← Chapters

နတ်မိစ္ဆာဘုရင် ဒဿမအဆင့်ဆိုရင်တောင် ပြဿနာမရှိဘူး

Vol. 86 Ch. 1208

နတ်မိစ္ဆာဘုရင် ဒဿမအဆင့်ဆိုရင်တောင် ပြဿနာမရှိဘူး

Vol. 86 Ch. 1208

အခန်း (၁၂၀၈) နတ်မိစ္ဆာဘုရင် ဒဿမအဆင့်ဆိုရင်တောင် ပြဿနာမရှိဘူး

ရန်ကျောက်ကဲ လည်ပင်းညှစ်ခြင်းကိုခံထားရသော ဖေးယီမိစ္ဆာက သူ၏ အတောင် (၄)ခု ၊ ခြေထောက် (၆)ချောင်းဖြင့် အဆက်မပြတ် ရုန်းကန် နေသည်။

လက်ရှိ ရင်ဆိုင်နေရသောရန်သူကို သူကောင်းစွာ ဖက်ပြိုင်တိုက်ခိုက်နိုင်မည်ဟု ဖေးယီမိစ္ဆာက ယုံကြည်ထားသည်။

သို့ဖြစ်ရာ လောလောဆယ်တွင် အလွန်လျင်မြန်သော ခွန်ဖိန်သတ္တဝါ၏ ဖမ်းဆီးခြင်းခံထားရသည့်တိုင် လွတ်လမ်းရှိနေသေးသည်ဟု တွေးတောထားသည်။

သို့သော် အချိန်အတော်ကြာအောင် ရုန်းကန်ပြီးနောက် ရက်စက်ကြမ်းတမ်းသော စွမ်းအားကိုပိုင်ဆိုင်သည့် ရန်ကျောက်ကဲလက်မှ လွတ်မြောက်ရန် မဖြစ်နိုင်တော့ကြောင်း သဘောပေါက်သွားသည်။

ရန်ကျောက်ကဲက ဖေးယီသတ္တဝါအား အနည်းငယ်အားစိုက်ပြီး လည်ပင်းညှစ်လိုက်လေရာ မျက်ဖြူလန်သွားမတတ်ပင် ဖြစ်သွားရသည်။

ထို့နောက် ရန်ကျောက်ကဲက သူ၏ခန္ဓာကိုယ်အားလျှင်မြန်စွာလှုပ်ရှားလိုက်ပြီး လက်ထဲတွင် ဖေးယီမိစ္ဆာကို ကိုင်လျက် နေရာမှာပင် ပျောက်ကွယ်သွားသည်။ မကြာမီ သူတို့နှစ်ယောက်လုံး မြေပြင်ထက်တွင် ပြန်ပေါ်လာ၏။

လောင်ကျွမ်းနေသောမြေပြင်ထက်တွင် ကျောက်ဂူတစ်ခုအား တွေ့ရသည်ဖြစ်ရာ ရန်ကျောက်ကဲ အထဲသို့ ဝင်ရောက်လိုက်သည်။

သူက လက်ကိုအနည်းငယ်ဖြေလျှော့လိုက်တော့မှ ဖေးယီမိစ္ဆာမှာ အသက်ရှူနိုင်လာသည်။

သူက ရုန်းကန်ပြီး အကအူညီ အော်ဟစ်တောင်းဆိုရန် ကြိုးစားလိုက်သည်။

ဤ မီးလျှံနဂါးကမ္ဘာတွင် ရန်ကျောက်ကဲထက် ပိုမိုအားကောင်းသော ဖေးယီမျိုးနွယ် နတ်မိစ္ဆာများ သေချာပေါက် ရှိရမည်ဟု သူ ယုံကြည်ထားသည်။

သို့သော် သူနေထိုင်ရာတောင်တစ်ခုလုံး ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားများဖြင့် လွှမ်းခြုံပိတ်ဆို့ထားကြောင်း ထိတ်လန့်ဖွယ်ရာ သိလိုက်ရသည်။

ယခုအချိန်မှာတော့ ဖေးယီမိစ္ဆာ အလွန် စိတ်ပျက်အားငယ်သွားခဲ့သည်။

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“မင်း ငါနဲ့ ပူးပေါင်းဆောင်ရွက်ပါ ၊ ဒါမှ ဒုက္ခအများကြီးမရောက်မှာ... ၊ ကဲ... ငါ မေးတဲ့မေးခွန်းကို ဖြေစမ်း”

ဖေးယီမိစ္ဆာက မျက်လုံးတစ်ချက်လှန်လိုက်ပြီး...

