လွှမ်းမိုးနိုင်စွမ်းမြင့်မားပြီးမောက်မာခြင်း
Vol. 86 Ch. 1212
အခန်း (၁၂၁၂) လွှမ်းမိုးနိုင်စွမ်းမြင့်မားပြီးမောက်မာခြင်း
ဤဖြစ်ရပ်များကိုကြည့်မည်ဆိုလျှင် တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့ အမတခုံရုံးတွင် အတူတူခြေချုပ်မိနေသည်မှာ အံ့သြစရာ မရှိတော့ပေ။
မီးလျှံထက်ယံအရှင်သခင်က တိဟွမ်မြေကမ္ဘာဧကရာဇ်ကဲ့သို့ပင် ခွန်လွန်အထင်ကရ (၉)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ သူက အမတခုံရုံးကိုတိုက်ခိုက်သည်ဖြစ်ရာ အသေးအမွှားကိစ္စတစ်ခုအဖြစ် ဟန်ဆောင်ဖုံးကွယ်ထား၍ မရနိုင်ပေ။
စောမင်ကျန့်က ပေါက်ကွဲထွက်သည်အထိ ပြဿနာမရှာခင် တိဟွမ်မြေကမ္ဘာဧကရာဇ်အနေဖြင့် အငြင်းပွားမှုပြေလည်အောင်ဖြေရှင်းရန် အစွမ်းကုန် ကြိုးစားရပေလိမ့်မည်။
သို့သော် တိဟွမ်မြေကမ္ဘာဧကရာဇ် ပြုလုပ်သောအလုပ်က ပဋိပက္ခပြင်းထန်လာမှုကို ရပ်တန့်နိုင်ခြင်း ရှိ မရှိ မသေချာလှပေ။
မီးလျှံထက်ယံအရှင်သခင်၏လုပ်ရပ်များကလည်း ပုံမှန်နှင့်အနည်းငယ် ကွဲထွက်နေသည်။
ဟုတ်ပေ၏။
စောမင်ကျန့်က အလုပ်ကိုကောင်းမွန်စွာအစပြုခဲ့ပြီး ညံ့ဖျင်းစွာ အဆုံးသတ်ခဲ့သည်ဟု မဆိုလိုပေ။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ဝိုင်းဝန်းတိုက်ခိုက်ပြီး ဒဏ်ရာအပြင်းအထန်ရစေခဲ့သော တန်ခိုးစွမ်းအားရှင် (၂)ယောက်အနက် တစ်ယောက်မှာ စောမင်ကျန့်လက်ချက်ဖြင့် အသက်ပျောက်သွားပြီ ဖြစ်သည်။
ထိုတန်ခိုးစွမ်းအားရှင်က ‘ငြိမ်သက်ခြင်းရှိသောနက်ရှိုင်းနတ်ဘုရားတစ်ပါး’ ဖြစ်၏။ အမတခုံရုံးမှ ကျင့်ကြံသူဖြစ်သည့်တိုင် နတ်ဘုရားတံခါးကိုဖွင့်လှစ်နိုင်ခဲ့သော နက်ရှိုင်းနတ်ဘုရားတစ်ပါး ဖြစ်နေဆဲပင်။
သို့သော် ထိုသူအား စောမင်ကျန့်က လူတိုင်းကို ကြောက်ရွံ့ထိတ်လန့်စေသော မီးလျှံအရှိန်အဟုန်ဖြင့် အသက်သေသည်အထိ ရိုက်နှက်ခဲ့သည်။
အမတခုံရုံးမှလူများ၏ ကနဦးရည်ရွယ်ချက်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကိုဖမ်းဆီးပြီး စောမင်ကျန့် ထွက်လာစေရန် မျှားခေါ်ရန် ဖြစ်သည်။
သူတို့လုပ်ဆောင်ချက် မအောင်မြင်သည့်တိုင် စောမင်ကျန့်ထွက်လာမည်ဟု မျှော်လင့်နေဆဲ ဖြစ်သည်။
ထိုသို့ဖြစ်လာပါက အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များအတွက် လက်ခံနိုင်သော ရလဒ်တစ်ခု ဖြစ်သည်။
သို့သော် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို တိုက်ခိုက်ခဲ့သော နက်ရှိုင်းနတ်ဘုရား (၂)ပါးက စောမင်ကျန့်၏ပစ်မှတ်ဖြစ်လာနိုင်သည်ဖြစ်ရာ ထိုနတ်ဘုရား (၂)ပါးကို အမတခုံရုံးမှ အထူးကာကွယ်ပေးထားသည်။
တစ်ချိန်တည်းမှာပင် စောမင်ကျန့်ရောက်လာပါက တိုက်ခိုက်ရန်အတွက် အမတခုံရုံးက ထောင်ချောက်ဆင်ထားသည်။
