ဖြေရှင်းချက်
Vol. 66 Ch. 4.504
နောက်ဆုံးတွင် ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀၀ ကဖြစ်ပြီး မိသားစုတစ်စု နှစ်ပေါင်း ၃ သောင်းအထိ တည်တံ့နေဖို့ မထင်မှတ်လောက်အောင် ကြာမြင့်သော အချိန်ဖြစ်သည်။ တကယ်လို့သာ သူတို့သာဆိုရင်လည်း ဒီလိုပဲ ဆုံးဖြတ်ချက် ချမိလိမ့်မည်။
ထို့အပြင် ထိုအကြံအစည်ကို အောင်မြင်စေရန်အတွက် အောင့်မိသားစုသည် များစွာပေးဆပ်ခဲ့ရကြောင်း မျိုးရိုးစဉ်ဆက် မှတ်တမ်းတင်ထားသည်။ လက်ရှိဘေးဒုက္ခကတော့ သူတို့အတွက် ဖြစ်ပျက်နေပါပြီ။
"ဦးလေးထျန်း... အောင့်မိသားစုရဲ့ ဘိုးဘေးတွေက ဒီလို မှတ်တမ်းတွေ ချန်ထားခဲ့တယ် ဆိုတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်ရမယ့် နည်းလမ်းတချို့ကိုလည်း ချန်ထားခဲ့သင့်တယ် မဟုတ်လား?"
အောင့်ထျန်းရဲ့ မျက်လုံးများထဲ ချီးမွမ်းလိုက်တဲ့ အရိပ်အယောင်များ ထွက်ပေါ်လာသည်။ လုရွှမ်သည် အမှန်တကယ်ပင် ထူးကဲလှသည်။ သူ့တွင် တည်ငြိမ်သော စိတ်နှလုံးရှိပြီး ဉာဏ်ရည်ကလည်း ထက်မြတ်သည်။ ဤအခိုက်အတန့်တွင် တခြားလူများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃သောင်းကတည်းက ဖြစ်ခဲလသည့် ကြီးမားသော အစီအစဥ်ထဲတွင် အတွေးနဲ့ နှစ်မြှုပ်နေကြဆဲ ဖြစ်သော်လည်း လုရွှမ်သည် ထိန်းထိန်းသိမ်းသိမ်း လုပ်ရမယ့် နည်းလမ်းကို စဉ်းစားထားပြီးသား ဖြစ်သည်။
"ဟုတ်တယ် ငါတို့ဘိုးဘေးတွေက ကောင်းကင်ရဲ့အလိုကို ဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲပစ်တဲ့ နည်းလမ်းတွေကို နောက်လူတွေအတွက် ချန်ထားခဲ့တယ်... ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃ သောင်းလောက်ကတည်းက ငါတို့အောင့်မိသားစုက ရှာဖွေဖို့ ကြိုးစားခဲ့ပေမယ့် တိုးတက်မှု မရှိခဲ့ဘူး"
အောင့်ယွဲ့က ရုတ်တရက် ကြားဖြတ် ပြောလိုက်သည်။
"ဖေဖေ...မန်ဟွမ်နတ်ဘုရား မျှော်စင် တကယ် မမွေးဖွားတော့ဘူး ဆိုတာ သိရပြီဆိုမှတော့ ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်ကြရအောင်လား... သမီးတို့ အောင့်မိသားစုရဲ့ ခွန်အားကြောင့် ဒီလူတွေ အနည်းနဲ့အများတော့ နားထောင်ကြလိမ့်မယ်။ အချိန် ကြာလာတာနဲ့အမျှ လူတွေက သမီးတို့ အမှန်အတိုင်း ပြောနေတာကို တဖြည်းဖြည်း သိလာမှာပါ... မန်ဟွမ်နတ်ဘုရားမျှော်စင် မွေးဖွားလာတာက ဖုံးကွယ်မှုတစ်ခုပဲ ဖြစ်တယ် ဆိုတာကိုလည်း ယုံကြည်လာလိမ့်မယ်"
