အရှက်မဲ့မှု
Vol. 66 Ch. 4.496
တိယီးက ကောင်းကင်ကို မော့ကြည့်ပြီး အော်ရယ်လိုက်သည်။
"မင်း ငါ့ကို သတ်ချင်လို့လား? ဟမ့် ငါ့ကို သတ်ချင်တဲ့သူတွေ အများကြီး ရှိတယ် ဒါပေမဲ့ မင်းမှာ အရည်အချင်း ရှိမရှိပေါ်မှာပဲ မူတည်သေးတယ်နော်"
လက်ဖဝါးကို ခေတ္တ ဝှေ့ယမ်းလိုက်သည်နှင့် သူ့လက်ထဲတွင် ရွှေလှံတစ်ချောင်း ပေါ်လာသည်။ လှံရှည်သည် ဆယ်ပေရှည်ပြီး လက်တစ်ဖက်တည်းတွင် ကိုင်ဆောင်ထားနိုင်သည်။ လှံတံပေါ်တွင် ကွက်ကွက်ကွင်းကွင်း မြင်နိုင်သော နဂါးနှင့် ဖီးနစ်ပုံများကို ထွင်းထုထားသည်။
လှံတံ၏ထိပ်ဖျားမှ ဝိညာဥ်ချီ သဲလွန်စတစ်ခု ထွက်ပေါ်လာပြီး လေထုအတွင်း လှိုင်းဂယက်များကို ဖြစ်ပေါ်စေကာ သွေးခြေရာများကို စုစည်း၍ မကောင်းဆိုးဝါး စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ သူ့လှံအောက်၌ သေဆုံးသွားသူ မနည်းတာတော့ သေချာပေ၏။
"ရှေးဟောင်းလျှပ်စီးကမ္ဘာရဲ့ ထိပ်တန်းငါးယောက်ထဲမှာ အစွမ်းထက်တဲ့ အရည်အချင်းရှိတဲ့ လူတစ်ယောက် ရှိတယ်ဆိုတာ ငါကြားမိတယ်...အဲဒါ မင်းပဲဟုတ်လား လုရွှမ်!"
တိယီးက လုရွှမ်ဆီကို လှံဖျားဖြင့် ညွှန်ပြပြီး အသံလွှင့်လိုက်သည်။
သူ၏ မေးစေ့ကို အနည်းငယ် မြှင့်ထားပြီး မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းထားကာ အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်နေသည်။ သူ၏ တင်းမာသော အသွင်အပြင်ကို ဆန့်ကျင်လိုက်လျှင် သူသည် အလွန်တန်ခိုးကြီးသူဟု ဆိုရပေမည်။
လုရွှမ်က စင်မြင့်ပေါ်သို့ တက်လိုက်ကာ။
"တိယီး... မိုက်မဲတဲ့ စကားတွေကို ရပ်လိုက်ပြီး ကောင်းကင်အရိပ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ယွင်ယင်ကို လွှဲပေးလိုက်ပါ"
တိယီးက သူ့ပုခုံးကို တွန့်ပြပြီး
"ကောင်းကင်အရိပ်ဂိုဏ်းကို ငါ တစ်ခါမှ မကြားဖူးဘူး... ဒါ့ထက် မင်း ဒီမှာ ရှင်သန်ချင်ရင် အရမ်းရိုးရှင်းတယ်... မင်း ရုန်းကန်ပြီး ရှင်သန်နေနိုင်ရပြီလေ.. တခြားသူတွေရဲ့ အသက်ရှင်ခွင့်ကို ဘယ်သူက ထိန်းချုပ်နိုင်မှာလဲ?"
"အားလုံးပဲ ဟုတ်တယ်မလား?"
