← Chapters

အဆုံးမဲ့စီးကြောင်း

Vol. 66 Ch. 4.508

အဆုံးမဲ့စီးကြောင်း

Vol. 66 Ch. 4.508

ရောက်လာတဲ့ ဧည့်သည်က အရမ်းထိတ်လန့်သွားပြီး အေးစက်စက် ချွေးတွေ စီးကျလာတော့သည်။ သူက ဒီလူတွေကို အနိုင်ကျင့်ဖို့ ဒီကို ရောက်နေပြီလို့ ထင်ပေမယ့် ဒီလို ရက်စက်တဲ့ အုပ်စုနဲ့ သွားကြုံမယ်လို့ မမျှော်လင့်ထားချေ။ ဒီလူတွေကို ဖမ်းပြီး မိုးကြိုးပစ်ချက်နဲ့ အကြိမ်ပေါင်းများစွာ ဒဏ်ခတ်ချင်တာတောင် တစ်ဖက်က တကယ်ကို သတိလက်လွတ်နဲ့ ဖြတ်ကျော်နေတုန်းပဲ။

"ဟေ့ကောင် ငါမင်းနဲ့မကစားတော့ဘူး"

ထိုလူကအော်ပြီး လှည့်ထွက်ပြေးသွားသည်။ သူပြေးသွားတဲ့ အမြန်နှုန်းက အလွန် လျင်မြန်ပြီး သားသတ်သမားရဲ့ အမြန်နှုန်းကတော့ ပျမ်းမျှသာ ဖြစ်သောကြောင့် ထိုလူကို ပျောက်ကွယ်သွားစေခဲ့သည်။

လိရှောင်းက အကျယ်ကြီး အော်ရယ်လိုက်သည်။ ပထမလူနှစ်ယောက်နှင့် နှိုင်းယှဥ်လိုက်သည် ယခုတစ်ကြိမ်တွင် တကယ် တစ်ဖက်လူကို ရိုက်ထုတ်နိုင်လိုက်တာကြောင့် သူတို့ရဲ့ ယုံကြည်မှုလည်း တိုးမြင့်လာခဲ့သည်။

တကယ်တမ်းပြောရရင် သူတို့ဟာ အနီးနားကမ္ဘာငယ်လေးရဲ့ ထိပ်တန်း ငါးယောက်ဖြစ်ပြီး မျိုးဆက်သစ် လူငယ်တွေကြားထဲမှာ အရည်အချင်း အရှိဆုံး လူငါးယောက်လည်း ဖြစ်လေ၏။ ဒါပေမဲ့ ကြုံရာလူတစ်ယောက် ရောက်လာပြီး သူတို့ထက်မနည်းတဲ့ အရည်အချင်းတွေ ရှိနေရင် ဒါမှမဟုတ် သူတို့ထက်တောင် အစွမ်းထက်တဲ့ သူဆိုရင်တောင် ထိုးနှက်ချက်နဲ့ ပြန်အနိုင်ယူဦးမှာပင်။

ယခု နောက်ဆုံးတွင် သူတို့သည် တစ်ဦးကို ထပ်အနိုင်ယူခဲ့ပြီမို့ လူတိုင်း သက်ပြင်းချနိုင်ခဲ့သည်။

လုရွှမ် ရုတ်တရက် လက်တစ်ဖက်ကို ဆန့်ထွက်လာပြီး လိရှောင်းနဲ့ ရှန်ယီးရှောင်ဟဲတို့ကို လှမ်းဆွဲကာ နောက်သို့ ဆုတ်ခိုင်းလိုက်သည်။

ဓားအလင်းတန်း နှစ်စင်းသည် သူတို့နှစ်ဦး ကြောင်တက်တက် ရပ်နေသည့် နေရာ၌ ပေါက်ကွဲ ထွက်လာ၏။ လုရွှမ်သာ ဒါကို မသိလိုက်ပါက သူတို့နှစ်ဦးစလုံး မသေလျှင်ပင် ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မည်။

"ဘယ်သူလဲ? ထွက်လာခဲ့!"

