← Chapters

လက်ရှိနှစ်တွက်ချက်မှု

Vol. 66 Ch. 4.503

လက်ရှိနှစ်တွက်ချက်မှု

Vol. 66 Ch. 4.503

ဆရာကြီးကန်းဟိုင်ရဲ့ အရှိန်အဝါကတော့ တကယ့်ကို ကျယ်ပြောလှတဲ့ သမုဒ္ဒရာကြီး တစ်စင်းလိုပင်။ ဆရာကြီးဟုန်ရစ်က လုံလောက်တဲ့ နယ်မြေမရှိဘူးလို့ ထင်ရပေမယ့် လုရွှမ်ကတော့ ဆရာကြီးဟုန်ရစ်ကို လျှော့တွက်ဝံ့သူတိုင်း သေရမှာ သေချာတယ်ဆိုတာ သဘောပေါက်လေသည်။

အဲဒီလူက ယွမ်ယန်ကျင့်စဥ်ကို သိနေတာများလား?

မဖြစ်နိုင်ပါဘူး။ အဲဒီလူမှာ ဒီလိုပြင်းထန်ပြီး အပြုသဘောဆောင်တဲ့ ခံစားချက်မျိုး မရှိဘူး။

ဆရာကြီးဟုန်ရစ်၏ ရောင်ဝါသည် တောက်လောင်နေသော အပူရှိန် ပါဝင်သော်လည်း ၎င်းသည် မသန့်ရှင်းပေ။ သူ့အရှိန်အဝါက ယွမ်ယန်ကျင့်စဥ်လောက်တော့ မကောင်းပေ။

အဲဒီလူက ကောင်းကင်မီး​​တောက်နဲ့ ပတ်သက်တဲ့ ကျင့်စဥ်တစ်ခုများ ဖြစ်နေမလား။ ဟုတ်တယ်၊ ဆရာကြီးဟုန်ရစ်ဆီကနေ ကောင်းကင်မီးတောက်ရဲ့ အငွေ့အသက်တွေကို ခံစားမိခဲ့တာပဲ။ သူရင်းနှီး​​နေတယ်လို့ ခံစားရ​နေတာ အံ့သြစရာ မရှိပါဘူး။

"လုရွှမ် လုရွှမ်!"

လုရွှမ် သူ့အနားက အောင့်ယွဲ့ လှုပ်နှိုးလိုက်ခါမှ သတိပြန်ဝင်လာခဲ့သည်။

"မင်းဘာတွေတွေးနေတာလဲ"

လိရှောင်းက စိတ်လှုပ်ရှားမှုအပြည့်နဲ့ အော်လိုက်သည်။ လုရွှမ် ပြုံးလိုက်ပြီး

"ငါတွေးနေတာ... ဆန်းကြယ်ကောင်းကင်အိမ်တော်က ​​ဘာလို့ ဒီလိုအချိန်မျိုးမှာ ပေါ်လာတာလဲ? ဒါက တိုက်ဆိုင်မှု တစ်ခုပဲလားလို့လေ"

လူတိုင်း တိတ်ဆိတ်နေခဲ့သည်။ ဆန်းကြယ်ကောင်းကင်အိမ်တော်က လွန်ကဲသော အဆင့်အတန်း ရှိသော်လည်း ၎င်းကို ဆွဲဆောင်နိုင်တဲ့ အရာက မန်ဟွမ်နတ်ဘုရား မျှော်စင်ပဲရှိသည်။ ဘယ်သူမဆို ကမ္ဘာ့ရတနာ တစ်ခုရဲ့ သွေးဆောင်မှုကို ခံရမှာပဲလေ။

"သူတို့လည်း ဝင်လာမယ်ဆိုရင် ကြောက်စရာကောင်းသွားပြီ မဟုတ်ဘူးလား?"

