← Chapters

ကောင်းကင်ဧကရာဇ် ဆူးရှစ်ပေါက်

Vol. 66 Ch. 4.497

ကောင်းကင်ဧကရာဇ် ဆူးရှစ်ပေါက်

Vol. 66 Ch. 4.497

သူက ဒီနဂါးပုံစံ ဖီးနစ်လှံကို အရမ်းသ​ဘောကျပြီး ဘယ်တော့မှ လက်မလွှတ်ခဲ့ပေ။

စိတ်ကြွဆေးပြား စားလိုက်ရသလို အရိပ်အမြွက် ပေါ်လာပြီး နဂါးပုံစံက တုန်လှုပ်သွားသည်။ အကြောင်းရင်းက တစ်ခုသာ ရှိသည်။ ၎င်းမှာ ထိုမိန်းကလေးမှာ ထူးကဲသောသွေးရှိပြီး အဲဒါကလည်း စိမ်းပြာနဂါးရဲ့ သွေးကို အမွေဆက်ခံထားခြင်းကြောင့် ဖြစ်သည်။

နှစ်တွေ ကြာလာတာနဲ့အမျှ သူ့လှံကို အဆင့်မြှင့်ဖို့အတွက် တောထဲကို နက်နဲသွားခဲ့သည်။ စိမ်းပြာနဂါးရဲ့ သွေးအနွယ်ဖြစ်သော သူတော်စင် သားရဲအမျိုးမျိုးကို တိုက်ခိုက်ပြီး ဖီးနစ်၏အမွေ ရထားသော ကောင်းကင် ငှက်များကိုလည်း သတ်ပစ်ခဲ့သည်။

နဂါးပုံစံ ဖီးနစ်လှံသည် ထိုသူတော်စင် သားရဲများထံမှ စိမ်းပြာနဂါး သို့မဟုတ် ဖီးနစ်သွေးကို တက်ကြွစွာ စုပ်ယူနိုင်သည်။ နဂါးအမှတ်အသား ပြုထားသည့် ဖီးနစ်လှံသည် ပို၍ပို၍ အားကောင်းလာသည်နှင့်အမျှ ၎င်း ပြန်လည်တုံ့ပြန်သော သူတော်စင် သားရဲများနှင့် မတွေ့ရတာကလည်း အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။

မထင်မှတ်ပဲ ဒီလိုထူးဆန်းတဲ့ မိန်းကလေးကို ဒီမှာ လာတွေ့ခဲ့ပြီ။

ထို့အပြင် နဂါးပုံစံ ဖီးနစ်လှံ၏ ခံယူချက်ကြောင့် ဤမိန်းကလေး၏ သွေးသည် အလွန်ကြွယ်ဝပြီး သူမ၏ အဆင့်သည် အလွန်မြင့်မားကြောင်း ချက်ချင်းဆိုသလို ရိပ်မိလေ၏။

တခဏချင်းမှာပဲ တိယီးဟာ သူ့ရဲ့ပစ်မှတ်ကိုပြောင်းပြီး လှံနဲ့ထိုးလိုက်ကာ နတ်သမီးကျင်းဟုန်အား ဘေးနားသို့ သုတ်သင် ရိုက်ထုတ်လိုက်ကာ အောင်ရှင်းကို တိုက်ခိုက်တော့သည်။ အောင်ရှင်းလည်း လှံရဲ့အင်အားကို ကြည့်မိသည်။

​အောင်ရှင်းနှင့် ကျင်းဟုန်တို့သည် တိယီး၏ အပြောင်းအလဲသည် အနည်းငယ် တုန်လှုပ်ချောက်ချားသွားသည်ဟု သဘာဝအတိုင်း ခံစားမိသော်လည်း သူတို့ သတိမမူဘဲ မနေဝံ့ပေ။

မိန်းကလေး နှစ်ယောက်သည် တိယီးကို အတူတူ တိုက်ခိုက်ကြပြီး တစ်ဦးချင်းစီကလည်း ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။

