← Chapters

အဖြူအမည်း ညီအစ်ကို

Vol. 66 Ch. 4.509

အဖြူအမည်း ညီအစ်ကို

Vol. 66 Ch. 4.509

အရင်ကတော့ လူရှစ်ယောက်ဟာ သူမဆီက သွေးဆောင်မှုကို ခုခံခဲ့သည်။ သူတို့ဟာ ထူးထူးခြားခြား အရည်အချင်းတွေကို ပြသခဲ့ကြပေမယ့် သူမက အဲဒါကို အလေးအနက် မထားခဲ့ချေ။

ဒီလောကမှာ အရည်အချင်းရှိသူများ နှင့် ခွန်အားရှိသူများ ပိုများသော်လည်း အနာဂတ်မှာ တစ်စုံတစ်ခုကို အောင်မြင်နိုင်တဲ့ လူက ဘယ်လောက်ရှိမှာလဲ။ ထာဝရ အသက်ရှင်နိုင်မယ့်လူ ဘယ်နှစ်ယောက်များ ရှိနိုင်မှာလဲ။

ထို့အပြင် ဤလူငယ်များကြားတွင် ပင်ကိုယ်အရည်အချင်းအရ လူငယ်များရဲ့ စွမ်းရည်သည် သာမန်သာဖြစ်ပြီး အနာဂတ်မှာ ဘယ်လိုနေရာတွေမှာ အောင်မြင်နိုင်ဦးမည်ကို မသိရသေးကြောင်း သူမလည်ူ ရှင်းရှင်းလင်းလင်း ခံစားရသည်။

သို့သော် သူ့ရှေ့ကလူငယ်တွေ အတူယှဥ်တွဲလျက် မတ်တပ် ရပ်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလိုပင် လူပေါင်းများစွာရဲ့ အရိပ်အာဝါသမျိုး ပြောင်းလဲသွားခဲ့သည်။ သူတို့ဟာ ရုတ်တရက် သိုးတစ်ကောင်မှ ဝံပုလွေအဖြစ်သို့ ပြောင်းလဲသွားသလိုမျိုးပင်။

သူတို့သည် လူသားတစ်ဦး ဖြစ်သေးသော်လည်း သူမရှေ့တွင် လူငယ်များ၏နောက်တွင် ရပ်နေသော ဝိညာဉ်တစ်ခု ရှိနေသလို၊ ထက်ရှသော လှံတစ်စင်းနှင့် ဓားတစ်လတ်က သူမဘက်သို့ ချိန်ထားသကဲ့သို့ အသက်ရှူသံများက ရောယှက်နေသည်။

ဒီလူတွေနဲ့ ပတ်သက်တဲ့ သူမခံစားချက်တွေက မထိန်းနိုင်ဘဲ ပြောင်းလဲသွားခဲ့သည်။ အညှောက်ပေါက်ပြီး မြင့်မားသော သစ်ပင်တစ်ပင်အဖြစ်သို့ တဖြည်းဖြည်း ကြီးထွားလာမည့် မျိုးစေ့ကို ကြည့်နေရသလို သံသယစိတ်များ ပေါ်လာသည်။

ကျန်းယွိ အံ့အားသင့်သွားစဥ် လုရွှမ်ဘက်မှ လူရှစ်ယောက်လုံးရတော့ အသက်ရှူ ချောင်သွားကြသည်။

ရှေးဟောင်း ဝမ့်ကမ္ဘာတွေဟာ ကမ္ဘာလေးခုရှိပြီး ဒီလောကရဲ့ အဆင့်သတ်မှတ်ချက် ဖြစ်သည်။ သို့သော် တချို့သော အမည်များကိုတော့ အလွန် တားမြစ်ထား​ကြသည်။

ဥပမာ ကောင်းကင်၊ မြေကြီး၊ နတ်ဘုရား၊ မသေနိုင်သောသူများ။

သာမာန် ကမ္ဘာငယ်လေးများသည် သာမန် အဆင့်အတန်းကို ကိုယ်စားပြုသောကြောင့် ထိုသို့သောအမည်ကို မခေါ်ဝံ့ကြပေ။

