လုံလောက်ပါတယ်
Vol. 66 Ch. 4.506
အောင်ရှင်း အံ့အားသင့်သွားသလို လုရွှမ်နဲ့ သူ့အဖွဲ့သည်လည်း အမျိုးသမီးနှစ်ဦး၏ ရန်ပွဲအား ကြည့်ရှုနေသည့် အတွက် အထူးပင် အံ့သြသွားခဲ့သည်။
"လုရွှမ်... အစောက ဒီကလေးမလေး လုပ်ခဲ့တာကို ရှင်းရှင်းလင်းလင်း မြင်လိုက်လား?"
အောင့်ယွဲ့က ခပ်မြန်မြန်လေး မေးလိုက်သည်။
လုရွှမ် သေချာပေါက် ဒါကို ရှင်းရှင်းလင်းလင်း မြင်လိုက်ပါသည်။ ကလေးမလေး ပထမဦးဆုံးအကြိမ် လှုပ်ရှားလိုက်တဲ့ အချိန်ကတည်းက သူသည် နေမင်းမျက်ဝန်းကို ဖွင့်ထားပြီးသား ဖြစ်လေသည်။ ကလေးမလေးရဲ့ လက်ဖဝါးက ခွန်အားပြောင်းလဲမှုကို သူရှင်းရှင်းလင်းလင်း မြင်ရပြီး သူမသည် အောင်ရှင်း၏ တိုက်ခိုက်မှုကို အမှန်တကယ် တန်ပြန် တိုက်ခိုက်နိုင်ခဲ့လေသည်။
သို့သော် ဒုတိယအကြိမ်တွင် အောင်ရှင်းက ရေဒြပ်စင် နတ်ပုတီးစေ့၏ ကာကွယ်မှုအောက်တွင် အလွန် အားကောင်းလာပြီး သူမရဲ့ လှုပ်ရှားမှုများက တိကျလှသည်။ ကလေးမလေးက ပြန်မတိုက်နိုင်လောက်သလို လုရွှမ်လည်း တိုက်ခိုက်မှုကို သူမ ပြန်မတိုက်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေပေမယ့် ရုတ်တရက် သူမရဲ့ ဦးတည်ချက်က ပြောင်းသွားခဲ့သည်။
ဒါက ကလေးမလေး ပြောခဲ့တဲ့ သဘာဝလွန်စွမ်းအား တစ်ခု ဖြစ်နိုင်သည်။
လုရွှမ် ခေါင်းညိတ်ပြီး သူမြင်ခဲ့တာကို ပြောပြလိုက်သည်။ ဒီလို အစွမ်းထက်တဲ့ နည်းလမ်းကို သဘာဝလွန်စွမ်းအားဟု ခေါ်တွင်နိုင်သည်။ ထိန်းချုပ်မှု မှန်ကန်သရွေ့ ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုများကို ပြန်လည် တိုက်ခိုက်နိုင်သည်။
လုရွှမ်ရဲ့ အသံက အကျယ်ကြီးမဟုတ်သော်လည်း အောင်ရှင်း ကြားလောက်အောင်တော့ ကျယ်ပေသည်။ တစ်ဖက်လူ လှုပ်ရှားသွားတဲ့ သိုင်းကွက်က သဘာဝလွန်စွမ်းအားနဲ့ ပတ်သက်တဲ့ မှော်ဆန်တဲ့အရာတစ်ခု ဖြစ်ကြောင်းကိုလည်း သူမ သတိပြုမိခဲ့သည်။