“သူတို့တွေ ဒီနေရာကထွက်သွားတာ သိပ်မကြာသေးဘူး ၊  (၁၀)ရက်ဝန်းကျင်လောက်ပဲ ရှိဦးမယ်”

“အဟက်... ကြည့်ရတာ ဒီနေရာကနတ်မိစ္ဆာတွေက အားနည်းတဲ့သူတွေတော့ မဖြစ်နိုင်ဘူး”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

ထို့နောက် သူက မျက်ခုံးတစ်ချက်ပင့်ကာ ဖေးယီမိစ္ဆာကိုကြည့်ပြီး ပြုံးလိုက်ရင်း...

“မဟုတ်ရင်... မင်း ငါ့ကို လိမ်ပြောရဲမှာမဟုတ်ဘူး ၊ မင်းလူတွေ ငါ့ကိုလာပြီးတိုက်ခိုက်နိုင်အောင် မင်းက ကြံစည်နေတာလား”

ထိုစကားကြားတော့ ဖေးယီမိစ္ဆာ အံ့သြသွားပြီး...

“မဟုတ်ဘူး… မဟုတ်ပါဘူး…”

သူ ဘာမှထပ်မပြောနိုင်ခင်မှာပင် ရန်ကျောက်ကဲက သူ၏လက်ထဲသို့ စွမ်းအားပိုထည့်လိုက်ကာ ဖေးယီသတ္တဝါ၏ လည်ပင်းကို လိမ်ချိုးလိုက်သည်။

ထိုနတ်မိစ္ဆာများက မီးလျှံနဂါးကမ္ဘာ သို့မဟုတ် ဖေးယီမိစ္ဆာများအခေါ် ‘ထိုက်ဟွာနတ်ဘုံငယ်’ တွင် ရှိနေလောက်သေးသည်။

သို့သော် ဖေးယီမိစ္ဆာ ထင်မှတ်မထားသည့်အရာမှာ ရန်ကျောက်ကဲက အမှန်တကယ် ထိုနတ်မိစ္ဆာများကို ရှာဖွေနေသည်ဆိုသော အချက်ပင်။

“အဲဒီ နတ်မိစ္ဆာတွေရဲ့အသွင်အပြင်က ကိစ္စရပ်နှစ်ခုကို သက်သေပြနိုင်တယ်”

ရေရွတ်ရင်း ရန်ကျောက်ကဲ ကျောက်ဂူထဲမှ လှမ်းထွက်လိုက်ပြီး အဝေးတစ်နေရာသို့ ချက်ချင်းပင် ဦးတည်ထွက်ခွာသွားသည်။

ယခုတလော နတ်မိစ္ဆာမျိုးနွယ်များမှ တန်ခိုးစွမ်းအားရှင်များ ဤနေရာကို အာရုံစိုက်လာကြပြန်သည်။ ကြည့်ရသည်မှာ မီးလျှံထက်ယံအရှင်သခင် နှင့်ပတ်သက်သည့် နောက်ထပ်သဲလွန်စများကို ရှာဖွေလိုခြင်း ဖြစ်ဟန်တူသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် စောမင်ကျန့်က သူ၏မွေးရပ်မြေဖြစ်သော မီးလျှံနဂါးကမ္ဘာသို့ နောက်တစ်ကြိမ်ပြန်လာခဲ့ကြောင်း သက်သေပြနိုင်သည်။