ယခု ကျန်းယွိသည် အမှန်တကယ်ပင် မသေနိုင်သော ဝမ့်ရှန်းကမ္ဘာမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သူ့တွင် ဒီလိုအဆင့်မြင့် ကျင့်ကြံမှုမျိုး ရှိနေတာ အံ့ဩစရာ မဟုတ်ပေ။ အဆင့် နိမ့်ပါးသော ကန့်သတ်ချက်ဆိုတာ သူမ မွေးကတည်းက ဘေးဖယ်ထားဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

"ငါတို့ ဘယ်သူ့ကိုမှ လက်နက်မချဘူး... ငါတို့က ကိုယ့်လမ်းကိုယ်လျှောက်နေတာ"

လုရွှမ်က ဆိုရင်း ကျန်းယွိကို အေးစက်စွာ စိုက်ကြည့်နေ၏။

ကျန်းယွိသည် သူမနှလုံးသားထဲက အထင်အမြင်သေးမှု အရိပ်အယောင်ကို ခံစားလိုက်ရသည်။ သူမသည် ကမ္ဘာပေါ်တွင် တုနှိုင်းမရတဲ့ ထူးချွန်ထက်မြက်သူ အများအပြားကို မြင်ဖူးသော်လည်း ကြီးပြင်းလာစဉ်တွင် အချင်းချင်း နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခံခဲ့ခြင်း ခံခဲ့ရသူတွေချည်းပင်။

မျက်မှောက်ရေးရာကို နားလည်သူတွေကသာ သူရဲကောင်းတွေပဲ ဖြစ်သည်။

သူမ တစ်ခုခု ပြန်ပြောခါနီးမှာ စိတ်ထဲမှာ အကြောင်းတစ်ခုကို ခံစားလိုက်ရတာကြောင့်။

"ကောင်းပြီ... ငါ နင်တို့ကို အခွင့်အရေး မပေးဘူးလို့ မပြောနဲ့နော် အခု တခြားတစ်ယောက် လာနေပြီဆိုတော့ နင်တို့လမ်းကို ဆက်သွားနိုင်ဦးမလား ကြည့်ရသေးတာပေါ့"

စကားတွေ ပြောပြီးနောက် သူမဟာ ကောင်းကင်နဲ့ မြေကြီးကြားမှာ ပျောက်ကွယ်သွားပြီး သူမရဲ့အသက်ရှုသံကို လုံးဝ အာရုံမခံစားနိုင်တော့ပေ။

လုရွှမ်မှာ သူ့နှလုံးသားထဲမှာ ငြူစူတဲ့အရိပ်အယောင်ကို ခံစားလိုက်ရသည်။ ဒါက ဘယ်လိုမှော်အစွမ်းမျိုးလဲ။ နတ်မီးနယ်ပယ်က အကြီးအကဲတွေတောင် ထွက်ခွာသွားရင် အသွင်အပြင်နဲ့ အရိပ်အယောင်များ ကျန်ရှိကြ​​သေးသည်။ သို့သော် သူမသည် သူမရဲ့ရောင်ဝါကို လုံးလုံးလျားလျား ထိန်းထားနိုင်သည်။ သိသာသည်မှာ ၎င်းသည် သဘာဝလွန် မှော်စွမ်းအားဟု ခေါ်ခြင်းဖြစ်မည်။ အဲဒါကြောင့် တကယ် သဲလွန်စမရှိဘဲ ထွက်သွားတာ ဖြစ်မည်။

လေက တုန်ခါပြီး အလင်းနှင့် အရိပ်များ ပေါ်လာသည်။ လူနှစ်ယောက် သူတို့ရှေ့မှာ ပေါ်လာ၏။ တစ်မျိုးက အနက်ရောင် ၀တ်ထားပြီး ​နောက်တစ်ယောက်က အဖြူရောင် ၀တ်ထားသည်။

သူတို့နှစ်ဦးလုံး၏ ရောင်ဝါမှာ မဟာသူတော်စင်နယ်ပယ် အသွင်အပြင် ရှိသည်။ သို့သော် ၎င်းတို့ဆီက ပျံ့လွင့်နေသည့် အန္တရာယ်မှာ တချို့သော ကောင်းကင်ဘုံသခင်များ၌ပင် မရှိသောအရာဖြစ်သည်။

