← Chapters

မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးလဲ

Vol. 86 Ch. 1210

မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးလဲ

Vol. 86 Ch. 1210

အခန်း (၁၂၁၀) မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးလဲ

ရန်ကျောက်ကဲက သက်ကယ်အိမ်လေးထဲသို့ဝင်ပြီး တစ်ချက် အကဲခတ်လိုက်သည်။

အိမ်လေးထဲတွင် အလှဆင်မှုများစွာမရှိဘဲ အလွန်ပင် ရိုးရှင်းလှသည်။

သို့သော် ဤနေရာကိုအကဲခတ်ရင်း -

“အကြီးမြတ်ဆုံးအမှန်တရားက အရိုးရှင်းဆုံးဖြစ်သည်”

ဆိုသော စကားပုံကို သူ့အား သတိရသွားစေသည်။

ဤနေရာမှ ထုတ်တန်းများနှင့် တိုင်လုံးများအားလုံးက လုံးဝ အပြစ်အနာအဆာ မရှိသော ပုံစံမျိုးဖြင့် တည်ဆောက်ထားသည်။

ဤနေရာမှ တစ်စုံတစ်ခုကို ယူဆောင်သွားခြင်း ၊ သို့မဟုတ် ထပ်မံထည့်သွင်းခြင်း ပြုလုပ်မည်ဆိုပါ သဘာဝဆန်သောခံစားချက်ကို ပျက်ဆီးသွားစေပေမည်။

ထို့ပြင် ဤအိမ်ငယ်လေးက ပြီးပြည့်စုံသည်ဟု မဆိုလိုသော်လည်း ပြုပြင်မွမ်းမံမည့်သူ အနည်းငယ်သာလျှင် ရှိကောင်းရှိနိုင်သည်။

“မီးလျှံထက်ယံအရှင်သခင်က ဒီနေရာကို သူကိုယ်တိုင် ဆောက်ခဲ့တာပဲ...”

ရန်ကျောက်ကဲ ခေါင်းတစ်ချက်ညိတ်ရင်း ရေရွတ်လိုက်ပြီး အခန်းတစ်ခုလုံးကို မျက်လုံးကစားကာ အကဲခတ်လိုက်သည်။

ဤနေရာသို့ လူပေါင်းများစွာလာရောက်ခဲ့ပြီး အတွင်းအပြင် မရေမတွက်နိုင်အောင် လေ့လာသွားကြသည်မှာ ပြောနေစရာပင် မလိုပေ။

မီးခိုးရောင်ရေနဂါးမတိုင်ခင်ကပင် လူပေါင်းများစွာ ဤနေရာသို့ရောက်လာပြီး သဲလွန်စ ရှာဖွေခဲ့ကြဟန် ရှိသည်။

ဤသက်ကယ်အိမ်လေးက ပိုင်ရှင်ကိုယ်တိုင်ဆောက်လုပ်ထားသည်ဖြစ်ရာ လူတိုင်း၏ အာရုံစူးစိုက်စရာဖြစ်လာမည်မှာ သေချာပေသည်။

သို့သော် မည်သူမှ သဲလွန်စတစ်ခုတလေပင် ရှာမတွေ့နိုင်ခဲ့ကြပေ။ သို့မဟုတ် တစ်ယောက်ယောက်က တစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖျောက်ဖျက်ပစ်ခဲ့သည်လည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ အပြင်လူများ အနေရာမှ သဲလွန်စရှာဖွေတွေ့ရှိသည်ဟု တစ်ခါမှ သတင်းမကြားခဲ့ရသေးပေ။

“တခြားသူတွေလည်း ဒီနေရာကို တတ်နိုင်သမျှ ရှာဖွေဖို့ ကြိုးစားခဲ့ကြမှာပဲ”

ရန်ကျောက်ကဲ မေးစေ့ကိုပွတ်သပ်ရင်း ရေရွတ်လိုက်သည်။

“ဒါဆို လူအများစု မစမ်းသပ်ဖူးတဲ့ အသုံးဝင်နိုင်သေးတဲ့ နည်းလမ်းတွေက ဘာတွေဖြစ်မလဲ”

သူက မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း...

“အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကတစ်ဆင့် ဖြစ်နိုင်မလား... လုံးဝ မဖြစ်နိုင်ဘူး ၊ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ပိုးသားဧကရာဇ်နဲ့တိုက်ခိုက်ပြီးတဲ့နောက် ငရဲကိုးထပ်မှာ အမတခုံရုံးက ဧကရာဇ်နှစ်ပါးနဲ့ မတိုက်ခိုက်ခင်အချိန်မှာ မီးလျှံထက်ယံအရှင်သခင်က ဒီနေရာကို ပြန်လာတာ ဖြစ်ရမယ်”

“အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နဲ့ တစ်ခုခုပတ်သက်နေမယ်ဆိုရင် ဒီနေရာကို အာရုံစိုက်နေတဲ့ နတ်မိစ္ဆာတွေက သေချာပေါက် စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်မှာပဲ”

“အခု ဘာမှ ဒီလောက်ကြီးမစုံစမ်းဘဲ ရေနဂါးကိုပဲ လွှတ်လိုက်တယ်ဆိုတော့... အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နဲ့ သိပ်မဆိုင်ဘူးလို့ ပြောလို့ရတယ်”

ရန်ကျောက်ကဲ ခဏစဉ်းစားလိုက်သည်။

ရုတ်တရက် သူ့မျက်လုံးများ အာရုံစူးစိုက်သွားပြီး...

“ငါ အဲဒါကို ကြိုးစားကြည့်ရမယ်ထင်တယ်...”

ထိုသို့တွေးမိသည်နှင့် ရန်ကျောက်ကဲ၏ ကိုယ်တွင်းအင်္ဂါ (၅)ခုမှ အလင်းရောင်စုံများ တောက်ပလာပြီး ဒြပ်စင်စွမ်းအား (၅)မျိုးက အစွမ်းထက်သော အသက်ဓာတ်စွမ်းအားများအဖြစ် သူ၏ခန္ဓာကိုယ်တွင်းသို့ ပျံ့နှံ့သွားသည်။

ရွှေ ၊ သစ်သား ၊ ရေ ၊ မီး နှင့် မြေကြီး ဒြပ်စင် (၅)မျိုးတို့က တစ်ခုနှင့်တစ်ခု ပေါင်းစပ်အသွင်ပြောင်းသွားပြီး အစွမ်းထက်သော အသက်ဓာတ်စွမ်းအားတစ်ခုကို မွေးဖွားပေးသည်။

ရန်ကျောက်ကဲက ယွိချင်အဆက်အနွယ် ၊ နှောင်းပိုင်းကောင်းကင်ကျမ်းစာတွင် တစ်ခုအပါအဝင်ဖြစ်သော ‘ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ ကို အသုံးပြုလိုက်ခြင်း ဖြစ်၏။

ထို့နောက် သူ၏ခန္ဓာကိုယ်ထဲမှ ပရမ်းပတာ ချီစွမ်းအားအစုအဝေးတစ်ခု ထွက်ပေါ်လာပြီး ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ၏ အသွင်ကူးပြောင်းမှုအောက်တွင် ဘဝဖန်ဆင်းခြင်း ကောင်းကင်ကျမ်းစာက အနည်းငယ်ပြောင်းလဲသွားသည်။

ထိုကျမ်းစာကိုအသုံးပြုသည့်နည်းလမ်းက အရင်ကနှင့် တူညီခြင်း မရှိတော့ပေ။

ရန်ကျောက်ကဲ ကျင့်ကြံခဲ့သော ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာက ဆရာဘိုးဘိုး ‘ယွမ်ကျန်းဖုန်း’ ယန်ဖူကမ္ဘာမှ ရရှိခဲ့သော ကျမ်းစာဖြစ်သည်။ ရှေးဘိုးဘေးတစ်ယောက်၏ နေထိုင်ရာနေရာတစ်ခုတွင် အမှတ်မထင် ရရှိခဲ့ခြင်းပင်။

ရန်ကျောက်ကဲက ဤကာလတစ်လျှောက်လုံး ထိုကျမ်းစာ တစ်မျိုးတည်းကိုသာ ကျင့်ကြံအသုံးပြုခဲ့သည်။

ယခု ထိုကျမ်းစာကို ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် ချိတ်ဆက်လိုက်သည့်အခါ ဘတဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာက အခြားမျိုးနွယ်တစ်ခု၏ကျမ်းစာပမာ ပြောင်းလဲသွားပြီး ရွှယ်ချူးချင်တို့အဆက်အနွယ်မှ ကျင့်ကြံခဲ့သော ‘ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ နှင့် သွားရောက်တူညီသွားသည်။