စောမင်ကျန့်က အလွန်တရာစွမ်းအားကြီးမားသော တန်ခိုးရှင်တစ်ယောက်ဖြစ်လေရာ သူ ပြန်လာကြောင်းကို ဖေးယီမိစ္ဆာများ မသိရှိအောင် လျှို့ဝှက်ထားနိုင်စွမ်းရှိသည်။

“ဒါပေမဲ့ စောမင်ကျန့်က ဒေါသကြီးတဲ့စရိုက်ရှိတယ်လို့ ကြားဖူးတယ်”

ရန်ကျောက်ကဲ ရုတ်တရက် တွေးလိုက်သည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အဖြစ်ပြောင်းလဲခဲ့သော ‘ယဲ့ယန်’ နှင့် မတူညီဘဲ စောမင်ကျန့်က ဤနေရာမှ နဂါးများကို အရမ်းကာရော မုန်းတီးခြင်း မရှိပေ။ သို့သော် စောမင်ကျန့်သည်လည်း နဂါးမျိုးနွယ်များနှင့်ပတ်သက်ပြီး အကောင်းမြင်စိတ်ရှိပါမည်လားဟု ရန်ကျောက်ကဲ သံသယ ဝင်မိသည်။

သူ၏မွေးရပ်မြေကို အခြားသောနတ်မိစ္ဆာမျိုးနွယ်များ သိမ်းပိုက်ထားကြောင်းတွေ့ရှိသည့်အခါ ဒေါသကြီးသည်ဟု နာမည်ကြီးသော ‌’စောမင်ကျန့်’ တစ်ယောက် မတုန်မလှုပ်ရှိခြင်းက ထူးဆန်းလှသည်။

ဟုတ်ပေ၏။

သေချာသောအချက်တစ်ချက် ရှိပေသည်။

ခြောက်ပေဖေးယီမိစ္ဆာများက မီးလျှံနဂါးကမ္ဘာကို သိမ်းပိုက်ခဲ့သော်လည်း သူတို့က စောမင်ကျန့်နှင့် ယဲ့ယန်တို့ ယခင်နေထိုင်ရာနေရာများကို သိမ်းပိုက်ရဲခြင်းမရှိပေ။ သူတို့က ယခင် မီးလျှံနဂါးကမ္ဘာမှ ပိုင်ရှင်များကဲ့သို့ အဆုံးသတ် မခံလိုပေ။

သူသွားချင်သည့်နေရာအားရှာဖွေရန် ရန်ကျောက်ကဲအတွက် မခက်ခဲပေ။

နောက်ထပ် ဖေးယီမိစ္ဆာအနည်းငယ်ကို ဖမ်းဆီးစစ်ဆေးမေးမြန်းပြီးနောက် သူလိုချင်သည့်အဖြေကို ရရှိခဲ့သည်။

မီးလျှံများတောက်လောင်နေသည့် ကွင်းပြင်များထက်တွင် ခဏမျှ လမ်းလျှောက်ပြီးနောက် အဝေးတစ်နေရာတွင် တောင်ကြားတစ်ခုကို တွေ့ရသည်။

ဤနေရာရှိ ဝိညာဉ်စွမ်းအားများက အလွန်အန္တရယ်များပြီး နတ်မိစ္ဆာမျိုးနွယ်များအတွက် မည်သည့်အကျိုးကျေးဇူးမှ မရှိပေ။

စောမင်ကျန့် ကလေးဘဝက မည်သို့သောပတ်တန်းကျင်မျိုးတွင် နေထိုင်ခဲ့ရသည်ကို ရန်ကျောက်ကဲ စိတ်ကူးကြည့်နိုင်သည်။

ရန်ကျောက်ကဲ အနားမကပ်ခင်မှာပင် ပတ်ဝန်းကျင်မှ ပူလောင်ပြင်းထန်သော မိစ္ဆာချီစွမ်းအားများထွက်ပေါ်လာသည်ကို အာရုံခံလိုက်မိသည်။

“အမတနတ်မိစ္ဆာတစ်ယောက်တော့ မဟုတ်ဘူး... နတ်မိစ္ဆာဘုရင်တစ်ပါးပဲ ဖြစ်ရမယ်...”