လိရှောင်းက အော်လိုက်ပြီး သူ့ဓားရှည်ကို ဆွဲထုတ်ကာ ကောင်းကင်ကို ညွှန်ပြလိုက်သည်။

တိုးညှင်းသော လေသံနဲ့အတူ အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာသည်။ သူမသည် နူးညံ့သိမ်မွေ့သော အသွင်အပြင်နှင့် ပြည့်ပြည့်ဖောင်းဖောင်း ခန္ဓာကိုယ်ရှိပြီး သူမ၏သေးငယ်သောအဝတ်အစားသည် သူမရဲ့ အသွင်အပြင်ကို ဖုံးကွယ်ထားနိုင်​ခြင်း မရှိပေ။

“ထွက်လာပြီလေ ဘာဖြစ်လဲ?”

အမျိုးသမီးက အော်ပြီး ဓားနဲ့ချိန်ထားလိုက်သည်။ လိရှောင်းရဲ့ ဒေါသများ မြင့်တက်လာပြီး ဓားတစ်ချောင်းနဲ့အတူ ပြေးထွက်သွားသည်။

ဓားနှစ်ချောင်း တပြိုင်နက်တည်း တိုက်မိသွားကာ ပေါ်ထွက်လာသည့် အသံနှင့်အတူ လိရှောင်းပစ်လွှတ်လိုက်တဲ့ ဓားက ပျောက်ကွယ်သွားကာ တစ်ဖက်မိန်းကလေးရဲ့ ဓားစွမ်းအင်ကတော့ လိရှောင်းဆီသို့ ဆက်လက် ပြေးဝင်လာပြီး အရှိန်က များစွာနှေးကွေးသွားပုံ မပေါ်ပေ။

လူသတ်ချင်စိတ် ပြင်းပြသဖြင့် လိရှောင်းသည် တိတ်တဆိတ် ကျိန်ဆဲပြီး သွား​နေရာလမ်းမှ ခုန်ဆင်းလိုက်သည်။

ဓားစွမ်းအင်က မြေပြင်ကို ထိမှန်သွားကာ အရှည်သုံးပေနှင့် တစ်ပေကျော်နက်သော ကျင်းတစ်ခု ဖန်တီး​ပေးသွားသည်။ တွင်း၏ တစ်ဖက် တစ်ချက်စီတွင် ပူလောင်သော အပူရှိန်ကြောင့် မြေပြင်ပေါ်ရှိ သဲများနှင့် ကျောက်စရစ်များပင် အရည် ပျော်သွားသည်။

လိရှောင်းလည်း ထိတ်လန့်သွားသည်။

"ငါ့ရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုက စက်ဆုပ်စရာကောင်းတယ်လို့ ထင်နေတာလား? ဟမ့် ဆန်းကြယ်ကောင်းကင် အိမ်တော်ထဲကို ဝင်ချင်ရင်တော့ အသက်နဲ့ကစားရမယ့် ကိစ္စပဲ... နင်တို့အိမ်တွေလို မဟုတ်ဘူး!!"

မိန်းကလေးက သူ့စကားမပြီးခင်မှာ ဓားနှစ်ချောင်းကို ထပ်ပြီး ဆွဲထုတ်လိုက်ကာ ဓားစွမ်းအင်က အလင်းတန်းရှည်ကြီးနဲ့အတူ နတ်သမီးကျင်းဟုန်နဲ့ အောင်ရှင်းဆီသို့ ပစ်လွှတ်ခံလိုက်ရသည်။

အောင်ရှင်းရဲ့ နဂါးလက်သည်းများက ချက်ချင်း ပေါက်ကွဲထွက်လာပြီး ကျင်းဟုန်ကလည်း သူ့ဓားဖြင့် ခုတ်ထစ်ကာ အသီးသီး ဓားစွမ်းအင်ကို ဖြတ်တောက်ပစ်လိုက်သည်။

တစ်ဖက်မိန်းကလေးရဲ့ မျက်နှာတွင် အထင်အမြင်သေးတဲ့ အပြုံးတစ်ခု ပေါ်လာသည်။

"ဒီလောက် ခွန်အားနဲ့များ တိယီးကို သတ်ပစ်နိုင်တယ်ပေါ့... တကယ် ပေါင်းစပ်စွမ်းရည် တချို့ကို သုံးခဲ့ပုံပဲ"

