← Chapters

ဓားတစ်ချက်

Vol. 66 Ch. 4.500

ဓားတစ်ချက်

Vol. 66 Ch. 4.500

လူငယ် အနည်းငယ်မှလွဲ၍ ဒီလို အံ့ဖွယ်မြင်ကွင်းကို မြင်ရမယ်လို့ ဘယ်သူမှ မထင်ထားခဲ့ပေ။

ကောင်းကင်ဘုံသခင်သည် ယခု အခိုက်အတန့်တွင် မည်းမှောင်​နေသော မျက်နှာထားဖြင့် လုရွှမ်အား ကြည့်နေသည်။ မယုံကြည်နိုင်လောက်သည့် အရိပ်အမြွက်ဖြင့် စိုက်ကြည့်နေသော်လည်း ပိုပြင်းထန်လာသော လူသတ်ချင်သည့် အငွေ့အသက်များကသာ ပိုများလာသည်။

သခင်ငယ်​လေးသည် ထူးကဲသော အရည်အချင်းရှိပြီး မဟာသူတော်စင် နယ်ပယ်ဖြင့် ကောင်းကင်ဘုံသခင်ကို သတ်ပစ်ခဲ့သည်။ သူသည် ရာစုနှစ်အတွင်း တစ်ကြိမ်သာ ပေါ်ထွန်းလာမည့် ပါရမီရှင်တစ်ဦး ဖြစ်နေပြီ။ သို့သော် ကောင်းကင်ဘုံသခင် ဆိုတာ နယ်ပယ်တစ်ခုကို ဖြတ်သွားရုံမျှသာ ဖြစ်ပြီး နယ်ပယ်က လုံးလုံးမတည်ငြိမ်သေးတဲ့ အခြေအနေပင်။

ယခုမူကား သူတော်စင် အဆင့်၅ ကျင့်ကြံမှုထက်ပင် မမြင့်သော ဤလူငယ်က သူတိုက်ကွက်ကို ခုခံနိုင်စွမ်း ရှိ​နေသည်။

သူက ဘယ်သူလဲ? သူဟာ အဆင့်၆ ကောင်းကင်ဘုံသခင် ဖြစ်ပြီး ထူးခြားတဲ့ နယ်ပယ်တစ်ခု အနေနဲ့ သူ့ရဲ့ အရည်အချင်းတွေက ကောင်းကင်ဘုံသခင်တွေ ကြားထဲက သခင်တစ်ယောက်ပဲ ဖြစ်လေသည်။

ယခုလိုနှိုင်းယှဥ် ကြည့်ရုံမျှဖြင့် သခင်ငယ်​လေးသည် ယခုလူငယ်ထက် အဆပေါင်းများစွာ ပိုနိမ့်နေတယ်လို့ ပြောနိုင်၏။

လုရွှမ် တစ်ဖက်ကို လှည့်လိုက်ပြီး

"သူ့ကိုသတ်လိုက်!"

အောင်ရှင်းကလည်း ကျယ်လောင်စွာ တုံ့ပြန်လိုက်ပြီး တိယီးရဲ့ နှလုံးတည့်တည့်ကို ထပ်ပြီး ထိုးချလိုက်သည်။

ကောင်းကင်ဘုံခင်မှာ အေးစက်စွာ ဟစ်အော်လိုက်ပြီး ပြေးတားချင်ပေမယ့် လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲက အံ့ဩစရာကောင်းတဲ့ ဓားတစ်ချောင်းက သူတီယီးကို ကယ်တင်ဖို့ အခွင့်အရေးကို လက်လွတ်သွားအောင် ပိတ်ဆို့ထားခဲ့သည်။

"ဟားဟား မင်းမှာ သတ္တိရှိနေတယ်ပေါ့? သူဘယ်သူလဲဆိုတာ မင်းသိလား?"

ကောင်းကင်ဘုံသခင်က အော်လိုက်သည်။ တိယီးရဲ့ အလောင်းကို ကြည့်လိုက်တော့ သူ့​​စိတ်ထဲမှာ နားမလည်နိုင်တဲ့ ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရသည်။ ဒီကလေးက သူ့လက်ထဲမှာ ကြီးပြင်းလာတာမို့ သေသွားတာကို မြင်လိုက်ရတော့ အနည်းငယ် စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပင်။

လုရွှမ်ဘက်က အဖြေမှာမူ။

"ငါတို့ကို သတ်ချင်တဲ့သူတွေကို ငါတို့က အရင်သတ်မှာပဲ!!"