သို့သော် အမတခုံရုံးအကာအကွယ်အောက်တွင်ရှိနေသော နတ်ဘုံ (၁၂)ခု၏ ကိုးကွယ်ခြင်းခံရသည့် ဟန်ဧကရာဇ်မှာ စောမင်ကျန့်၏လုပ်ကြံခြင်းကို ခံခဲ့ရလေသည်။
ထို့နောက် စောမင်ကျန့်က သူ့ကို ထောင်ချောက်ဆင်ပြီး တင်းကျပ်စွာ ဝိုင်းဝန်းတိုက်ခိုက်သည်ကို ထိုးဖောက်ထွက်လာနိုင်ခဲ့သည်။
သူ့ကို ထောင်ချောက်ဆင်ပြီး ဝိုင်းဝန်းတိုက်ခိုက်ရန် အစီအစဉ်ဆွဲခဲ့သော တန်ခိုးစွမ်းအားရှင်မှာလည်း အတော်လေး အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရပြီး ထိုသူက မကျေမနပ်ဖြင့် ပိုမို တန်ခိုးစွမ်းအား မြင့်မားသော ကျင့်ကြံသူများကို ဆက်သွယ်ခဲ့သည်။
သို့သော် သူတို့၏ပစ်မှတ်ဖြစ်သော စောမင်ကျန့်က အမတခုံရုံးမှ ထွက်ခွာသွားပြီ ဖြစ်လေသည်။
သူက အမတခုံရုံးမှ ထွက်ခွာသွားသော်လည်း အမတခုံရုံးနယ်မြေများတွင် လှည့်ပတ်သွားလာပြီး သဲလွန်စမကျန် လျှို့ဝှက်စွာဖြင့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။
မီးလျှံထက်ယံအရှင်သခင်က သူ့နောက်လိုက်လာသူများနှင့် ပုန်းလျှိုးကွယ်လျှိုးကစားနေချိန် ဟန်ဧကရာဇ်နှင့်အတူ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ဒဏ်ရာရအောင်လုပ်ခဲ့သော အခြားဧကရာဇ်တစ်ပါးကိုလည်း လိုက်လံရှာဖွေခဲ့သည်။
သူ၏ လွှမ်းမိုးနိုင်စွမ်းကြီးမားပြီး မောက်မာလွန်းသောအပြုအမူက အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များကို အတော်လေး ဒေါသထွက်စေခဲ့ပြီး ပိုမိုအဆင့်မြင့်မားသော ကျင့်ကြံသူများစေလွှတ်ကာ စောမင်ကျန့်ကို ဖမ်းဆီးစေခဲ့သည်။
သို့သော် ထိုအချိန် အခြေအနေများက ပြောင်းလဲသွားခဲ့သည်။
မီးလျှံထက်ယံအရှင်သခင်က သူ့ကိုင်ဝိုင်းဝန်းတိုက်ခိုက်ဖမ်းဆီးကြသော အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များကို ထိုးဖောက်တိုက်ခိုက်နိုင်ရုံသာမက တန်ခိုးစွမ်းအားရှင်တစ်ယောက်ကိုပင် ထပ်မံဖမ်းဆီးသွားခဲ့သည်။
ထို့နောက် သူက အမတခုံရုံးမှ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ချိုးဖျက်လျှက် ထွက်ခွာသွားပြီး အမတခုံရုံးနယ်မြေကိုကျော်လွန်ကာ အဆုံးမရှိ ပြင်ပဗလာနယ်ထဲသို့ ပြန်သွားခဲ့၏။
တိုတိုဆိုရသော် စောမင်ကျန့်က အမတခုံရုံးမှ လူပေါင်းများစွာကိုသတ်ဖြတ်ပြီး အဝေးတသို့ ထွက်ခွာသွားခြင်း ဖြစ်လေရာ အမတခုံရုံးအနေဖြင့် မည်သည့်နည်းနှင့်မှ သည်းမခံနိုင်ခဲ့ပေ။
အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင် အများအပြားက ပြင်ပဗလာနယ်ထဲအထိ သွားရောက်ကာ စောမင်ကျန့်နောက်သို့ ဆက်လက်လိုက်ပါခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် စောမင်ကျန့်၏ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများက အခြားသူများ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
“သူ စိုးရိမ်နေတာလား....”