ပြောရမည်ဆိုလျှင် မုယောက်ကြယ်စင်ထက်ယံအရှင်သခင် ‘ရှောက်ကျွင်းဟွမ်’ ၏ အဆက်အနွယ်ကျမ်းစာနှင့် တူညီသွားခြင်း ဖြစ်၏။

မတူညီသောကျင့်ကြံသူများက တူညီသည့်သိုင်းပညာတစ်ရပ်အား ကျင့်ကြံကြသည့်အခါ သူတို့၏ ကိုယ်ပိုင်နားလည်မှုများမှတစ်ဆင့် ကျမ်းစာမူကွဲများစွာ ထွက်ပေါ်လာသည်။

အဆင့်မြင့်သိုင်းပညာတစ်ရပ်ကို တူညီစွာ ကျင့်ကြံခဲ့ကြသည်ဟု ထင်မှတ်စရာရှိသော်လည်း အသေးစိတ်ကျင့်ကြံမှုတွင် ကွဲလွဲမှုများစွာ ရှိခဲ့ကြသည်။

ကျင့်စဉ်လမ်းအဆုံးသို့ရောက်ရှိပြီး နက်နဲသည့် စွမ်းအားကို ပိုင်ဆိုင်သည့်တစ်နေ့တွင် လမ်းများအားလုံးက တူညီသောပန်းတိုင်သို့ ရောက်ရှိသွားပြီး မတူကွဲပြားမှုများသည်လည်း ပျောက်ကွယ်သွားပေမည်။

သို့သော် ဤသည်က ကျင့်ကြံခြင်း၏နောက်ဆုံးအခြေအနေဖြစ်ပြီး အစပိုင်းအခြေအနေများတွင်တော့ မတူကွဲပြားမှုများကို ရှောင်ရှားရန် ခက်ခဲသည်။

သို့ဖြစ်ရာ ယွမ်ကျန်းဖုန်း၏ ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာနှင့် ရွှယ်ချူးချင်၏ ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ (၂)ခုလုံးက ယွိချင်အဆက်အနွယ်မှ ဆင်းသက်လာခြင်းဖြစ်သော်လည်း မတူကွဲပြားမှုများ ရှိနေသည်။

သို့သော် ဤသည်က ရန်ကျောက်ကဲအတွက် ပြဿနာမရှိပေ။

စူးယွင်နှင့် ရှောင်အိုက်တို့က ရွှယ်ချူးချင်အဆက်အနွယ်မှ ‘ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ ကို သင်ယူကျင့်ကြံခဲ့ကြကြောင်း ရန်ကျောက်ကဲ သိရှိပြီးဖြစ်သည်။ ထို့ပြင် မိခင်ဖြစ်သူနှင့် ပြန်ဆုံချိန်တွင်လည်း ကျင့်ကြံခြင်းအတွေ့အကြုံများကို ဆွေးနွေးခဲ့ကြသေးသည်။

အချိန်အကန့်အသတ်ရှိသဖြင့် ရန်ကျောက်ကဲမှာ မုယောက်ကြယ်စင်ထက်ယံအရှင်သခင်၏ ‘ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ ကို လေ့လာနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

သို့သော် ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာကို ပြိုင်ဘက်ကင်း ကောင်းကင်ကျမ်းစာနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် မုယောက်ကြယ်စင်ထက်ယံအရှင်သခင်၏ ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာကို တုပနိုင်မည်ဟု ယုံကြည်ထားသည်။

ပြင်ဆင်မှုများအားလုံး ပြီးဆုံးသွားသည့်အခါ ရန်ကျောက်ကဲက သူ၏လက်ကိုမြှောက်လိုက်ပြီး ရောင်စုံအလင်းတန်းများကို လက်ဖဝါးအလယ်ဗဟိုတွင် စုစည်းလိုက်သည်။

ဒြပ်စင် (၅)ပါးက လှည့်ပတ်သွားပြီး အလင်းရောင်များအားလုံး ပတ်ဝန်းကျင်သို့ပျံ့နှံ့သွားကာ အခန်းတစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။

