← Chapters

မိန်းကလေး

Vol. 66 Ch. 4.505

မိန်းကလေး

Vol. 66 Ch. 4.505

လူတိုင်း ဤစကားလုံးက ဘာကို ဆိုလိုတာလဲ ဆိုတာကို နားမလည်ကြသေးသောကြောင့် နတ်သမီးအောင့်ယွဲ့ကို လှည့်ကြည့်လိုက်ကြသည်။

အောင့်ယွဲ့က စကားမပြောလာဘဲ သူမမျက်နှာက တင်းမာနေပြီး မိုးကြိုး မုန်တိုင်းကြားတွင် သူမ မျက်နှာသည်လည်း ပို၍ ဖြူဖျော့လာသည်။

ဤအရာသည် ဆန်းကြယ်ကောင်းကင်အိမ်တော််သည် အောင့်မိသားစုအား စမ်းသပ်ရန် တမင်တကာ အသုံးပြုနေခြင်း ဖြစ်ပြီး သူတို့ကိုလည်း စမ်းသပ်နေတာ ဖြစ်သည်။ ကိုယ့်ရဲဘိုးဘွားဗိမာန်ကိုတောင် မကာကွယ်နိုင်ဘူးဆိုရင် နောင်မှာ ဆန်းကြယ်ကောင်းကင်အိမ်တော်ကို သွားရင်လည်း လှောင်ပြောင်စရာတွေ ဖြစ်လာလိမ့်မယ်။

"သွားရအောင်!"

လုရွှမ် လှမ်းတက်လာပြီး အောင့်ယွဲ့ရဲ့လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး မိုးကြိုးပစ်နေတဲ့ နေရာသို့ ထွက်ခွာသွားကြသည်။

အောင့်ယွဲ့၏ ဦးဆောင်မှု အောက်တွင် လူတိုင်းသည် မကြာမီတွင် အောင့်မိသားစု၏ ဘိုးဘွားခန်းမရှေ့သို့ ရောက်လာခဲ့ကြသည်။ ခန်းမ၏ အဝင်ဝထိပ်တွင် ဘိုးဘွားခန်းမ ဟူသော စာလုံးကြီးပါသော ကျောက်တံခါး လွတ်ကြီးတစ်ခု ရှိသည်။

ဘိုးဘွားခန်းမရဲ့ တံခါးဘေးမှာ ကောင်မလေးတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရသည်။ သူတို့တွေ ရောက်လာတာကို မြင်တော့ သူမနှုတ်ခမ်းတွေက တွန့်သွားပြီး

"နင်တို့တွေ အရမ်းနှေးမ​နေဘူးလား?"

“အမိတ္တဘ... ဒကာမလေးက ဘယ်သူလဲလို့ မေးလို့ရမလား?”

ရှန်ယီးရှောင်ဟဲက ပြုံးပြုံးလေးနဲ့ မေးလိုက်သည်။ လူငယ်တွေလည်း ရယ်မောလိုက်ကြလေ၏။

မမျှော်လင့်ဘဲ ကလေးမလေးက သူမလက်ကို ဝေ့ယမ်းလိုက်ပြီး

"ဘုန်းကြီး ဟန်ဆောင်နေစရာ မလိုဘူး... နင်ဘယ်သူလဲ ဆိုတာ ငါသိတယ်... ဒီမှာ ငါဘာလုပ်နေတယ် ဆိုတာ နင်​ရောသိလား? ငါနင်တို့ကို စောင့်နေတာ ကြာပြီ!! ဒါအောင့်မိသားစုရဲ့ ဘိုးဘွားခန်းမပဲ... ဒီကောင်မလေးက ဒီလောက်ထိ အလျင်စလို လုပ်မနေဘူး ... အဲ့တော့ နင်တို့ဒီကိုလာတာ ငါ့ကို နိုင်အောင်တိုက် နိုင်ရင် ငါဘာမှပြန်မပြောဘဲ သဘာဝကျကျ ပြန်ဆုတ်သွားမယ်... ဟမ့် ငါ့ကို မရိုက်နိုင်ရင်တော့ လွယ်ပါတယ်။ နင်တို့ရဲ့အကောင်းဆုံး လှုပ်ရှားမှု သိုင်းကွက်ကို ငါ့ဆီ လွှဲပေးလိုက်..."