“ကြည့်ရတာ မီးလျှံထက်ယံအရှင်သခင် ဖမ်းဆီးသွားတဲ့ အမတခုံရုံးက တန်ခိုးစွမ်းအားရှင်က ပြဿနာရှိနေတယ်ထင်တယ်”
ရန်ကျောက်ကဲ လျှင်မြန်စွာပင် ကောက်ချက်ချလိုက်သည်။
“စောမင်ကျန့်က အဲဒီတန်ခိုးစွမ်းအားရှင်ဆီက မမျှော်လင့်တဲ့အကြောင်းကိစ္စတစ်ခု ကြားသိလိုက်ရပြီး အရမ်းစိုးရိမ်ပူပန်သွားပုံရတယ်”
“ဒါကြောင့် သူက အမတခုံရုံးနယ်မြေက ချက်ချင်းထွက်ခွာလာခဲ့တာပဲ”
“ကိစ္စရပ်တွေက ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာပြီ”
ရန်ကျောက်ကဲ တွေးလိုက်သည်။
ထို့သို့ဆိုလျှင် သူ့အနေဖြင့် အမတခုံရုံးနယ်မြေတွင် ဆက်လက်နေထိုင်ရန် မလိုအပ်တော့ပေ။ ရန်ကျောက်ကဲ သိုသိုသိပ်သိပ်ဖြင့်ပင် ပုန်းအောင်းစရာနေရာတစ်ခုရှာဖွေကာ ခြေရာဖျောက်ရန် ဆုံးဖြတ်လိုက်သည်။
မကြာမီ ပြင်ပဗလာနယ်ထဲသို့ထွက်လာသော အမတခုံရုံးမှ အုပ်စုတစ်စုအား တွေ့လိုက်ရသည်။
ကျယ်ပြောလှသော ပြင်ပဗလာနယ်ထဲတွင် မီးလျှံထက်ယံအရှင်သခင်ကို လိုက်လံရှာဖွေရန်မှာ အလွန်ခက်ခဲကြောင်း ရန်ကျောက်ကဲ နားလည်ထားပြီးသားပင်။
ထို့ကြောင့် စောမင်ကျန့်ကို ဖမ်းဆီးရန်အတွက် ကျင့်ကြံသူများစွာ လိုအပ်မည်ဖြစ်ပြီး ထိုကျင့်ကြံသူများက မီးလျှံထက်ယံအရှင်သခင်၏လမ်းကြောင်းကို ပိတ်ဆို့ရန်အတါက် ကျယ်ပြန့်သောကွန်ယက်များချမှတ်ကာ အစီအရင်များစွာ တည်ဆောက်ခဲ့ကြသည်။
ယခု ရန်ကျောက်ကဲရှေ့သို့ရောက်လာကြသည့် ကျင့်ကြံသူအုပ်စုက အမတခုံရုံးနယ်မြေမှ အသစ်ရောက်လာသော စစ်ကူအင်အားစုများ ဖြစ်ကြသည်။
သို့သော် မီးလျှံထက်ယံအရှင်သခင် ထွက်ခွာသွားပြီးကတည်းက သူ၏တည်နေရာက အချိန်တိုင်း ပြောင်းလဲနေခဲ့သည်။
တန်ခိုးစွမ်းအားကြီးမားသော ကျင့်ကြံသူများသည်ပင် နောက်ဆုံးရ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ မသိရှိနိုင်ပေ။ ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ထိုကျင့်ကြံသူအုပ်စုထံမှ အသုံးဝင်သော မည်သည့်သတင်းမှ ရရှိခြင်း မရှိပေ။
သို့သော် ထိုကျင့်ကြံသူများ သတင်းအသစ်ရရှိသည်နှင့် ရန်ကျောက်ကဲသည်လည်း သူ၏ဦးတည်ရာကို ချက်ချင်းပြောင်းလဲနိုင်မည်ဖြစ်ရာ သူက ထိုအဖွဲ့နောက်သို့ လျှို့ဝှက်စွာလိုက်ပါသွားရန် ဆုံးဖြတ်လိုက်သည်။
