လူတွေက အတူတူမဟုတ်တော့ဘူး
Vol. 91 Ch. 1264
ဝမ်ပေါင်လဲ့က ရလဒ်ကို မမြင်နိုင်တော့ပေ။
ကျောက်တံခါးမှ အက်ကြောင်းက ဖြည်းဖြည်းချင်း ပိတ်ဆို့သွားပြီဖြစ်၏။ သို့သော်လည်း ပုံရိပ်ယောင်နှင့်တူသည့် အသံက ဝမ်ပေါင်လဲ့၏ နားထဲ ပဲ့တင်ထွက်နေသည်။ တစ်ချိန်တည်းဆိုသလို တံခါးအပြင်ဘက်ကျရောက်လာသည့် အားကောင်းသောအသံနှင့် အတူ စွမ်းအားပြင်းပြင်း အားတစ်ခုက မုန်တိုင်းသဖွယ် ပျံ့နှံ့လာ၏။
ဝုန်း
ကျောက်တံခါးကို ထိမှန်သည်နှင့် ထိုအရာက အပြင်းအထန် လှုပ်ခတ်သွားသည်။ ကျောက်တံခါးအတွင်း လေဟာနယ်က လှုပ်ခတ်သွားသလိုမျိုး ဖြစ်ကာ မတည်မငြိမ် ဖြစ်လာ၏။
တခြားတစ်ဖက်တွင် အက်ကြောင်းများ စတင်ပေါ်ထွက်လာကာ နေရာတစ်ခုလုံးက ဖရိုဖရဲ ဖြစ်လာသည်။ ဝမ်ပေါင်လဲ့၏ လက်ရှိကျင့်ကြံဆင့်ဖြင့် သူက ကြာကြာတောင့်မခံနိုင်ပေ။ သူက အလျင်အမြန် နောက်ဆုတ်လိုက်၏။
သူ ထွက်သွားသည်နှင့် ပြန်လာဖို့ အင်မတန်ခက်ခဲလိမ့်မည်။ ဤနေရာရှိ ဖရိုဖရဲဖြစ်မှုက ပိုမိုပျံ့နှံ့လာပြီး အခက်အခဲက ယခင်ကထက် ပိုမိုကြီးမားလာလိမ့်မည်။
ထိုအရာက ဝမ်ပေါင်လဲ့ကို နောက်ဆုတ်ဖို့ ဖိအားပေးခဲ့၏။ သူက လေဟာနယ်မှ ထွက်လာကာ ကျောက်ပြားကမ္ဘာ၏ တာအိုနယ်မြေထဲ ပြန်လာလိုက်သည်။
သူ့ပုံရိပ်က အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေဆီ ရောက်ရှိသည့်အခါ နယ်မြေတစ်ခုလုံးက လှုပ်ခတ်သွားခဲ့သည်။ ပြင်ပကမ္ဘာမှ အရှိန်အဝါ၏ အရိပ်အယောင်က သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် ရစ်ပတ်နေပြီး ဤနေရာတွင် ပေါက်ထွက်လာသလိုမျိုး ဖြစ်၏။
ကံကောင်းစွာဖြင့် ထိုအရှိန်အဝါက ဆိုးရွားသည့် ရည်ရွယ်ချက် ရှိဟန်မပေါ်ပေ။ ထိုအရာက အရိပ်အမြွက်မျှသာ ဖြစ်၏။ ထိုအရာက တာအိုနယ်မြေတစ်ခုလုံးကို လှိုင်းထသွားစေသော်လည်း ကြာကြာမခံဘဲ ပုံမှန် ပြန်ပြောင်းသွားသည်။
ထိုသို့ဆိုလျှင်ပင် ထိုအရာက အဆုံးမဲ့တာအိုနယ်မြေရှိ လူအားလုံး၏ စိတ်နှလုံးကို တုန်လှုပ်စေဆဲ ဖြစ်၏။
ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၊ ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးနှင့် တခြားသော စကြဝဠာအဆင့် ကျင့်ကြံသူများက ထိုအရာကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ကြသည်။ သူတို့က မျက်လုံးဖွင့်လာသည့်အချိန် စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်များ ရှိနေ၏။