စကားပြောပြီးနောက် လုရွှမ်သည် ကျင်းဟုန်နှင့် တခြားသူများကို မျက်ရိပ်ပြလိုက်သည်။

နတ်သမီးကျင်းဟုန်နှင့် အောင်ရှင်းတို့သည် ချည်နှောင် ခံထားရသော ဂိုဏ်းခေါင်းဆောင်များထံ လှိုင်းလုံးများလို အပြေးအလွှား ပြေးဝင်သွားကြသည်။ ယခုအချိန်တွင် တိယီးက သေဆုံးသွားပြီ။ အဖမ်းခံထားသူတို့ကို စောင့်ကြပ်နေသော ကောင်းကင်ဘုံသခင် တချို့၏ မျက်နှာပေါ်တွင် ရုပ်ဆိုးသော အမူအရာများ ပေါ်လာကာ တစ်ဖက်ဘက်သို့ လှမ်းကြည့်ကာ အကူအညီ လှမ်းတောင်းလိုက်သည်။

သူတို့၏ ခွန်အားသည် ကောင်းကင်ဘုံသခင် ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်သာ ဖြစ်ပြီး တိယီး အပေါ်တွင်သာ မှီခိုနေရတာ ဖြစ်သည်။ သို့မဟုတ်ပါက ကောင်းကင်ဘုံသခင်တွေ နေရာတိုင်းမှာ ရှိနေတဲ့ ရှေးဟောင်း လျှပ်စီးမြို့တော်တွင် သူတို့သည် မာနကြီးရဲမည် မဟုတ်ချေ။

လေထုအလယ်က ကောင်းကင်ဘုံသခင်က ဒေါသအရမ်းထွက်လာပြီး အသက်မဲ့စွာ ရယ်လိုက်သည်။

"ဘယ်သူ လှုပ်ရဲလဲ!!"

ယွင်ယင်နှင့် ကောင်းကင်ဘုံသခင် တစ်ဒါဇင်ကျော်သော အုပ်စုကို ထောင်ချောက်ဆင်ထားခြင်း မရှိသော်လည်း အကြောင်းပြချက်တစ်ခုကြောင့် မခုခံရဲကြပေ။ ၎င်းတို့နောက်တွင် ဂိုဏ်းတစ်ခုလုံးနှင့် မိသားစုကို ကိုယ်စားပြုထားတယ် မဟုတ်ပါလား။

လုရွှမ်နဲ့ တခြားသူတွေရဲ့ လုပ်ရပ်တွေကို သူတို့အရက်က မြင်ခဲ့ကြပေမယ့် စိတ်ထဲမှာတော့ စိုးရိမ်ပူပန်နေခဲ့သည်။ အောင်ရှင်း တိယီးကို တကယ် သတ်လိုက်တဲ့အခါ ဒီကိစ္စက အဆိုးဆုံးအဆင့်ကို ရောက်သွားပြီး ဖြေရှင်းစရာ နေရာမရှိ​တော့ဘူး ဆိုတာ သဘာဝကျကျ နားလည်သွားခဲ့၏။

ယခုအချိန်တွင် ကောင်းကင်ဘုံသခင်၏ ဆူပူကြိမ်းမောင်းသံကို ကြားရပြီးနောက် တိယီး၏ လူများစွာလည်း သက်ပြင်းချနိုင်ခဲ့သည်။ အနည်းဆုံးတော့ လူတွေက သူတို့နဲ့ လုရွှမ်ကို တူညီတဲ့လူလို့ မမှတ်ယူကြဘူး ဆိုတာ ပြသနေတာပဲ မဟုတ်လား။

ယွင်ယင်မှလွဲ၍ ဘယ်သူမှ မလှုပ်ရဲပေ။

ယွင်ယင်က စိုးရိမ်စိတ်တွေ ပြည့်နှက်နေပြီး သူမနှလုံးသားက မြင်းရိုင်းလို ပတ်ပြေးနေပေမယ့် သူမ ခါးသီးစွာပြုံးရုံသာ ပြုံးနိုင်ခဲ့သည်။ သူ့သမီးလေး ဝင်လာမှတော့ နောက်ပြန်လှည့်ဖို့ နည်းလမ်း မရှိတော့ဘူးလေ။