တိယီးက လှမ်းအော်ပြီး လူတိုင်းကို ကြည့်နေလိုက်သည်။ တိတ်ဆိတ်မှုအတွင်း လူအချို့က ကျယ်လောင်စွာ ပဲ့တင်ထပ်နေသော်လည်း ၎င်းသည် ပို၍ ငြီးငွေ့ဖို့ ရှက်စရာကောင်းတယ်လို့ ပြောနေတဲ့ သဘောပါနေ၏။
တိယီး၏ မျက်နှာက မည်းမှောင်သွားကာ လူတိုင်းကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ ကြည့်နေသော မြင်ကွင်းများက တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းကာ ဒေါသအရိပ်အမွတ်လည်း ပါတာကြောင့် လူတွေက သူတို့ မျက်လုံးများကို အမြန်ပဲ လွှဲလိုက်ကြသည်။
လုရွှမ် ပြုံးလိုက်ပြီး။
"လူတိုင်းက မင်းအဖြေကို တုံ့ပြန်နေကြပုံပဲ ဟုတ်တယ်မလား?"
သူသည် သူ့နှလုံးသားထဲကနေ လှောင်ပြောင်နေမိသည်။ တစ်ဖက်လူက အစွမ်းထက်တဲ့ နောက်ခံရှိတော့ရော ဘာအရေးလဲ။ ဒီနေရာက ရှေးဟောင်းလျှပ်စီးကမ္ဘာရဲ နေရာဖြစ်သလို ဤနေရာရှိ လူအများစုသည်လည်း ရှေးဟောင်း လျှပ်စီးမြို့၏ ဇာတိဖြစ်သည်။
သူ့မှာ မာနကြီးနေဖို့ ခွန်အားသာမရှိရင် ဘာမှလုပ်လို့ ရမှာမဟုတ်ဘူး။ ကျွန်တွေလို ဆက်ဆံခံရပြီး သူများမျက်နှာကို ပါးရိုက်ရန် စိတ်လိုလက်ရ တက်လှမ်းလာပြီးနောက်မှ ရှေးဟောင်းလျှပ်စီးကမ္ဘာကို အမှန်တကယ် ထိန်းချုပ်နိုင်ပြီလို့များ ထင်နေတာလား။
တိယီးသည် သာမန်ထက် သာလွန်ပြီး ထူထဲသော အသားအရည် ရှိသူဖြစ်သည်။ ယခုလို အခြေအနေမျိုးတွင် သူ့မျက်နှာသည် ခဏတာ မှိန်ဖျော့သွားပြီး မူလအခြေအနေသို့ ပြန်ရောက်သွားသည်။
သူက ပြုံးပြီး ပြောလေသည်။
"ကောင်းပြီ... ကောင်းကင် အရိပ်ဂိုဏ်းက လူတွေကို ပြန်ခေါ်ချင်တယ်ပေါ့ ပြဿနာမရှိဘူး... ငါတို့နဲ့ တိုက်ကြရအောင်... ငါ့ကို အနိုင်ယူပြီးရင် လူကို ပြန်ခေါ်သွားလို့ရတယ်"
လုရွှမ်ကို ရှင်းပြချင်စိတ်မရှိဘဲ တိယီးက အော်လိုက်သည်။
"အဲဒီလူတွေကို ခေါ်လာခဲ့"
သူအစောကတင် ဘာမှမသိရဘူးလို့ ပြောခဲ့ပေမယ့် အခုလူတွေကို ချက်ချင်း ခေါ်ထုတ်ခိုင်းလိုက်ပြီ။ လူတိုင်းရဲ့ မျက်လုံးထဲမှာ တိယီးရဲ့စကားတွေက ရှေ့နောက်မညီကြောင်း မြင်လိုက်ရသလို ဖျတ်ခနဲ လှုပ်ရှားသွားပေမယ့် နောက်ပိုင်းမှာတော့ ငြိမ်သက်သွားကာ လူတိုင်းလည်း အရှက်မရှိသူကို ကြည့်ခွင့်ရခဲ့သည်။
လူတစ်စုက ခေါ်ထုတ်ခံလာရပြီး ဆယ်ယောက်ထက်မနည်း ရှိခဲ့ကာ အားလုံးက ကောင်းကင်ဘုံသခင် အဆင့်ထက် သာလွန်ကြသည်။ လူအုပ်ထဲမှာ ယွင်ယင်ရောက်နေတဲ့ နေရာကို လုရွှမ် လှမ်းမြင်လိုက်ပေမယ့် သူမဟာ နှိပ်စက်ညှဉ်းပန်းခြင်းကို မခံထားရသလို စိတ်ဓာတ်လည်း ကောင်းနေသည်။
တိုက်ခိုက်ရေးသားရဲကွင်းထဲမှ လူများစွာသည် ကျယ်လောင်စွာ အော်ဟစ်ရင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ လူစုလူဝေးအတွင်း သူတို့နှင့်ရင်းနှီးသောလူတစ်ဦးကို တွေ့လိုက်ရသည်။
"အမေ!"