ထို့ပြင် ထိုကျင့်ကြံသူများက စောမင်ကျန့်ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မည့်အစား အကွက်ချထောင်ချောက်ဆင်ရန်အတွက် ခြေရာခံရမည့် အဖွဲ့သားများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ကျင့်ကြံခြင်းအဆင့်များက အလွန်တရာမြင့်မားခြင်း မရှိကြပေ။
ထို့ကြောင့် ရန်ကျောက်ကဲက သူတို့ထံမှ သတင်းအချက်အလက်ရရှိမည်လားဟု မျှော်လင့်ရင်း လျှို့ဝှက်စွာ သူတို့နောက်သို့လိုက်ပါသွားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ဤ ကျင့်ကြံသူအုပ်စုက ‘မီးလျှံထက်ယံအရှင်သခင်’ မည်သည့်နေရာတွင်ရှိသည်ကို မသိနိုင်သော်လည်း ဖြစ်နိုင်ခြေရှိသော ဦးတည်ရာနှင့် လုပ်ဆောင်မှုအပိုင်းအခြားကို ထောက်ပြနိုင်စွမ်းတော့ ရှိနိုင်ကြသေးသည်။
ထို့ပြင် သူတို့အုပ်စုတွင် ကျင့်ကြံခြင်းအဆင့်မြင့်မားသူအချို့နှင့် နတ်ဘုရားတံခါးဖွင့်လှစ်ထားသော ကျင့်ကြံသူအချို့လည်း ပါရှိနေသေးသည်။
ယခု ရန်ကျောက်ကဲအနေဖြင့် အမတခုံရုံး၏ ကြီးမားသောအလားအလာကို ထပ်မံ အသိအမှတ်ပြုလိုက်မိသည်။ တစ်ချိန်တည်းပင် အမတခုံရုံးကျင့်ကြံသူများ၏ ဖမ်းဆီးခြင်းမခံရစေရန်လည်း အလွန်သတိထားခဲ့သည်။
ရန်ကျောက်ကဲက သူတို့ကို ကြောက်ရွံ့ခြင်း မရှိပေ။
သို့သော် စောမင်ကျန့်၏တည်နေရာကို သိရှိရန်အတွက် လျှို့ဝှက်သိုသိပ်စွာဖြင့် သတိထားပြီးလုပ်ဆောင်ရမည် အမှန်ပင်။
ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို အခြေခံအုတ်မြစ်ထားပြီး ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်မှ အရိပ်ကိုယ်ပျောက်သိုင်းပညာနှင့် စန့်ချင်အဆက်အနွယ်မှ နတ်ဘုရားထောင်ချောက်ဓားသိုင်းကို လှည့်ပတ်လိုက်သည့်အခါ ရန်ကျောက်ကဲသည် အမတခုံရုံးမှ ကျင့်ကြံသူများနောက်တွင် အရိပ်တစ်ခုပမာ ဖြစ်သွားသည်။
ထိုကျင့်ကြံသူအုပ်စုက အမတခုံရုံးနယ်မြေမှထွက်ခွာပြီး ပြင်ပဗလာနယ်ထဲသို့ ရောက်ရှိလာသည်ဖြစ်ရာ သူတို့၏ တည်နေရာနှင့် အကွာအဝေးက ခြေရာခံရန်ရန် ပိုမိုခက်ခဲသွားသည်။
ရန်ကျောက်ကဲကတော့ ပြင်ပဗလာနယ်ကို ဖြတ်ကျော်ပြီး ထိုသူများ နောက်သို့ စိတ်ရှည်လက်ရှည်ဖြင့် ဆက်လက်လိုက်ပါသွားသည်။