အောင်ရှင်းသည် လုရွှမ်ရဲ့ အကြံပေးချက်ကို လိုက်နာပြီး နဂါးခြေသည်းများကို လေ့ကျင့်ရာတွင် ပို၍ လုံ့လစိုက်ထုတ်ခဲ့သည်။ ရေနတ်ပုတီးစေ့၏ အကာအကွယ်ဖြင့် ညာဘက်လက်သည်းသည် ပိုမိုပြတ်သားပြီး ထက်မြက်လာသည်။ လက်သည်းစွမ်းအားကို ခံစားပြီးနောက် နဂါးပုံသဏ္ဌာန်ကို မသိမသာ ဖမ်းစားနိုင်ခဲ့သည်။

ယင်းက သူမကို အလွန် စိတ်လှုပ်ရှားစေခဲ့ပြီး သူမသည် သဘာဝအတိုင်း လေ့ကျင့်ရန် ပို၍ပို၍ လုံ့လဝီရိယ စိုက်ထုတ်လာကာ သူမ၏ စွမ်းအားသည်လည်း သဘာဝကျ ပို၍ အားကောင်းလာသည်။

တိယီးရဲ့ လှံထိပ်တစ်ဝိုက်မှာ ကြောက်စရာကောင်းတဲ့ ရောင်ဝါတွေ တဝဲလည်လည် ရှိနေသည်။ သူမရဲ့ လက်ဖဝါးတွေက လှံထိပ်ကို မထိဝံ့ဘဲ တိယီးရဲ့ လှံတံကိုပဲ ကုတ်မိသွားသည်။

ထိုလှံသည် ထူးခြားနေတယ်လို့ ခံစား​နေရပြီး သူမ၏ ခွန်အားနှင့် အံမဝင်သော တစ်စုံတစ်ခုလည်း ရှိနေသည်။ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်လေ သူမရဲ့နဂါးလက်သည်း လှုပ်ရှားမှုက ပိုနားလည်လာလေပါပဲ။

ထိုအချိန်တွင် သူမ၏ ညာလက်သည် နဂါးလက်သည်း အဖြစ်သို့ ပြောင်းလဲသွားပုံရသလို ဝှေ့ယမ်းရင်း လေသံက ဟိန်းထွက်နေသည်။ ကုတ်​ခြစ် လိုက်သောအခါတွင် ၎င်းရဲ့ ဘုန်းအာနုဘော်ကို အပြည့်အဝ ပြသနိုင်သည်။ လက်သည်းက လှံနှင့်တိုက်မိပြီး မီးပွားများ ပျံတက်သွားကာ ကြီးကျယ် ခမ်းနားလှသည်။

နတ်သမီးကျင်းဟုန်သည် သူမရဲ့ ဒေါသကို တဖြည်းဖြည်း ငြိမ်သက်သွား​​​​အောင် ထိန်းနိုင်ခဲ့သည်။ သူမသည် သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို အမွေဆက်ခံပြီး သဘာဝရဲ့ စွမ်းအားဆီသို့ တဖြည်းဖြည်း ရွေ့လျားသွားသည်။ စိတ်က ငြိမ်းချမ်းလေ လှုပ်ရှားမှုများမှ ထုတ်လွှတ်သော စွမ်းအားများကလည်း အားကောင်းလာလေဖြစ်သည်။

အောင်ရှင်းရဲ့ အကူအညီဖြင့် သူမ၏သဘာဝ စွမ်းအားသည် သာလွန် ကောင်းမွန်လာပြီး သဘာဝ စွမ်းအားဖြင့် ပို၍သဟဇာတ ဖြစ်လာသည်။ သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို ရေဒြပ်စင် နတ်ပုတီးစေ့ကလည်း ထောက်ပံ့ပေးနိုင်ရာ သူမစွမ်းအားသည် အောင်ရှင်းနှင့် တဖြည်းဖြည်း စည်းလုံးလာသည်။

တိယီးသည် အလွန်ထက်မြက်ပြီး အစပိုင်းတွင် သူသည် ခပ်ပြောင်ပြောင်ဖြင့် အောင်ရှင်းထံမှ စိမ်းပြာနဂါးရဲ့ အစွမ်းအစကို ခိုးယူချင်​မေသည်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ တစ်ခုခု မှားနေတာကို ခံစားလိုက်ရ၏။