သို့သော် ထိုသို့ အလင်းရောင်များ တောက်ပလာသည့်အတွက် တဲအိမ်ငယ်ကတော့ မည်သည့်ထူးခြားချက်မှ မပြသခဲ့ပေ။

ရန်ကျောက်ကဲက စိတ်ပျက်သွားခြင်းမရှိသလို သူ့အယူအဆ မှားယွင်းသည်ဟုလည်း မထင်မှတ်ပေ။

ခဏမျှစဉ်းစားပြီးနောက် သူက ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာကို ဆက်လက်လှည့်ပတ်လိုက်ပြီး များပြားလှစွာသော စည်းတံဆိပ် သင်္ကေတများကို လက်ချောင်းအသုံးပြုကာ လေထုအလယ်တွင် ရေးဆွဲလိုက်သည်။

ထိုစည်းတံဆိပ်များက တစ်ခုနှင့်တစ်ခုထပ်သွားပြီး သေးငယ်သော်လည်း နက်နဲသိမ်မွေ့သည့် ထုံးတမ်းအစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထုံးတမ်းအစီအရင်က လှည့်ပတ်သွားပြီး မှိန်ပျပျအလင်းရောင်က တဲအိမ်ငယ်လေးတစ်ခုလုံးအား လွှမ်းခြုံသွားသည်။

ရန်ကျောက်ကဲ အသုံးပြုလိုက်သည့် ထုံးတမ်းအစီအရင်က ရွှယ်ချူးချင်တို့အဆက်အနွယ်၏ လျှို့ဝှက်အစီအရင်တစ်ခု ဖြစ်သည်။

အမှန်တော့ ဤအစီအရင်က ကြီးမားသည့်တန်ခိုးစွမ်းအား ပိုင်ဆိုင်ခြင်းမရှိဘဲ ကျင့်ကြံခြင်းတွင်အထောက်အကူပြုရန် အသုံးပြုသည့် အစီအရင်တစ်ခုမျှသာ ဖြစ်၏။

သို့သော် ဤ ထုံးတမ်းအစီအရင်၏ မှိန်ပျပျအလင်းရောင်က အိမ်ငယ်လေးအား လွှမ်းခြုံသွားသည်နှင့် အခန်းအလယ်ဗဟိုလေထုထဲတွင် မှုံဝါးသောအရိပ်တစ်ခု ထွက်ပေါ်လာသည်။

“တွေ့ပြီ…”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

ထို့နောက် သူက လက်ကိုဆန့်ထုတ်ပြီး မှုံဝါးသောအရိပ်ကို ထိကိုင်ရန် ကြိုးစားလိုက်သည်။

တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲက မုယောက်ကြယ်စင်ထက်ယံအရှင်သခင်၏ နက်နဲသောသိင်းပညာကို လှည့်ပတ်ထုတ်ဖော်ရန်လည်း မမေ့ခဲ့ပေ။

သူ၏လှုပ်ရှားမှုနှင့်အတူ လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်း ပေါ်လာသည်။

ထိုပစ္စည်းလေးက အနည်းငယ် ထူးခြားဟန်ရှိသည်။

မီးလျှံထက်ယံအရှင်သခင်ထားရှိခဲ့သော လျှို့ဝှက်အကာအကွယ်ကြောင့်သာမဟုတ်လျှင် ခေါက်ယပ်တောင်လေးက ဤနှစ်များအတွင်း ဆွေးမြေ့ကာအမှုန့်ဖြစ်နေလောက်ပြီ ဖြစ်၏။

ရန်ကျောက်ကဲ ခေါက်ယပ်တောင်လေးကိုဖွင့်လိုက်သည့်အခါ ယက်တောင်ထက်တွင် တစ်ကိုယ်လုံး မီးလျှံများတောက်လောင်နေသည့် နဂါးတစ်ကောင်၏ရုပ်ပုံ ပန်းချီရေးဆွဲထားကြောင်း တွေ့လိုက်ရသည်။

ပန်းချီကားက သာမန်ပင်ဖြစ်ပြီး အလွန်ထူးခြားခြင်း မရှိပေ။

သို့သော် မီးလျှံနဂါး၏အသွင်သဏ္ဌန်က သဘာဝကျစွာလွတ်လပ်ပြီး လန်းဆန်းတက်ကြွသောခံစားချက်ပေးစွမ်းသည်ဖြစ်ရာ ရန်ကျောက်ကဲ အတော်လေး စိတ်ဝင်စားသွားသည်။

“... ချန်ဟွားဧကရီမှ စောမင်ကျန့်သို့ လက်ဆောင်မွန်...”