"မင်းရဲ့ ခွန်အားက တော်တော် ကောင်းပါတယ်။ မင်းနယ်ပယ် ချိုးဖောက်သေးပေမယ့် မင်း ငါတို့အတွက်ပဲ ထားခဲ့တယ်"

အဖြူရောင် ဝတ်ထားသူက မောက်မာသော မျက်နှာဖြင့် ပြောလိုက်သည်။ သူ့ဘေးနားရှိ ညီအစ်ကိုကလည်း မထီမဲ့မြင်ပြုကာ လုရွှမ်တို့ ရှစ်ယောက်က သူ့မျက်လုံးထဲ ဘောင်မဝင်သလိုမျိုး ကြည့်နေ၏။

"လှည့်!"

ဝတ်ရုံဖြူက အော်လိုက်တော့ သူ့အသံက ညနေခင်း ဗုံသံနဲ့ မနက်ခင်း ခေါင်းလောင်းသံလို ရုတ်တရက် နားထဲမှာ တဝွီဝွီ မြည်သွားသည်။

လုရွှမ်သည် အိပ်ပျော်သွားသလို ခံစားလိုက်ရကာ ရုတ်တရက် နိုးလာတဲ့အခါ သူ့ပတ်ဝန်းကျင်တွင် လူသတ်နေသော အရိပ်အယောင်များကို ချက်ချင်း ခံစားလိုက်ရသည်။

ဝင်လာသော ဓားစွမ်းအင်ကို လျင်မြန်စွာ ရှောင်ထွက်သွားလိုက်စဥ် သူ့ဘေးမှ အောင့်ယွဲ့က တိုက်ခိုက်လာတာ ဖြစ်ကြောင်း သိလိုက်သည်။ အောင့်ယွဲ့၏ မျက်လုံးများသည် အနီရောင်တောက်တောက် ဖြစ်​​နေပြီး သူမသည် ရန်သူကို ကြည့်နေသလိုမျိုး သူ့ကိုကြည့်နေသည်။

အနောက်မှ ဓားစွမ်းအင်ဖြင့် တိုက်ခိုက်တဲ့သူကလည်း ထွက်ပေါ်လာသည်။ မကြည့်ဘဲနဲ့ လုရွှမ် လိရှောင်းရဲ့ ဓားဖြစ်ကြောင်း သိ​လေသည်။

"အော်မီတော်ဖော်!"

သူ့နားထဲတွင် နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာပြီး သူ့နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

လုရွှမ် လျင်မြန်စွာ ရှောင်ထွက်သွားစဥ် သစ်သားဓားငယ် တစ်ချောင်းက မြေပြင်မှ ထွက်လာပြီး သူရပ်နေတဲ့ နေရာကို ပစ်ချလိုက်သည်။ ခြေတစ်လှမ်းသော နောက်ကျသွားမယ် ဆိုရင်တော့ သစ်သားဓားနဲ့ သူ့နှလုံးကို တိုက်ရိုက် ထိုးမိသွားနိုင်သည်။

အလွန်အမင်း မစဉ်းစားမီတွင် လေပြင်းကြီးသည် သူ့နောက်သို့ လိုက်လာ​ပြန်၏။

လုရွှမ် ရှက်ရွံ့စွာဖြင့် ဘယ်ညာ ရှောင်တိမ်းလိုက်ရင်း လူငါးဦးသူ့ကို ဝိုင်းရံထားလာသည်။ ကံကောင်း ထောက်မစွာ သူ့ခြေဖဝါးအောက်ရှိ လေသည် သွက်လက်ပြီး လေပြင်းနိယာမ အကြောင်းလည်း လေးလေးနက်နက် နားလည်သဘောပေါက် ထားသောကြောင့် သူ၏ခန္ဓာကိုယ်အား လေပြင်းများနှင့်အတူ လှုပ်ရှားနိုင်စေကာ ဤဆက်တိုက် တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ခဲ့သည်။

နည်းနည်းသာ နှေးသွားရင် ပွဲပြီးသွားလိမ့်မယ်။ နတ်သမီးကျင်းဟုန်နဲ့ အောင်ရှင်းတို့ကတော့ လုံးဝ မရှိသလိုပင် ပတ်ဝန်းကျင်တွင် ခြေရာလက်ရာ မရှိချေ။