ရဟန်းလေး ရှန်ယီးရှောင်ဟဲလည်း အော်လိုက်သည်။ သူသည် ဆန်းကြယ်ကောင်းကင် အိမ်ကြီး၏ ဒဏ္ဍာရီကို နားထောင်ရင်း ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ ဆန်းကြယ်ကောင်းကင်အိမ်တော်ကို သူ အလွန်သဘောကျပြီး နောင်တွင်လည်း ထိုအိမ်တော်ထဲသို့ ဝင်ရောက်ရန်ပင် မျှော်လင့်ထားခဲ့သည်။

အချိန်ကြာလာတာနဲ့အမျှ ၎င်းကို သူတဖြည်းဖြည်း မေ့သွားသော်လည်း ယခုအခါ အခွင့်အရေးက ဒီအထိ ရောက်လာခဲ့၏။ လုရွှမ်ရဲ့ နှလုံးသည် ရုတ်တရက် တုန်လှုပ်သွားပြီး အောင့်မိသားစုရဲ့ အိမ်တော်သခင် အောင့်ထျန်းကို ကြည့်လိုက်ကာ

"ဦးလေးထျန်း... မကြာသေးခင်က ရှေးဟောင်း လျှပ်စီးမြို့တော်မှာ အပြောင်းအလဲတွေ ရှိခဲ့​သေးလား?"

အောင့်ထျန်းက ခဏလောက် စဉ်းစားလိုက်ကာ။

"အပြောင်းအလဲတွေက ဘာမှမရှိပါဘူး... နည်းနည်းလေးတော့ ကွာခြားသွားတာပေါ့ မကြာသေးခင်က လူငယ်တွေ ဒီကိုလာတာ ပိုပိုပြီးများလာပါတယ်"

လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ရှေးဟောင်း လျှပ်စီးမြို့တော်တွင် မဟာသူတော်စင်ကြီးများနှင့် သူတော်စင်များ တိုးများလာကြောင်း သတင်းခဲ့သည်။ သာမာန်အချိန်တွေမှာ ပုံမှန်ဖြစ်ပေမဲ့ ဒီအချိန်မှာ ပိုများလာတာက အနည်းငယ် ထည့်တွေးစရာ ဖြစ်လာခဲ့သည်။

ကောင်းကင်ဘုံသခင်တောင် ဒီနေရာက ငြိမ်းချမ်းတယ်လို့ မထင်တော့တဲ့ အချိန်မှာ တချို့သော ဂိုဏ်းဝင်မိသားစုများက ၎င်းတို့၏ သားစဉ်မြေးဆက်များကို ရှေးဟောင်းလျှပ်စီးမြို့သို့ တိတ်တဆိတ် စေလွှတ်ထားသည်။

ဒီလို အခြေအနေမျိုးတွင် မဟာသူတော်စင်ကြီးများနှင့် သူတော်စင်များပင် တိုးပွားများပြားလာခြင်းက အမှန်ပင် ထူးဆန်းသည့် အရာဖြစ်သည်။

လုရွှမ် စိတ်ထဲမှာ တွေးပြီး ရုတ်တရက် ပြောလိုက်တာက

"ဆန်းကြယ်ကောင်းကင်အိမ်တော်က ဒီနေရာက ကိစ္စတွေမှာတော့ ပါဝင်မှာ မဟုတ်ဘူး... ဒါပေမဲ့ သူတို့ဘက်က တစ်စုံတစ်ယောက်ရဲ့ လူငယ်တွေကတော့ ငါတို့လိုမျိုး လူငယ်တွေနေရာမှာ ပါဝင်လာလိမ့်မယ်"

ထိုစဥ် နတ်သမီးရှန်းရှဲ့က အလွန်လျင်မြန်စွာ တုံ့ပြန်လာ၏။

"အမ်...ဒါဆို ကျောက်စိမ်းတံဆိပ်ပြား ရထားတဲ့သူတွေလည်း ရှိတယ်ပေါ့ ...သူတို့ရဲ့ စမ်းသပ်မှုက မန်ဟွမ်နတ်ဘုရား မျှော်စင်လား?"

