← Chapters

သူရဲကောင်း

Vol. 91 Ch. 1267

သူရဲကောင်း

Vol. 91 Ch. 1267

ချန်ရှင်း၏ ခန္ဓာကိုယ်ကို ပူးကပ်ထားသည့် သွေးနီရောင်လူငယ်လေးက ဝမ်ပေါင်လဲ့နှင့် တခြားသူများထက် သာလွန်နေသည့် ကျင့်ကြံဆင့်မျိုး ရှိနေသည်။ သူက ဝေ့ယန်ကျစ်ထက်ပင် အတော်လေး အားကောင်းနေ၏။

တစ်ဖက်လူ၏ ခန္ဓာကိုယ်က ချန်ရှင်းဆီမှ ဖြစ်သော်လည်း ချန်ရှင်း၏ ကျင့်ကြံဆင့်က စတုတ္ထအဆင့်နှင့် အင်မတန် နီးကပ်နေပြီ ဖြစ်၏။ ယခု သူက ဧကရာဇ်ဝိညာဉ်၏ တစ်စိတ်တစ်ပိုင်း ရရှိသွားသည့်အခါ သူက စတုတ္ထအဆင့်သို့ အစစ်အမှန် မဝင်ရောက်နိုင်သေးလျှင်ပင် ကျင့်ကြံဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့၊ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးတို့က သူတို့သည် ဤရန်သူကို နှိမ်နင်းနိုင်မည် မဟုတ်ကြောင်း နားလည်ထားသည်။

အကယ်၍ သူတို့သာ အချိန်ပိုရှိပါက အခွင့်အရေး အနည်းငယ် ရလာနိုင်သည်။ သို့သော် တစ်ချိန်တည်းဆိုသလို သူတို့သာ ဆက်လက်စောင့်ဆိုင်းနေပါက တစ်ဖက်လူအနေနှင့် တာအိုနယ်မြေရှိ လူမှုအဖွဲ့အစည်းအားလုံးကို ဝါးမျိုပစ်ဖို့ ကြာမြင့်လိုက်မည် မဟုတ်ပေ။ သူတို့ထဲက တချို့ပင် ပျက်သုဉ်းမှုမှ လွတ်မြောက်နိုင်ကြမည် မဟုတ်ပေ။

ထို့ကြောင့် ဤတိုက်ပွဲက တိုက်ခိုက်ရမည်သာ ဖြစ်၏။

သို့သော်လည်း မည်သို့တိုက်ခိုက်ရမလဲဆိုသည့်အချက်က ထိန်းချုပ်ဖို့ လိုအပ်သည့် အရေးကြီးသည့် အချက်တစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးက ကံကြမ္မာတိုက်ပွဲကို ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

ကံကြမ္မာ သို့မဟုတ် ကံကောင်းမှုက ပုံရိပ်ယောင်မျှသာ ဖြစ်သော်လည်း လျှို့ဝှက်ဆန်းကြယ်လှသည်။ ထိုအရာက ပုံရိပ်ယောင် ဖြစ်နေသည့်အတွက် သတိကြီးကြီးထားခဲ၏။

သွေးနီရောင်လူငယ်လေး၏ ကံကြမ္မာ ဖြတ်တောက်ခံလိုက်ရသည်နှင့် ထိုအရာက သူ့ခန္ဓာကိုယ် သို့မဟုတ် စိတ်ဝိညာဉ်ကို အနည်းငယ်မျှ မထိခိုက်စေလျှင်ပင် သူ့အနေဖြင့် ကျောက်ပြားကမ္ဘာထဲ သွားလာဖို့ရာ အခက်အခဲ ဖြစ်စေလိမ့်မည်။

ပြိုင်ဘက်ကင်း ကျင့်ကြံသူပင် သူ့ကိုယ်ပိုင်ကံကြမ္မာ မရှိပါက သိသာသည့် ထိခိုက်မှုမျိုးကို တွေ့ကြုံခံစားရလိမ့်မည်။ သူ့ရန်သူအတွက်မူ အရာအားလုံးက အဆင်ပြေချောမွေ့နေလိမ့်မည်။

နောက်ထပ် တစ်ချက်ကား သွေးနီရောင်လူငယ်လေး၏ ကံကြမ္မာ ဖြတ်တောက်ခံလိုက်ရသည်နှင့် ကျောက်ပြားကမ္ဘာရှိ စည်းမျဉ်းဥပဒေသများက သူ့ကို ပိုမိုတွန်းလှန်လာလိမ့်မည်။