လုရွှမ် မရယ်နိုင်ဘဲ မနေနိုင်လိုက်ပေ။ ဒီကလေးမလေးက အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒါပေမဲ့ တခြားလူတွေက လုရွှမ်လောက် စိတ်အေးလက်အေး မနေကြရဲဘူး။ အကြောင်းပြချက်က ရိုးရှင်းပါသည်။

ဆန်းကြယ်ကောင်းကင်အိမ်တော် အတွက် အရွေးခံမည့်သူသည် ထူးကဲသော အရည်အချင်း ရှိသူတွေချည်းပင်။ ထိုသို့သော လူများကြားတွင် ကျင့်​ကြံမှု အဆင့်မြင့်လေ၊ သန်မာအားကောင်းလေ ဖြစ်လိမ့်မည်။

အောင်ရှင်းက သူ့ထက်ငယ်တဲ့ ဒီကောင်မလေးကို စိတ်ဝင်တစား ကြည့်ရင်း

"ဟေး ငါ့နာမည်က အောင်ရှင်း... နင်နာမည်က ဘယ်လိုခေါ်လဲ"

ကလေးမလေးက မေးစေ့ကို မြင့်မြင့်ထားပြီး နှာခေါင်းပေါက်ကနေတဆင့် အောင်ရှင်းကို ကြည့်နေသည်။

"နင် ဒီကောင်မလေးရဲ့ နာမည်ကို သိချင်ရင် ငါ့ကိုအရင် အနိုင်ယူရမယ်"

"ပြီးမှ မရှက်သွားနဲ့!"

ပြောလိုက်​​ပြီးသည်နှင့် သူမ ခြေထောက်များကို လေပေါ် တင်လိုက်ကာ အစိမ်းရောင် လေလှိုင်းကလေး လှုပ်ခတ်သွားကာ လေဟုန်စီးလျက် ကလေးမလေးဆီသို့ အမြန် ပြေးသွားခဲ့သည်။

"လေပြင်းနိယာမလား? အိုး နင်လေပြင်းနိယာမကို သိနေမယ်လို့ ငါမမျှော်လင့်ထားဘူး... ကောင်းပြီ ငါ့ကို တိုက်ဖို့ အရည်အချင်း ပြည့်မီတယ်"

ကလေးမလေးက ဂုဏ်ယူစွာ အော်လိုက်သည်။ သူမကလည်း ခြေထောက်တွေ လှုပ်ရှားလိုက်ကာ စိမ်းပြာရောင် အလင်းတန်းတွေ လင်းလာပြီး သူ့အရှိန်က အောင်ရှင်းထက်တောင် ပိုမြန်လေသည်။

အောင်ရှင်းသည် မီးတောက်နိယာမကို နားလည်ရန် အလွန်နှေးကွေးသော်လည်း လေပြင်းနိယာမကတော့ သူမအတွက် အလိုလို လျင်မြန်စွာ လေ့ကျင့်ခဲ့ပြီး ယခု တတိယမြောက် အဆင့်သို့ပင် ရောက်ရှိသွားခဲ့​ပြီ။

ကလေးမလေးကို ကြည့်လိုက်တော့ လေပြင်းနိယာမ အပေါ် သူမရဲ့ နားလည်မှုက အောင်ရှင်းထက်ပင် မြင့်မားနေတာ တွေ့ရသည်။

နှစ်ယောက်သား လေထုထဲတွင် လျင်မြန်စွာ ဖြတ်သွားကြသည်။ ကလေးမလေးက လက်ဖဝါးကို လှည့်ကာ လေထဲတွင် ဓားတစ်ချောင်းကို ဖန်တီး၍ အောင်ရှင်းဆီသို့ လှမ်းပစ်လိုက်သည်။