ပါရမီရှင် ငါးယောက်သည် လုရွှမ်၏ အနီးတစ်ဝိုက်တွင် မုန်တိုင်းတစ်ခုကဲ့သို့ ဝင်ရောက်တိုက်ခတ်လာပြီး လူသတ်ချင်သည့် ရည်ရွယ်ချက်များကို တစ်ယောက်ပြီး တစ်ယောက် ပြသလာခဲ့သည်။

လုရွှမ်လည်း ယွမ်ယန်ကျင့်စဥ်ကို ခွန်အားအပြည့်ဖြင့် ပတ်ပြေးနေပြီး သူ၏ ဝိညာဉ်စွမ်းအားကို လှုပ်လှုပ်ရှားရှား ဖြန့်ကျက်ထားကည စိတ်ကိုလည်း ရှင်းရှင်းလင်းလင်း ထားလိုက်သည်။ သူ့စိတ်တွေ ထင်ယောင်ထင်မှား ဖြစ်သွားပြီး အဖော်တွေကို ထိခိုက်သွားမှာ ကြောက်မိ၏။

အချိန်အတော် ကြာအောင် ရှောင်ထွက်သွားပြီးနောက် လုရွှမ်သည် သူ့ကို တိုက်ခိုက်​နေသူမှာ ထိုနှစ်ယောက် ဖန်တီးထားတဲ့ ပုံရိပ်တွေဖြစ်ကြောင်း သေချာလာသည်။ သူ့စိတ်ထဲမှာ ရုတ်တရတ် ခံစားမိတဲ့ အရိပ်အယောင်ကို မတွေးဘဲ မနေနိုင်အောင် ဖြစ်သွား၏။ သူအိပ်ပျော်ခါနီး အချိန်တုန်းက လူငါးယောက် ပျောက်ဆုံးသွားတာ သိသာပါသည်။

အံ့သြစရာ ကောင်းလိုက်တာ။ အဲဒီညီအကိုနှစ်ယောက်ဟာ ကိုယ်ခံပညာနှစ်ခုကို လေ့ကျင့်သူတွေဖြစ်ပြီး သူတို့ရဲ့အဓိက စွမ်းအားက စိတ်ဝိညာဉ် စွမ်းအားပဲ ဖြစ်ပေသည်။

"ကျီးဖိုးဖိုး ခင်ဗျား ရှိလား?"

လုရွှမ် ကျောက်စိမ်းပြားထဲကို ဆက်သွယ်လိုက်တော့ ရွှေကျီးကန်းဆီက လှောင်ပြောင်သံက အရင် ထွက်ပေါ်လာသည်။

"ကောင်လေး... အခု ကမ္ဘာ့အပြင်မှာ ကမ္ဘာကြီး ရှိတယ်... လူတွေရဲ့အထက်မှာ လူတွေ ရှိတယ်ဆိုတာ မင်းသိ​ပြီလား?"

"ဟေး... မင်း သူတို့နှစ်ယောက်ကြားက လွဲမှားနေတဲ့ အသွင်အပြင်ကို ချိုးဖျက်ပြီး မင်းရဲ့သူငယ်ချင်းတွေကို ပြန်ခေါ်ချင်ရင် အရမ်းရိုးရှင်းပါတယ်.... သူတို့နှစ်ယောက် ဘယ်ရောက်နေလဲ ဆိုတာကို ရှာဖွေပြီး သူတို့ရဲ့ စိတ်ကူးယဉ်ပုံရိပ်ကို ချိုးဖျက်လိုက်ရုံပဲ..."

လူနှစ်ယောက်ရဲ့ ပုံရိပ်ကို ရှာရမှာလား?