သူက မတွန်းလှန်ခံရသေးသည့် အကြောင်းအရင်းက သူသည် ချန်ရှင်း၏ ခန္ဓာကိုယ်ကို ငှားယူကာ အထဲ၌ ပုန်းအောင်းနေ၍ ဖြစ်သည်။ သို့သော် သူ့ ကံကြမ္မာ ပျောက်ကွယ်သွားသည်နှင့် ကာကွယ်မှု အလွှာတစ်ခု၏ သက်ရောက်မှု ဆုံးရှုံးသွားသလိုမျိုး ဖြစ်သွားလိမ့်မည်။

ထို့ကြောင့် လေးယောက်က တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်နေခြင်း ဖြစ်၏။

ဆူဆူညံညံအသံများကြားတွင် သွေးနီရောင်လူငယ်လေး၏ ကျင့်ကြံဆင့်က အံ့မခန်း ဖြစ်သော်လည်း သူက သတိလက်လွတ် ဖြစ်သွားခဲ့သည်။ ဝမ်ပေါင်လဲ့၏ ရှေးဟောင်းကြေးဓားကြီး ကျဆင်းလာသည့်အခါ သွေးနီရောင်လူငယ်လေး၏ ကံကြမ္မာလောင်ကျွမ်းနေမှုက ပိုမိုကြီးမားလာခဲ့သည်။

အသက်ရှိုက်စာ အနည်းငယ်အတွင်း သူ့ ကံကောင်းမှု ဆယ်ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့ရသည်။ ကျောက်ပြားကမ္ဘာ၏ တွန်းလှန်အားက စတင်ပေါ်ထွက်လာ၏။

သို့သော်လည်း သူ့ ကျင့်ကြံဆင့်က မြင့်မားလွန်းနေသည်။ သူ့မျက်ဝန်းအထက် အနီရင့်ရင့် အလင်းတစ်ချက်ဖြတ်ပြေးသွားကာ သူ့ကံကြမ္မာ သို့မဟုတ် ကံကောင်းမှုက လောင်ကျွမ်းခံထားရကာ အများအပြား ကုန်ဆုံးသွားသော်လည်း သူက ယုံကြည်ချက်ရှိနေဆဲ ဖြစ်၏။ သူက ညာဖက်လက်ကို မြှောက်ကာ သူ့ဆီမှ ပူးကပ်ခံနေရသည့် ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးကို လျစ်လျူရှုပြီး ဝမ်ပေါင်လဲ့ကို ဖမ်းဆုပ်လိုက်သည်။

“ငါက မင်းကို မရှာရသေးဘူး။ မင်းက ငါ့ရှေ့ ကိုယ်တိုင်ရောက်လာတာပဲ။ ကောင်းတယ်” သူက ပြောလိုက်ရင်း ညာဖက်လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်က ဝမ်ပေါင်လဲ့ဆီ ရောက်ရှိတော့မည် ဖြစ်၏။

ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် စိတ်ရှုပ်ထွေးသည့် အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူက သူ့ရှေ့တွင် ရှိနေသည့်လူနှင့် အင်မတန် ရင်းနှီးနေသော်လည်း ယခုတွင်မူ ကွဲပြားသည့် လူတစ်ယောက် ဖြစ်နေခဲ့သည်။

“ဂိုဏ်းတူအစ်ကိုကြီး …” ဝမ်ပေါင်လဲ့က သူ့ဘာသာ ရေရွတ်လိုက်သည်။ သူက မျက်ဝန်းထဲမှ စိတ်ရှုပ်ထွေးသည့် ခံစားချက်ကို နှလုံးသားထဲ သိမ်းဆည်းလိုက်ပြီး လှုပ်ရှားတော့မည်ဖြစ်၏။

သို့သော်လည်း ထိုအခိုက်အတန့်၌ သွေးနီရောင်လူငယ်လေး၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားသည်။ သူ့ရင်ဘတ်၌ ဧရာမ အက်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။ ထိုအက်ကြောင်းက ရုပ်ခန္ဓာမှ ထင်ရသော်လည်း တကယ်တမ်းတွင်မူ ဝိညာဉ်က ဖြစ်နေလေသည်။

