စမ်းသပ်မှုတွေ
Vol. 66 Ch. 4.502
သူတော်စင်နယ်ပယ်သာ မဖြစ်လာခဲ့ရင် သူတို့အားလုံးက ပုရွက်ဆိတ်လေးတွေ ဖြစ်နေမှာပင်။
သို့သော် သူတော်စင် ဖြစ်လာပြီးနောက် ခြေလှမ်းတိုင်းသည် ရုန်းကန်မှုတွေ ဖြစ်လာခဲ့တာ ထင်ရှားလညသည်။ ကြီးမြတ်သူတွေကလည်း ဆူးပင်များကြားတွင် ပန်းများကို ရွေးချယ်ရန် ရည်မှန်းထားကြသူများ ဖြစ်သည်။
ရှေးဟောင်း လျှပ်စီးမြို့တော်က ကောင်းကင်ဘုံသခင် အကြီးအကဲများနှင့် ပြည့်နှက်နေသော မြို့တစ်မြို့ ဖြစ်၏။ သူတို့မှာ မြို့ထဲတွင် ပျံသန်းနိုင်စွမ်း မရှိသည့်အပြင် တင်းကျပ်လွန်းလှသည်။ ဆိုလိုသည်မှာ ထူဖူးနှင့် သူအဖွဲ့သည် ကောင်းကင်သခင်ကို သတ်ရန် ခွန်အားရှိနိုင်သော်လည်း ကောင်းကင်ဘုံသခင်များလို ပြင်းထန်လာသည်နှင့် တပြိုင်နက် ၎င်းတို့သည် ကျိန်းသေ အရှုံးမရှိသော အခြေအနေကို ဖန်တီးနိုင်မှာပဲ ဖြစ်သည်။
နည်းနည်း မိမိုက်ပေမယ့် ဒါက တကယ့်လက်တွေ့ကတော့ မဖြစ်လာသေးချေ။
လွန်ခဲ့သည့် လတွင် လုရွှမ်နှင့် သူ့အဖွဲ့သည် အောင့်မိသားစု၏ အိမ်နောက်ဖေး ခြံဝန်းတွင် ရှိနေခဲ့သည်။ လုရွှမ်သည် လေကျောက်ပြားကို တီထွင်ပေးခဲ့ပြီး လူငယ်တို့သည် လေ၏ အနှစ်သာရကို နားလည် သဘောပေါက်နိုင်ခဲ့သည်။ စွမ်းအားဖြင့် ပေါင်း၍ ပျံသန်းမည်ဆိုပါက လေပြင်းနိယာမက အနည်းဆုံးတော့ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခြေကို တိုးလာစေမှာပင်။
လုရွှမ်က မီးတောက်နိယာမကိုလည်း ရက်ရောစွာ ပြသခဲ့သည်။ လူငယ်များ အားလုံးက ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြရာ သူတို့ နားမလည်ပါက ဘယ်သူကများ နားလည်နိုင်ဦးမလဲ။
လုရွှမ်သည် မီးဒြပ်စင်နတ်ပုတီးစေ့ ရှိသူ အောင့်ယွဲ့က မီးတောက်နိယာမကို နားလည်ခြင်းတွင် တခြားသူများထက် သာလွန်နေတာ တွေ့ရလေသည်။ တစ်လအတွင်းတွင် အောင့်ယွဲ့သည် တတိယအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရှိခဲ့ရပြီး လုရွှမ် အပါအဝင် တခြားသူများသည် ဒုတိယအဆင့်တွင်သာ ရှိသေးသည်။
အောင်ရှင်းသည် ကွဲလွဲနေသော အရည်အချင်းများကြောင့် ဖြစ်ကောင်းဖြစ်နိုင်စွာ လေပြင်းနိယာမကို အောင်အောင်မြင်မြင် နားလည်နိုင်ခြင်း မရှိခဲ့ပေ။