မိစ္ဆာချီများကိုအာရုံခံရင်း ရန်ကျောက်ကဲ ရှင်းလင်းပြတ်သားစွာ တွေးလိုက်သည်။

ငရဲကိုးထပ်မှ နတ်ဆိုးများနှင့် ဗုဒ္ဓဘာသာကျင့်ကြံသူများတွင် တာအိုဝါဒနှင့်အလွန်ပင်ကွဲပြားသော အဆင့်သတ်မှတ်ချက်များ ရှိကြသည်။

သို့သော် နတ်မိစ္ဆာမျိုးနွယ်များကတော့ တာအိုဝါဒနှင့် အဆင့်သတ်မှတ်ရာတွင် အဓိပ္ပါယ်ဖွင့်ဆိုချက် အလွန်ဆင်တူသည်။

တကယ်တော့ နတ်မိစ္ဆာမျိုးနွယ်များ၏ တာအိုကျင့်စဉ်လမ်းက လူသားတာအိုကျင့်ကြံသူများနှင့် တူညီမှုများစွာ ရှိခဲ့သည်။

ရှေးယခင်အချိန်များတုန်းက များပြားလှစွာနတ်မိစ္ဆာများက တာအိုဝါဒကျင့်ကြံသူများထံတွင် လူသားများကဲ့သို့ပင် တပည့်ခံပြီး သိုင်းပညာ သင်ယူခဲ့ကြသည်။

ထိုအချိန်က နတ်မိစ္ဆာများအတွက် လုပ်ဆောင်ရန်လိုအပ်သည့် တစ်ခုတည်းသောအရာမှာ သူတို့ဂိုဏ်းမှ အကြီးအကဲများ၏ အကူအညီဖြင့် သူတို့၏အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲခြင်းသာ ဖြစ်သည်။

နောက်ပိုင်းတွင်တော့ ထိုသို့သောအခြေအနေများ တွေ့မြင်ရသည်မှာ ရှားပါးလာသည်။

သို့တိုင် နတ်မိစ္ဆာမျိုးနွယ်များတွင် လူသားများထံမှ ကျင့်ကြံခြင်းနည်းလမ်းများစွာ ကျန်ရှိနေသေးပြီး သူတို့က ထိုကျင့်ကြံခြင်းနည်းလမ်းများတွင် သူတို့၏ ကိုယ်ပိုင်မူဝါဒများကို ပေါင်းစပ်ထည့်သွင်းခဲ့သည်။

အခြားသောလမ်းစဉ်များဖြစ်သည့် ငရဲကိုးထပ်နှင့် ဗုဒ္ဓဘာသာနောက်သို့လိုက်လျှောက်သော နတ်မိစ္ဆများစွာလည်း ရှိသေးသည်။

ထိုနတ်မိစ္ဆာများကတော့ တာအိုဝါဒနှင့်သက်ဆိုင်ခြင်းမရှိတော့ဘဲ ငရဲကိုးထပ် ၊ ဗုဒ္ဓဘာသာလမ်းစဉ်များနှင့်သက်ဆိုင်သွားပြီ ဖြစ်၏။

နောက်ပိုင်းတွင် အမှီအခိုကင်းသော နတ်မိစ္ဆာများက သူတို့၏တာအိုဝါဒစည်းမျဉ်းများအတိုင်း အဆင့်သတ်မှတ်ချက်များ ချမှတ်ခဲ့ကြသည်။

တာအိုစကြာဝဠာတွင်တော့ နတ်မိစ္ဆာများကို တွေ့မြင်ရခဲလှသည်။ အထူးသဖြင့် ဉာဏ်အလင်းရပြီး လူသားအသွင်ပြောင်းနိုင်သော တန်ခိုးစွမ်းအားရှင် နတ်မိစ္ဆာများ ဖြစ်၏။