တကယ်တော့ သူတို့ ဝမ့်ကျစ်ကမ္ဘာကလာတဲ့ သခင်တွေဆီကနေ အဖမ်းခံလိုက်ရပြီးကတည်းက ပြန်လမ်းက ပြတ်သွားပြီးပါပြီ။

ထိုကောင်းကင်ဘုံသခင်က ရယ်မောလိုက်ပြီး

"လုရွှမ် မင်းအောင့်မိသားစုနဲ့ တကယ် လက်တွဲဖို့ စီစဉ်နေတာလား?"

တကယ်တော့ သူဟာ ဒီမေးခွန်းကို မေးနေရန် ရည်ရွယ်ချက်ပင် မရှိခဲ့ပေ။ မဟာသူတော်စင်တစ်ဦးနှင့် သူတော်စင် တချို့သည် သူနှင့်စကားပြောရန် အရည်အချင်း မပြည့်မီသလို သူတို့စကားတစ်ခွန်း ပြောလိုက်တာနဲ့ကို သူတို့ မျိုးနွယ်စုများကို သုတ်သင်ရှင်းလင်းပစ်မှာပဲ ဖြစ်သည်။

သို့သော် ယခင်တိုက်ပွဲတွင် အသားသတ်သမားသည် ကောင်းကင်ဘုံသခင် နှင့် ကျန်းထုံကို သတ်ခဲ့ပြီး အောင်ရှင်း နှင့် ကျင်းဟုန်တို့ကလည်း တိယီးကိုသတ်ရန် အတူတကွ ပူးပေါင်းခဲ့ကြသည်။ ဒါ့အပြင် သူတို့ပတ်ဝန်းကျင်မှာ ပါရမီရှင်လူတွေ အများကြီးလည်း ရှိနေရာ သူတို့က လျှော့တွက်လို့ မရတဲ့ စွမ်းအားတစ်ခု ဖြစ်နေပါပြီ။

ရှေးဟောင်း လျှပ်စီးမြို့တော်ကို လူအများအပြား လာနေပြီဆိုတဲ့ အချက်ကိုပဲ ကြည့်နေလို့ မရပေ။ သူတို့အားလုံးဟာ အောင့်မိသားစုကို တွန်းအားပေးနေကြပုံ ပေါ်သော်လည်း အောင့်မိသားစုသည် ရှေးဟောင်း လျှပ်စီးမြို့တော်တွင် နှစ်ပေါင်းများစွာ နေနိုင်ခဲ့ပြီး အောင့်မိသားစုမှာ ဘယ်လို နောက်ခံမျိုး ရှိကြောင်းကို ဘယ်သူမှ မသိနိုင်ပေ။

သို့သော် လျှော့တွက်၍လည်း မရပါ။ လူများလာလေ သဘောထားကွဲလွဲသူက ပိုများလာလေပင်။ မန်ဟွမ်နတ်ဘုရားမျှော်စင်ကို လုယက်ဖို့ ဒီကို လာခဲ့တာကြောင့် နတ်ဘုရားမျှော်စင် မမွေးခင်မှာ သူတို့ရဲ့ စွမ်းအားကို ဘယ်သူမှ မဖြုန်းတီးချင်ကြတာတော့ သေချာသည်။

အခုတော့ လုရွှမ်နဲ့ သူ့အဖွဲ့မှာ သေချာပေါက် ဒါကို သိပြီးသား ဖြစ်ပေမည်။

လုရွှမ်ဟာ ဒီလမ်းကြောင်းကို လူများစွာထက် ပိုမြင်တတ်သည်။ ထို့ကြောင့် သူသည် ဒုက္ခထဲ တိုးဝင်ဖို့ သတ္တိရှိသလို နတ်ပုတီးစေ့ငါးလုံးကို ပေါင်းစည်းကာ နတ်မီးနယ်ပယ်ကို တိုက်ခိုက်နိုင်ခဲ့သည်။ အခုဆို သူဘာမှ မကြောက်တော့ပေ။

လုရွှမ်က လက်သီးဆုပ်လျက် နောက်ဆုံးတော့ ပါးစပ်ဟလာ၏။

"ဟုတ်တယ်... ဒါကို လူတိုင်းလည်း သိတယ် ဒါတင်မကဘူး... ငါသူ့ဘက်မှာ မရပ်တည်ရင်ရော မင်းတို့ငါ့ကို ဒုက္ခလာမပေး​​တော့ဘူးလား?"