ဗလာနယ်အာကာသထဲတွင် အချိန်နှင့်နေရာကို တွက်ဆရန်ခက်ခဲသော အချိန်ဝဲဂယက် များစွာရှိသည်။ ထို့ကြောင့် လမ်းကြောင်းကိုမှတ်မိရန်မှာ အတော်လေး ခက်ခဲသည်။
ရန်ကျောက်ကဲရှေ့မှ ကျင့်ကြံသူများက အဆက်မပြတ်ရရှိသော သတင်းအချက်အလက်များကို အားကိုးကာ မှန်ကန်သည့် သဲလွန်စလမ်းကြောင်းဆီသို့ အရောက်လှမ်းနိုင်ခဲ့ကြသည်။
သို့သော်လည်း ပရမ်းပတာ ဗလာနယ်၏ အချိန်နှင့်နေရာစီးဆင်းမှုက လွှမ်းမိုးခံထားရသဖြင့် ကျင့်ကြံသူများမှာ ကိုယ်သွားလိုသည့် ပုံသေလမ်းကြောင်းမှ သွေဖယ်သွားသည်ဖြစ်ရာ အုပ်စုကို လမ်းကြောင်းမှန်သို့ ပြန်လည်ပို့ဆောင်ရန်အတွက် ရှေ့တန်းမှ ဦးဆောင်သူများ၏ သတိနှင့်နိုးကြားမှု လိုအပ်သည်။
အချိန် မည်မျှကြာသွားသည်မသိ ၊ ရန်ကျောက်ကဲ ရုတ်တရက် အံ့အားသင့်သွားရသည်။
အကြောင်းမှာ သူ့အရှေ့မှ ကျင့်ကြံသူအုပ်စုက နေရာတစ်နေရာတွင် ရပ်တန့်လိုက်သောကြောင့် ဖြစ်လေသည်။
ပြီးတော့ အမတခုံရုံးမှ ကျင့်ကြံသူအုပ်စု၏ အနီးပတ်ဝန်းကျင်တွင် အခြားသော တန်ခိုးစွမ်းအားကြီးမားသည့် ကျင့်ကြံသူများရှိနေသော အရိပ်လက္ခဏာများလည်း ရှိနေသည်။
စွမ်းအားရောင်ဝါများ အတူတကွ စုစည်းနေသည်ကို ရန်ကျောက်ကဲ အာရုံခံမိသည်။
“အဲဒီ နေရာများလား”
ရန်ကျောက်ကဲ စိတ်ထဲက ရေရွတ်လိုက်၏။
“သူတို့တွေ ဒီနေရာမှာ ရပ်တယ်ဆိုတော့... ဆိုလိုတာက... ဒီနေရာမှာ မီးလျှံထက်ယံအရှင်သခင်လည်း ရပ်တန့်ခဲ့ပုံရတယ် ၊ ဒါဆို အခုဆိုရင် စောမင်ကျန့်က သူသွားမယ့်ဦးတည်ရာကို ရောက်နေလောက်ပြီ”
ရန်ကျောက်ကဲ အတွေးနှင့်အတူ ထို ကျင့်ကြံသူအုပ်စုအနားသို့ ချဉ်းကပ်လာခဲ့သည်။
ဤနေရာက မီးလျှံထက်ယံအရှင်သခင် ရပ်တန့်ခဲ့သောနေရာဖြစ်လေရာ အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များက ဤနေရာတွင် စုဝေးပြီး စောမင်ကျန့်ကို ရှာဖွေကာ ဝိုင်းဝန်းတိုက်ခိုက်ကြမည် ဖြစ်သည်။
အမတခုံရုံးမှ ကျင့်ကြံသူများ မီးလျှံထက်ယံအရှင်သခင်၏ တည်နေရာနှင့်အနေအထားကို သိရှိသွားသည်နှင့် နောက်ထပ်တိုက်ပွဲကြီးတစ်ခု ပေါက်ကွဲထွက်လာပေလိမ့်မည်။
