← Chapters

လူဦးရေ ၁၀၀၀ ကန့်သတ်ထားတယ်

Vol. 67 Ch. 4.511

လူဦးရေ ၁၀၀၀ ကန့်သတ်ထားတယ်

Vol. 67 Ch. 4.511

"မင်း... မင်း"

ဝတ်ရုံနက်ရဲ့ မျက်လုံးများ ပြူးကျယ်သွားကာ ဒေါသထွက်ဖို့ပင် မတတ်နိုင်တော့ချေ။ ဒါက ကျိုးပဲ့နေသော စိတ်ဝိညာဉ် စွမ်းအားကြိုးကြောင့် ဒေါသထွက်နေတာလား ဒါမှမဟုတ် တခြားသွေးတစ်လုတ် ထွေးထုတ်မိလိုက်လို့လား မသိတော့ပေ။

လုရွှမ်က အေးစက်စွာဖြင့် လက်ကျန် ဝိညာဉ်စွမ်းအားကြိုးကို တစ်ချက် ကြည့်လိုက်ကာ

"ငါက ဘာဖြစ်လဲ?"

"လောင်အာ့!"

ဝတ်ရုံဖြူက အော်လိုက်ပြီး သူ့မျက်လုံးတွေက လောင်အာ့ကို စိတ်မ​လောသွားဖို့ အချက်ပြနေသည်။ ထို့နောက် သူက လုရွှမ်ကို ကြည့်ပြီး မျက်လုံးကို ဒေါသတကြီးဖြင့် အနည်းငယ် မှိတ်ထားလိုက်ကာ။

"မင်း ...အရမ်းကောင်းတယ် မင်း"

လုရွှမ်သည် ဝတ်ရုံဖြူကို ထပ်မံ ပါးရိုက်လိုက်ပြီး သူ့ကို အံ့အားသင့်စေခဲ့သည်။

"ငါက ဓားသမား မင်းက ငါးတစ်ကောင်ဆိုတော့ ငါ့အတွက် မင်းရဲ့ဝတ်စုံကို ဖယ်ပေးလိုက်ရင် ရပြီ"

လုရွှမ် ပြောပြီးနောက် လိရှောင်းက တဟားဟား ရယ်ပြီး

"ဒါပဲလေ ... အခု မင်းက ကိုယ့်ကိုကိုယ် သခင်လေးလို ဟန်ဆောင်နေသေးတာလား? မင်း ငါ့ကို ဘယ်လိုတောင် စိုက်ကြည့်ဝံ့တာလဲ? မင်းရဲ့ ဒီအဘိုးလိရှောင်းက မင်းကို ဓားနဲ့ ခုတ်သတ်ပစ်မှာ မင်းယုံ!!"

အောင်ရှင်းကလည်း သူတို့ကို အနိုင်ကျင့်သူတွေကို နဂါးမျက်စောင်းဖြင့် စိုက်ကြည့်ကာ အော်လိုက်သည်။

"သူတို့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ဖျက်စီးပစ်လိုက်... လှည့်စားတတ်တဲ့လူတွေကို ငါအမုန်းဆုံးပဲ!"

"စကားမစပ်... ငါ သူတို့မမြင်နိုင်အောင် မျက်လုံးတွေကို ဖောက်ထုတ်လိုက်ရင်ရော ဘယ်လိုလဲ? ဟမ့် သူတို့ ဘယ်လိုကစားဦးမလဲလဲ ကြည့်ရသေးတာပေါ့"

အောင်ရှင်း ဒီစကားတွေ ပြောလိုက်တဲ့အခါ သူတို့နှစ်ယောက်လုံး တကယ်ကို ထိတ်လန့်သွားတော့သည်။ ချစ်စရာကောင်းလွန်းတဲ့ ဒီမိန်းကလေးက ဘယ်လိုလုပ် ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့ စကားတွေကို ပြောနိုင်ရတာလဲ။

လုရွှမ်ကလည်း ရယ်ပြီး

"ဒါဆို မေးတာကို နာနာခံခံနဲ့ ဖြေပေါ့"

"မင်းဘာမေးချင်တာလဲ?"

ဝတ်ရုံနက်က အံကြိတ်ကာ အော်လိုက်သည်။

ဖြောင်း!