ထိုအက်ကြောင်း ပေါ်ထွက်လာသည်နှင့် ချန်ရှင်း၏ ခန္ဓာကိုယ်မှ ရုန်းကန်နေသည့် အရိပ်အမြွက် ပေါ်ထွက်လာကာ သွေးနီရောင်လူငယ်လေးက တုန်ယင်သွားလေသည်။

“ချန်ရှင်း မင်းက နတ်ဘုရားအသိစိတ် ကျန်နေသေးတာလား။ မဖြစ်နိုင်တာ”

ဝမ်ပေါင်လဲ့က ထိုမြင်ကွင်းကို မြင်သည့်အခါ တုန်ယင်သွားမိသည်။ သူ့မျက်ဝန်းအထက် အံ့အားသင့်သည့် အရိပ်အယောင်ပေါ်ထွက်လာသည်။

ငါက ကျရှုံးသွားပြီ။ ဘာမှချုပ်တည်းထားစရာ မလိုတော့ဘူး။ ဒါက ငါ့ခန္ဓာကိုယ်ထဲမှာ ထားခဲ့တဲ့ နောက်ဆုံးသော ထွက်လမ်းပဲ။ ငါ ချန်ရှင်းက သေရင်တောင် တခြားသူရဲ့ ပူးကပ်မှုကို ဘာလို့ ခံရမှာလဲ။

အဲဒါကြောင့် တိုက်ပွဲမတိုက်ခင်ကတည်းက ငါ့ခန္ဓာကိုယ်ထဲမှာ အမှတ်အသားကို ချန်ထားခဲ့ပြီးသား။ ငါ နိုင်ရင်တော့ ဒီအတိုင်းပဲ ထားမှာပေါ့။ ရှုံးသွားရင်တော့ တစ်ဖက်လူက မပူးကပ်ခဲ့ရင်လည်း ဒီတိုင်းပဲ ထားမှာ။ တကယ်လို့ တစ်ယောက်ယောက်က ပူးကပ်ခံရမယ်ဆိုရင်တော့ လှည့်ပြန်စရာ လမ်းမရှိဘူး…

ချန်ရှင်းက ထိုအရာကို တွေးမိပြီး သူ ထွက်မသွားခင် နောက်ဆုံးအနေဖြင့် နည်းလမ်းတစ်ခုကို ချန်ထားခဲ့သည်။ ထိုအရာ ပေါ်ထွက်လာသည့်အခါ သူ့ခန္ဓာကိုယ်အထက် အမှတ်အသားများစွာ ပေါ်ထွက်လာသည်။ ထိုအမှတ်အသားများက မီးခိုးရောင်ဖြစ်ကာ တိုက်စားသည့် အငွေ့အသက်မျိုး ထုတ်လွှတ်ပြီး သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပြိုလဲသည့် အရိပ်အယောင် ပြသလာသည်။

ထိုအရာ ပြိုလဲသွားသည်နှင့် သွေးနီရောင်လူငယ်လေးက ပထမဦးဆုံးအကြိမ်အနေဖြင့် ထိတ်လန့်သည့် အမူအရာမျိုး ထုတ်ဖော်လာသည်။ သူက ရုန်းကန်ကာ သူ့ဝိညာဉ်ကို လွတ်မြောက်စေချင်သော်လည်း ထိုအခိုက်အတန့်၌ ချန်ရှင်း၏ ခန္ဓာကိုယ်က အချုပ်အနှောင်သဖွယ် သူ့ကို တင်းတင်းကြပ်ကြပ် ပတ်ထားလေသည်။ ထိုအရာက သူ့ကို လွတ်မြောက်ခြင်းမှ တားဆီးဖို့ လှောင်ချိုင့်သဖွယ် ဖြစ်နေလေ၏။

သူက ထိုခန္ဓာနှင့်အတူ ဆွေးမြေ့သွားရုံသာ တတ်နိုင်သည်။

ထိုအရာကို မြင်ကာ  ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် ဝမ်းနည်းမှုတို့ ပြည့်နှက်လာသည်။ သို့သော်လည်း သူက အံကြိတ်ကာ ရှေ့တိုးလိုက်သည်။ သူက ညာဖက်လက်ကို မြှောက်လိုက်ပြီး ရှေးဟောင်းကြေးဓားကို စွမ်းအားအပြည့် ထုတ်လွှတ်လိုက်သည်။ မြေဓာတ်တာအိုမျိုးစေ့က အပြည့်အဝ ပုံမပေါ်သေးသော်လည်း ယခုအခိုက်အတန့်၌ မလိုအပ်သေးပေ။