လုရွှမ်၏ ဝိညာဉ်စွမ်းအားသည် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပျံ့နှံ့နေပြီ ဖြစ်သော်လည်း သူတို့ခြောက်ယောက်မှလွဲ၍ တခြား ဘယ်သူ့ကိုမှ သတိမထားမိပေ။ အဖြူအမည်း ညီအကိုနှစ်ယောက်ကို မပြောနဲ့၊ နတ်သမီးကျင်းဟုန်နဲ့ အောင်ရှင်းတို့ကိုတောင် သူတို့ ဘယ်မှာ ပုန်းနေမှန်း မသိပေ။

ကံကောင်းထောက်မစွာနဲ့ လုရွှမ်သည် သူတို့ငါးဦးနှင့် အလွန်ရင်းနှီးနေပြီ ဖြစ်သည်။ တွန်းလှန်ဖို့က ခက်ခဲ​နေတာ မဟုတ်တာကြောင့် ခဏတာမျှသာ သက်သာရာ ရသွားသည်။ လူငါးဦးသည် ပူးပေါင်းဆောင်ရွက်ရာတွင် ပို၍ကျွမ်းကျင်လာကာ သူ့​ကို ဖမ်းမိဖို့ အချိန်အတိုင်းအတာ တစ်ခုသာ လိုတော့သည်။

သူ့အတွက် အချိန်သိပ် မကျန်တော့ချေ။

"ကောင်းပြီ ဒီဟာကို စမ်းကြည့်ရအောင်"

လုရွှမ် သူတို့ကို ဒီထင်ယောင်ထင်မှား ဒါမှမဟုတ် တစ်ခုခုကနေ လှုပ်နှိုးဖို့ သူ့စိတ်ထဲက ဆုံးဖြတ်ချက် ချလိုက်သည်။ အဲဒါထက် မြန်မြန်နိုးလာတာက အကောင်းဆုံးပင်။ မဟုတ်ရင် နောက်ပိုင်းမှာ ပြောင်းလဲသွားလိမ့်မယ်။ ဘာဖြစ်မယ်ဆိုတာ ဘယ်သူက သိမှာလဲ။

လုရွှမ်၏ ခန္ဓာကိုယ်မှ အအေးဓာတ်သည် ရုတ်တရက် ထွက်ပေါ်လာကာ သူ့ရဲ့ ဝှက်ဖဲတွေထဲက တစ်ခုဖြစ်သည့် ယင်စွမ်းအင်ကိုးစင်းရဲ့ စွမ်းအားတွေ ထိုးထွက်လာသည်။

ယင်စွမ်းအင်ကိုးစင်းရဲ့ အမှောင်ယင်ချီ ထွက်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင် ဧရိယာက ခဏအတွင်း အေးခဲသွားပြီး အအေးထောင်ထဲကျလုနီး ဖြစ်နေသကဲ့သို့ ချက်ချင်းပင် အေးခဲသွားသည်။

လုရွှမ်၏စိတ်သည် ယခင်အတိုင်း တည်ငြိမ်နေပြီး ပတ်ဝန်းကျင် နေရာများ၏ အပြောင်းအလဲများကို ဂရုတစိုက် ခံစားကြည့်နေသည်။

အေးစက်သော လေ၏ အရိပ်တစ်ခု ထွက်လာပြီး ပတ်ဝန်းကျင်မှ မိုးရေများသည် ချက်ချင်းပင် ရေခဲတုံးများ အဖြစ်သို့ စိမ့်ဝင်သွားသည်။ အသက်ရှူလမ်းကြောင်းမှ ထွက်လာသော ရေငွေ့များသည်လည်း အဖြူရောင် အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားကာ ပတ်ဝန်းကျင်သည် တဖြည်းဖြည်း ရှုပ်ထွေးလာသည်။

လှုပ်ရှားမှု လုံးဝမရှိသေးချေ။

လုရွှမ်သည် ဒီလိုအခြေအနေမျိုးတွင် ဘာသဲလွန်စကိုမှ မပြဘဲ ပုန်းအောင်းနေနိုင်တဲ့ ညီအကိုနှစ်ယောက်၏ တည်ငြိမ်မှုကိုပင် ချီးကျူးလိုက်ရသည်။

ဒါပေမဲ့ ဒါက လုရွှမ်ရဲ့ အဓိကအစီအစဥ် မဟုတ်သေးချေ။ အနီးနား ပတ်ဝန်းကျင်က အလွန်အေးစက်ပြီး ရေခဲတောင်အဖြစ် ပြောင်းသွားချိန်မှာပဲ လုရွှမ် နောက်တစ်ကြိမ် လှုပ်ရှားလိုက်ပြန်သည်။

All Chapters