စိမ်းပြာရောင် အလင်းတန်းသည် ညအခါ၌ ထွန်းလင်းနေသော လခြမ်းကဲ့သို့ ကြီးကျယ်ခမ်းနားသော ​ရောင်ဝါဖြင့် ပေါ်ထွက်လာသည်။ မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း သူတို့နှစ်ယောက် လေထုထဲကနေ လုံးဝ မကျဆင်းလာပေ။

အောင်ရှင်း လန့်သွားပြီး လေဓားတစ်စင်း အမြန်ထုတ်ကာ ထိုးလိုက်ပေမယ့် လေဓားရဲ့ အရွယ်အစားနဲ့ အမြန်နှုန်းအရတော့ သိသိသာသာ အားနည်းသွားခဲ့သည်။။

လေဓားသည် အောင်ရှင်းရဲ့ လေအားကိုထိမှန်ပြီးနောက် အောင်ရှင်းဆီသို့ ဆက်လက် ရွေ့လျားလာသည်။

"တော်လိုက်တာ!"

လူတိုင်းက တိတ်တဆိတ် ညည်းညူလိုက်ကြသည်။ ကျွမ်းကျင်သူများက သူတို့ကို အနိုင်ယူပြီးတာနဲ့ သူတို့နေရာကို ဝင်ယူလိုက်မှာပဲ ဖြစ်လေသည်။

လေဓားထွက်လာတာနဲ့ ဒီကလေးမလေးဟာ အစွမ်းထက်နေတာကို တွေ့လိုက်ရပါပြီ။ သူမက တိယီးလောက် မတော်ဘူး ဆိုရင်တောင် နတ်သမီးကျင်းဟုန် ဒါမှမဟုတ် အောင်ရှင်းထက်တော့ ပိုအားကောင်းနေပါသေးသည်။

လိရှောင်းရဲ့ မျက်နှာမှာ ကြက်သွေးရောင် သန်းလာတော့သည်။ လူတိုင်းကြားတွင် သူနဲ့ ရှန်ယီးရှောင်ဟဲက အညံ့ဆုံးဖြစ်သည်။ မထင်မှတ်ပဲ ကောင်မလေးတစ်ယောက် ထွက်လာပြီး သူတို့ထက် ပိုသန်မာနေခဲ့ပြန်၏။

တိယီးသည် ဆန်းကြယ်ကောင်းကင်အိမ်တော် ကိုယ်စားလှယ်လောင်းများ ကြားတွင် လူသိများသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း မသိခဲ့ကြသော်လည်း နတ်သမီးကျင်းဟုန် နှင့် အောင်ရှင်းတို့ဆီက အသတ်ခံခဲ့ရသည်။

မိန်းကလေး နှစ်ယောက် အတူတူ ပူးပေါင်းခဲ့ပေမယ့် အဲဒီတိုက်ပွဲကို မြင်ဖူးသူတိုင်း တိယီးမှာ လက်ပြန်တိုက်နိုင်တဲ့ စွမ်းအား လုံးဝ မရှိတာကို ရှင်းရှင်းလင်းလင်း သိနိုင်ပါ၏။ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ လုံးဝ အသက်ရှူကျပ်စေပြီး မိန်းကလေးနှစ်ယောက် ယှဉ်မပြိုင်ကြသော်လည်း သူမတို့သည် အနည်းဆုံး တိယီးရဲ့ ၇၀%​လောက် အစွမ်းထက်ကြ​သေးသည်။