တိုက်ခိုက်ခြင်းရဲ့ စွမ်းအားက လေထုအလယ်ကို ပိုပိုပြီး ထိုးဖောက် ဝင်ရောက်လာပုံရသလို လှုပ်ရှားမှုများကလည်း ယခင်ကကဲ့သို့ ချောမွေ့ခြင်း မရှိတော့ပေ။ ထို့အပြင် နဂါးပုံစံ ဖီးနစ်လှံပေါ်တွင် အောင်ရှင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများမှ စိမ်းပြာနဂါးသွေးကြိုးကို လုယူရန် မဖြစ်နိုင်တော့သလိုကြီး စွမ်းအားများ အဆက်မပြတ် ပျောက်ဆုံးနေသည်။

သူ ထိတ်လန့်သွားပြီ!

ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးတဲ့ တိယီးယာ သူ့ရဲ့ လှံတံကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းပြီး ပြိုင်ဘက်ရဲ့ အားနည်းချက်ကို ပြန်ရဖို့ ကြိုးစားတော့သည်။ သို့သော် သူပိုပြီး အားစိုက်ထုတ်လိုက်တာကြောင့် သူ့အခြေအနေက လုံးဝ မသက်သာတော့ဘူးလို့ ခံစားလာရပြီး နဂါးပုံစံ ဖီးနစ်လှံက တဖြည်းဖြည်း တုန်ခါလာသည်။

လှံတံက သူ့အမိန့်ပေးမှုအောက်မှာ မရှိတော့ဘဲ သူ့ထိန်းချုပ်မှုကနေ လွတ်မြောက်လိုတဲ့ ခံစားချက်တွေ ထုံမွှမ်းနေ၏။

"ကမ္ဘာကြီး ပြောင်းလဲစေ!"

တိယီးရဲ့ အော်သံကြားတာနဲ့ တပြိုင်နက် သူ့ခန္ဓာကိုယ်ထဲက အလွန်အစွမ်းထက်တဲ့ စွမ်းအားတစ်ခု ထွက်လာသည်။ တခဏ အတွင်းမှာပင် သူ့နယ်ပယ်သည် အဆင့်၃ဆင့် ခုန်တက်သွား၏။ မဟာသူတော်စင် ပထမအဆင့်မှ အဆင့်၄အထိ ချက်ချင်း ထတက်သွားသည်။ ခန္ဓာကိုယ်သည်လည်း အနည်းငယ် ပိုကြီးလာပြီး ရောင်ဝါက တဟုန်ထိုး တက်လာကာ မကောင်းသော ရောင်ဝါများဖြင့် ပြည့်နေသည်။

ပြင်းထန်သော ဟာရီကိန်းမုန်တိုင်းကို တွန်းလှန်နိုင်တဲ့အထိ အင်အားအလွန် ကြီးမားလာသည်။ တကယ်တော့ ဒါဟာ မိန်းကလေး နှစ်ယောက်စလုံးကို ခဏအတွင်း ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားစေခဲ့ပါ၏။

"ကောင်းကင်ဧကရာဇ် ဆူးရှစ်ပေါက်!"

တိယီး လှံကို ပြန်ကိုင်လိုက်သည်နှင့် လှံထဲမှ နဂါးဟောက်သံက ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် ဖီးနစ်အော်ဟစ်သံ တစ်ခုကပါ ထွက်ပေါ်လာသည်။ နဂါးဟောက်သံက ကျယ်လောင်နေပြီး ဖီးနစ်ဟောက်သံက နိမ့်ကျမနေပေ။ အသံနှစ်ခုက တညီတညွှတ်တည်း တိုးဝင်လာသည်။

လှံထိပ်က နှစ်ပိုင်းဖြစ်သွားပြီး အောင်ရှင်း နှင့် နတ်သမီးကျင်းဟုန်ဆီသို့ အသီးသီး ပြေးထွက်သွား၏။