ကြယ်တာရာကောင်းကင်ထဲရှိ ဝမ်ပေါင်လဲ့က အဝေးတစ်နေရာထဲ လှည့်ကြည့်လိုက်သည်။ သူ့စိတ်က ကျောက်တံခါးဆီမှာသာ ရှိနေဆဲ ဖြစ်၏။ သူ့စိတ်ထဲ ပေါ်ထွက်လာသည့်အရာက သူ့ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းသည် ဧရာမ သွေးနီရောင်ကင်းခြေများ၏ ရစ်ပတ်မှုကို ခံထားရသည့် မြင်ကွင်း ဖြစ်၏။ တစ်ချိန်တည်းဆိုသလို ပုံရိပ်ယောင်နှင့်တူသည့် အသံတစ်သံလည်း ရှိနေသည်။
“အဲဒါက ငါ့အဖေ” မမလေး၏ စည်းချက်ကျသည့်အသံက ထွက်ပေါ်လာသည်။ ထိုအသံထဲတွင် တောင့်တမှုတို့ ပါဝင်နေ၏။
ဝမ်ပေါင်လဲ့က တိတ်ဆိတ်သွားသည်။ သူ့အကြည့်များက ခေတ္တမျှ တောက်ပသွားသော်လည်း အကြည့်များက ပြန်လည်မှေးမှိန်သွား၏။ သူက မမလေး၏ အဖေသည် ကျောက်ပြားကမ္ဘာ၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြောင်း သိခဲ့သည်။ သို့သော် ထိုသူက မဝင်နိုင်ကြောင်း သိထား၏။ သူ ဝင်ရောက်လိုက်သည်နှင့် ကျောက်ပြားကမ္ဘာက ပြိုလဲသွားပြီး မမလေး၏ ပြန်လည်ရှင်သန်ရေး ဖြစ်စဉ်ကလည်း ပျက်သုဉ်းသွားလိမ့်မည်။ ထို့ကြောင့် ထိုသူက ဝင်လာမည် မဟုတ်ပေ။ ဤနည်းဖြင့် သူက ချန်ရှင်းနှင့် ဧရာမသွေးနီရောင် ကင်းခြေများကြားမှ တိုက်ပွဲကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားခဲ့လျှင်ပင် ကန့်သတ်ချက်ရှိနေဦးမည်သာ ဖြစ်၏။
ဝမ်ပေါင်လဲ့က အနိုင်အရှုံးကို စိုးရိမ်နေစဉ် သက်ပြင်းချလိုက်သည်။ သူက အကောင်းဆုံး ကြိုးစားခဲ့၏။ သူက အချိန်အတော်ကြာ တိတ်ဆိတ်သွားကာ မတ်တတ်ရပ်နေပြီးသည့်နောက်တွင် မဟာလက်ဝဲတာအိုနယ်မြေဆီ ပြန်လာခဲ့လိုက်သည်။
သူက သူ မြင်ဖို့လိုသည့် အရာအားလုံးကို မြင်တွေ့ခဲ့ရသည်။
ယခု သူ လုပ်ဖို့ လိုအပ်သည့်အရာများကို လုပ်ကိုင်ရမည် ဖြစ်၏။
ဝမ်ပေါင်လဲ့က စိတ်ထဲတွင် နောင်တတချို့ရှိနေသည်။ သို့သော် ပြောရမည်ဆိုလျှင် သူက စွဲလမ်းမှုတစ်ခု ဖြစ်၏။
ငါက အခု အရမ်းအားနည်းလွန်းတယ်…
ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူက ရှေ့တစ်လှမ်းတိုးကာ နေအဖွဲ့အစည်းရှိ အင်္ဂါဂြိုဟ်ပေါ် ရောက်ရှိလာသည်။ သူက ပင်မခန္ဓာကိုယ်ရှိရာဆီ ရောက်ရှိလာ၏။ သူ့ဓမ္မပုံရိပ်က ပြန်ရောက်လာသည့်အခါ ပင်မခန္ဓာကိုယ်က မျက်လုံးဖွင့်လိုက်သည်။ သူက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် လက်ကိုမြှောက်ကာ မြေဓာတ်တာအိုမျိုးစေ့ကို ဆက်လက်သန့်စင်လိုက်၏။