နတ်သမီးကျင်းဟုန်က သည်းမခံနိုင်တော့ဘဲ ရှေ့ကို ပြေးထွက်သွားသည်။
တိယီးသည် လက်ကို ဝှေ့ယမ်းကာ လက်ဖဝါးစွမ်းအင်ဖြင့် တားဆီးလိုက်စဥ် နတ်သမီးကျင်းဟုန်သည်လည်း သူမဓားကို ဆွဲထုတ်ကာ တိယီးကဲ့လက်ဖဝါးကို ပိတ်ဆို့လိုက်သည်။ ဓားဖျားက တိယီးရဲ့ လည်ပင်းကို ညွှန်ပြနေပြီး သူ့မျက်လုံးတွေမှာ လူသတ်ချင်စိတ်တွေနဲ့ ပြည့်နှက်နေသည်။
"အိုး ဒီကနတ်သမီးကို ဘယ်လိုခေါ်လဲ?"
တိယီးက ကျင်းဟုန်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည်။ နတ်သမီးကျင်းဟုန်၏ ကြွယ်ဝသော အသက်စွမ်းအင်နှင့် သူမ၏ ဖြူစင်ပြေပြစ်သော ပါးပြင်များက ခံစားလို့ ကောင်းနိုင်သော်ငြား သူမမျက်လုံးများကတော့ မီးတောက်များနှင့် ပြည့်နှက်နေခဲ့သည်။
သစ်သားဒြပ်စင် နတ်ပုတီးစေ့၏ အာဟာရအောက်တွင် လက်ရှိ နတ်သမီးကျင်းဟုန်သည် ပို၍ပို၍ လှပလာပြီး အသက်စွမ်းအင် အပြည့်ရှိနေသည်။ သူမသည် သဘာဝထဲမှ ထွက်လာပြီး လောကီလောကကို ခြေချလာသော နတ်သမီးကဲ့သို့ပင်။ သူမ၏ ကျက်သရေနှင့် နူးညံ့မှုသည် သူမကို တစ်ချက်ကြည့်လိုက်ရုံနဲ့ မသိစိတ်က ချစ်မိသွားသလို တခြားသူတွေရဲ့ စိတ်ကိုလည်း စွဲလန်းသွားစေသည်။
နတ်သမီးကျင်းဟုန်က တိယီးကို လျစ်လျူရှုပြီး သူ့အမေဆီ ပြေးသွားလိုက်သည်။
ဝုန်း!
လှံတစ်ချောင်းက နတ်သမီးကျင်းဟုန်ကို ရပ်တန့်စေလိုက်ပြန်သည်။ ၎င်းမှာ တိယီးပင် ဖြစ်သည်။
"နတ်သမီး စိတ်မပူပါနဲ့... မင်းအမေက လုံခြုံပါတယ်... သူ့ကို ပြန်ခေါ်ချင်ရင်တော့ အရမ်းလွယ်တယ် ငါ့ကို အနိုင်ယူလိုက်..."
ချွင်း!