"ဆရာကြီးဟုန်ရစ်က တိယီးရဲ့ သေဆုံးမှုအကြောင်း ပြောခဲ့တာကို မှတ်မိသေးလား? တိယီးက စမ်းသပ်မှုကို စောင့်နေတဲ့ သူတွေထဲက တစ်ယောက် ဖြစ်နိုင်မလား မပြောတတ်ဘူး"

လူအနည်းငယ်သည် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးကြပြီး ယင်းကိစ္စကို ခွဲခြမ်းစိတ်ဖြာ ကြည့်ရာ မသေချာသော်လည်း ထိုအချက်က ဖြစ်နိုင်ကြောင်း အခြေခံအားဖြင့် အတည်ပြုခဲ့ကြသည်။

"အပြင်ကလူတွေရော သိ​နေမလားဘဲ"

"ဘယ်သူမှ ငတုံး မဟုတ်ဘူး... သူတို့လည်း သိပြီးသားဖြစ်မယ်"

"ဒါဆို သူတို့က အငယ်တန်းတွေ သိမ်းသွင်းပြီး မန်ဟွမ် နတ်ဘုရားမျှော်စင်ပေါ်ကို ပြန်ထိုင်ပြီး စောင့်ကြည့်နေကြတာလား?"

သူတို့ စကားပြောနေစဉ် အတွင်း လုရွှမ်သည် သူ့ရဲ့ကျောက်စိမ်း ဆက်သွယ်ရေး တံဆိပ်ပြားက လှုပ်ရှားသွားတာကို ခံစားလိုက်ရသည်။ ၎င်းသည် အကြာကြီး ပျောက်ဆုံးနေသော လူကြီးမင်းဟော်ရှန်းမှ ဆက်သွယ်လာခြင်း ဖြစ်လေ၏။

"ဦးလေးထျန်း...ရန်မြို့သခင် လူကြီးမင်းဟော်ရှန်း ရောက်လာပြီ!"

"အင်း ဒါဆို ငါကိုယ်တိုင် သီးသန့် သွားနှုတ်ဆက်လိုက်မယ်"

အောင့်ထျန်းက လူကြီးမင်းဟော်ရှန်း၏ ခွန်အားနှင့် အဆင့်အတန်းက မည်သို့ပင်ရှိစေကာမူ သူ့ကို ပုဂ္ဂိုလ်ရေးအရ ကြိုဆိုသင့်သည်ဟု ဆိုသည်။ ထို့အပြင် လူကြီးမင်းဟော်ရှန်းက သူသမီး၏ အသက်ကို ကယ်တင်ခဲ့ဖူးသူပင်။

လုရွှမ်နဲ့ သူ့အဖွဲ့လည်း ထွက်လာပြီး မကြာခင်မှာပဲ လူကြီးမင်းဟော်ရှန်းကို ကြိုဆိုခဲ့ကြသည်။ နှုတ်ဆက်ပြီးနောက် အားလုံး နေရာယူ၍ ထိုင်လိုက်ကြသည်။

"ချင်းရှန်း ထွက်ပြေးသွားပြီ... ဒါပေမဲ့ မန်ဟွမ်နတ်ဘုရား မျှော်စင်က မမွေးလာသေးဘူး ဆိုတဲ့ သတင်းစကားကိုတော့ သူပြောသွားသေးတယ်"

လူကြီးမင်းဟော်ရှန်းက အလျှော့မပေးဘဲ တိုက်ရိုက်ပဲ ပြောလာသည်။

အဘိုးကြီးချင်းရှန်း လွတ်သွားတယ်ဆိုတဲ့ သတင်းကို သိပြီးနောက်မှာ မန်ဟွမ်နတ်ဘုရား မျှော်စင် မမွေးဖွားလာသေးဘူး ဆိုတဲ့ ဒီသတင်းကလည်း တကယ်ကို အရေးကြီးတဲ့ ကိစ္စဖြစ်လို့ သူကိုယ်တိုင် ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ ဒီကို ရောက်လာခဲ့တာပဲ ဖြစ်ချေသည်။

ဤသတင်းသည် အောင့်မိသားစုအတွက် အလွန်အရေးကြီးပါ၏။ အောင့်ထျန်းမှာ အလွန်ပျော်နေသော်လည်း ၎င်းကို မယုံနိုင်ဘဲ သတင်းမှန်လား မှားလားဟု ဆက်မေး​နေသည်။

လူကြီးမင်းဟော်ရှန်းပ အမှားအယွင်း မရှိဟု အာမခံရန် သူ့ကိုယ်ပိုင် ယုံကြည်ကိုးစားမှုကို အသုံးပြုကာ ဆရာကြီးထန်းကျီး အကြောင်းကိုပါ အမြန်ပြောပြခဲ့သည်။

"ဒါဆိုရင်တော့ အဓိပ္ပာယ်ရှိတယ်"