တစ်လအတွင်း လူတိုင်း၏ အင်အားသည် လုံးလုံးလျားလျား ပြောင်းလဲသွားပြီး ၎င်းတို့၏ ရောင်ဝါတွေလည်း အလွန်တိုးလာသည်။ အဲဒီလို အခြေအနေမျိုးတွင် ဆန်းကြယ်ကောင်းကင်အိမ်တော်မှ လူများ ရောက်ရှိလာခဲ့သည်။
အထိန်းတော်၏ နောက်တွင် လူငယ်ရှစ်ယောက် အုပ်စုသည် ပင်မခန်းမရှေ့သို့ ရောက်လာခဲ့ကြသည်။
အတွင်းမှ သိမ်မွေ့သော လေထုကို ခံစားလိုက်ရသဖြင့် လူငယ်ရှစ်ယောက်လည်း မသိစိတ်အလျောက် ငြိမ်သက်သွားခဲ့သည်။ လမ်းခရီးတွင် အိမ်တော်ထိန်းက ဆန်းကြယ်ကောင်းကင်အိမ်တော်ကို သူတို့ဘက်က ချစ်မြတ်နိုးရသည့် နောက်ခံအကြောင်း ပြောပြပြီးသား ဖြစ်သည်။
ကောလဟာလတွေအရ ဝမ့်ကျစ်ကမ္ဘာမှာ တပ်စွဲထားတဲ့ အင်အားကြီးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်ကြောင်းနဲ့ သူတို့ရဲ့ ဗဟိုနေရာက တိကျစ်ကမ္ဘာလို့ ဆိုပေသည်။
ဝမ့်ကျစ်ကမ္ဘာသည် ကူကျစ်ကမ္ဘာ၏ အထက်တွင်ရှိပြီး တိကျစ်ကမ္ဘာသည်လည်း ဝမ့်ကျစ်ကမ္ဘာ၏ အထက်တွင် ရှိကာ ကမ္ဘာနှစ်ခုကြားရှိ ဆက်ဆံရေးက သာမန်ပဲ ဖြစ်သည်။ ဝမ့်ကျစ်ကမ္ဘာမှ ရှေးဟောင်းလျှပ်စီးကမ္ဘာသို့ နေရာပြောင်း အခင်းအကျင်း တစ်ခု ရှိပါသည်။ သို့သော် အကယ်၍ ရှေးဟောင်းလျှပ်စီးကမ္ဘာမှ ဝမ့်ကျစ်ကမ္ဘာသို့ သွားလိုပါက တိုက်ရိုက်ပို့ဆောင်သည့် နေရာပြောင်း ခင်းကျင်းမှု မရှိပေ။ ကမ္ဘာနှစ်ခုကြားကို လွန်းပျံယာဥ်ဖြင့်သာ ရောက်ရှိနိုင်သည်။
ဟုတ်ပါတယ်။ သန်မာတယ် ဆိုရင်တော့ အာကာသကို ဖြတ်ကျော်ဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးနိုင်သည်။ သို့သော် အနည်းဆုံး လိုအပ်သော အရာမှာ ကောင်းကင်ဘုံသခင် အထွတ်အထိပ် သို့မဟုတ် နတ်မီးနယ်ပယ်ကို ဖြတ်ကျော်ထားတဲ့ ခွန်အားပင် ဖြစ်သည်။
ထို့အပြင် ဦးတည်ရာမရှိလျှင် လုရွှမ်တို့ပင် ကမ္ဘာငယ်လေးများကြားက လေပြင်းကပ်ဆိုးကြောင့် အလွန်အန္တရာယ် များသွားနိုင်သည်။ နတ်မီးနယ်ပယ်က အကြီးအကဲများပင်လျှင် ဒဏ်ရာကင်းမဲ့စွာ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
တိကျစ်ကမ္ဘာသည် သဘာဝအားဖြင့် ပို၍ဝေးကွာပြီး အင်အားလည်း ကြီးမားသည်။ တိကျစ်ကမ္ဘာနှင့် ဝမ့်ကျစ်ကမ္ဘာသည် လုံးဝခြားနားသော ကမ္ဘာနှစ်ခု ဖြစ်ကြောင်း ကောလဟာလများ ရှိထားသည်။ အစွမ်းအထက်ဆုံး ဝမ့်ကျစ်ကမ္ဘာပင် တိကျစ်ကမ္ဘာရဲ့ တည်ရှိမှုအကြောင်းကို မသိနိုင်ဘဲ တိကျစ်ကမ္ဘာမှ သခင်များသာ ပါရမီရှင်များကို ရှာဖွေရန် ဝမ့်ကျစ်ကမ္ဘာကို လာရောက်နိုင်သည်။