သူမသည် အောင့်ယွဲ့နဲ့ ရှန်းရှဲ့တို့ကိုလည်း တဖန်ကြည့်ကာ လက်ဝါးစွမ်းအင် နှစ်ချက် ပို့လိုက်လေသည်။ ပါးလွှာသော လေထုထဲမှ လက်ဝါးအရိပ်နှစ်ခုက ပြိုးပြိုးပြက်ပြက် တောက်ပနေသည်။

၎င်းသည် တစ်ချိန်တည်းတွင် ပစ်ခတ်လိုက်သော်လည်း လက်ဝါးစွမ်းအင် နှစ်ခုဟာ မတူညီသော စွမ်းအားများကို အသုံးပြုခဲ့ကြောင်း ထင်ရှားစွာ တွေ့ရလေသည်။

နတ်သမီးအောင့်ယွဲ့နဲ့ နတ်သမီးရှန်းရှဲ့တို့သည် လုံးဝ သတိမ​ပေါ့ရဲပေ။ သို့သော် တန်ခိုးအရဆိုလျှင် ထိုရောင်ဝါ၏ ကြီးမားကျယ်ပြန့်မှုနှင့် ချုပ်နှောင်မှုမှာ မဟာသူတော်စင်ထက် သာလွန်လေသည်။

အောင့်ယွဲ့ သူမဓားကို ဆွဲထုတ်ဝေ့ယမ်းလိုက်ရာ ဓားစွမ်းအင်က ကောင်းကင်သို့ ပျံတက်သွားပြီး တစ်ဖက်လူရဲ့ လက်ဝါးရိပ်ကို ထိမှန်သွားကာ အရိပ်သည် နှစ်ပိုင်းကွဲသွားသော်လည်း ဆက်လက် တိုက်ခိုက်လာခဲ့သည်။

တချီချီ အသံများမှာ မြူခိုးများထဲမှ ထွက်​​ပေါ်လာသည်။ အောင့်ယွဲ့ ထိတ်လန့်သွားသည်။ ဒီလက်ဝါးစွမ်းအင်ထဲမှာ ရေစွမ်းအင်တွေ ပါနေ၏။

သူမ ခန္ဓာကိုယ်ပေါ်ရှိ မီးဒြပ်စင် နတ်ပုတီးစေ့၏ အငွေ့အသက်ကို တစ်ဖက်လူက ခံစားမိသောကြောင့် ရေစွမ်းအားကို တမင်တကာ အသုံးပြုခဲ့ခြင်း ဖြစ်နိုင်သည်။

သတိလက်လွတ် မ​နေဝံ့ဘဲ အောင့်ယွဲ့သည် သူမ၏ နှလုံးသားအတွင်းမှ မီးဒြပ်စင် နတ်ပုတီးစေ့ရဲ့ စွမ်းအားကို နှိုးဆော်ကာ သူမ၏ ဓားဖြင့် ထပ်မံ ခုတ်ထစ်ကာ အရိပ်ကို ဖြန့်ကြဲလိုက်ရာ မျှော်လင့်ထားသည့်အတိုင်း နောက်ဆက်တွဲ တိုက်ခိုက်မှုမျိုး မရှိလာခဲ့ပေ။

တစ်ဖက်တွင်မူ အားထုတ်မှု တချို့ကို အလဟဿ ဖြုန်းတီးလိုက်သော နတ်သမီးရှန်းရှဲ့သည်လည်း လက်ဝါးရိပ်များကို ဖြိုခွဲနေသည်။

လေထုထဲက မိန်းကလေးကို ပြန်ကြည့်လိုက်တော့ သူက လုရွှမ်ကို တိုက်ခိုက်လိုက်လေပြီ။

လုရွှမ် လေထဲသို့ ပျံတက်သွားသည်။ တခြားစွမ်းအားကို အသုံးမပြုသော်လည်း ပြင်းထန်သော ခန္ဓာကိုယ် စွမ်းအားကို အသုံးပြုကာ လက်သီးတစ်ချက် ထိုးချလိုက်သည်။

ဝုန်း ဝုန်း!