ဒါပေမဲ့ ဒါက သူမရဲ့ နှလုံးသားထဲမှာ ရက်စက်တဲ့ ခြေရာတွေကို နှိုးဆွပေးခဲ့သည်။ တိုက်ခိုက်မှုကို တန်ပြန်ဖို့ မဖြစ်နိုင်ဘူးလား။ ဒါဆို အဲဒီသဘာဝလွန် စွမ်းအားကို တကယ်ကို အစွမ်းထက်လားဆိုတာ ကြည့်ကြရအောင်။
ရေဒြပ်စင် နတ်ပုတီးစေ့၏ ငြိမ်သက်သော ခံစားချက်နှင့်အညီ သူမ၏ စိတ်သည်လည်း ငြိမ်သက်သွားသည်။ သူမဒန်တန်ထဲရှိ ရေဒြပ်စင် နတ်ပုတီးစေ့၏ ရေစွမ်းအားသည် ပျံ့နှံ့သွားပြီး သူမ၏ နဂါးခြေသည်းများနှင့် ချိတ်ဆက်သွားသည်။
စိမ်းပြာရောင် နဂါးကြီးတစ်ကောင်က တိမ်တွေကြား ရွေ့လျားနေပြီး မိုးရွာစေတဲ့ နဂါးအစစ်က တိမ်တိုက်တွေ ရွေ့လျားနေသလိုမျိုး သူ့လက်ဖဝါးမှာ လေညှင်းတွေ တဝဲလည်လည် ပြေးလွှားနေကာ စိမ်းပြာနဂါးကြီးရဲ့ အသံက ဟောက်ထွက်လာသည်။
နဂါးဟောက်သံနှင့်အတူ နဂါး၏လက်သည်းများက ကလေးမလေးကို ဖမ်းဆုပ်လိုက်ပြန်သည်။
ကလေးမလေး၏ မျက်လုံးများလည်း ရုတ်တရက် ပြူးကျယ်သွားသည်။ သူမ၏ စိတ်အားထက်သန်သော ဝိညာဉ်ရေး အသိစိတ်ဖြင့် ခံစားမိသလောက် အရှေ့မှ တိုက်ခိုက်လာတဲ့ ကြောက်မက်ဖွယ်ရာ တုန်လှုပ် ချောက်ချားဖွယ်ရာ စွမ်းအားကို မခံနိုင်ပေ။
ဒါက စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေတဲ့ စွမ်းအားတစ်မျိုး ဖြစ်ကာ၊ စိတ်စွမ်းအားကို နှိပ်စက်တဲ့ စွမ်းအားတစ်ခုလည်း ဖြစ်လေသည်။
တိယီးတစ်ယောက် ဘာကြောင့် ဒီလောက်အထိ ဘဝင်မြင့်ခဲ့ရသလဲ ဆိုတာ ချက်ချင်း သဘောပေါက်ပေမယ့် နောက်ဆုံးမှာတော့ မိန်းကလေး နှစ်ယောက်ဆီက သတ်ဖြတ်တာကို ခံလိုက်ရသေးသည်။
သူမ ဂရုမစိုက်ဘဲ မနေဝံ့ဘဲ လက်ဖဝါးနှစ်ဖက်ကို ပူးလိုက်သော် အစိမ်းရောင် စွမ်းအင်များက သူမ၏ လက်ဖဝါးများထဲ ပြည့်နှက်လာသည်။ လေဆင်နှာမောင်း နှစ်ခုသည် လက်ဖဝါးထဲမှ ထိုးထွက်လာကာ အောင်ရှင်းရဲ့ နဂါးခြေသည်းများဆီသို့ ဦးတည်သွားခဲ့သည်။
သူမမှာလည်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကြိုးစားပြီး အောင်ရှင်းရဲ့ တိုက်ကွက် အလှည့်အပြောင်းကို ပြန်ပြောင်းနိုင်စေချင်သည်။ မိန်းကလေးနှစ်ယောက်ရဲ့ လက်နှစ်ဖက်သည် အချင်းချင်း ရောယှက်ကာ ထိမိသွားသည်။
ဝုန်း!