ရှေးဟောင်းကြေးဓား၏ သဘာဝစည်းမျဉ်းများဖြင့် ပေါင်းစည်းကာ ဓာတ်လေးပါးတာအိုက ဓားတစ်ခုအသွင်ပြောင်းသွားပြီး သွေးနီရောင်လူငယ်လေးကို ခုတ်ချလိုက်သည်။

“ချန်ရှင်း” စူးစူးဝါးဝါး အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သွေးနီရောင်လူငယ်လေးက မလှုပ်ရှားနိုင်ဘဲ သူ့နတ်ဘုရားဝိညာဉ်က ရုန်းကန်နေရပြီး သွေးနီရောင်ကင်းခြေများအဖြစ် ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း သူ မည်မျှပင် ရုန်းကန်စေကာမူ သူ့ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းက ချန်ရှင်း၏ အလျင်အမြန် ယိုယွင်းနေသည့် ခန္ဓာကိုယ်မှ မလွတ်မြောက်နိုင်ပေ။

သံကြိုးများက သူ့ကို ရစ်ပတ်ထားဟန်ပေါ်၏။ နောက်အခိုက်အတန့်လေး၌ ဝမ်ပေါင်လဲ့၏ ရှေးဟောင်းကြေးဓားက ကျရောက်လာခဲ့သည်။

အသံကျယ်ကြီးနှင့်အတူ ချန်ရှင်း၏ ခန္ဓာကိုယ်ကို ပူးကပ်ထားသည့် သွေးနီရောင်လူငယ်လေးက ပျက်သုဉ်းသွားခဲ့သည်။ သူ့အပြင်ရုပ်ခန္ဓာက တစ်စစီဖြစ်သွားပြီး ဝိညာဉ်ကလည်း တစ်စစီ ဖြစ်သွားခဲ့သည်။ ချန်ရှင်း၏ ရုပ်ခန္ဓာတစ်စိတ်တစ်ပိုင်းက သူ့ဝိညာဉ်အမျှင် ဝန်းကျင်တွင် ရစ်ပတ်ပြီး မလွတ်မြောက်စေဖို့ တားဆီးထားသည်။ နောက်ဆုံးတွင် သူက အမှုန့်ဖြစ်ကာ ပျောက်ကွယ်သွားလိမ့်မည်။

သူ ပျောက်ကွယ်သွားသည့်အခါ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးတို့၏ နဖူးမှ အနီရောင်အလင်းတန်း တောက်ပလာ၏။ ထိုအလင်းတန်းနှစ်ခုက ထွက်ပေါ်လာပြီး ကြယ်တာရာကောင်းကင်အထက် ဝေးသွားကာ သွေးနီရောင်လူငယ်လေး၏ သွင်ပြင် ပေါ်ထွက်လာခဲ့သည်။

သို့သော်လည်း ထိုပုံရိပ်က ပုံရိပ်ယောင်မျှသာ ဖြစ်နေလေသည်။ ထိုအရာ ပေါ်ထွက်လာသည်နှင့် ကျောက်ပြားကမ္ဘာ၏ တွန်းလှန်အားက အသံကျယ်ကြီးနှင့်အတူ ကျရောက်လာခဲ့သည်။ ထိုပုံရိပ်ယောင်က ပိုမိုပင် ဝေဝါးသွားပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။ သို့သော် ထိုအခိုက်အတန့်၌ သူ့မျက်ဝန်းအထက်၌ ခက်ထန်သည့် အမူအရာမျိုး ရှိနေသည်။ သူက ဝမ်ပေါင်လဲ့၊ ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးနှင့် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးကို ခက်ထန်စွာ ကြည့်လိုက်သည်။

သူက ဤတစ်ကြိမ် သတိလက်လွတ်ဖြစ်သွားသည်ကို ဝန်ခံရပေမည်။ ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးက ကံကြမ္မာတာအိုတွင် မြင့်မားသည့်အနေအထားသို့ ရောက်နေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ထိုသူက စတုတ္ထအဆင့်ကို ရောက်ဖို့ အင်မတန်နီးကပ်နေပြီ ဖြစ်၏။