သူတို့ ပတ်ဝန်းကျင်က လူတွေအားလုံးဟာ ပြင်းထန်တဲ့ အသက်ရှုသံတွေနဲ့ မတ်တပ်ထရပ်ပြီး ဒီမြင်ကွင်းကို လွတ်သွားမှာ ကြောက်တာကြောင့် မျက်လုံးတွေကို ပြူးကျယ်ထားကြသည်။ တိယီးရဲ့ လှုပ်ရှားမှုကို မြင်ဖူးကြသော်လည်း သာမာန်အားဖြင့် အဲဒီလူများကို တိယီး သတ်ပစ်လိုက်ပြီ။

တိယီးရဲ့ ဒီလို လွှမ်းမိုးနိုင်မှု စွမ်းရည်ကို ပထမဆုံး မြင်ဖူးတာပါပဲ။

ကောင်းကင်ဧကရာဇ် ဆူးရှစ်ပေါက် ဆိုတဲ့ သိုင်းကွက်က အလွန်လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။

သို့သော် အောင်ရှင်းက နှာမှုတ်လိုက်ပြီး ဘယ်လက်ကို တစ်ချက် ရိုက်လိုက်တဲ့အခါ လေထုထဲက ရေလှိုင်းတွေ ထွက်လာသည်။ သူမရဲ့ လက်ဖဝါးတွေ တုန်ခါလာကာ တိယီးရဲ့ ပထမဆုံး ပစ်ချက်နဲ့ ရင်ဆိုင်လိုက်၏။

လှံထိပ်ဖျားသည် စိမ်းပြာရောင် ချည်မျှင်များ ပေါက်ထွက်လာခဲ့သည်။ စွမ်းအင် ပျက်ပြယ်သွားသောအခါတွင် စိတ်ကူးထားသည့်အတိုင်း လှိုင်းထသွားခြင်းမျိုး မဖြစ်စေခဲ့ပေ။

ဒီလို ကြီးစိုးတဲ့ ပစ်ခတ်မှုကို ဖြေရှင်းရတာ ရေဒြပ်စင် နတ်ပုတီးစေ့ အတွက်ကတော့ လွယ်ပါတယ်။

တစ်ဖက်တွင်တော့ နတ်သမီးကျင်းဟုန်သည် သူမ လက်ကောက်ဝတ်ကို လှပစွာ ဝေ့ယမ်းလိုက်သည်။ သူမ ကိုင်ထားသော ဓားရှည်ထိပ်ဖျားမှ အစိမ်းရောင် ရောင်ဝါများ ထွက်ပေါ်လာသည်။ စွမ်းအင်အရောင်က တိယီးရဲ့ လှံထိပ်ကနေ ထွက်လာတဲ့ ချည်မျှင်နဲ့ အတူတူပါပဲ။

ထိုစိမ်းပြာရောင် ပိုးချည်သည် လှံရဲ့ စိမ်းပြာရောင်ပိုးချည်ထဲသို့ အမှန်တကယ် ပေါင်းစည်းသွားကာ တိုက်ရိုက်ပဲ ပြယ်သွား၏။

တိယီးမှာ မယုံနိုင်ဘူး ဖြစ်နေသည်။ ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကောင်းကင်ဧကရာဇ် ဆူးရှစ်ပေါက်သည် ယခုအချိန်အထိ သူသင်ယူခဲ့သည့် အမြင့်ဆုံးသော ကျွမ်းကျင်မှု ဖြစ်သည်။ တကယ်လို့ သူသာ မိုးကြိုးပစ်ချက် နည်းဖြင့် မိန်းကလေး နှစ်ဦးကို မသတ်ပစ်ချင်ခဲ့ပါက ဒီလောက် ပြင်းထန်သော လှံသိုင်းကို မသုံးချင်ပေ။

ဒီလှုပ်ရှားမှုကို ဝမ့်ကျစ်ကမ္ဘာက ကျွမ်းကျင်သူများစွာရဲ့ မျက်လုံးတွေနဲ့လည်း သေချာ တွေ့ခဲ့ရသည်။ တိယီး ပစ်လိုက်တဲ့ လှံကြောင့် ထိတ်လန့် တုန်လှုပ်သွားခဲ့ကြသူတွေ များ၏။ အကယ်၍ သူတို့သည် တခြားတစ်နေရာတွင် နေထိုင်ပါက ဤပစ်ခတ်မှုကို တားဆီးရန် နည်းလမ်းကောင်းများ ရှိမည်မဟုတ်ပေ။

ဒါပေမဲ့ ဒီကောင်မလေး နှစ်ယောက်က တားနိုင်တယ်တဲ့!