လေဆင်နှာမောင်းက ပြင်းထန်သလို စိမ်းပြာနဂါးကလည်း ဂုဏ်ယူစွာ ဟိန်းဟောက်နေသည်။ ဝုန်းကနဲ ဟောက်သံနဲ့အတူ နှစ်ယောက်သား အပြန်အလှန် လွင့်သွားကြ၏။
အောင်ရှင်းရဲ့ လက်ဖဝါးများက သူမခါးပေါ်သို့ ခပ်ဖြည်းဖြည်းလေး ကျဆင်းသွားသည်။ ပြိုင်ဘက်သည် အားကောင်းလွန်းလှသည်။သူမ၏ နဂါးလက်သည်းများ အားကောင်းသော်လည်း သူမ၏ လက်ကောက်ဝတ်များက ခိုင်ခံ့မှု မရှိပေ။ စွမ်းအား တုံ့ပြန်မှုကို မပံ့ပိုးနိုင်ဘဲ လက်သည်းစွမ်းအားက ပြတ်တောက်သွားခဲ့သည်။
ကလေးမလေး၏ ခန္ဓာကိုယ်သည် တုန်ယင်နေပြီး သူမ၏ လက်ဖဝါးမှ သွေးများ ရွှဲနစ်နေသည်။ နဂါးလက်သည်းများက ထက်မြက်လွန်းလှသည်။ သူမ၏ သဘာဝလွန်စွမ်းအားကို အသုံးပြု၍ နဂါးလက်သည်းများ၏ အစွမ်းကို ရှောင်လွှဲချင်သော်လည်း မတတ်နိုင်ခဲ့ပေ။
သူမ လက်ဖဝါးပေါ်ရှိ သဘာဝလွန်စွမ်းအား၏ အပေါက်ငါးပေါက်ကို နဂါးလက်သည်းများက ဖမ်းမိခဲ့သည်။ နှစ်ယောက်သား လှည့်ကြည့်လိုက်ကာ ကလေးမလေးက ရုတ်တရက် ပြုံးလိုက်ပြီး
"အရမ်းကောင်းတယ်... မျှော်လင့်ထားသလိုပဲ ဒီတစ်ခါတော့ နင်ငါ့ကို ပိတ်ဆို့ထားနိုင်ခဲ့တာပဲ ငါ့နာမည်က ရှောင်းလင်ပါ နောက်မှ ပြန်ဆုံကြမယ်"
သူ့နာမည်ကို မိတ်ဆက်ပြီးနောက် ကလေးမလေးရဲ့ ခြေဖဝါးအောက်မှာ အစိမ်းရောင် လှိုင်းတွေ လှုပ်ခတ်သွားကာ မိုးရေထဲမှာပဲ ပျောက်ကွယ်သွားတော့သည်။
အောင်ရှင်းလည်း သူမရဲ့ ညာလက်မောင်းကို ဘယ်လက်ဖဝါးဖြင့် ဆုပ်ကိုင်လျက် နောက်ပြန်လှည့်ထွက်လာခဲ့သည်။ ထို့နောက် လက်ကောက်ဝတ်ကို အရွတ်အနည်းငယ်ဖြင့် ပြန်ကုသလိုက်သည်။ နတ်သမီးကျင်းဟုန်က အရှိန်အဟုန်ဖြင့် ရှေ့သို့ လှမ်းတက်လာကာ ကြွယ်ဝပြီး ဖြူစင်သော အသက်စွမ်းအင် စီးကြောင်းများကို ထည့်သွင်းလိုက်သည်။ သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် အောင်ရှင်းရဲ့ လက်ကောက်ဝတ်က မူလပုံစံသို့ ပြန်ရောက်သွားခဲ့သည်။
"ဒီကလေးမလေးက တကယ်ကို အစွမ်းထက်တယ်နော်... ဆန်းကြယ်ကောင်းကင်အိမ်တော်က လူတွေက အဲ့လောက်တောင် ဆိုးတာလား?"
အောင်ရှင်း ထိတ်လန့်တကြား အရိပ်အမြွက်ဖြင့် ပြောကာ သူမ၏ မျက်လုံးထဲတွင်လည်း ထိတ်လန့်နေကြောင်း ပြသနေသည်။
နှစ်ယောက်သား ပြိုင်ဆိုင်ခဲ့ကြသော်လည်း သရေ ဖြစ်သွားပုံရသည်။ သို့သော် အောင်ရှင်း ထိုမိန်းကလေးကို အခွင့်ကောင်း ယူခဲ့မိတာကို မိမိဘာသာ သိပါသည်။ သူမဟာ သူမရဲ့ ခွန်အား၊ နဂါးလက်သည်းတွေနဲ့ ရေဒြပ်စင် နတ်ပုတီးစေ့တွေကို အကုန်သုံးထားပြီးသား ဖြစ်ပေမယ့် ရှောင်းလင်ကတော့ လေပွေကိုပဲ အသုံးပြုပြီး တိုက်ခိုက်ဖို့လည်း သဘာဝလွန် အစွမ်းကိုပဲ အသုံးပြုခဲ့တာ ထင်ရှားပေ၏။