အချိန်က ဖြည်းဖြည်းချင်း ကုန်လွန်သွားပြီ။ ကျောက်ပြားကမ္ဘာထဲ ပုံမှန်တည်ငြိမ်သည့် အနေအထား ပြန်လည်ရောက်ရှိသွားသည်။ ကြယ်တာရာကောင်းကင်အထက် မုန်တိုင်းနှင့် အလင်းတန်းများက ရှိနေဆဲဖြစ်ကာ စကြဝဠာအဆင့်အောက်ရှိ လူများက ကြယ်တာရာကောင်းကင်ထဲ ခြေချရဲကြမည် မဟုတ်ပေ။ သို့သော်လည်း ထိုအကြောင်းအရင်းကြောင့် ကျောက်ပြားကမ္ဘာအတွင်း တိတ်ဆိတ်မှုနှင့် ငြိမ်းချမ်းမှုတို့ ရောက်ရှိလာသည်။
ဝမ်ပေါင်လဲ့အတွက် သူ လုပ်နိုင်သည့်အရာများကို လုပ်ဆောင်ပြီးသည့်နောက်တွင် သူက မြေဓာတ်တာအိုမျိုးစေ့ကို သန့်စင်ရင်း ရှုပ်ထွေးနေသည့် အတွေးအားလုံးကို ဖယ်ထားလိုက်၏။ ထိုအရာက သူ့အား မြေဓာတ်တာအိုမျိုးစေ့ကို သန့်စင်နှုန်းကို ၉၀ ရာခိုင်နှုန်း ပြီးမြောက်စေခဲ့သည်။
နောက်ထပ် ၃နှစ်တာ ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့၏ မြေဓာတ်တာအိုမျိုးစေ့ သန့်စင်နှုန်းက ၉၇ မှ ၉၈ ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့သည်။ ထိုနေ့ရက်၌ သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွား၏။
ထိုအရာသည် မြေဓာတ်တာအိုမျိုးစေ့ ပြီးမြောက်သွား၍ မဟုတ်ဘဲ သူ့စိတ်နှလုံးသားက အကြောက်တရားကို ခံစားမိလိုက်ပြီး တုန်ယင်သွားခြင်း ဖြစ်သည်။ မမြင်နိုင်သည့် လက်တစ်စုံဖြင့် သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ကာ ဝိညာဉ်ကို ဆွဲစုပ်လိုက်သလိုမျိုး ဖြစ်သည်။ ထိုအရာက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကို အေးစက်သွားစေ၏။
သူက ခေါင်းလှည့်ကြည့်လိုက်သည်။ တစ်ချိန်တည်းဆိုသလို အမည်မသိနေရာရှိ ကြယ်တာရာကောင်းကင်မှတဆင့် မဟာလက်ဝဲတာအိုနယ်မြေ၏ နေအဖွဲ့အစည်းထဲမှ အင်္ဂါဂြိုဟ်ပေါ်ရှိ ဝမ်ပေါင်လဲ့၏ ဝိညာဉ်အထိ ရောက်ရှိလာခဲ့သည်။
“ဝမ်ပေါင်လဲ့ ငါ ကျရှုံးသွားပြီ” ထိုစကားက စိတ်ဖြင့် ပို့ဆောင်လိုက်သည့် အသိစိတ်သာ ဖြစ်၏။ ပါဝင်အကြောင်းအရာက ဝမ်ပေါင်လဲ့၏ စိတ်ကို ဂယက်ရိုက်သွားစေသည်။ ထိုဂယက်က ကြီးမားလွန်းသည့်အတွက် ကောင်းကင်ဘုံ ၉ခုလုံးကိုပင် ပြောင်းပြန်လှန်ပစ်နိုင်လောက်သည်။
ဝမ်ပေါင်လဲ့၏ စိတ်ထဲ အရူးအမူး လှုပ်ခတ်နေ၏။ ထိုစဉ် သူ့ဝမ်းနည်းမှုက နေအဖွဲ့အစည်းတစ်ခုလုံး၊ မဟာလက်ဝဲတာအိုနယ်မြေကို ကျော်လွန်၍ ဖုံးလွှမ်းသွားခဲ့သည်။ ထိုနယ်ပယ်ဝန်းကျင်တွင် ရှိနေသည့် သက်ရှိအားလုံးက သက်ရောက်ခံလိုက်ရပြီး ဝမ်းနည်းမှုကို ခံစားလိုက်ကြ၏။