သို့သော် အရာအားလုံးဟာ ကောလဟာလ တစ်ခုသာဖြစ်ပြီး အဲဒါမှန်လား မဟုတ်ဘူးလား ဆိုတာကို ဘယ်သူမှ မသိနိုင်ပေ။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ တစ်ဦးချင်းစီ၏ ဆုံးဖြတ်မှုအပေါ် မူတည်ပါသေးသည်။
အောင့်ထျန်းရဲ့ အသံက ခန်းမထဲက ထွက်လာပြီး အားလုံး ခန်းမထဲကို ၀င်သွားကြသည်။ ခန်းမထဲကို ဝင်ရောက်လာသောအခါ နတ်မီးနယ်ပယ်က အရှင်နှစ်ပါး ရောက်ရှိနေကြပြီး အားလုံးအား တောက်လောင်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
"လာ... ငါတို့ရဲ့ အကြီးအကဲတွေကို ဂါဝရလာပြုကြ...ဒါက ဆရာကြီးကန်းဟိုင်... ဒီတစ်ယောက်က ဆရာကြီးဟုန်ရစ် "
လုရွှမ်တို့ အဖွဲ့လည်း အလျင်အမြန် လာရောက်ဂါရဝ ပြုလိုက်ကြသည်။
ဆရာကြီးကန်းဟိုင်က ဆံပင်ဖြူဖြူနဲ့ ကလေးဆန်တဲ့ မျက်နှာနဲ့ နတ်သမီးလေးလို အဘိုးကြီးပင်။ ၎င်းက ထွက်သက်ကို ထိန်းထားပြီး မျက်ဝန်းများက ကျဉ်းမြောင်းသော်လည်း သူ့နာမည် ကဲ့သို့ပင် လူတို့ကို ပင်လယ်(ဟိုင်)ရဲ့ သဘာဝ အရှိန်အဝါကို ခံစားရစေသည်။ ကျယ်ပြောလှပြီး ပြင်းထန်သော အသက်ရှုသံကို ထုတ်လွှတ်ထားသည်။
အဲဒီလူရဲ့ သင်္ကေတက ငြိမ်သက်ခြင်းနှင့် ပြည့်စုံခြင်းပဲ ဖြစ်သည်။
အောင့်ထျန်းရဲ့ ကျင့်ကြံမှုသည် ထူးထူးခြားခြား စွမ်းရည် ဖြစ်သော်လည်း ဆရာကြီးကန်းဟိုင်နဲ့ နှိုင်းယှဉ်ပါက လုံးဝ နှိုင်းယှဉ်စရာ မရှိပေ။
တခြားလူမှာ ဆရာကြီးဟုန်ရစ် ဖြစ်ပြီး သူကတော့ လူလတ်ပိုင်းအရွယ်နှင့် တူသည်။ သူ့ပါးပြင်တွေက တင်းတင်းကြပ်ကြပ် တင်းတင်းမာမာနဲ့ လူတိုင်းကို ငုံ့ကြည့်နေသည်။ သူ့စွမ်းအင်ရောင်ဝါက ဆရာကြီးကန်းဟိုင်လောက် မကောင်းမွန်သော်လည်း သူ၏ မျက်လုံးများသည် လူငယ်များ၏ နှလုံးသားထဲကို ကြည့်ရှုလိုသည့်အတိုင်း ထူးခြားစွာ တောက်ပနေပါသည်။
လုရွှမ်သည် ဆရာကြီးဟုန်ရစ်နဲ့ ပတ်သက်၍ ရင်းနှီးသော အရာတစ်ခု ရှိနေကြောင်း နားမလည်နိုင်အောင် ခံစားနေရသည်။ ဆရာကြီးဟုန်ရစ်ကလည်း လုရွှမ်ကို သတိပြုမိဟန်ဖြင့် သူ့ကို အထူးအကဲခတ် ကြည့်နေသည်။
လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ကြပြီး ဆရာကြီးကန်းဟိုင်က ပြုံးပြီး ခေါင်းညိတ်ပြသည်။ သို့သော် ဆရာကြီးဟုန်ရစ်ရဲ့ မျက်လုံးတွေကတော့ မတူပေ။ သူ့မျက်ခုံးတွေက အနည်းငယ် နီသွားကာ မကျေမနပ် ဖြစ် ဟန်ဆောင်နေသလား မသိပါဘူး။
"ကောင်းပြီ... လတ်စသတ်တော့ ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ကြောင့် ဖြစ်သွားတာကိုး... တိယီးကို သတ်နိုင်တယ်ဆိုတာ အံ့သြစရာ မရှိပါဘူး"
ဆရာကြီးဟုန်ရစ်က ရုတ်တရက် ထပြောလိုက်သည်။ ထိုစကားများ ထွက်လာသည်နှင့်တပြိုင်နက် နတ်သမီးကျင်းဟုန် နှင့် အောင်ရှင်းတို့သည် ဆရာကြီးဟုန်ရစ်ရဲ့ စကား အဓိပ္ပာယ်ကို နားမလည်ဘဲ ထိတ်လန့်သွားကြသည်။
သို့သော် အောင့်ထျန်းနဲ့ သူ့အဖွဲ့ကတော့ အလွန်ပျော်ရွှင်သွားကြသည်။ ဒါပေမဲ့ ဆရာကြီးဟုန်ရစ်ရဲ့ မျက်နှာပေါ်က မကျေနပ်မှုက ဘာကို ဆိုလိုတာလဲတော့ သူတို့လည်း နားမလည်ကြချေ။
ဆရာကြီးကန်းဟိုင်က ရယ်မောပြီး ပြောလာခဲ့၏။
"ကမ္ဘာ့ရတနာကို ရတာက သူတို့ရဲ့ အခွင့်အရေးလည်း ဟုတ်တယ်လေ... ဒီ့ထက်ပိုပြီး အရည်အချင်းရှိဖို့က ပိုအရေးကြီးပေမယ့် အခွင့်အရေးက ပိုရှားပါးတယ်.. ဒါက ဒီကလေးတွေအတွက် အခွင့်အလမ်းပဲ ဒါကြောင့်မို့လို့ သဘာဝအတိုင်း ထည့်တွက်ရမှာပဲ"
ဆရာကြီးဟုန်ရစ်က ဆရာကြီးကန်းဟိုင်ဘက်သို့ ခေါင်းညိတ်ပြလိုက်သည်။ သူက ဆရာကြီးကန်းဟိုင်အပေါ် အလွန်လေးစားမှု ရှိနေတာတော့ ထင်ရှားလေသည်။
"မင်းတို့အားလုံးမှာ အရမ်းကောင်းတဲ့ အရည်အချင်းတွေ ရှိသလို အခြေခံအုတ်မြစ်က တော်တော်ခိုင်မာတယ်... မင်းတို့ အောင်မြင်ပြီးသွားပြီ။ ဒါပေမဲ့ တောင်တံခါးထဲကို တကယ်ဝင်ချင်တယ် ဆိုရင်တော့ စမ်းသပ်မှုတွေ အများကြီး ဖြတ်ကျော်ဖို့ လိုသေးတယ်"
"ဒါ့အပြင် ဒီတစ်ကြိမ် ဆန်းကြယ်ကောင်းကင်အိမ်တော်က တပည့်စုဆောင်းမှု အခြေအနေတွေကို ဖြေလျှော့ပေးထားတယ်... ဒီတစ်ကြိမ် မင်းတို့ရဲ့ ရှေးဟောင်းလျှပ်စီးကမ္ဘာက လူတွေ ပိုများလာပေမယ့် အရေးမကြီးပါဘူး။ ဒါတွေက တံဆိပ်ပြား ရှစ်ခုပဲ...လက်ခံထားလိုက်... နောက်သုံးနှစ်အတွင်း သက်ဆိုင်တဲ့ ရှာရမယ်.. ဒီတံဆိပ်ပြား၈ခုက မင်းတို့ လမ်းကြောင်းကို သဘာဝအတိုင်း ပြသလိမ့်မယ်... ငါးနှစ်အတွင်း ရောက်လာရမယ်... မဟုတ်ရင် မင်းတို့ဆန္ဒကို စွန့်လွှတ်လိုက်မှာပဲ နားလည်လား?"
