← Chapters

အရှက်ရထိုက်သည်

Vol. 66 Ch. 4.499

အရှက်ရထိုက်သည်

Vol. 66 Ch. 4.499

ထိုသို့သော မုန်းတီးမှုမျိုး၊ မောက်မာမှုမျိုး၊ သာလွန် ကောင်းမွန်တယ်ဆိုပြီး မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲနေမှုမျိုး၊ ယုတ်ညံ့သော ရူးသွပ်မှုမျိုး၊ ယုတ်ညံ့သော ယုတ်ညံ့မှုမျိုးသည် မျှော်လင့်ထားသလို မဖြစ်လာဘဲ အမျိုးသမီးနှစ်ဦးကို အမှန်တကယ် ရွံရှာဖွယ်ရာ ဖြစ်သွားစေသည်။

"သူ့ကို တစ်ခါတည်း ပို့ပေးလိုက်ရအောင်"

နတ်သမီးကျင်းဟုန်က ဆိုလိုက်သည်။

သဘာဝအသိပညာကို တန်ဖိုးထားသူ တစ်ဦးအနေဖြင့် သူမခန္ဓာကိုယ်ရှိ လူသတ်ချင်တဲ့ အငွေ့အသက်သည် နေ့စဉ်နှင့်အမျှ လျော့ကျလာပြီး လူသတ်ချင်စိတ်ပင် ပျောက်ကွယ်သွားခဲ့သည်။ ဒါ​ပေမဲ့ တိယီးကိုကတော့ သူမအရမ်း​ ဒေါသထွက်​နေပါပြီ။

အောင်ရှင်းက အသံကျယ်ကျယ်ဖြင့် တုံ့ပြန်လာ၏။

"အစ်မကျင်းဟုန်... ညီမလက်ထဲ အပ်ထားလိုက်"

သူမသည် လှံကိုယူဖို့ စိတ်ကူးယဉ်ထားပြီးသား ဖြစ်သည်။ လှံပေါ်က နဂါးပုံစံသည် စိမ်း​ပြာနဂါးရဲ့ မူလအစ သဲလွန်စတစ်ခုနှင့် ရောပြွမ်းနေသောကြောင့် သူမခံစားချက်ကို အလွန်နီးကပ်စေသည်။

လှံကိုယူရန် စိတ်ကူးတစ်ခု ပေါ်လာပြီး လှံသည် သူမ၏လက်ထဲသို့ ရွှင်လန်းစွာဝင်ရောက်သွားသည်ကို ခံစားလိုက်ရသည်။

တိယီးတစ်ယောက်တော့ ဆိုးဆိုးရွားရွား ဖြစ်နေပြီ။ ဒီအချိန်မှာ သူ ခက်ခက်ခဲခဲ ခုခံနိုင်လေ ဖိနှိပ်မှုတွေ ပိုပြင်းထန်လေ ဖြစ်နေသည်။ ဘာကြောင့် ဒါတွေဖြစ်နေလဲ တိယီး နားမလည်ပေ။

သို့သော် သူ့စိတ်ထဲက မောက်မာမှုဟာ သူ့ဒေါသကို ပြေပျောက်စေရန် ဒီမိန်းက​လေး နှစ်ယောက်ကို သတ်ပြီး ဆုံးရှုံးသွားခဲ့သော ဂုဏ်သိက္ခာကို ပြန်လည်ရရှိရန် တွန်းအားပေး​​​နေခဲ့သည်။

ရှုံးပြီးတော့ အသေမခံနိုင်ဘူး!