နတ်သမီးကျင်းဟုန်သည် သူမဓားကို ဆွဲထုတ်ကာ တိယီအား ဓားဖြင့် ထိုးချလိုက်လေသည်။ သူမသည် ရှေးဟောင်းလျှပ်စီးမြို့သို့ ရောက်လာတဲ့အခါမှာ တန်ခိုးကြီးသော မျိုးနွယ်စုများ၏ စွမ်းအားကို အမှန်တကယ် သိရှိနားလည်လာခဲ့သည်။
သူ့မွေးရပ်မြေ ကောင်းကင်အရိပ်ဂိုဏ်းကို သူရဲကောင်း တစ်ယောက်လို့ သတ်မှတ်ရင် အပြင်ရောက်ရင် လူတိုင်းက သူမကို မျက်နှာလွှဲထားနိုင်သည်။
သူမ ဒီခံစားချက်ကို အစွဲအလမ်း ကြီးတတ်တာတော့ မဟုတ်ချေ။ ဒီကိုရောက်ပြီးရင် ကွာဟချက် မရှိဘူးလို့ သူမ မခံစားခဲ့မိပေ။ ဂိုဏ်းကြီး တစ်ခုအနေနဲ့ သူမအမေက တစ်စုံတစ်ယောက်ဆီကို စာတစ်စောင် ပေးပို့တဲ့အခါ အဲဒီလူကိုယ်တိုင် ရှင်းပြဖို့ တံခါးဝကို လာရမှာပဲ ဖြစ်သည်။
အခု သူမအမေကို တစ်ဖက်လူက ချုပ်ကိုင်ထားပြီး အလွန်လွှမ်းမိုးထားပြီ။
သူမ ရင်ထဲမှာ နာကြည်းမှုတွေ ရှိနေခဲ့တာကြာပြီ။ ဒါပေမဲ့ အခုတရားခံက သူ့ကိုယ်သူ ချုပ်တည်းဖို့ လုံးဝ မလိုလားသလို သူတကယ်ပဲ ဒီအစီအစဉ်ကို ဆွဲထားတာကြောင့် နတ်သမီးကျင်းဟုန်လည်း သူ့ကို ဓားတစ်ချောင်းနဲ့ သတ်ပစ်ဖို့ ဆန္ဒရှိလာခဲ့ပြီ ဖြစ်သည်။
တိယီ လက်ထဲမှ လှံသည် နတ်သမီးကျင်းဟုန်ရဲ့ ဓားချက်ကို အတိအကျ ပိတ်ဆို့ထားလိုက်သည်။
တိယီးက တခစ်ခစ်ရယ်ပြီး နတ်သမီးကျင်းဟုန်ရဲ့ ပါးပြင်ကို လက်ဖဝါးဖြင့် ပွတ်ဆွဲလိုက်သည်။ ဤအလှလေးသည် အလွန်အစွမ်းထက်ပြီး ထူးကဲသော အရည်အချင်းများနှင့် ကြီးမားသော စွမ်းရည်ရှိကြောင်းကို သူ ရှင်းရှင်းလင်းလင်း ခံစားမိပြီးပြီ။
"လှတယ်... ငါ့မှာမင်းအတွက် သတင်းကောင်း ရှိတယ်... အဲဒါက ငါမင်းကို အရမ်း ကြိုက်တယ်"
နတ်သမီးကျင်းဟုန်မှာ တိယီး ရဲတင်းလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူမသည် လက်ဖဝါးဖြင့် သူမပါးပြင်ပေါ်က လက်ကို တိုက်ရိုက် ရိုက်ချပစ်လိုက်သည်။
ရှေးဟောင်းလျှပ်စီးကမ္ဘာသည် ရှေးရိုးဆန်ကာ သေးငယ်သော ကမ္ဘာတစ်ခုဖြစ်ပြီး တိယီးရဲ့ အပြုအမူသည် တခြားသူများကို အထင်အရှား မြင်ရစေသည်။
နတ်သမီးကျင်းဟုန်သည် ဘေးသို့ လျင်မြန်စွာ ထွက်ခွာသွားကာ နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ
"သွားစမ်းပါ!! ငါ့အမြင်အရတော့ နင်တော်တော် ရွံဖို့ကောင်းနေပြီ"
"မင်းရဲ့ အရည်အချင်းနဲ့ စွမ်းအားနဲ့ ပြောရရင် ငါ့ရဲ့ တရားဝင်ဇနီးတော့ မဖြစ်နိုင်ဘူး ဒါပေမဲ့ ကိုယ်လုပ်တော် ဖြစ်ဖို့က လုံလောက်ပါတယ် မင်း မစဉ်းစားတော့ဘူးလား?"