ကောင်းကင်ဘုံသခင်က အသက်ပြင်းပြင်း ရှူပြီး သူ့မျက်နှာက အေးစက်သွားသည်။

"ဒါဆိုရင်တော့ မင်းသွားသေလိုက်တော့ပေါ့ မင်းကို အခွင့်အရေး မပေးဘူးလို့ မပြောနဲ့နော်... မင်းငါ့ကို အနိုင်ယူနိုင်ရင်တော့ ငါ ဂရုမစိုက်တော့ဘူး။ မင်းသေရင် မင်းရဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေ အားလုံးကို မင်းနဲ့အတူ သင်္ဂြိုဟ်ရလိမ့်မယ်"

လုရွှမ်ကလည်း လှောင်ပြောင်ပြီး

"လူအိုကြီး... မင်းက တကယ် ရယ်စရာကောင်းတာပဲ မင်း ဂရုမစိုက်တော့ဘူး ဟုတ်လား? မင်းက တိယီးဆိုတဲ့ ကောင်ရဲ့ အစောင့်အရှောက် ခွေးတစ်ကောင်ပဲ... ငါ မင်းကို အနိုင်ယူခဲ့ရင်တဲ့လား ဟမ့် ငါယုံတယ် သူတို့ငါ့ဆီလာပြီး လက်စားချေကြမှာပဲ... ငါကအဲဒါကို စောင့်နေရမှာပေါ့ ဟုတ်လား?.... အပိုစကားတွေ ပြောမနေနဲ့တော့.... မင်းငါ့ဓားချက်ကို ခံယူလိုက် ... မင်းနိုင်ခဲ့မယ်ဆိုရင် ငါလွှတ်လိုက်မယ် မင်းအသက်ပြန်ရှင်ဖို့ မင်းသခင်ဆီ ပြန်သွားလို့ရတယ်... ဒါပေမဲ့ မင်း မစွမ်းဆောင်နိုင်ဘူး ဆိုရင်တော့ သူတို့ကို တိုက်ခိုက်ချင်တာဖြစ်ဖြစ် ဒါမှမဟုတ် သတ်ပစ်ချင်နေတာ ဖြစ်ဖြစ် မင်းငါနဲ့ လိုက်ခဲ့ရမယ်... ကောင်းပြီ.. မင်းငါ့မနိုင်ရင် မင်းအသက်ကို ဒီမှာပဲထားခဲ့လိုက်!!"

ဤပြောဆိုချက်က အလွန် မိုက်မဲလွန်းလှရာ လူတိုင်းမှာ စကားမပြောနိုင်ဘဲ မယုံနိုင်​အောင် ဖြစ်နေကြသည်။ သူတော်စင် လုရွှမ်က ကောင်းကင်ဘုံသခင် တစ်ယောက်ကို ဒီလိုမျိုး အော်ဟစ်ဝံ့လေသည်။

အောင်ရှင်းနှင့် တခြားသူများ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးပြလိုက်သော်လည်း နှလုံးသားထဲတွင် တိတ်တဆိတ် ပျော်ရွှင်နေကြ၏။ လုရွှမ်သည် ရန်သူကို ထပ်မံခြိမ်းခြောက်ရန် ဤနေရာ၌ တစ်စုံတစ်ခု လုပ်ချင်နေတာ သိသာ​ပေသည်။

ကောင်းကင်ဘုံသခင်မှာ ဖျတ်ကနဲ ထိတ်လန့်သွားသော်လည်း သူက အလွန်ဒေါသ ထွက်လာသည်။ အခုလို အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြားလိုက်ရခြင်းပင်။

"ကောင်းပြီ မင်းရဲ့ဓားချက်ကို ငါခံယူမယ်... ဒါပေမယ့် မင်းရဲ့ဓားကို ငါခံယူတဲ့အချိန်မှာပဲ ငါ မင်းကိုသတ်ပစ်မယ်!!"