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ ကြယ်တာရာကောင်းကင်ကို ခေါင်းမော့ကြည့်လိုက်သည်။ ကြယ်တာရာကောင်းကင်ရှိ အရောင်များစွာက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြောင်း မြင်တွေ့လိုက်ရသည်။ ဖိနှိပ်စွမ်းအားကလည်း ပျောက်ကွယ်သွားခဲ့၏။ သက်ရှိအားလုံးကို ကြယ်တာရာကောင်းကင်ထဲ ခြေမချနိုင်အောင် တားဆီးထားသည့် စွမ်းအားကလည်း ယခုအခိုက်အတန့်တွင် ပျောက်ကွယ်သွားခဲ့သည်။
သွေးနီရောင်အလင်းတန်းက ကြယ်တာရာကောင်းကင် အဆုံးသတ်မှ ထွက်ပေါ်နေဟန်ပေါ်သည်။ မျက်စိတစ်မှိတ်အတွင်း ထိုအရာက မုန်တိုင်းသဖွယ် လှိုင်းလုံးများ ပျံ့နှံ့လာသည်။ ထိုအရာက ကျောက်ပြားကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်ဖွယ်ကောင်းသည့် အနေအထားဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ တစ်စုံတစ်ယောက်က အနီရောင် ရေးဆွဲလိုက်သလိုမျိုး ဖြစ်၏။ ကျောက်ပြားကမ္ဘာရှိ ကြယ်တာရာကောင်းကင်က ယခုအခိုက်အတန့်တွင် နီရဲနေလေပြီ။
အနီရောင်ကောင်းကင်က သွေးနှင့် တူ၏။ ကြည့်ရသည်မှာ သူ့ဂိုဏ်းတူအစ်ကိုကြီး သေဆုံးမှုကို ကိုယ်စားပြုနေဟန်ပေါ်သည်။ ကျောက်ပြားကမ္ဘာရှိ သက်ရှိအားလုံးကလည်း ထိုအရာကို ခံစားမိလိုက်ကြ၏။ ဝမ်ပေါင်လဲ့ကသာ ဝမ်းနည်းနေခြင်း မဟုတ်ဘဲ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၊ ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီး၊ စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးနှင့် အမှောင်ဂိုဏ်းရှိ စကြဝဠာအဆင့် ကျင့်ကြံသူများက တိတ်ဆိတ်သွားကြသည်။
သူတို့က ချန်ရှင်း၏ နတ်ဘုရားအသိစိတ်ကို မခံစားမိကြသော်လည်း အကြောင်းအရင်းကိုမူ နားလည်လိုက်ကြသည်။
အနီရောင်ကြယ်တာရာကောင်းကင်က ဆိုးယုတ်မှုများဖြင့် ပြည့်နှက်နေကာ ကျောက်ပြားကမ္ဘာထဲ ဧရာမ ကင်းခြေများ တစ်ကောင် သွားနေသလိုမျိုး ဖြစ်နေ၏။ ထိုဆိုးယုတ်မှုက သက်ရှိအားလုံးကို တိတ်ဆိတ်သွားစေပြီး သူတို့စိတ်ထဲမှ အကြောက်တရားကို ပေါ်ထွက်လာစေသည်။
“ကောင်းကင်က ပြောင်းလဲသွားပြီ” စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးက ရေရွတ်လိုက်သည်။
ကံကြမ္မာကြယ်ပေါ်တွင် ဓမ္မသခင်ကြီးကလည်း သက်ပြင်းချလိုက်၏။
ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးကလည်း တိတ်ဆိတ်နေမိသည်။ ထို့နောက် သူက ရှဲ့မျိုးနွယ်ထံ အမိန့်ထုတ်ပြန်ခဲ့သည်။
မျိုးနွယ်ကို ပိတ်ဆို့ထားပြီး မည်သူ့ကိုမှ ဝင်ခွင့်ထွက်ခွင့်မပေးဖို့ရာ ဖြစ်၏။