လျှပ်တပြက် ပါးရိုက်သံက ဝတ်ရုံနက်ရဲ့ မျက်နှာကို ထိသွားသည်။ လုရွှမ်က သူ့လက်တွေကို ဝှေ့ယမ်းပြီး

"ငါမင်းကို ပြောပြီးသား ငါတို့မေးသမျှကို မင်းဖြေရမယ် ​​မင်းလူစကား ပြောတာကို နားမလည်နိုင်ဘူးလား?"

ဝတ်ရုံနက်၏ မျက်နှာသည် ဒေါသကြောင့် နီရဲသွားကာ ကြိမ်ဖန်များစွာ နှာမှုတ်ပြီးနောက် စကားရပ်လိုက်သည်။

"အစောကတည်းက ဒီလိုနာခံရင် ပြီးသွားမှာကို!"

လုရွှမ် ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။ တခြားလူတွေလည်း ရယ်မောသွားခဲ့ကြပြီး အရင်က ဒေါသတွေလည်း အနည်းငယ် သက်သာရာ ရသွားခဲ့သည်။

အရိုက်ခံရပြီး ဘယ်သူမှ သည်းမခံနိုင်တော့ပေမယ့် အခုနောက်ဆုံးမှာ အရှုံးကို အောင်ပွဲအဖြစ် ပြောင်းလဲလိုက်ပြီး ထိုနှစ်ယောက်ကိုတောင် ဖမ်းမိလိုက်တော့ သူတို့ရဲ့ ယုံကြည်မှုတွေလည်း အများကြီး အရမ်းတိုးလာခဲ့၏။

"နာမည်ဘယ်လိုခေါ်လဲ?"

"အရှေ့နဲ့ အနောက်!"

"ဟေ့ကောင်! ဘာနာမည်တုန်းဟ!?" လိရှောင်းက အော်လိုက်သည်။

ညီအကိုနှစ်ယောက် ဒေါသအရမ်းထွက်နေပေမယ့် ပါးစပ်ပိတ်ထားရုံသာ တတ်နိုင်တော့သည်။ မဟုတ်ရင် သူတို့မျက်လုံးထဲက လူရိုင်းစိတ်တွေကြောင့် သူတို့နှစ်ယောက် ဘယ်လောက်တောင် စိတ်ဓာတ်ကျတဲ့အထိ ပါးရိုက်ခံရမလဲ မပြောတတ်ပေ။

"မင်းတို့နှစ်ယောက်က ဘယ်လို စိတ်ဝိညာဉ်စွမ်းရည်ကို သုံးနေတာလဲ"

လုရွှမ်က တည်ငြိမ်စွာ ဆက်မေးလိုက်သည်။

ညီအစ်ကိုနှစ်ယောက် အံ့အားသင့်သွားကြသည်။ တခြားသူများ၏ လျှို့ဝှက် ကျွမ်းကျင်မှုကို ပြောင်ပြောင်တင်းတင်း အတင်းအကျပ် ပြောခိုင်းနေတာမျိုးကို ကြုံဖူးတာ ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။

အောင့်ယွဲ့ နှင့် တခြားသူများကလည်း လုရွှမ်ကို ထိတ်လန့်စွာကြည့်ကာ ဘာကြောင့်မှန်းမသိ နားမလည်သလို ဖြစ်သွားကြသည်။

လုရွှမ်သည် တခြားသူများထံမှ ကျွမ်းကျင်မှုနှင့် လျှို့ဝှက် သိုင်းကျမ်းများကို လုယူကာ အသစ် ဖန်တီးနိုင်တာကို အစောကတည်းက ကျင့်သားရနေခဲ့သည်။ ယခုအချိန်တွင် လူတိုင်းက သူ့ကို အံ့အားသင့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ လူအများက ဒေါသထွက်လာသောကြောင့် ဤနေရာတွင် သူ မလုပ်နိုင်တော့ကြောင်း ရုတ်တရက် သိလိုက်ရသည်။

လုပ်ချင်ရင် သီးသန့်လုပ်ရမယ်။ ဒါပေမဲ့ ဒီလူနှစ်ယောက်က သူ့ကို ဘာလို့ကြည့်နေတာလဲ။ သူပြောတဲ့ စကား အဓိပ္ပာယ်ကို နားမလည်ဘူးလား?