လုရွှမ်က - "ဆန်းကြယ်ကောင်းကင်အိမ်တော်က လူတွေ အောင့်မိသားစုပေါ် တိုက်ခိုက်လာမှာလား ဆိုပြီး မေးစရာရှိတယ်... နောက်ဆုံးတော့ မန်ဟွမ်နတ်ဘုရားမျှော်စင်က အောင့်မိသားစုရဲ့ သင်္ချိုင်းနေရာ ဘိုးဘွားခန်းမမှာ ရှိနေတယ်ဆိုတာ အားလုံးသိပြီးသားလေ... မန်ဟွမ်နတ်ဘုရား မျှော်စင်ကို လိုချင်ရင် ​အောင့်မိသားစုကို သေချာပေါက် စိတ်ဆိုးအောင် လုပ်မိမှာတော့ သေချာတယ်"

"ဆန်းကြယ်ကောင်းကင်အိမ်တော်က လူတွေက တံခါးဝကို ပွင့်ပွင့်လင်းလင်း ရောက်လာပြီး တံဆိပ်ပြား၈ခုကို ပေးလာတယ်... အရင်က လျော်ကြေးတစ်ခုလို့ ငါလည်း ထင်ခဲ့တာ အခုတော့ မန်ဟွမ်နတ်ဘုရားမျှော်စင် မွေးဖွားလာမယ့် အချိန်ကို မရောက်သေးဘူးလို့ သူတို့ ခန့်မှန်းမိထားပုံရတယ်... တစ်ဖက်မှာ ငါတို့ကလည်း ဘယ်သူ့ကိုမှ မစော်ကားခဲ့ဘူးလေ "

လူငယ်တွေလည်း ဒီအချက်ကို တွေးမိသည်။

အောင့်ထျန်းလည်း သူ့စိတ်ထဲကနေသာ သက်ပြင်းချလိုက်သည်။ ဘယ်တော့မှ ဝန်မခံချင်တဲ့ အကြောင်းအရာကတော့ ဆန်းကြယ်ကောင်းကင်အိမ်တော်နဲ့ တိုက်မိရင် သေချာပေါက် ဘေးအန္တရာယ် ဖြစ်လာမှာကို အလွန်စိုးရိမ်နေတဲ့ အချက်ပါပဲ။

"ဦးလေးထျန်း... ကျွန်တော် သံသယဝင်​နေတုန်းပဲ... မန်ဟွမ်နတ်ဘုရား မျှော်စင် မမွေးလာ​သေးဘူး ဆိုတာလည်း သေချာနေတယ်... အနည်းဆုံးတော့ အခုလောလောဆယ် မဟုတ်သေးဘူးပေါ့... ဒါဆို ဘာလို့ ဒီကောလာဟလက အရင်ပေါ်လာတာလဲ??"

အောင့်ထျန်းက ခါးသက်စွာ ပြုံးလိုက်ပြီး

"ဒါက ကောလဟာလ မဟုတ်တဲ့ ပရောဖက်ပြုချက် ဖြစ်နေလို့ပေါ့ ဒါ့အပြင် မန်ဟွမ်နတ်ဘုရား မျှော်စင် မွေးဖွားလာတာက ကမ္ဘာမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို ဖြစ်ပေါ်စေလိမ့်မယ်... အရင်က ငါတို့ အောင့်မိသားစုရဲ့ ဘိုးဘွားဗိမာန်အထက် ကောင်းကင်မှာ မန်ဟွမ်နတ်ဘုရား မျှော်စင်လို အသွင်အပြင်နဲ့ အရာတစ်ခု ပေါ်ထွန်းခဲ့ဖူးတယ်... လူတချို့ရဲ့ တမင် လှည့်စားမှုကြောင့် မန်ဟွမ် ဘုရားမျှော်စင် မွေးဖွားတော့မယ် ဆိုတဲ့ ကောလဟာလတွေလည်း ပျံ့နှံ့သွားခဲ့တာ"

"အောင့်မိသားစုရဲ့ ဘိုးဘေးတွေမှာ အဲဒါကို ပြုပြင်ဖို့ နည်းလမ်း မရှိခဲ့ဘူးလား"