လူသည် ဉာဏ်ကောင်းလေ ပြဿနာတက်ရန် လွယ်ကူလေ၊ လူကို ပို၍ ဂုဏ်ယူ​စေလေ တူညီသော လမ်းပေါ်တွင် အဆုံးသတ်သွားလေ ဖြစ်သည်။

ကောင်းကင်ဧကရာဇ် ဆူးရှစ်ပေါက်ကို ဒုတိယသိုင်းကွက် အထိပဲ သင်ထားပေမယ့် အရင်က သုံးဖူးပြီးသားပင်။ ဒီလှုပ်ရှားမှု နှစ်ခုအောက်မှာ သူအနိုင်ယူလို့ မရတဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး။ သူမတို့ ကာကွယ်သွားနိုင်တာနဲ့ ပတ်သက်ပြီး တိယီးမှာ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

သူတို့ရဲ့ လှုပ်ရှားမှုများကို ကြည့်လေ မသင်ယူနိုင်လေလေဟု ခံစားရလေ ဖြစ်နေ၏။ ကောင်းကင်ဧကရာဇ် ဆူးရှစ်ပေါက်ရဲ့ တတိယသိုင်းကွက်ကို ဖြတ်ကျော်ကာ သုံးနိုင်သရွေ့ မကျော်လွှားနိုင်သော အတားအဆီးမရှိ၊ မသတ်နိုင်သော လူမရှိဟု သိလာသည်။

"သတ်!"

တိယီးက ကျယ်လောင်စွာ စအော်လိုက်ပြီး တတိယမြောက် လှုပ်ရှားမှုကို အသုံးပြုရန် နဂါးပုံစံ ဖီးနစ်လှံကို အထပ်ထပ် အခါခါ ဝေ့ယမ်းလိုက်သည်။

အောင်ရှင်း နှင့် နတ်သမီးကျင်းဟုန်တို့သည် တိယီး၏ တိုက်ခိုက်မှုကို တစ်ဖန်တားဆီးရန် ဒြပ်စင်ငါးပါးနတ်ပုတီးစေ့ကို အသုံးပြုခဲ့သည်။

“သတ်!”

တိယီးက ဟောက်ပြီး သူ့လှံကို ထပ်ခါထပ်ခါ ပစ်သွင်စလာသည်။

အားလုံး၏ မျက်လုံးထဲတွင် တိယီးသည် ယခုအခိုက်အတန့်တွင် အနည်းငယ် သနားစရာကောင်းနေပုံ ပေါ်နေ၏။ ဒါပေမဲ့ ဒီလိုရဲစွမ်းသတ္တိမျိုး ရှိတာကလည်း လေးစားစရာ ကောင်းနေတာတော့ သေချာလေသည်။

ဆိုလိုတာက တီယီးက သူတို့ နှစ်ယောက်ထက် ပိုသန်မာသည်။ အမျိုးသမီး နှစ်ယောက်က သူ့ကို လက်တုံ့ပြန်ဖို့ အရူးအမူး အတင်းအကြပ် မလုပ်ချင်ကြဘဲ အခြေအနေကို အလွန်အကျွံ မဖြစ်နိုင်အောင် ကာကွယ်ထားနိုင်တာကြောင့် တိယီးဘာသာ ထပ်ခါထပ်ခါ ကြိုးစားပြီး တိုက်ခိုက်နေရသည်။

တိုက်ခိုက်မှုက အားနည်းလာပြီး အားပျော့လာတဲ့အခါ တိယီးရဲ့ ယခင်က သွေးရောင်ဝါတွေလည်း တဖြည်းဖြည်း မှေးမှိန်လာသည်။

"သူ့ကို ပို့လိုက်တော့!"

နတ်သမီးကျင်းဟုန်က သနားတဲ့ အရိပ်အမြွက်နဲ့ ထပ်ပြောပေမယ့် တကယ်ကို မုန်းတီးနေကြောင်း သိသာသည်။

အောင်ရှင်း လက်သည်းများဖြင့် တုံ့ပြန်လိုက်တိုင်း ရေနတ်ပုတီးစေ့၏ စွမ်းအားသည် သူမ၏ လက်ဖဝါးထဲတွင် ရောနှောသွားသည်။ သူမသည် တိယီးလက်ထဲက နဂါးပုံစံ ဖီးနစ်လှံကို ဖမ်းကိုင်လိုက်ပြီး လှံကို ခက်ခက်ခဲခဲ ဆွဲထုတ်လိုက်သည်။