အောင့်ထျန်းက မပြုံးနိုင်ဘဲ ခေါင်းခါလိုက်သည်။ သမီးရဲ့စကားများက အတိုင်းအတာ တစ်ခုအထိ အဓိပ္ပါယ် ရှိသည်။ အင်အားတချို့၏ ခြိမ်းခြောက်မှုနှင့်အတူ အချိန်ကြာလာသည်နှင့်အမျှ တခြားသူများ၏ သံသယများကို ဖယ်ရှားပစ်နိုင်မှာ အမှန်ပင်။
ဒါပေမဲ့ သူတို့နည်းလမ်းက နည်းနည်း နုံအနေတုန်းပဲ။
မန်ဟွမ်နတ်ဘုရား မျှော်စင်သည် အမှန်တကယ်ပင် ထူးထူးခြားခြား ဖြစ်သော်လည်း လူများစွာက သူ့ကိုရယူရန် အသက်ပေါင်းများစွာ ပေးဆပ်ပြီး စတေးခဲ့ကြသည်။ အင်အားကြီး မိသားစုများက ငတုံးတွေ မဟုတ်တာကြောင့် ဆုံးရှုံးမှုများ အတွက် ပြန်လည်ရယူကြဦးမှာပင်။
ဒီလို အခြေအနေမျိုးမှာ ရှေးဟောင်းလျှပ်စီး ကမ္ဘာကြီး တစ်ခုလုံးက သူတို့ထက် ထိုပစ္စည်းကို ပိုသဘောကျကြသည်။ ယခု ရှေးဟောင်းလျှပ်စီးမြို့တွင် လူငယ်လူရွယ်သူများနှင့် ကောင်းကင်ဘုံသခင် များစွာ ရောက်ရှိလာသော်လည်း နတ်မီးနယ်ပယ်က သခင်များစွာတော့ မရောက်ရှိလာသေးပေ။
မန်ဟွမ်နတ်ဘုရားမျှော်စင်သည် အောင့်မိသားစုကို သတ်ပြီးသည်နှင့် ၎င်းကို ရရှိပါက ရှေးဟောင်း လျှပ်စီးမြို့တော်နဲ့ ကမ္ဘာကြီးကို ထိန်းချုပ်ရန် အကြောင်းပြချက် တစ်ခု ရရှိသွားပြီ။ ဝမ့်ကျစ်ကမ္ဘာက လူများဟာလည်း ဒီကိစ္စကို အလွန်ရှင်းလင်း ပြတ်သားစွာ ချိန်ဆနေပြီ ဖြစ်သည်။
"ဦးလေးထျန်း... ကောင်းကင်ရဲ့အလိုကို ဆန့်ကျင်ပြီး ကံကြမ္မာကို ဘယ်လို ပြောင်းလဲနိုင်မလဲဆိုတာ ကြည့်ခွင့်ပေးနိုင်မလား?"
လုရွှမ်က မေးလိုက်သည်။
အောင့်ထျန်းက သူ့လက်ဖဝါးကို ဝေ့ယမ်းကာ စာရွက်တစ်ရွက်ကို ထုတ်ပြလိုက်သည်။ ရွှေလည်းမဟုတ် ကျောက်စိမ်းလည်း မဟုတ်ချေ။ သို့သော် အဲဒီပေါ်က စကားလုံးလေးတွေက တန်းစီပြီး မန်ဟွမ်နတ်ဘုရားမျှော်စင်ကို ဆွဲဆောင်ဖို့ ပရမ်းပတာ မိုးကြိုးခေါင်းလောင်းကို သုံးနိုင်ကြောင်း ရေးထားသည်။
သေချာတာကတော့ အောင့်မိသားစုရဲ့ ဘိုးဘေးတွေက ဒါကို တွေးထားပြီးသား ဖြစ်တာကြောင့် မန်ဟွမ်နတ်ဘုရားမျှော်စင်ကို အဝေးသို့ ဆွဲဆောင်တာဟာ အကောင်းဆုံး ဖြေရှင်းမှုပဲ ဖြစ်မည်ဟု တွေးထားပုံပင်။ သို့သော် ပရမ်းပတာ မိုးကြိုးခေါင်းလောင်းက ဘယ်နေရာမှာ ရှိနေလဲဆိုတာ ဘယ်သူမှ မသိနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုဖြစ်နေသည်။
လုရွှမ်က စာရွက်ကို လူတိုင်းကို ပေးလိုက်ပြီး လူတိုင်းလည်း တစ်လုံးပြီး တစ်လုံး ဖတ်ပြီးတာနဲ့ အောင်ရှင်းက ရုတ်တရက် အော်ပြောလိုက်၏။
"မန်ဟွမ်နတ်ဘုရား မျှော်စင်ကို လှည့်စားချင်ရင် ပရမ်းပတာ မိုးကြိုးခေါင်းလောင်းကို သုံးဖို့လိုတယ် ဆိုရင် ဒြပ်စင်ငါးပါးနတ်ပုတီးစေ့ ဆိုရင်ရော မရဘူးလား?"