ဒါပေမဲ့ တစ်ချက်လှုပ်ပြီးရင် နှစ်ယောက်သား ကြိုးချည်ပြီး ဆက်တိုက်ခိုက် နေမယ်ဆိုရင် ကလေးမလေးမှာ တခြားနည်းလမ်းတွေ ရှိနေရင် သူမ ကလေးမလေးရဲ့ ပြိုင်ဘက်ဖြစ်လာမှာ မဟုတ်ပေ။
အခုကြည့်ရသလောက်တော့ ကလေးမလေးမှာ တခြားနည်းလမ်းတွေ ဘယ်လိုမှ မရှိနိုင်တာ ထင်ရှားပါ၏။
ရှန်ယီး၊ လိရှောင်းနဲ့ နတ်သမီးရှန်းရှဲ့တို့ရဲ့ မျက်နှာပေါ်တွင်လည်း လေးနက်သော အမူအရာများ ရှိနေသည်။ ထိုကလေးမလေးသည် အလွန် အစွမ်းထက်နေပြီ ဖြစ်သည်။ ဒီအတိုင်းဆို ဆန်းကြယ်ကောင်းကင်အိမ်တော်က ရွေးချယ်ထားတဲ့ လူတွေက ဘယ်လောက်တောင် ဆိုးရွားပြီး ကြောက်စရာ ကောင်းနေလိမ့်မလဲ။
သူတို့ သုံးယောက်မှာ ထူးကဲသော အရည်အချင်းများ ရှိကြသည်ဟု ကြွားဝါခဲ့ကြသော်လည်း ယခုအခါ တကယ့် ပါရမီရှင်များနှင့် နှိုင်းယှဉ်ကြည့်လျှင် နောက်ကျကျန်နေသေးကြောင်း တွေ့လိုက်ရသည်။
“ဖြောင်း ဖြောင်း!”
လက်ခုပ်သံတစ်ချက်က ကောင်းကင်ယံတွင် ရုတ်တရက် ထွက်ပေါ်လာရာ လူတိုင်းရဲ့ မျက်နှာပေါ်တွင်လည်း ထိတ်လန့်မှု အရိပ်အယောင်များ ထွက်လာကာ တစ်ပြိုင်တည်း မျှော်ကြည့်နေကြသည်။
အောင့်ယွဲ့လည်း လုရွှမ်ကို ပြန်ကြည့်လိုက်ရာ လုရွှမ်ရဲ့ မျက်နှာမှာလည်း အံ့အားသင့်သွားသည့် အရိပ်အယောင်ကို တွေ့လိုက်ရသည်။ ထိုလူကို သူ သတိမထားမိခဲ့ပုံရသည်။
"ဟုတ်တယ် အဲဒီမိန်းကလေး ရှောင်းလင်ကို ပိတ်ဆို့နိုင်ရင် ငါတို့ ဆန်းကြယ်ကောင်းကင်အိမ်တော်ထဲ ဝင်ဖို့ လုံလောက်တယ်... ဒါပေမဲ့ အောင့်မိသားစုရဲ့ ဘိုးဘွားခန်းမထဲမှာ အတိအကျ ဘာရှိလဲဆိုတာတော့ ငါကြည့်ချင်သေးတယ်... ဒီသခင်လေးကို ဘယ်သူက တားရဲလဲ!!"
သူပြောပြီးသည်နှင့် သူ့တစ်ကိုယ်လုံး ပြိုပျက်သွားပြီး ညမိုးရေထဲတွင် လုံးဝ ပုန်းကွယ်သွားခဲ့သည်။ အောင့်ယွဲ့လည်း တခြားလူတွေလည်း သူ့ကြည့်ငါ့ကြည့် ကြည့်နေပေမယ့် အဲဒီလူရဲ့ အသက်ရှူသံကို သူတို့ လုံးဝ မခံစားမိကြချေ။
"အား!"
ရုတ်တရက် လိရှောင်းရဲ့ ဘယ်ဘက်ဒူးကို တဝက်ခန့်အထိ ဒူးထောက်ချလိုက်ပြီး ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
"ငါ့ကို ခိုးပြီး တိုက်ခိုက်တဲ့လူက အရမ်းမြန်တယ်... အသက်ရှုမဝတော့ဘူး"
လိရှောင်း ပြောပြီးနောက် အသံတစ်သံက လေထဲမှ ထွက်ပေါ်လာ၏။ ၎င်းမှာ အစောက လူငယ်ရဲ့ အသံပဲဖြစ်သည်။
"မင်းရဲ့ ခွန်အားက အားနည်းလွန်းတယ်... မင်း မြန်မြန်သာ မတိုးတက်လညရင် ပထမအချီမှာတင် အထုတ်ခံရမှာ သေချာတယ်!"