ဒီအချိန်မှာတော့ တိယီးဟာ သူ့ရဲ့ ခွန်အားတွေ ကုန်ဆုံးနေပါပြီ။ သူ့မှာ ခွန်အားတွေ သိပ်မရှိတော့တာကြောင့် သူ့ကိုယ်သူ ထောက်ပံ့ဖို့ သူ့အသက်စွမ်းအင်ကို အားကိုး​နေရပြီး များများတိုက်လေ ရှုံးနေရတာကို နားမလည်နိုင်လေ ဖြစ်လာပြီး လွတ်မြောက်ရန် စိတ်ကူးကိုပင် စွန့်လွှတ်လိုက်ရလေသည်။

အဘယ့်ကြောင့်ဆိုသော် ဤမိန်းကလေး နှစ်ဦးသည် အလုံအလောက် သန်မာမှု မရှိသော်လည်း သူမတို့သည် သူ့တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။ စစချင်း သင်ယူစဥ်က ကောင်းကင်ဧကရာဇ် ဆူးရှစ်ပေါက်ထက် ပို၍ အစွမ်းထက်သော လူသတ်သည့် နည်းလမ်း မရှိဟု သူယုံကြည်ခဲ့သည်။

မိန်းကလေး နှစ်ယောက်ကတော့ အတူတူ တွဲလုပ်သောအခါတွင် သူတို့၏ ခွန်အားက နှစ်ဆ တိုးလာခဲ့သည်။ သူတို့နှစ်ဦး၏ လှုပ်ရှားမှုများထဲတွင် နားမလည်နိုင်သော စွမ်းအားများ ရှိ​နေသည်။

ရန်သူအပေါ် အမြဲတစေ သံသယစိတ်နှင့် ကြည့်တတ်သော တိယီးသည် နောက်ဆုံးတွင် သူ့ဘဝကို ဖျက်ဆီးမိသွား၏။

အောင်ရှင်းသည် သူမလက်ထဲက နဂါးပုံစံ ဖီးနစ်လှံကို ကိုင်ကာ နောက်ပြန် ထိုးလိုက်စဥ် နတ်သမီးကျင်းဟုန်လည်း သည်းမခံနိုင်တော့ဘဲ သနားညှာတာမှု လုံးဝမရှိတဲ့ ဓားချက်ဖြင့် ဝင်ရောက် တိုက်ခိုက်လိုက်သည်။

တစ်ဖက်လူက သူမတို့ကို သတ်ခွင့်ရှိတယ် ဆိုရင် သူမတို့ကရော ဘာဖြစ်လို့ ဒီလူကို မသတ်ရမှာလဲ?

"မင်း လုပ်ရဲလား?"

ရုတ်တရက် အော်လိုက်တဲ့ အသံက တိုက်ခိုက်ရေးသားရဲကွင်း တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။ ထိုအသံသည် မိုးခြိမ်းသံကဲ့သို့ လူတိုင်းရဲ့ နှလုံးနဲ့ ဝိညာဉ်များကို ထိတ်လန့်သွားစေသည်။

​အောင်ရှင်းရဲ့ လှံထိပ်က မသိစိတ်ကြောင့် စောင်းသွားပြီး တိယီးရဲ့ ရင်ဘတ်ထဲကို ထိုးဖောက်သွားသော်လည်း နှလုံးကို မထိသွားပေ။

လေထုထဲမှ ကြီးမားသော အင်အားတစ်ခု ထွက်ပေါ်လာသည်။ အောင်ရှင်းလည်း ရုတ်တရက် နဂါးပုံစံ ဖီးနစ်လှံကို လက်ထဲတွင် မထိန်းချုပ်နိုင်တော့ဘဲ လှံက လေထဲသို့ ပျံတက်သွားခဲ့သည်။

လုရွှမ် မဲ့ပြုံးတစ်ချက် ပြုံးလိုက်ကာ ရုတ်တရက် လေပေါ်ခုန်တက်ကာ လေထဲတွင် ခြေလှမ်းအနည်းငယ် လှမ်း၍ ရှေ့သို့ ပြေးထွက်သွားလိုက်သည်။ သူက နဂါးအမှတ်အသားရှိသော ဖီးနစ်လှံကို အမိအရ ဖမ်းကိုင်ထားလိုက်သည်။