ဝမ်ပေါင်လဲ့၏ စိတ်ထဲတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေပြီး သွေးနီရောင် ကောင်းကင်ကြီးကိုသာ တွေဝေငေးမောစွာ ကြည့်နေမိသည်။ သူက တစ်စုံတစ်ခုကို ဖမ်းဆုပ်ချင်သည့်အလား ညာဖက်လက်ကို မြှောက်လိုက်သော်လည်း သူ့ဂိုဏ်းတူအစ်ကိုကြီး၏ နတ်ဘုရားအသိစိတ်က သူ့စိတ်ထဲ လုံးဝ ပျောက်ကွယ်သွားသည်ကို မတားဆီးနိုင်လိုက်ပေ။
ဤသည်က နတ်ဘုရားအသိစိတ်ထဲတွင် စကားတစ်ခွန်းမျှသာ ရှိခြင်း မဟုတ်ဘဲ ဤသည်က ချန်ရှင်း မကျရှုံးခင် နောက်ဆုံးစကား ဖြစ်နေဟန်ပေါ်သည်။
သူက နောက်ဆုံးသော ခွန်အားကို အသုံးပြု၍ ဝမ်ပေါင်လဲ့အား သူ့နတ်ဘုရားအသိစိတ်ဖြင့် အရာအားလုံးကို ပြောပြခဲ့သည်။ ထိုအရာထဲတွင် မသေမျိုးများ၏ အလင်းနှင့်အမှောင် အကြောင်းလည်း အပါအဝင် ဖြစ်၏။
သူက ဝမ်ပေါင်လဲ့အား တည်နေရာတစ်ခုကို ပေးခဲ့သည်။ ထိုနေရာက ဝမ်ပေါင်လဲ့အတွက် ကြိုတင်ပြင်ဆင်ပေးပြီး ချန်ထားခဲ့သည့် အမွေအနှစ်တစ်ခု ဖြစ်၏။
သူ့အနေဖြင့် ဝမ်ပေါင်လဲ့ကို ဝန်ထုပ်ဝန်ပိုး မသယ်ပိုးစေလိုသည်က သိသာလှသည်။ ထို့ကြောင့် သူက ကြိုတင်ပြောပြမထားခဲ့ပေ။ သူက သူကိုယ်တိုင်သာ ထမ်းဆောင်လိုခဲ့သည်။ သို့သော်လည်း သူက မအောင်မြင်ခဲ့ပေ။
ဝမ်ပေါင်လဲ့၏ အမူအရာက ပျက်ယွင်းနေပြီး ညာဖက်လက်ကို ချလိုက်သည်။ သူ့ညာဖက်လက်က တုန်ယင်နေပြီး လက်သီးအဖြစ် ဆုပ်မိလိုက်သည်။ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်ပြီး မမလေး၏ ပုံရိပ်က သူ့ဘေးတွင် ပေါ်ထွက်လာသည်ကိုပင် သတိမထားမိခဲ့ပေ။
သူမက သူ့အသံထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေသည်ကို ကြားလိုက်ရသည်။
“ဂိုဏ်းတူအစ်ကိုကြီး”
ဝမ်ပေါင်လဲ့၏ ဝမ်းနည်းဖွယ်အသံ ထွက်ပေါ်လာသည်နှင့် ကျောက်ပြားကမ္ဘာရှိ အဆုံးသတ်တွင် ကျောက်တံခါးက အပြင်ဘက်မှ ဖြည်းဖြည်းချင်း ပွင့်လာပြီး ပုံရိပ်နှစ်ခု ဝင်ရောက်လာသည်။
ရှေ့တွင်ရှိသည့်သူက အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦး ဖြစ်၏။ ထိုလူငယ်လေးက လှပသော်လည်း ဆိုးယုတ်မှု အရိပ်အမြွက်တို့ ရှိနေသည်။ သူ့ခန္ဓာကိုယ်ပေါ်မှာ ရှိနေသည့်အရောင်က ကျောက်ပြားကမ္ဘာရှိ သွေးနီရောင်၏ အရင်းအမြစ် ဖြစ်ဟန်ပေါ်သည်။ ထိုအခိုက်အတန့်တွင် သူက ပြုံးကာ နောက်လှည့်ပြီး တစ်စုံတစ်ခုကို ပြောလိုက်သည်။
“တစ်ယောက်ယောက်က မင်းကို ခေါ်နေပြီ”
ထိုလူငယ်လေး၏ အကြည့်နောက်ကို လိုက်ကြည့်ပါက သူ့နောက်တွင် လိုက်လာသည့်သူက ချန်ရှင်းကလွဲ၍ တခြားသူ မဟုတ်ကြောင်း မြင်ရလိမ့်မည်။
သို့သော်လည်း ဝိညာဉ်ကမူ တူညီသည့်ဝိညာဉ် မဟုတ်တော့ပေ။