"ဒုတိယမြောက် ရိုက်ချက်!! လေနဲ့နှင်းတွေ ပြောင်းလဲစေ!"

တိယီး သူ့စိတ်ထဲက အံ့သြသွားသလို ကျယ်လောင်စွာ အော်လိုက်ပေမယ့် သူ့အမူအရာက အရမ်းမာနကြီးနေတုန်းပါပဲ။ သူက အော်ပြီးတာနဲ့ လှံကို ထုတ်လိုက်သည်။ တစ်ခဏအတွင်း မိုးကောင်းကင်နှင့် မြေကြီးမှ အော်ဟစ်ညည်းညူသံများ ထွက်ပေါ်လာ​တော့သည်။

လူတွေက ကောင်းကင်ကို မထိန်းနိုင်ဘဲ မော့ကြည့်လိုက်သည်။ အခုချိန်မှာ ကောင်းကင်မှာ ပျံသန်းနေတဲ့ တိမ်စိုင်တွေနဲ့ ပြည့်နှက်နေတာကို တွေ့လိုက်ရပြီး ပြိုကျလာချိန်မှာတော့ နှင်းမှုန်တွေ ကွက်ခနဲ ဖြစ်သွားတာကို တွေ့လိုက်ရပါ၏။

လေပြေလေညင်းနှင့် အတူ နှင်းများက ကောင်းကင်တစ်ခွင် ထူထပ်စွာ ဖုံးလွှမ်းသွားသည်။

လူသတ်ရောင်ဝါက လေထုထဲ ထိုးဖောက်ထားသကဲ့သို့ အော်ဟစ်သံများဟာ ကောင်းကင်ပေါ်က တိမ်စိုင်တွေထဲ စိမ့်ဝင်သွားပြီး အော်ဟစ်သံများသည် လူတိုင်းရဲ့ နှလုံးသားထဲထိပါ ကြားနေရသည်။

တိုက်ခိုက်ရေးသားရဲကွင်း တစ်ခုလုံးထဲက လူတိုင်းသည် အကြောင်းပြချက်မရှိဘဲ ပေါက်ကွဲထွက်ချင်နေသော အရာတစ်ခုကို ခံစားလာရသည်။

မကြာခင်မှာပဲ လူတွေက တစ်ခုခုမှားနေပြီဆိုတာ ရုတ်တရက် သိလိုက်စဥ် တစ်စုံတစ်ယောက်က ထအော်လိုက်ပေ၏။

"လူနှစ်ယောက်ပဲ ကျန်တော့တယ်... တိယီး ပျောက်နေပြီ!"

လူတွေလည်း စင်မြင့်ဆီသို့ အမြန် ပြန်ကြည့်လိုက်တော့ လေတွေ တဝူးဝူး တိုက်ခတ်နေပြီး နှင်းတွေကလည်း ကောင်းကင်မှာ ပျံဝဲနေသည်။ ထိုအထဲ ​​ကောင်းကင်နဲ့ မြေကြီးတစ်ဝိုက်က ဖြူဖွေးနေပြီး စင်ပေါ်မှာ လူနှစ်ယောက်ပဲ ရှိတော့သည်။

တိယီးသည် ကောင်းကင်တွင် ပျံသန်းနေသော နှင်းများထဲသို့ တိုးဝင် ပျောက်ကွယ်သွားသည်။ တိယီး တစ်ဖန် ပြန်ပေါ်လာသော အခါတွင် ၎င်းသည် နတ်မိုးကြိုးကိုပါ သယ်ဆောင်လာတော့မှာ သေချာ​လေသည်။

မိန်းကလေး နှစ်ယောက်လည်း အချင်းချင်း နောက်ပြန်လှည့်ကာ ကျောချင်းကပ်ထားရင်း ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်နေကြသည်။

All Chapters