သူ့လက်ထဲမှ မီးတောက်တစ်ခု ထွက်လာပြီး နဂါးလှံကို အောင်ရှင်းထံသို့ ပြန်ပစ်​ပေးလိုက်သည်။ တိယီး လှံထုတ်ကာ တိုက်ကွက်စလိုက်ကတည်းက လုရွှမ်ဟာ ဒီနဂါးပုံစံ ဖီးနစ်လှံရဲ့ ထူးကဲတဲ့ စွမ်းအားကို ခံစားလိုက်ရပြီးသား ဖြစ်လေ၏။

ကောင်းကင်ဘုံသခင် တစ်ယောက် လေထုထဲကို ပျံတက်လာသည်။ ခွန်အားက အလွန်ကြောက်စရာကောင်းပြီး သူ့ခန္ဓာကိုယ်မှ ထွက်လာသော စွမ်းအားသည် ယခင်က လုရွှမ် တိုက်ခိုက်ခဲ့ဖူးသော အောင့်လင်နှင့် နှိုင်းယှဉ်၍မရပေ။

သူက လုရွှမ်ဟာ သူ့ထံမှ နဂါးပုံစံဖီးနစ်လှံကို လုယူဝံ့မည်ဟု မမျှော်လင့်ထားပုံ ရသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်နှင့် အရိပ်များသည် တဖျပ်ဖျပ် လတ်နေပြီး ပျောက်ကွယ်သွားသည်။ နောက်အခိုက်အတန့်တွင် သူသည် လုရွှမ်အနားတွင် ပေါ်လာသည်နှင့် လုရွှမ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဒါက လုရွှမ် မျက်နှာကို လူအများရှေ့မှာ ​ဖြတ်ရိုက်လိုက်တာပဲ ဖြစ်လေသည်။

လုရွှမ်ရဲ့ နောက်ကျောက တုန်ခါသွားပြီး သူ့နောက်က နဂါးအရိုးကြီးက တဆတ်ဆတ် တုန်ခါလာကာ နဂါးစွမ်းအားများ ထိုးထွက်လာသည်။

နတ်နဂါးသည် နတ်သားရဲ တစ်ကောင်ဖြစ်ပြီး စော်ကား၍ မရပေ။ လုရွှမ်ကိုယ်ထဲမှ စိမ်းပြာနဂါး စွမ်းအင်များ ပြည့်လျှံလာသည်။ လုရွှမ် အသံထုတ်လွှတ်လိုက်တာမျိုး မရှိသော်လည်း လူတိုင်းရဲ့ နားထဲတွင် နဂါးတစ်ကောင်ရဲ့ ဟောက်သံကို ကြား​နေရသည်။

နဂါးဟောက်သံက ပြင်းထန်ပြီး အစွမ်းထက်လှသည်။ ယခုအချိန်တွင် နဂါးဟောက်သံထဲက ၎င်းရဲ့ ဒေါသကိုပင် ခံစားလိုက်ကြရသည်။

လုရွှမ် ရုတ်တရက် ပြတ်ပြတ်သားသား လက်သီးတစ်ချက် ထိုးချလိုက်သည်။

လေသံ သို့မဟုတ် စွမ်းအင်အလင်း တစ်စုံတစ်ရာ ထွက်မလာသော်လည်း အရှိန်နဲ့ တွန်းအားက အလွန်မြန်သောကြောင့် လုရွှမ်ကိုယ်တိုင်ပင် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

ဒါ့အပြင် ကောင်းကင်ဘုံသခင်ရဲ့ စိတ်ဝိညာဉ်ကလည်း ထိတ်လန့် တုန်လှုပ်သွားသည်။ နဂါးဟောက်သံကို ကြားပြီးနောက် လုရွှမ်ရဲ့ ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်များ ပွင့်ထွက်လာတာကို ခံစားလိုက်ရပြီး သူ့ရှေ့က လုရွှမ်ဟာ လုံးဝခြားနားသွားသော လူတစ်ယောက်လို ဖြစ်သွားသည်။