အစပိုင်းတွင် အောင့်မိသားစုသည် ဤနေရာကို ၎င်းတို့၏မိသားစုကို တည်ဆောက်ရန် အမှန်တကယ် ရွေးချယ်ခဲ့ပြီး ၎င်းတို့၏ ဘိုးဘွားဗိမာန်ကိုလည်း မန်ဟွမ်နတ်ဘုရားမျှော်စင်၏ ထိပ်တွင် ထားခဲ့သည်။

ဒါက ဘိုးဘွားတွေရဲ့ အနားယူရာ ခန်းမဖြစ်ကာ လွယ်လွယ်ကူကူ ထားလို့ရတဲ့ အရာတော့ မဟုတ်ချေ။ ဒီနေရာကို ရွေးချယ်ပြီးကတည်းက အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေကို စဉ်းစားထားပြီးသား ဖြစ်သလို အဖြေတစ်ခုလည်း ရှိထားသင့်သည်။

မဟုတ်ပါက အောင့်မိသားစုသည် ရှေးဟောင်း လျှပ်စီးကမ္ဘာတွင် မပျက်စီးသွားဘဲ နှစ်ပေါင်းများစွာ ရပ်တည်နေရန် မဖြစ်နိုင်ပေ။

အောင့်ထျန်းက ခါးသက်စွာ ထပ်ပြုံးလိုက်ပြီး

"အခုချိန်ရောက်လာမှတော့ တခြားသူတွေကို ငါပြောလို့ မရတာမရှိတော့ဘူး... အမှန်တော့ ငါတို့ဘိုးဘေးတွေက မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ ထိပ်မှာ သူတို့ရဲ့ ဘိုးဘွားဗိမာန်ကို တည်ဆောင်ခဲ့တာက မန်ဟွမ်နတ်ဘုရားမျှော်စင်ဆီက ကံကောင်းခြင်းတွေ ခိုးယူချင်ခဲ့လို့ပဲ... အဲဒါက နှစ် ၃၀၀၀၀ ကျော်အထိ အောင့်အိမ်တော်ကို ချမ်းသာကြွယ်ဝမှု​တွေ ဖန်တီးပေးခဲ့တယ်"

"ဒါပေမဲ့ ငါတို့ ဘိုးဘေးတွေက ကမ္ဘာကြီးရဲ့ ရတနာတွေကို ခိုးယူရတာ ဘယ်လောက်လွယ်လဲ ဆိုတာကို ဟိုးအရင်ကတည်းက တွေးခဲ့ဖူးတယ်... ဒီကောင်းချီးကြောင့် နောင်အနာဂတ်မှာ ခါးသီးတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို သေချာပေါက် ရင်ဆိုင်ရလိမ့်မယ် ဆိုတာလည်း သူတို့သိတယ်...ဒါကိုလည်း ငါတို့ဘိုးဘေးတွေက ဟိုးအရင်ကတည်းက စီစဉ်ခဲ့တာ။ အနာဂတ်မှာ ကပ်ဆိုးတွေ ရှင်သန်နိုင်ရင် သာလွန်တဲ့ နှစ်ထောင်ချီမှာလည်း ကောင်းချီး​တွေ ခံစားရမှာပဲ ဒါပေမဲ့ မရှင်သန်နိုင်ရင် တစ်မိသားစုလုံး ပြိုကွဲပြီး မိသားစုတွေလည်း ပျက်စီးသွားလိမ့်မယ်"

သူ့စကားအဆုံးမှာ သူ့အသံက နိမ့်ဆင်းသွားပြီး သူ့ရဲ့အမူအရာကလည်း အလွန် လေးနက်လာသည်။ သူ့မျက်လုံးများသည် ခန်းမအပြင်ဘက်ရှိ ရှည်လျားသော ကောင်းကင်ကြီးကို ကြည့်ပြီး စိုးရိမ်မှုအပြည့်နှင့် သက်ပြင်းချလိုက်သည်။

တခြား နတ်မီးနယ်ပယ်က အကြီးအကဲ နှစ်ဦးသည်လည်း မသိစိတ်မှ သက်ပြင်းချလိုက်ကြသည်။ ၎င်းတို့ ဘိုးဘေးများ၏ လုပ်ရပ်များက ကောင်းတာလား မကောင်းတာလားပင် မပြောတတ်တော့ချေ။

All Chapters