လုရွှမ်က ရယ်ပြီး

"မင်းမှာ အဲဒီလို စွမ်းရည်ရှိမရှိ ကြည့်ရအောင်လေ"

တိုက်ခိုက်ရေးသားရဲကွင်း တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

အစောက အောင်ရှင်း တိယီးကို ခေါင်းဖြတ်ပစ်ခဲ့တဲ့ မြင်ကွင်းကတင် ဝံပုလွေ အကြီးကြီး တစ်ကောင် တွေ့လိုက်ရသလို လန့်​ဖြတ်သွားခဲ့ရပြီးပြီ။

သူတို့ကို အမြဲသ​ရော်​ပြီး ခေါင်းထက်မှာ အစွမ်းပြခဲ့တဲ့ တိယီးဟာ အမည်မသိ မိန်းကလေး တစ်ယောက်ဆီက ခေါင်းဖြတ်ခံရပြီး ဒီလိုပဲ သေဆုံးသွားခဲ့သည်။ အဲဒါက ရူးလောက်အောင်ကို ကြောက်ဖို့ကောင်းနေပြီ။

ယခုမူ လုရွှမ်သည် ကောင်းကင်ဘုံသခင်ကို အမှန်တကယ် တိုက်ခိုက်လိုပြီး ဓားတစ်ချောင်းကိုသာ အသုံးပြုမည်ဟု ဆိုခဲ့သည်။ သူတို့ နားထဲ မဖြစ်နိုင်တာကို ကြားလိုက်ရသလို မယုံကြည်နိုင်စွာ မေးလိုက်သည်။

"လာလေ! မင်းရဲ့ဓားစွမ်းအင် ဘယ်လောက်တောင် ကောင်းလဲဆိုတာ ကြည့်ရသေးတာပေါ့"

လုရွှမ်နှင့် ​အောင့်ယွဲ့သည် တစ်ယောက်ကို တစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး တစ်ခုခုကို နားလည်သွားဟန်ဖြင့် ခေါင်းညိတ် ပြလိုက်​ကြသည်။

"လာခဲ့!"

လုရွှမ်၏ ခန္ဓာကိုယ်မှ ထိတ်လန့်တုန်လှုပ်ဖွယ် ဓားတစ်လတ် ထွက်ပေါ်လာပြီး ဝိညာဉ်စွမ်းအင်များက သူ့အနီးတစ်ဝိုက်သို့ တိုးဝင်လာကာ လုရွှမ်ဆီသို့ တိုးဝင်လာသည်။ မိုးခြိမ်းသံက ကောင်းကင်မှာ ရုတ်ချည်း ပဲ့တင်ထပ်သွားပြီး သာယာတဲ့ တိမ်တိုက်တွေကလည်း အမှောင်ဘက်ခြမ်းကို ပြောင်းလဲသွား၏။

လျှပ်စီးလက်ခြင်းနှင့် မိုးခြိမ်းသံကြားတွင် လုရွှမ်သည် သူ၏ဓားရှည်ကို ဆွဲထုတ်လိုက်ရာ အလင်းရောင်က ဖျက်ကနဲ တောက်ပသွားခဲ့သည်။ ဤအခိုက်အတန့်တွင် လူတိုင်းသည် ရှည်လျားသော ဓားရှည်ထံမှ ရောင်ဝါတွေ အထိန်းအကွပ်မရှိ ပျံတက်သွားတာကို ခံစားလိုက်ရပြီး ကောင်းကင်တွင် ရုတ်တရက် မီးရှူးမီးပန်းတစ်ခု ထိုးတက်သွားသလို လင်းလတ်သွားသည်။

လုရွှမ်သည် ရွှေဒြပ်စင်နတ်ပုတီးစေ့ရဲ့ စွမ်းအင်ကို ထပ်မံ စုစည်းလိုက်ကာ သန့်စင်သော စွမ်းအားသည် ဓား၏အရိပ်ထဲတွင် တဟုန်ထိုး ခုန်တက်သွားကာ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။

"ယွမ်ယန်ဓားကိုးစင်း... ပဉ္စမဓား ဖျက်ဆီးခြင်း!"

"ခေါင်းဖြတ်!"

အသံဆုံးသော သုံးကြိမ်ဆက်တိုက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ပတ်ဝန်းကျင်က လုံးဝ အသံတိတ်သွားသည်။

All Chapters