ကြွလာသော လက်သီးချက်ကို ရင်ဆိုင်လိုက်ရချိန် ထိုကောင်းကင်ဘုံသခင်သည် တူညီသောနယ်ပယ်မှ သခင်တစ်ဦး သို့မဟုတ် ပိုမိုမြင့်မားသော နယ်ပယ်က လူကိုပင် ရင်ဆိုင်ရသကဲ့သို့ ဖြစ်နေသည်။

ခဏတာ ဝင်လာသော လက်သီးကို ရင်ဆိုင်ရင်း သူ့စွမ်းအင်က တကယ်ကို အရေးမပါသလိုပင် ခံစားမိလာ၏။

လက်သီးချက် ရောက်လာစဥ် သူတကယ်ကို ထိတ်လန့်သွားသည်။ နောက်ဆုံးတော့ သူကလည်း ကောင်းကင်ဘုံသခင်ပဲလေ။ သူအရင်က ခံစားချက်ကို အလျင်အမြန် ခါယမ်းလိုက်ပြီး လှောင်ပြောင်ရင်း လက်ဖဝါးကို လက်သီးပုံစံပြောင်းကာ ထိုးလိုက်သည်။

ဒါပေမဲ့ သူ ထိတ်လန့်နေတုန်းပင်။ သူက စကားသိပ်မပြောဘဲ အမြင့်ဆုံးစွမ်းအင်ကို တိတ်တဆိတ် ထုတ်ပစ်လိုက်သည်။

ဝုန်း!

လက်သီးချင်းဆုံပြီး ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ လူနှစ်ယောက်၏ လက်သီးချက်များမှ လေလှိုင်းများ ထွက်ပေါ်လာပြီး အရပ်ရပ်သို့ ပြန့်ကျဲသွားသည်။

လုရွှမ်၏ ခန္ဓာကိုယ်သည် အဆက်မပြတ် ပြန်ပျံသွားကာ တကယ့်အရာဝတ္ထု တစ်ခုပေါ်သို့ နင်းသွားသလိုမျိုး သူ့ခြေထောက်များက လေထဲသို့ လှမ်းတက်သွားသည်။ သူ့ခြေဖဝါးအောက်မှာ အစိမ်းရောင်ရှိတဲ့ နိယာမစွမ်းအင် လိုင်းတွေကို လူတိုင်း မြင်လိုက်ကြ၏။ သူတို့အားလုံးက ကျွမ်းကျင်သူတွေမို့ ဒီသိုင်းကွက်က ဘယ်လောက် ကောင်းတယ်ဆိုတာ မပြောနိုင်ဘဲ ဘယ်နေပါ့မလဲ။

"အဲဒါ လေပြင်းနိယာမပဲ!"

နောက်ဆုံးမှာ ထိုးထွင်းသိမြင်တဲ့ ကောင်းကင်ဘုံသခင် တစ်ယောက်က လုရွှမ့ရဲ့ခြေရင်းကို ကြည့်ရင်း လှမ်းအော်လိုက်သည်။ တခြားသူများမှာ နားမလည်နိုင်သော်လည်း အကြည့်တိုင်းမှာ လောဘကြီးလာတဲ့ အရိပ်အမြွက်မျိုး ပါလာသည်။

ကောင်းကင်ဘုံသခင်လည်း ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားသော်လည်း သူက တည်ငြိမ်လွန်းသည်။

ဒါပေမဲ့ အခုအချိန်မှာတော့ အဲဒီကောင်းကင်ဘုံသခင် နိုင်သွားတယ်လို့ ဘယ်သူမှ မခံစားခဲ့ကြရချေ။ တကယ်တော့ သူတော်စင်နယ်ပယ်မှာ ရှိနေတဲ့ အငယ်တန်းကြောင့် သူ့ခြေလှမ်းတွေကို ပြန်ဆုတ်လိုက်ရတယ်လေ။

All Chapters