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ခန်းမတစ်ခုလုံး အံ့အားသင့်သွားကြသည်။
"ဒါပေမဲ့ ဒီစာရွက်က ပရမ်းပတာ မိုးကြိုးခေါင်းလောင်းကို သုံးတဲ့အကြောင်းပဲ ပြောထားတာမလား?"
နတ်မီးနယ်ပယ်မှ အကြီးတန်း တစ်ယောက်က အော်လိုက်သည်။ အောင့်ယွဲ့ရဲ့ မျက်လုံးများလည်း တောက်ပလာပြီး သူမသည် ဝမ်းသာအားရ အော်ပြောလိုက်သည်။
"ဘိုးဘေးဦးလေး...အဲဒီ လွန်ခဲ့တဲ့ နှစ်သုံးသောင်းက ဒြပ်စင်ငါးပါးနတ်ပုတီးစေ့က မမွေးသေးဘူးမလား?"
ဒါကိုပြောပြီးတာနဲ့ အားလုံးကလည်း တုံ့ပြန်သည့် အနေဖြင့် ခေါင်းညိတ်ကြ၏။
ပရမ်းပတာ မိုးကြိုးခေါင်းလောင်းကသာ မန်ဟွမ်နတ်ဘုရား မျှော်စင်ကို မောင်းထုတ်နိုင်တယ် ဆိုတာ အမှန်ပဲလား။ မဟုတ်သေးဘူး။ ပရမ်းပတာ ကမ္ဘာ့ရတနာတစ်ခုလည်း ဖြစ်တာကြောင့် မန်ဟွမ်နတ်ဘုရားမျှော်စင်ကို ဆွဲဆောင်နိုင်တဲ့ မှော်ဆန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်သည်။
ဒါဆို ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ကလည်း လောကရတနာ တစ်ခုလည်း ဖြစ်လေသည်။ ၎င်းသည် မန်ဟွမ် နတ်ဘုရားမျှော်စင်ကို မောင်းထုတ်နိုင်မယ့် အကျိုးသက်ရောက်မှုလည်း ရှိနိုင်တယ် မဟုတ်ပါလား။
"ငါတို့ စမ်းကြည့်လို့ ရတာပဲ!"
အောင့်ယွဲ့က လူတိုင်းကို အရိပ်အမြွက်နဲ့ ကြည့်နေလိုက်သည်။
"ဟုတ်တယ်!"
နတ်သမီးကျင်းဟုန်က ထောက်ခံစကား ဆိုလိုက်သလို အောင်ရှင်းကလည်း ဒီအကြံပြုချက်ကို သဘောတူဟန် ခေါင်းညိတ်လိုက်သည်။
သားသတ်သမားက ကန့်ကွက်လာခြင်း မရှိပေ။ လူတော်တော်များများက လုရွှမ်ကို ကြည့်နေပေမယ့် သူကတော့ ဘာထင်မြင်ချက်မှ မပြလာသေးဘဲ အောင့်ထျန်းဘက်ကို ကြည့်လိုက်ကာ။
"ငါတို့ အဲဒါကို စမ်းကြည့်လို့ရတယ်.. ဒါပေမဲ့ သေသေချာချာ ပြင်ဆင်ထားဖို့တော့ လိုတယ်"
အောင့်ထျန်းက ခေါင်းညိတ်ပြရင်း။
"လုရွှမ် ပြောတဲ့စကားက မှန်တယ်... အောင်မြင်နိုင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ လုပ်ပြီးတာနဲ့ ကောင်းကင်ဘုံက အပြစ်ပေးတာကို မလွှဲမရှောင်သာ ခံရမှာပဲ... အန္တရာယ်တွေ အများကြီးလည်း ပါ၀င်လာမှာ သေချာတယ်"
လူတိုင်းကလည်း ဒီအမှန်တရားကို သိကြပြီး၊း ပါ၀င်နိုင်သည့် အခက်အခဲများကို တွေးတောရင်း သူတို့၏ အပြောအဆိုများသည် လေးနက်လာသည်။
"ဒီကိစ္စက ရေရှည်စဉ်းစားဖို့ လိုတယ်!"