ကျောက်တုံးများ အချင်းချင်း တိုက်မိသလို ပေါက်ကွဲသံများက မြင်သူတိုင်းကို ထိတ်လန့်သွား​စေသည်။

လုရွှမ်ရဲ့ စွမ်းအားကို သူတို့အားလုံး ကောင်းကောင်း သိကြပြီး ထိုစွမ်းအားသည် ကျောက်တုံးများကို ပြိုကျစေကာ တောင်ကို ဖြိုခွင်းပစ်နိုင်သော လက်သီးများကဲ့သို့ပင် ပြင်းထန်ကြောင်းလည်း သိကြ၏။

သို့သော် ယခု ပေါက်ကွဲမှုက မိန်းကလေးရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားသဖြင့် မိန်းကလေးရဲ့ ခန္ဓာကိုယ်မှာ လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ လုံးလုံးလျားလျား ခုခံကာကွယ်ရတဲ့ အနေအထားကို ရောက်လာခဲ့သည်။

၎င်းတို့နှစ်ဦးသည် စစ်တုရင် ပြိုင်ဖက်များနှယ် တွေ့ဆုံသွားကြပြီး အရည်အချင်းကောင်းရှိသူ ပြိုင်ဘက်တစ်ဦးနှင့် တွေ့ဆုံသွားခဲ့ကြသည်။

နောက်ဆုံးတော့ လက်သီးချက်နဲ့ လက်ဝါးတို့ ထိပ်တိုက်တွေ့ကာ နှစ်ယောက်သား နောက်ပြန် ဆုတ်သွားရသည်။

"မင်းတို့က တော်တော် အရည်အချင်းရှိသားပဲ... ငါ့နောက်လိုက်တွေ လုပ်လို့ရတယ်"

ထိုမိန်းကလေးရဲ့ ပါးစပ်ထောင့်တွင် ကျေနပ်မှု အရိပ်အယောင်များ ပေါ်လာသည်။ ဒါကိုကြားတော့ လူတိုင်း အံ့ဩသွားပြီး အားလုံးက ရယ်မောလိုက်ကြတယ်။

"မဖြစ်နိုင်ဘူး" လိရှောင်းက အော်လိုက်သည်။

"အိပ်မက်မက်နေလိုက်!" ရှန်ယီးကလည်း တစ်ဆက်တည်း အော်လေသည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့်။ လူတိုင်းကလည်း အပြန်အလှန် ကြည့်လိုက်ကြသည်။

ဒီအမျိုးသမီးရဲ့ စွမ်းပကားက တကယ့်ကို အံ့မခန်းပါပဲ။ ဝိညာဉ်စွမ်းအားအရ နတ်သမီးကျင်းဟုန်ပင် သူမနဲ့ မယှဉ်နိုင်တာ သိသာထင်ရှားသည်။ ဓားပညာအရ အောင့်ယွဲ့လည်း လွန်စွာ အကဲမဖြတ်နိုင်ပေ။ သူမရဲ့စွမ်းရည်မှာ လုရွှမ် ပြီးရင် ရှားပါးတဲ့ အရည်အချင်းလို့ ဆိုနိုင်သည်။

လုရွှမ် အတွက်တော့ သူ့သူငယ်ချင်းတွေဟာ ယုံယုံကြည်ကြည်နဲ့ အတူတူနေထိုင်ပြီး အတူတူ သေဆုံးရဲတဲ့ ခင်မင်မှုတစ်ခုပဲ။ ဒီအမျိုးသမီးက ဘယ်လောက်ပဲ တန်ခိုးကြီးနေပါစေ ဒါကိုတောင် သတိမထားမိဘူးတဲ့လား။

အမျိုးသမီးက ပြုံးပြီး

"နင်တို့ မ​ကျေနပ်ဘူးဆိုတာ ငါသိပါတယ်...နင်တို့ကမ္ဘာမှာ နင်တို့က ပါရမီရှင်တစ်ယောက်လိုပဲ....တခြားသူတွေက အမြဲလေးစားတယ်၊ ခေါင်းဆောင်အဖြစ် တင်တယ်... သူတို့ရဲ့ယုံကြည်မှုနဲ့ ငါ့နောက်လိုက်တွေ ဖြစ်လာရတာတောင် လက်မခံနိုင်ဘူးပေါ့"