ထိုသို့သော အင်အားသည် ကိုယ်စားလှယ်လောင်းများ ကြားတွင် ပျမ်းမျှသာ ဖြစ်​ပေသည်။

တစ်ချိန်တည်းမှာ ဒီလိုလူ ရှစ်ယောက်ရှိလာခဲ့ပြီး သူတို့ဟာ ရှေးဟောင်းလျှပ်စီးကမ္ဘာလို ကမ္ဘာငယ်လေး တစ်ခုမှာ ရှိနေခဲ့သည်။ ထုံးစံအတိုင်း ကိုယ်စားလှယ်လောင်းတွေရဲ့ ဒေါသကို နှိုးဆွမိသွားပြီး သူတို့အားလုံးက သူတို့ကိုယ်တိုင်လည်း ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သိအောင် အော်ဟစ် ကြွေးကြော်လာခဲ့ကြသည်။

အောင်ရှင်း လန့်သွားပြီး နောက်တစ်ကြိမ် သတိမ​ပေါ့​ရဲတော့ဘဲ တိုးတိုးလေး ဟစ်အော်လိုက်ပြီး အစိမ်းရောင် လှံတစ်စင်း သူမဘေးမှာ ပေါ်လာခဲ့သည်။

သူမသည် လုရွှမ်နှင့် တူညီသော လမ်းကြောင်းပေါ်တွင် ရှိသည်။ လေဓားသည် အစွမ်းထက်သော်လည်း သူမလည်း စွမ်းအင်ကို ပုံသဏ္ဌာန်အဖြစ် စုစည်းကာ လှံအဖြစ်သို့ပြောင်းရန် အလွန်ချောမွေ့သည်။

ပြီးတော့ စွမ်းအင်ကလည်း သာမာန်လေဓားတွေထက် မနိမ့်ချေ။

အစိမ်း​ရောင်​လှံ ထွက်လာသည်နှင့် တပြိုင်နက် ကျယ်လောင်သော လေသံဖြင့် ဖြတ်သွားကာ လေဓားကို တိုက်ရိုက် ဖြိုခွင်း၍ လေဓားကို ကွဲကြေစေကာ ကလေးမလေးဆီသို့ ပြေးထိုးလိုက်လေသည်။

အောင်ရှင်းက လှံတစ်ချောင်းကို တီထွင်နိုင်စွမ်း ရှိမယ်လို့ မမျှော်လင့်ထားရာ ကလေးမလေးလည်း အံ့သြတကြီး ဖြစ်သွားသည်။ ပြီးတော့ ဒီလှံရဲ့ စွမ်းအားက သူမလေဓားထက် အများကြီး ပိုအားကောင်းတာ သေချာနေ၏။

သူမသည် သူမ၏ လက်ဖဝါးကို အသုံးပြုကာ လေလှံကို လက်ဗလာဖြင့် ဆုပ်ကိုင်နိုင်လောက်အောင် ရဲရင့်​ပေသည်။ တုန်လှုပ် ချောက်ချားစွာဖြင့် ကလေးမလေးသည် လှံကို အမှန်တကယ် ဖမ်းမိသွားခဲ့သည်။

ထို့နောက် သူမ လက်ကောက်ဝတ်ကို လှန်ကာ လက်ပြန်ဖြင့် ပြန်ပစ်လိုက်သည်။ အောင်ရှင်းလည်း နောက်ထပ် လှံတစ်ချောင်းကို အလျင်အမြန် ပစ်သွင်းလိုက်ပြီး လှံနှစ်ချောင်း ထိပ်တိုက်တွေ့ကာ ပျောက်ကွယ်သွားခဲ့သည်။

"မဆိုးဘူး... နင့်ရဲ့လက်စွမ်းက အရမ်းအစွမ်းထက်တယ် ဒါပေမယ့် အခုနက ငါလုပ်ခဲ့တာတွေက သဘာဝလွန်စွမ်းအားပဲ နင်ကငါ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး"

သဘာဝလွန်စွမ်းအား?