အောင့်ထျန်းက နောက်ဆုံးတော့ လေးနက်တဲ့ လေသံနဲ့ ပြောလိုက်ပေသည်။
အဲဒီညက အောင့်အိမ်တော်ထဲကို တစ်စုံတစ်ယောက် ၀င်ရောက် လာလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပါဘူး။
ညသည် လဆန်းပိုင်းကို ပတ်ဝန်းကျင်ကို ကောင်းကောင်း မမြင်ရသလို တိမ်မည်းများကလည်း ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားကာ ညသန်းခေါင်ရောက့တော့ မိုးခြိမ်းသံနှင့် မိုးသည်းထန်စွာ ရွာသွန်းလာတော့သည်။
ရှေးဟောင်း လျှပ်စီးမြို့တော်သည် ကျင့်ကြံသူများနှင့် ပြည့်နေပြီး ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ အရေးမကြီးတော့ချေ။ သို့သော် ယေဘူယျအားဖြင့် ကျင့်ကြံသူများသည် ၎င်းတို့၏ စွမ်းအင်ကို ပြန်လည် သန်စွမ်းစေရန်နှင့် ညဘက်တွင် အနားယူရန် ရွေးချယ်ကြဆဲ ဖြစ်သည်။
လုရွှမ်ရဲ့ အခန်းတွင်တော့ လွန်ခဲ့သည့်လကတည်းက လိရှောင်းနဲ့ ရှန်ယီးရှောင်ဟဲတို့က အတူ လာအိပ်ကြသည်။ နှစ်ယောက်စလုံးက မာနကြီးပြီး မောက်မာသူတွေ ဖြစ်ကြတာကြောင့် ထူဖူးနဲ့ အောင့်ယွဲ့တို့ကိုမြင်တဲ့ လုံးဝ ဖယ်ထုတ်ပြီး သူတို့ရဲ့ ခွန်အားကို မြှင့်တင်ဖို့သာ အကောင်းဆုံး ကြိုးစားနေတော့သည်။
အကောင်းဆုံး နည်းလမ်းမှာ လုရွှမ်ထံမှ သင်ယူရန်သာ ဖြစ်သည်။
သူတို့နှစ်ဦးသည် နတ်သမီးကျင်းဟုန် နှင့် အောင်ရှင်းတို့ တိယီးကို ဆန့်ကျင်ခဲ့သည့် ထိုတိုက်ပွဲကို ခွဲခြမ်းစိတ်ဖြာကြည့်ရင်း လေ့ကျင့်နေကြသည်။ ထိုအခိုက် လုရွှမ်ရဲ့ နားရွက်များ လှုပ်သွားပြီး တိုးတိုးလေး ဆိုလိုက်သည်။
"မင်း တစ်ခုခု မူမမှန်တာကို ခံစားမိလား?"