လုရွှမ် တစ်ဖက်လူကို ဖြောင်းခနဲ ပါးထပ်ရိုက်လိုက်သည်။

သူ့ရှေ့တွင် အဖြူရောင် ၀တ်စုံဖြင့် အစ်ကိုဖြစ်သူက စိတ်လှုပ်ရှားမနေစေရန် အချက်ပြပြီး အသံနက်ကြီးနဲ့ ပြောလိုက်ပါ၏။

“ဘာလို့ ဒီမှော်အစွမ်းကို ငါတို့ဆီကနေ လုယူချင်​နေ​သေးတာလဲ?”

"ငါ့စိတ်​ပေါ် မူတည်​တယ်... အရင်​​ပြောကြည့်​လိုက် အဲဒီနည်းလမ်းက ဘယ်​လိုလဲ?"

အနက်ရောင်ဝတ်လူက ဒေါသတကြီးရယ်မောပြီး

"အစ်ကို ငါတို့ သူတို့ကိုပြောလိုက်တော့ရော ဘာဖြစ်လဲ? သူက ပြုစုပျိုးထောင်ပြီး ထွက်လာနိုင်ဦးမလား ဆိုတာ ရှိသေးတယ်လေ... မင်းက လုရွှမ် ဟုတ်တယ်မလား။ နားထောင်... ငါ့အစ်ကိုကြီးနဲ့ ငါက အမေတစ်ယောက်တည်းရဲ့ ဗိုက်ထဲက ထွက်လာပြီး ကြီးပြင်းလာတာ... ဝိညာဉ်ရေးချိတ်ဆက်ခြင်း စွမ်းရည်ကလည်း အဲ့လိုပဲ... ဘယ်လိုလဲ လိုချင်သေးလား?"

အောင့်ယွဲ့ နှင့် သူ့အဖွဲ့သည် လုရွှမ်ကို တစ်ဖန်ပြန်ကြည့်လိုက်သည်။ လုရွှမ်သည် အမှန်တကယ်ကို ဖန်တီးနိုင်စွမ်း ရှိခဲ့သည်။ သူဖန်တီးခဲ့သော ယွမ်ယန်ဓားကိုးစင်းဟာ ရှေးဟောင်းသိုင်းကမ္ဘာက ထျန်းဝူမိသားစုရဲ့ ကောင်းကင်ဓားကိုးစင်းသိုင်းမှ လာခြင်းပဲ ဖြစ်လေသည်။

ထို့ကြောင့် လုရွှမ်သည် သူ့စိတ်ထဲတွင် အနည်းငယ် စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရသည်။

"ဆန်းကြယ်ကောင်းကင်အိမ်တော်က ဘယ်လိုနေရာလဲ? မင်းအဲဒီကို ရောက်ဖူးလား?"

ဒီစကားတွေ ထွက်လာတာနဲ့ အားလုံးက သိချင်လာကြသည်။

"မရောက်ဖူးသေးဘူး... မင်းလိုပဲ ငါတို့အားလုံးကလည်း ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်လောင်းတွေလို့ ခေါ်တယ်"

မျှော်လင့်ထားသည့် အတိုင်းပဲမို့ လုရွှမ်သည် သူ့လူတွေကို စိုက်ကြည့်ကာ တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။ အောင့်ယွဲ့သည် ဝမ်းနည်းစွာ မျက်လုံးများကို မှိတ်ထားကာ သူမ၏ ခန္ဓာကိုယ်သည်လည်း အနည်းငယ် တုန်ယင်လာခဲ့၏။

သူတို့ မှန်းဆချက်က မှန်ကန်ကြောင်း အားလုံးက နားလည်လိုက်သည်။ သူတို့အားလုံးက ကိုယ်စားလှယ်လောင်းတွေဖြစ်ပြီး ဒီလူတွေ ဒီကို လာတိုက်ခိုက်တာဟာ ဆန်းကြယ်ကောင်းကင်အိမ်တော်ရဲ့ စမ်းသပ်မှု တစ်ခုကြောင့်ပဲ ဖြစ်လေသည်။