သူမရဲ့ အသံက ရုတ်တရက် အေးစက်သွားသည်။

"ဒါပေမယ့် ဒါက ငါနဲ့ ဘာမှမဆိုင်ပါဘူး။ ငါ့အတွက်တော့ ခွန်အားက အဆင့်အတန်းပဲ... ခွန်အားမရှိရင် ဘာမှအဓိပ္ပာယ်မှ မရှိဘူး နင်တို့မှာ ငါလိုချင်တဲ့ ခွန်အားမရှိဘူး"

သူမသည် လူတိုင်းကို လက်ညိုးထိုးပြကာ နောက်ဆုံးတွင် လုရွှမ်ထံ ရောက်သွားသည်။

"နင်က အရမ်းတော်တယ် ဒါပေမဲ့ နင့်ရဲ့အဆင့်က မမြင့်သေးပါဘူး... ငါ့ပြိုင်ဘက်လည်း မဟုတ်သေးဘူး"

လုရွှမ်က ဘာမှပြန်မပြောဘဲ ထိုအမျိုးသမီးကိုသာ လှောင်ပြုံးဖြင့် ကြည့်​နေလိုက်သည်။

"ငါ့နောက်လိုက်ခဲ့... အနည်းဆုံး နင့်ရဲ့ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ဖို့ အခွင့်အရေး ရလိမ့်မယ်... တခြားသူတွေနောက်ကို လိုက်နေတာက သေမင်းကို ​ခေါ်နေတာနဲ့ အတူတူပဲ... နောက်ပြီး ငါနဲ့ စကားပြောရတာ အရမ်းလွယ်တယ်လို့ မင်းထင်​နေလား? လျှို့ဝှက်ချက်တစ်ခု ပြောပြမယ် နင်တို့ရထားတဲ့ တံဆိပ်ပြားတွေကြားမှာ ဆက်သွယ်မှုရှိတယ်.... အချင်းချင်း ​ပြန်လုယက်နိုင်တယ် နားလည်​ကြလား?"

အမျိုးသမီးက စကားပြောနေစဉ် လက်ဖဝါးများကို ဝေ့ယမ်းကာ တံဆိပ်ပြား နံပါတ်များကို တစ်ခုပြီးတစ်ခု ပြသလာသည်။ တံဆိပ်ပြားပေါ်မှာ သွေးစွန်းထင်းမှုတွေ ရှိနေဆဲဖြစ်ပြီး အမျိုးသမီးက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာ ထင်ရှားပါ၏။

အစီအစဥ်ကောင်းတစ်ခု ဖြစ်ခဲ့သော်လည်း အကျိုးသက်ရောက်မှု လုံးဝမရှိခဲ့ပေ။

လုရွှမ် ရှေ့ကို အေးအေးဆေးဆေး လျှောက်သွားတော့ အောင့်ယွဲ့နဲ့ တခြားသူတွေကလည်း လုရွှမ်ရဲ့နောက်မှာ အလိုအလျောက် ရပ်လိုက်ပြီး အမျိုးသမီးရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်လုံးတွေကို ရင်ဆိုင်လိုက်သည်။

"မင်းကို ဘယ်လိုခေါ်လဲ?"

လုရွှမ်က စကားစမြည် ပြောနေသကဲ့သို့ သူ့အသံက ငြိမ်သက်နေသည်။ အမျိုးသမီးသည် တခဏမျှ တုံ့ဆိုင်းသွားပြီး

"ဝမ့်ရှန်းကမ္ဘာ ကျန်းယွိ!"

ဟုဆိုကာ အကြောင်းတစ်ခုခုကြောင့် လူရှစ်ဦးကို ကြည့်လိုက်ရာ ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များကို ရင်ဆိုင်ရသလိုမျိုး သူမ၏ နှလုံးသားထဲတွင် အံ့ဩခြင်း အရိပ်အမြွက်များ ထွက်ပေါ်လာသည်။

ဒီရှစ်ယောက်က အစောကနဲ့ မတူဘူးတော့သလိုပဲ!

All Chapters