်ရသည်။

အိတ်ကိုဖွင့်လိုက်တော့ အနုစိတ်ပုံသဏ္ဌန်တစ်ခုထွင်းထုထားသည့် ဒင်္ဂါးပုံစံ အရာဝတ္ထုတစ်ခုကို တွေ့ရသည်။

ထိုဒင်္ဂါးကို သေသေချာချာ စစ်ဆေးကြည့်ရင်း တစ်ခုခု ရင်းနှီးနေသလို ရန်ကျောက်ကဲ ခံစားရသည်။

သို့သော် မည်သည့်အရာဖြစ်မှန်း မမှတ်မိလေရာ စူးစမ်းချင်စိတ်ကို ချုပ်တည်းလိုက်ပြီး ပစ္စည်းများကို သိမ်းဆည်းလိုက်၏။

ထိုအချိန် ပန်ဒါကြီးက လည်ချောင်းသံကြီးဖြင့် ဟိန်းဟောက်သံပြုလုပ်ရင်း သူ့အနားသို့ ရောက်ရှိလာသည်။

သိပ်သည်းလှသော မိစ္ဆာချီများနှင့်ထိတွေ့ရခြင်းက ပန်ပန်ကို စိတ်မသက်မသာ ဖြစ်စေဟန်ပင်။

ဝိညာဉ်သားရဲများသည်လည်း နတ်ဆိုးလက်သို့ကျရောက်ခြင်း ဖြစ်နိုင်လေရာ ရန်ကျောက်ကဲ ပန်ပန်ကို ချော့မော့နှစ်သိမ့်ပေးရင်း မိစ္ဆာချီများဖုံးလွှမ်းရာ နယ်မြေတစ်လျှောက် ဖြတ်သန်းထွက်ခွာလာခဲ့သည်။

အချိန်ခဏကြာပြီးနောက်...

ရုတ်ချည်းပင် ရန်ကျောက်ကဲစိတ်ထဲတွင် ကြီးမားသည့် အန္တရယ်ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသည်။ ထိုခံစားချက်က အလွန်တရာအန္တရယ်များလှသည့် သတိပေးချက် ဖြစ်၏။

တစ်ချိန်တည်းမှာပင် မိစ္ဆာချီဖုံးလွှမ်းရာနယ်မြေထဲတွင် မှိုင်းညို့သည့် ဓားဝိညာဉ်တစ်ခုထွက်ပေါ်လာပြီး ရန်ကျောက်ကဲ၏ ဦးခေါင်းအနောက်တည့်တည့်သို့ ဝင်ရောက်လာသည်။

သိုင်းဆရာသခင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ဓားဝိညာဉ်။

All Chapters