ထို့အပြင် တစ်ဖက်လူ ထုတ်ယူလိုက်သည့် အမွှေးတိုင်က နောက်ဆုံးသော အခိုက်အတန့်၌ ကံကြမ္မာမီးတောက် ထုတ်လွှတ်နိုင်လိမ့်မည်ဟု တွက်ဆမထားခဲ့မိပေ။ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးကလည်း သူ့ကို ချုပ်ထားနိုင်ခဲ့ပြီး သူ့အနေနှင့် ဝမ်ပေါင်လဲ့၏ နောက်ဆုံးသော တိုက်ကွက်ကိုလည်း ထင်မှတ်မထားခဲ့မိပေ။

ထိုသူ၏ တိုက်ခိုက်စွမ်းရည်က သူ့ကို အံ့အားသင့်စေခဲ့သည်။ သူက သူ့ကံကြမ္မာ အလျင်အမြန် လောင်ကျွမ်းခံရသော်လည်း ထိုအရာက အဓိကအချက် မဟုတ်သေးပေ။ ထိုသို့ဆိုလျှင်ပင် သူက ကိစ္စများကို ပြောင်းပြန်လှန်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေဆဲ ဖြစ်၏။

သို့သော် သူ သတ်ကာ ပူးကပ်ထားသည့် ချန်ရှင်းက ခန္ဓာကိုယ်ထဲ အရန်အစီအစဉ်ပင် ချန်ထားခဲ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။

ထိုအရာကို သူက သတိပင်မထားခဲ့မိပေ။

ထိုအရာကို သတိမထားခဲ့မိသည့်အတွက် ဤအစီအစဉ်က ဖြစ်မြောက်သွားရသည်။ ထိုအတွေးဖြင့် သွေးနီရောင်လူငယ်လေး၏ မျက်နှာက ပိုမိုပင် ပျက်ယွင်းလာ၏။ သူ့စိတ်နှလုံးသားထဲမှ အတွေးအားလုံးကလည်း လေထဲ ပျောက်ကွယ်သွားခဲ့သည်။

“ဒီတစ်ကြိမ် ငါ သတိလက်လွတ် ဖြစ်သွားတယ်။ ဒါပေမဲ့ ငါ ပြန်လာဖို့ သိပ်မကြာဘူး။ အဲဒီအချိန်ကျရင် ငါ့ရန်သူကို လျော့မတွက်ဘဲ အကုန်ထုတ်သုံးမှာ”

သူ့စကားများက လေထုအထက် ပျံ့နှံ့လာကာ သွေးနီရောင်ပုံရိပ်က ပိုမိုပင် ဝေဝါးသွားပြီး ကောင်းကင်အထက်မှ ပျောက်ကွယ်သွားခဲ့သည်။

သူ့ပုံရိပ်က အပြီးတိုင်ပျောက်ကွယ်သွားသည်နှင့် ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးနှင့် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးတို့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ သူတို့နှစ်ဦးက ဝမ်ပေါင်လဲ့ကို ကြည့်လိုက်ကြ၏။ သူတို့က ဝမ်ပေါင်လဲ့၏ မျက်နှာအထက် စိတ်ရှုပ်ထွေးသည့်အမူအရာကို မြင်သည့်အခါ တိတ်ဆိတ်သွားကြသည်။

“ချန်ရှင်းက တကယ့်ကို သူရဲကောင်းပဲ” ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးက သက်ပြင်းချကာ ပြောလိုက်သည်။

လက်တွေ့တွင် ချန်ရှင်း ကျရှုံးမှုအပြီး သူတို့က အနည်းငယ် စိတ်ခုခဲ့ကြသည်။ ချန်ရှင်း၏ ကျရှုံးမှုက ဤအရာများကို ဖြစ်စေခဲ့သည် မဟုတ်ပါလော။ သို့သော်လည်း အဆုံးသတ်၌  ချန်ရှင်း၏ နည်းလမ်းက သူတို့ကို ဆွံ့အစေခဲ့၏။

ဝမ်ပေါင်လဲ့က မျက်လုံးမှိတ်ပြီး ဝမ်းနည်းမှုကို ဖုံးကွယ်လိုက်သည်။ ခေတ္တမျှကြာမြင့်ပြီးသည့်နောက်တွင် သူက မျက်လုံးဖွင့်ကာ အသံဩဩဖြင့် ပြောလိုက်သည်။

“ကျုပ်ရဲ့ ဂိုဏ်းတူအစ်ကိုကြီးက အစကတည်းက သူရဲကောင်းတစ်ယောက်ပဲ”

All Chapters