လူငယ် ရှစ်ဦးစလုံးသည် ကျောက်စိမ်းတံဆိပ်ပြားများကို လက်ခံခဲ့ကြသည်။ အဆိုပါ သင်္ကေတသည် အလွန်သာမန်ဆန်ပြီး လက်ထဲ ဆုပ်ကိုင်ထားသည့်အခါ အလွန်ရိုးရှင်းသော အသွင်အပြင် တစ်ခုရှိနေသလို ခံစားရသည်။
သို့သော် သက်ဆိုင်ရာ တံဆိပ်ပြားတွေရဲ့ အနေအထားကို သိသာထင်ရှားစွာ ညွှန်ပြသည့် မြှားတစ်စင်းက တံဆိပ်ပြားပေါ်မှာ ရှိနေကာ လူရှစ်ဦးစီ၏ တံဆိပ်ပြားများသည် လုံးဝကွဲပြားသော လမ်းကြောင်းများကို ညွှန်ပြနေသည်။
ဆိုလိုသည်မှာ သူတို့သည် သူတို့ကိုယ်တိုင် နောက်တစ်လမ်းကို လျှောက်ရန် လိုအပ်ပြီး အခက်အခဲများစွာကို တစ်ဦးစီအတွက် စမ်းသပ်မှု တစ်ခုအဖြစ် စီစဉ်ပေးထားတာ ဖြစ်သည်။
နတ်မီးနယ်ပယ်က ဆရာနှစ်ယောက် စကားပြောပြီးတဲ့အခါ သူတို့က တိုက်ရိုက်ပဲ ထွက်ခွာသွားပြီး ဒီမှာနေဖို့ အရိပ်အမြွက်တောင် မပြခဲ့ပေ။
နတ်မီးနယ်ပယ်က အရှင်နှစ်ဦး ထွက်ခွာသွားတာကို ကြည့်ပြီး အောင့်ထျန်းက သက်ပြင်းတစ်ချက် ချလိုက်လေသည်။ မထိန်းနိုင်ဘဲ သက်သာရာရသွားတဲ့ အမူအရာကို ပြသလာခဲ့သည်။
ဆရာကြီးကန်းဟိုင်ရဲ့ ခွန်အားက သူ့ကို အလွန်အမင်း အံ့သြသွားစေသည်။ သူတို့ အောင့်မိသားစုရဲ့ နတ်မီးနယ်ပယ် လူသုံးယောက် ပူးပေါင်း လိုက်ရင်တောင် သူတို့ဟာ ထိုလူတစ်ဦးတည်းရဲ့ ရန်ဘက် မဖြစ်နိုင်ဘူးလို့ သူ့ရင်ထဲမှာ မရေရာတဲ့ ခံစားချက်တစ်ခု ရှိနေခဲ့သည်။
"ဘယ်လိုခံစားရလဲ?"
အောင့်ထျန်းက လူရှစ်ယောက်ကို အရိပ်အမြွက်ကြည့်ကာ မေးလိုက်သည်။
ထိုနေရာသည် ဘယ်သူမှ ဝင်မ၀င်နိုင်သော မြင့်မြတ်ပြီး ထူးခြားသော အဆင့်အတန်း ရှိသည့် ဆန်းကြယ်ကောင်းကင်အိမ်တော် ဖြစ်သည်။ သူမေးထားတဲ့ အချက်အလက်တွေအရ ယေဘုယျအားဖြင့် ပြောရရင် ဝမ့်ကျစ်ကမ္ဘာမှာတော့ သူတို့ဆီမှာ လူသုံးယောက်အတွက် ခွဲတမ်းဆိုတာပင် ရှိနိုင်တာ မဟုတ်ပေ။
ရှေးဟောင်းလျှပ်စီးကမ္ဘာ ဆိုရင် အဲဒီလူတွေက အလေးအနက် ထားခဲ့ကြတာ မဟုတ်ပေ။ ယခု ခွဲတမ်းကို ၈ခုကို တိုက်ရိုက်ပေး၍ ခွဲတမ်းကို ဖြေလျှော့ခဲ့တာက ရည်ရွယ်ချက်တစ်ခု ရှိကောင်းရှိနိုင်သော်လည်း ဤတံဆိပ်ပြား ၈ခုသည် သူတို့ရဲ့မျက်လုံးထဲကို တရားဝင် မဝင်ဆံ့နိုင်တာတော့ ထင်ရှားပါသည်။
"တော်တော် အစွမ်းထက်တယ်"
လုရွှမ်က အသက်ပြင်းပြင်းရှူပြီး လေးနက်စွာ ပြောလိုက်သည်။