အမတခုံရုံးကျင့ပ်ကြံသူများကြားတွင် ထိပ်တန်းအဆင့်ကျင့်ကြံသူများ နည်းပါးမည်မဟုတ်ကြောင်း ရန်ကျောက်ကဲ ယုံကြည်ထားသည်။
သို့သော် ယခု ဤနေရာသို့ရောက်ရှိနေကြသော ကျင့်ကြံသူများက အမတခုံရုံးမှ ကျင့်ကြံသူများထက်ပင် ပိုမို တန်ခိုးစွမ်းအား မြင့်မားဟန်ရှိသည်။ သို့ဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် ယခင်ကထက်ပိုပြီး သတိထားရန် လိုအပ်သည်။
သူက စိတ်အေးအေးထားလိုက်ပြီး ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် အခြားသော နက်နဲသည့်သိုင်းပညာရပ်များစွာကိုလှည့်ပတ်ကာ သူ၏တည်ရှိမှုကို သဲလွန်စမကျန်အောင် ဖုံးကွယ်လိုက်သည်။
ရန်ကျောက်ကဲ နေရာမှာပင် ငြိမ်သက်စွာရပ်နေရင်း သူ၏စွမ်းအားရောင်ဝါကိုလည်း ရုတ်သိမ်းထားလိုက်သည်။ တစ်ချိန်တည်းမှာပင် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကြောင့် သူ၏အာရုံခံနိုင်စွမ်းတိုးတက်လာသည်ဖြစ်ရာ ပတ်ဝန်းကျင်မှ အရာအားလုံးကို သိမြင်နိုင်စွမ်း ရှိလာသည်။
ထိုအချိန် ရန်ကျောက်ကဲစိတ်ထဲတွင် ပဲ့တင်သံတစ်သံထွက်ပေါ်လာပြီး ထိုအသံက ရေမျက်နှာပြင်ထက်တွင် ရောင်ပြန်ဟပ်သကဲ့သို့ ဖြစ်သည်။
“သူက ဒီနေရာမှာရှိနေတယ်ဆိုပေမယ့်... ငါတို့တွေအနေနဲ့ တိကျတဲ့တည်နေရာကို မသိနိုင်သေးဘူး ၊ အကွာအဝေးက အရမ်းကြီးလွန်းတယ် ၊ ဘောင်ကျဉ်းပစ်လိုက်နိုင်ရင်တော့ ငါတို့တွေ သူ့ကိုရှာဖွေရတာ ပိုပြီးလွယ်ကူသွားနိုင်တယ်”
ရန်ကျောက်ကဲ ထိုစကားများကို နားထောင်နေစဉ် သူတို့ရှိရာနေရာသို့ ဦးတည်လာသည့် ပြင်းထန်သော စွမ်းအားရောင်ဝါတစ်ခုကို ခံစားလိုက်ရသဖြင့် အံ့သြသွားမိသည်။
ထိုသူက အမတခုံရုံးမှ တန်ခိုးစွမ်းအားမြင့်မားသော ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ဤနေရာတွင်ရှိနေသောသူအားလုံးထက် စွမ်းအားမြင့်မားသည်။
ရောက်ရှိလာသူအား အရိုအသေပေးရန်အတွက် ဤနေရာတွင်ရှိနေသော အမတခုံရုံးကျင့်ကြံသူများက အလျင်အမြန် ရှေ့သို့တိုးလိုက်ကြသည်။
သို့သော် သူတို့ မည်သည့်စကားမှ မဆိုနိုင်သေးခင်မှာပင် လေထုထဲတွင် ကျယ်လောင်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။
“သူခိုးကောင်... ထွက်လာစမ်း...”