အောင်ရှင်း လုရွှမ်နဲ့ တခြားသူတွေကို ပြန်ကြည့်လိုက်သည်။ လုရွှမ်၊ အောင့်ယွဲ့နဲ့ တခြားသူတွေလည်း သူတို့ရဲ့ မျက်နှာပေါ်မှာ ရှုပ်ထွေးတဲ့ အမူအရာတွေနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြ၏။

သဘာဝကျကျ သူတို့သည် "သဘာဝလွန်စွမ်းအား" ဟူသော စကားလုံးနှင့် အလွန်ရင်းနှီးကြသော်လည်း ကလေးမလေး၏ စကားအရ ဤ "သဘာဝလွန်စွမ်းအား" သည် တိကျသောအသုံးအနှုန်း ဖြစ်ကြောင်း ထင်ရှားပါသည်။ ဒါပေမယ့် လေလှံကို နောက်ပြန်ခေါက်ဖို့ အသုံးပြုတဲ့ လှုပ်ရှားမှုကို သဘာဝလွန်စွမ်းအားလို့ ခေါ်မယ်ဆိုရင် တကယ့်ကို အထင်ကြီးစရာပါပဲ။

အောင်ရှင်းမှာ ကလေးမလေးက သူမကို ကဲ့ရဲ့လွန်းသည်ဟုထင်ကာ ဒေါသထွက်လာပြီး

"သဘာဝလွန်စွမ်းအား ဟုတ်လား? ကောင်းပြီ! နင်လည်း ငါ့ရဲ့ သဘာဝလွန်စွမ်းအားကို စမ်းကြည့်နိုင်တယ်"

သူမ၏ လက်ဖဝါးသည် ပြောင်းလဲသွားပြီး ပြာလဲ့လဲ့ တောက်ပနေသော နဂါး၏ခြေသည်းအဖြစ်သို့ ပြောင်းလဲသွားသလို သူမသည် ရေဒြပ်စင် နတ်ပုတီးစေ့ရဲ့ စွမ်းအားကိုလည်း အသုံးပြုခဲ့သည်။ သူမက ဟောက်သံနှင့်အတူ ကောင်မလေးကို လှမ်းဆွဲလိုက်သည်။

"နဂါးလက်သည်း?" ကောင်မလေးက အော်လိုက်သည်။

"နင့်ကို ပြောပါရစေ... နင့်ကိုမြင်ကတည်းက ဘာလို့များ လူသားကျင့်ကြံသူတွေနဲ့ မတူတဲ့ အသွင်အပြင်ကို ခံစားနေရပါလိမ့်လို့ စဥ်းစားနေတာ... လတ်စသတ်တော့ နင့်မှာ စိမ်းပြာနဂါးရဲ့ အရိပ်အာဝါသ ရှိနေတာကိုး"

သူမသည် ကြောက်ရွံ့မှု မရှိဘဲ စိတ်လှုပ်ရှားနေပြီး စူးစမ်းချင်စိတ် အပြည့်ရှိလာသည်။

သူမ၏ လက်ဖဝါးများ ပွင့်လန်းလာပြီး အစိမ်းရောင် လေပြင်းများသည် သူမ၏ လက်ဖဝါးတွင် စုရုံးကာ အောင်ရှင်း ပစ်လွှတ်လာသော နဂါးလက်သည်းဆီသို့ ဦးတည် ပြေးဝင်သွား​​တော့သည်။

ဝူး ဟူး၊

လေပြင်းတွေ တိုက်ခတ်သွားသည်။

အောင်ရှင်းရဲ့ ဆုပ်ကိုင်မှုက အချည်းနှီး ဖြစ်သွားသည်။ သူမသည် အလွန်လျင်မြန်စွာ တုံ့ပြန်ပြီး နောက်တစ်ကြိမ် လက်သည်းဖြင့် ဆုပ်ကိုင်လိုက်သည်။

သို့သော် ကလေးမလေးသည် အလွယ်တကူ ရှောင်တိမ်းနေဆဲဖြစ်ပြီး သူမ၏ နောက်ပြန်လှည့်မှုနှင့်အတူ အောင်ရှင်းရဲ့ ခန္ဓာကိုယ်ကိုပင် တုန်ခါသွား​စေခဲ့သည်။

All Chapters