ကျင်းဟုန် သူမဓားကို အပြင်းအထန် ခုတ်လှဲချလိုက်သည်။ ဒီတိယီးဆိုတဲ့ လူကို တစ်ခါတည်း သတ်ပစ်လိုက်ရန် တွေးထားပြီးသားဖြစ်လို့ မိသားစုရဲ့ ဓားသိုင်းကိုပါ အသုံးပြုလာခဲ့သည်။
"ဒီမှာ! မင်းရဲ့ အမြင့်ဆုံး ကျင့်ကြံမှု အဆင့်က ကောင်းကင်ဘုံသခင်ထက် ဘာမှ မပိုဘူး... ကျွမ်းကျင်သူရဲ့ လမ်းညွှန်မှုမပါဘဲ နတ်မီးကို လောင်ကျွမ်းချင်ရင်တော့ မဖြစ်နိုင်လောက်ပါဘူး... ဒါပေမဲ့ ငါ့နောက်ကို လိုက်ရင်တောင် မင်းကိုငါ ကျင့်ကြံမှု ပိုမြင့်လာအောင် ကူညီပေးနိုင်တယ်..."
"သေနာကောင်! နင်မပြီးသေးဘူးလား!"
တစ်ချိန်တည်းမှာ အသံတစ်ခုက ထွက်ပေါ်လာတယ်။
လုရွှမ် မပြုံးဘဲ မနေနိုင်အောင် ပြန်လှည့်ကြည့်လိုက်သည်။ သူ့မှာ လိရှောင်း၊ ရှန်ယီးရှောင်ဟဲနဲ့ အောင်ရှင်း ဆိုတဲ့ မိန်းကလေးလည်း ရှိနေသည်။ ထို့အပြင် အောင်ရှင်းက ဒေါသတကြီး အော်ဟစ်ပြီးနောက် ရှေ့သို့ ပြေးထွက်လာကာ တိယီးကို လက်သည်းများနှင့် ဆွဲကုပ်လိုက်သည်။
အောင်ရှင်းနှင့် နတ်သမီးကျင်းဟုန်တို့သည် အချိန်အကြာဆုံး အတူရှိခဲ့ကြပြီး သူမသည် နတ်သမီးကျင်းဟုန်နှင့် နီးစပ်သူတစ်ဦး အဖြစ် မှတ်ယူထားပြီးသား ဖြစ်သည်။
ထို့ကြောင့် အခုဒီလူက ရွံစရာစကားတွေ အဆက်မပြတ် ပြောနေတော့ သူမကို တော်တော်ကို ငြီးငွေ့လာစေခဲ့ကာ ရှေ့ထွက်လာစေတော့သည်။
အရည်အချင်းရှိလား မရှိဘူးလား ဆိုတာကိုတော့ ထည့်ပြောစရာ မလိုဘူး။ သူမက တကယ့်လူ မဟုတ်တော့ ကိုယ်လုပ်တော်က အရမ်းသေးငယ်တဲ့ နေရာမှန်း တန်းသိသည်။
လုရွှမ်နဲ့တောင် ယှဥ်လို့မရဘူး!
တိယီးသည် အောင်ရှင်း လက်သည်းတိုက်ကွက်ကို ပိတ်ဆို့ရန် လှံကို ဝှေ့ယမ်းလိုက်ရာ ရုတ်တရက် သူ့ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ လှံက ဖြောင်းကနဲ အသံ ထွက်ပေါ်လာလို့ အံ့အားသင့်စွာ တစ်ချက်ကြည့်လိုက်ရာ နဂါးပုံစံက ဖျတ်ခနဲ အသက်ဝင်သွားတာကို တွေ့လိုက်ရသည်။
ဒီလှံကို သူ့အစ်ကိုကြီး ဖြစ်သူက သူငယ်ငယ်တုန်းက ပေးခဲ့တာဖြစ်ပြီး သူသည် လှံတံကို လှံနဲ့ဆက်စပ်နေသော သခင်ဆီက လုယူခဲ့တာလို့လည်း ပြောခဲ့ဖူး၏။