ရေးသားထားသည့်စာမှ လက်ဆောင်ပေးပို့သူ၏အမည်ကိုဖတ်လိုက်မိတော့ ရန်ကျောက်ကဲမျက်နှာထက် စိတ်ရှုပ်ထွေးမှုများ ထင်ဟပ်လာသည်။

“မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ...”

ချန်ဟွားဧကရီဆိုသည်က အခြားသူ မဟုတ်ပေ။

မုယောက်ကြယ်စင်ထက်ယံအရှင်သခင်၏ အမည်ဂုဏ်ပုဒ်ပင် ဖြစ်သည်။

ဤ ခေါင်ယပ်တောင်လေးကို ရှောက်ကျွင်းဟွမ်က မီးလျှံထက်ယံအရှင်သခင်သို့ လက်ဆောင်ပေးခဲ့သည်မှာ ရှင်းနေပေပြီ။

သာမန်လက်ဆောင်တစ်ခုဟု ထင်ရဖွယ်ရှိသော်လည်း သူတို့အဆင့်ပုဂ္ဂိုလ်များက တစ်ယောက်နှင့်တစ်ယောက် လက်ဆောင်ပေးကြသည့်အခါ လက်ဆောင်ပေးသည်ဆိုခြင်းထက် ကျင့်ဝတ်သိက္ခာများကို အာရုံစိုက်လေ့ရှိကြသည်။

သို့ဖြစ်ရာ ရှောက်ကျွင်းဟွမ်၏လက်ဆောင်ကို စောမင်ကျန့်က တစ်လျှောက်လုံး ဂရုတစိုက် သိမ်းဆည်းထားသည်မှာ အံ့သြစရာ မဟုတ်ခဲ့ပေ။

ယခုဆိုလျှင် ဝါဒတောင်နှင့် တိဟွမ်မြေကမ္ဘာဧကရာဇ်တို့က မီးနှင့်ရေပမာ သဟဇာတ မဖြစ်တော့ပေ။

သို့သော် တိဟွမ်မြေကမ္ဘာဧကရာဇ်က ရန်ကျောက်ကဲ၏အဘိုး ‘ရန်ရှင်းထန်’ ဆီသို့ လက်ဆောင်တစ်ခု ပေးအပ်ခဲ့ဖူးသည်။

ထိုလက်ဆောင်က ရိုးရှင်းသည့်လက်ဆောင်တစ်ခုဖြစ်သည့်တိုင် ကျောက်စိမ်းကျောက်ဆောင်မှလူများကတော့ ထိုပစ္စည်းကို နှစ်ပေါင်းထောင်နှင့်ချီပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားခဲ့ကြသည်။

သို့သော် ထူးဆန်းသည်မှာ ဤခေါက်ယပ်တောင်လေးကို မီးလျှံထက်ယံအရှင်သခင်က ဤ တဲအိမ်ငယ်လေးထဲတွင် အဘယ့်ကြောင့် ထားရစ်ခဲ့ပါသနည်း။

ဤ တဲအိမ်လေးနှင့်မျက်နှာချင်းဆိုင်တွင် စောမင်ကျန့်မိဘများ၏ ဂူဗိမာန်ရှိနေပေသည်။

စောမင်ကျန့်က သူ၏မိဘများ၏ ဂူဗိမာန်ကိုစောင့်ထိန်းနိုင်ရန် ဤအိမ်ငယ်လေးကို တည်ဆောက်ခဲ့သည်။

သို့မှသာ သူ မီးလျှံနဂါးကမ္ဘာသို့လာရောက်တိုင်း ဤနေရာတွင်ရှိနေသော မိဘများ၏ဂူဗိမာန်ကိုကြည့်ရင်း လွမ်းဆွတ်တမ်းတနိုင်မည် ဖြစ်သည်။

သို့သော် ဤနေရာတွင် ခေါက်ယပ်တောင်လေးရှိနေခြင်းက ရန်ကျောက်ကဲအတွက် အတော်လေး တွေးတောစရာ ဖြစ်လာစေခဲ့လေ၏။

All Chapters