နှစ်ယောက်သား ခေါင်းကို အထပ်ထပ် အခါခါယမ်းကြပြီး ရုတ်တရက် ရှန်ယီးရှောင်ဟဲက ဆိုလာသည်။
"တစ်ခုခု မူမမှန်ဘူးလို့ ပြောရရင် ဒီည မိုးကြိုးပစ်ချမှာကိုပဲ ထောက်ပြစရာ ရှိတယ်"
လုရွှမ်ရဲ့ မျက်လုံးများ တောက်ပသွားသည်။
"ဟုတ်တယ်... ဒီညက မိုးကြိုးမုန်တိုင်းပဲ ငါ အမြဲတမ်း တစ်ခုခု မှားနေတယ်လို့ ခံစားမိပေမယ့် ဘာမှားနေမှန်း မသိခဲ့ဘူး... ဒီမိုးကြိုးမုန်တိုင်းမှာ ပြဿနာရှိနေတာပဲ"
ရှန်ယီးရှောင်ဟဲနဲ့ လိရှောင်းက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ညီညီညာညာ မေးလာ၏။
"ဘယ်လိုမျိုးလဲ?"
လုရွှမ် တံခါးကို တွန်းဖွင့်လိုက်ပြီး တံခါးဝမှာ ရပ်လိုက်ပြီး ကောင်းကင်က မိုးခြိမ်းသံနဲ့ လျှပ်စီးကြောင်းတွေကို ကြည့်ကာ ခပ်တိုးတိုးလေး ထပ်ဆိုလိုက်သည်။
"မိုးရေထဲမှာ ဝိညာဉ်စွမ်းအင်တွေ ပါလာတယ်"
လိရှောင်းက ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ထုတ်ယူပြီး အောင်ရှင်းတို့ကို ဆက်သွယ်လိုက်ရာ မကြာခင်မှာပဲ အောင်ရှင်းတို့လည်း ပြေးထွက်လာကြသည်။
"မိုးကြိုးမှာ ပြဿနာရှိနေတာလား?"
"သွားကြည့်ရအောင်!"
တစ်ယောက်ယောက် တကယ် ရောက်လာရင် ပစ်မှတ်က ဘယ်မှာလဲ ဆိုတာ တန်းသိပြီ။ ၎င်းသည် သဘာဝကျကျ အောင့်မိသားစု၏ ဘိုးဘွားခန်းမ ဖြစ်သော မန်ဟွမ်နတ်ဘုရားမျှော်စင် တည်ရှိရာနေရာပဲ ဖြစ်သည်။
"အောင့်ယွဲ့ မင်းအဖေဘက်မှာ ဘယ်လိုနေလဲ"
မိုးရေမှာ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရတဲ့အတွက် လုရွှမ်လည်း အောင့်ယွဲ့အား လူကြီးတွေကို ဆက်သွယ်ခိုင်းလိုက်တာ ဖြစ်သည်။ နောက်ဆုံးတော့ ဘိုးဘွားတွေရဲ့ ဘုရားကျောင်း တစ်ခုဖြစ်ပေမယ့် အပြင်လူတွေက စိတ်ကြိုက်ဝင်လို့ ရလေသည်။
အောင့်ယွဲ့က သူ့မျက်နှာမှာ ထူးဆန်းတဲ့ အကြည့်နဲ့ ပြောလာ၏။
"အဖေက အရာအားလုံးက ငါတို့အတွက်ပဲလို့ ပြောလိုက်တယ်"
လူငယ်တွေလည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ရင်း မျက်လုံးတွေက တောက်ပလာကြသည်။ အကြီးအကဲအားလုံးက အလွန် ထက်မြက်တဲ့ လူတွေပင်။ ဒီထူးဆန်းတဲ့ အရာတွေကို သူတို့ဆီကနေ ဖုံးကွယ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
နတ်သမီးရှန်းရှဲ့က ပြုံးလိုက်ပြီး
"ကြည့်ရတာ ဆန်းကြယ်ကောင်းကင်အိမ်တော်က လှုပ်ရှားလာပြီ ထင်တယ်"
"ဒါဆို ဦးလေးအောင့်ထျန်းနဲ့ တခြားသူတွေက ဝင်လှုပ်ရှားလို့ မရဘူး... အဲဒီလူတွေကို တားချင်ရင် ငါတို့ အရည်အချင်းကိုပဲ အားကိုးရလိမ့်မယ်"
"ဒါဆို နောက်ကျသွားရင် အရိုက်ခံရတော့မှာပေါ့!"
လုရွှမ်က အေးစက်စွာ ပြောလိုက်သည်။