သို့သော် နတ်မိစ္ဆာတစ်ပါး ဉာဏ်အလင်းမပွင့်သေးပါက သူ့ကို နတ်မိစ္ဆာဟုဆိုခြင်းထက် သားရဲဟုခေါ်ဆိုခြင်းက ပိုမိုသင့်လျော်မည် ဖြစ်သည်။

နတ်မိစ္ဆာများက  သူတို့၏ကိုယ်ပိုင်မျိုးနွယ်မှ  သိုင်းပညာနှင့် ကျင့်ကြံခြင်းများကို သင်ယူကြသည်ဖြစ်ရာ အများစုသည် မြင့်မားသောအဆင့်သို့ ရောက်ရှိရန် ခဲယဉ်းကြသည်။

တကယ်တော့ နတ်မိစ္ဆာများ ဉာဏ်အလင်းရခြင်းမှာ အလွန်ရှားပါးပြီး အဖိုးတန်လှသည်။ ထိုသို့ဉာဏ်အလင်းရသွားသည်နှင့် သူတို့က လူသားများထံမှ သိုင်းပညာများ သင်ယူနိုင်စွမ်းရှိကြသည်။

ရန်ကျောက်ကဲအိမ်တွင်မွေးထားသော အပျင်းထူသည့် ဝတုတ်ကောင် ‘ပန်ပန်’ ကဲ့သို့ ဖြစ်၏။

ပန်ပန်၏ဉာဏ်ရည်ဉာဏ်သွေးက အမြင့်ဆုံးအဆင့်ထိ မရောက်သေးသော်လည်း အတော်လေး မြင့်မားနေပြီ ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲက သာမန် ကျင့်ကြံသည့်အချိန်များတွင် ပန်ပန်ကို လမ်းညွှန်မှုအချို့ ပေးအပ်ခဲ့သည်။ တစ်ခါတစ်ရံ စက်ဝန်းသံသရာကောင်းကင်ကျမ်းစာနှင့် ယင်ယန်ကောင်းကင်ကျမ်းစာကဲ့သို့ ထိပ်တန်းသိုင်းပညာရပ်များကိုပင် ထိုနတ်မိစ္ဆာလေးအား သင်ကြားပေးလေ့ရှိ၏။

ပန်ပန်က အနည်းငယ် တုံး အ,ဟန် ရှိသော်လည်း အမှန်တကယ် ပြင်းထန်သောစွမ်းအားကို ပိုင်ဆိုင်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာကမ္ဘာတွင် တိုက်ပွဲဝင်စဉ်က ကျောက်စိမ်းရတနာဆင်တော်ကို အပြတ်အသတ် အနိုင်ယူခဲ့ခြင်းပင်။

ယေဘူယျဆိုရသော ‘အမတနတ်မိစ္ဆာ’ ဆိုသည်မှာ နတ်ဘုရားတံခါးကို ဖွင့်လှစ်ပြီးဖြစ်သော နတ်မိစ္ဆာများကို ဆိုလိုခြင်း ဖြစ်ပြီး နတ်မိစ္ဆာဘုရင်ဆိုသည်ကတော့ လူသားကျင့်ကြံသူများ၏ သိုင်းသူတော်စင်အဆင့်နှင့် သွားရောက်ဆင်တူသည်။

“ကောင်းတယ်... အမတနတ်မိစ္ဆာတစ်ပါးသာဆိုရင် ငါ့မှာ ကိုင်တွယ်ဖို့ နည်းလမ်းသိပ်မရှိဘူး ၊ အနည်းဆုံးတော့ သူ့ကို ဘာမှ စစ်ဆေးမေးမြန်းလို့ရမှာ မဟုတ်ဘူး”

ချိုင့်ဝှမ်းဆီသို့လျှောက်လာရင်း ရန်ကျောက်ကဲ တွေးလိုက်သည်။

“ဒါပေမဲ့ နတ်မိစ္ဆာဘုရင်ဆိုရင်တော့ စိတ်ပူစရာမရှိဘူး ၊ သူက နတ်မိစ္ဆာဘုရင် ဒဿမအဆင့်ဆိုရင်တောင် ပြဿနာမရှိဘူး”