လိရှောင်းရဲ့ မျက်နှာလည်း မည်းမှောင်သွားသည်။ သူ့စွမ်းအားသည် ယခု လူတိုင်းကြားတွင် အောက်ခြေရောက်နေကြောင်း သိသော်လည်း ယခု ဒီလူဆီကနေ တိုက်ရိုက် ဖော်ထုတ်ခံလိုက်ရတော့ သူ့နှလုံးသားမှာ နာကြည်းမှုများနှင့် ပြည့်နှက်လာခဲ့သည်။
လုရွှမ်က သူ့အနားမှာ ရှိနေခဲ့သည်။ သူ့စိတ်ထဲ နာကျင်နေချိန်မှာ လုရွှမ်က သူ့ပုခုံးပေါ်ကို ညင်သာစွာ ပွတ်သပ်ရင်း
"သူ့စကားကို နားမထောင်နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်ထား!"
လိရှောင်းလည်း ခေါင်းညိတ်လိုက်သည်။ ကံကောင်းစွာနဲ့ပဲ သူ မျက်လုံးတွေကို မှိတ်ထားပြီး သူ့ရင်ဘတ်အနှံ့ သွေးစွန်းနေပေမယ့် ဓားကိုတော့ ဆွဲကိုင်လိုက်သေးသည်။
ရန်သူကို မမြင်နိုင်သောကြောင့် မကြည့်နေတော့ဘဲ နားနဲ့ ဉာဏ်ကိုသုံးကာ တစ်ဖက်လူကို သတ်ပစ်ရန် ကြံရွယ်ထားခြင်း ဖြစ်ပေသည်။
လုရွှမ်သည် လေထုထဲသို့ စိုက်ကြည့်ရင်း သူ့ပတ်ဝန်းကျင်မှာ သည်းထန်စွာ ရွာနေသည့် မိုးကိုလည်း မျက်တောင်မခတ် စိုက်ကြည့်နေသည်။ နေမင်းမျက်ဝန်းသည် ခဏတာလောက် လှည့်စားခံလိုက်ရသလို ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ ဤမိုးရေသည် သေစေနိုင်တဲ့ အရာမဟုတ်သော်လည်း ဝိညာဉ်စွမ်းအင်များ ပါ၀င်နေတယ်လို့ ခံစားခဲ့ရသည်လေ။ အခုတော့ ၎င်းကို ပို၍ ရှင်းရှင်းလင်းလင်း ခံစားနိုင်ကာ မိုးရေထဲတွင် နားမလည်နိုင်သော ရောင်ဝါတစ်ခုလည်း ရှိနေသည်။
"ငါ့ရဲ့ ခန့်မှန်းချက်က မမှားဘူးဆိုရင် ဒီမိုးက မင်းလက်ချက် မဟုတ်လား"
လုရွှမ် ရုတ်တရက် ပြောလိုက်သည်။
"ဟုတ်တယ် ငါက ဒီမိုးရွာအောင် လုပ်ခဲ့တဲ့သူပဲ... ဘယ်လိုလဲ? မဆိုးဘူး ဟုတ်လား?" ဆိုတဲ့ အသံက မာနနဲ့ ကျေနပ်မှုအပြည့်နဲ့ ထပ်ပြီး ထွက်ပေါ်လာ၏။
လုရွှမ်က ခေါင်းညိတ်လိုက်ပြီး မိုးရေကို လက်တစ်ဆုပ်စာ ဖမ်းဖို့ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး တစ်ချက် မှုတ်ထုတ်လိုက်ကာ ပြုံးပြုံးလေးဖြင့် ပြောလိုက်သည်။
"မဆိုးဘူး... ငါခန့်မှန်းတာ မှန်မယ်ဆိုရင် မင်းရဲ့ဒီနည်းလမ်းက ရေဒြပ်စင် နတ်ပုတီးစေ့လို ရေထွက်စေတာပဲ... ဒါပေမဲ့ မင်းက ခြားနားတဲ့လမ်းကို လျှောက်ခဲ့တာ.... အံ့သြစရာပဲ ဒီနည်းလမ်းကို မင်းကိုယ်တိုင် ဖန်တီးခဲ့တာ မဟုတ်လား"
"ဟေး မင်းက စိတ်ဝင်စားဖို့ ကောင်းသားပဲ"