အနားသို့ရောက်လာသည့်အခါ တောင်ထွတ်ထက်တွင် လူတစ်ယောက်ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူက မီးခိုးရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး သိမ်မွေ့ဟန်ရှိသောမျက်နှာထက်တွင် ရှည်လျားအေးစက်သည့် မျက်ဝန်းတစ်စုံအား ပိုင်ဆိုင်ထား၏။

ထိုသူ၏နဖူးထက်တွင် အဖုအထစ်နှစ်ခု ရှိနေကြောင်းတွေ့ရသည့်အခါ ရန်ကျောက်ကဲ ချက်ချင်း သဘောပေါက်သွားသည်။

“သူက မီးခိုးရောင် ရေနဂါးတစ်ကောင်ပဲ ၊ နတ်ဘုရားလူသားကပ်ဘေးကို ကျော်ဖြတ်ပြီးတာနဲ့ သူက နှောင်းပိုင်းကောင်းကင်နဂါးမျိုးနွယ်အဖြစ် ပြောင်းလဲသွားတော့မှာ”

ရန်ကျောက်ကဲ တွေးတောနေစဉ်မှာပင် မီးခိုးရောင်ဝတ်တာအိုဆရာက မေးခွန်းထုတ်လာသည်။

“မင်းက ခွန်ဖိန်တစ်ကောင်ပဲ ၊ ဘယ်မျိုးနွယ်က ခွန်ဖိန်လဲ”

သူက နတ်မိစ္ဆာဘုရင် ဒဿမအဆင့်ရှိသော နတ်မိစ္ဆာတစ်ပါးဖြစ်လေရာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားချဉ်းကပ်လာကြောင်း အစောကြီးကတည်းက အာရုံခံမိသည်ပင်။

သို့သော် သူက ခွန်ဖိန်သတ္တဝါကို အာရုံစိုက်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သို့သော် ခွန်ဖိန် သူ့အနားရောက်လာသည်ကို အနည်းငယ်ပင် မရိပ်မိအောင် ဖြစ်သွားရသည်။

မီးခိုးရောင်ဝတ်တာအိုဆရာက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို တစ်ချက်အကဲခတ်ရင်း မျက်ခုံးများကို တွန့်ချိုးလိုက်သည်။

“ခွန်ဖိန်က ဘာလို့ ဒီနေရာကို ရောက်လာရတာလဲ”

ရန်ကျောက်ကဲက တောင်ကြားဆီသို့ ခေါင်းငုံ့ကြည့်ရင်း ပေါ့ပါးစွာပင် ပြန်ဖြေလိုက်ည်။

“မင်းနဲ့ အကြောင်းပြချက်အတူတူပဲပေါ့...”

အပြင်ပန်းကြည့်သည့်အခါ တောင်ကြားက မည်သို့မှ မထူးဆန်းသလိုပင်။

ရန်ကျောက်ကဲ အလေးအနက်မတွေးခင်မှာပင် မီးခိုးရောင်ဝတ်တာအိုဆရာက...

“အဲဒါ ခွန်ဖိန်နဲ့ဘာဆိုင်လို့လဲ... နေပါဦး...”

စကားမဆုံးခင်မှာပင် မီးခိုးရောင်ဝတ် တာအိုဆရာ၏ ရှည်လျားသည့်မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး...

“ဒီနေရာပိုင်ရှင် ဘယ်ရောက်နေလဲဆိုတာ မင်းသိလို့လား”

“မသိပါဘူး”

ရန်ကျောက်ကဲက ထိုတာအိုဆရာကို တစ်ချက်ပြုံးပြရင်း ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ မင်း သိတယ်မဟုတ်လား ၊ ဒါဆို လုံလောက်ပြီလေ...”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက မီးခိုးရောင်ဝတ်တာအိုဆရာကို ဖမ်းချုပ်ရန် သူ၏လက်တစ်ဖက်အား ပင့်မြှောက်လိုက်လေတော့၏။

All Chapters