ဤသည်မှာ အောင့်မိသားစု၏ ဘိုးဘွားခန်းမ ဖြစ်သော်လည်း ဆန်းကြယ်ကောင်းကင်အိမ်တော်က ဘယ်သူမှ ဒါကို ဂရုမစိုက်ပုံရသည်။ ဤစမ်းသပ်မှုကို ခံနိုင်ရည်ရှိလျှင် ဘိုးဘွားခန်းမက အနှောင့်အယှက် ဖြစ်သွားမှာ မဟုတ်ပေ။ အကယ်၍ စမ်းသပ်မှုကို သည်းမခံနိုင်ပါက နောင်တွင် သူတို့ဟာ ဆန်းကြယ်ကောင်းကင်အိမ်တော်ရဲ့ တံခါးနှင့် တံတိုင်းနားကိုပင် ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။

ဆန်းကြယ်ကောင်းကင်အိမ်တော်က သူတို့ကို ဘာလုပ်စေချင်​နေတာလဲ?

"ငါတို့ကို မင်းတို့ရဲ့ တံဆိပ်ပြားတွေပေး!"

အရှေ့နဲ့ အနောက် ညီအစ်ကိုများ၏ မျက်နှာများ ပြောင်းလဲသွားသည်။ အရှေ့ဖြစ်တဲ့ အစ်ကိုက တုန်တုန်ယင်ယင်ဖြင့်

"မင်း ဘာပြောလိုက်တယ်?"

နှစ်ယောက်သား အံ့သြတုန်လှုပ်သွားကြသည်။ ထိုအခါ အောင့်ယွဲ့ကလည်း

"နင်တို့ ငါတို့ကို အနိုင်ယူပြီးရင် ငါတို့ဆီက တံဆိပ်ပြားတွေကို ယူသွားမှာပဲ မဟုတ်ဘူးလား?"

အရှေ့က သူ့မျက်နှာကို တင်းမာစွာကြည့်ကာ အနောက်က လက်သီးများကို တင်းတင်းဆုပ်ထားသည်။ ဤတံဆိပ်ပြားများသည် ဆန်းကြယ်ကောင်းကင်အိမ်တော်က ပေးအပ်သော စည်းစိမ်ဥစ္စာကို ကိုယ်စားပြုသည်။ ဘယ်သူ့ဆီကမှ မနည်းချေ။

လုရွှမ် တစ်ချက်ကြည့်လိုက်တော့ ရှန်ယီးနဲ့ လိရှောင်းက သူတို့နှစ်ယောက်ကို ဖမ်းဆွဲပြီး လက်ထဲက သိုလှောင်လက်စွပ်တွေကို ချွတ်ပစ်လိုက်သည်။

"ခဏစောင့်ပါဦး... လူတိုင်းကို ကျေနပ်စေမယ့် အစီအစဥ်တစ်ခုကို ငါတို့လုပ်နိုင်မှာပါ"

အနောက် ဟုခေါ်သည့် အနက်ရောင် ဝတ်ရုံနဲ့လူက အမြန်အော်လိုက်သည်။

ဆန်းကြယ်ကောင်းကင်အိမ်တော်မှ ပေးသော တံဆိပ်ပြားသည် ငါးတစ်ကောင်ကို နဂါးအဖြစ်ပြောင်းလဲရန် အခွင့်အရေး တစ်ခုဖြစ်ပြီး ၎င်းသည် တစ်သက်တာ ကံကြမ္မာကိုပင် ပြောင်းလဲ​စေနိုင်သည်။

ဒီအတိုင်း ပေးလိုက်ရင် အဲဒီစည်းစိမ်ဥစ္စာတွေ ပြန်မရနိုင်တော့ဘူး။

လိရှောင်းနဲ့ ရှန်ယီးကလည်း ရပ်ပြီး လုရွှမ်ကို ကြည့်လိုက်သည်။

"ကောင်းပြီ မင်းတို့မှာ ဘယ်လို ကောင်းတဲ့အချက်တွေ ရှိလဲ? အဲဒါကို ထုတ်ပြလိုက်... အားလုံးက ကိုယ်စားလှယ် လောင်းတွေပဲလေ ငါတို့ကလည်း လွန်လွန်ကျူးကျုး မလုပ်ချင်ပါဘူး ဟုတ်တယ်မလား?"

လုရွှမ်ရဲ့ မျက်နှာ ပျော့ပြောင်းလာတာကို မြင်လိုက်ရသည်နှင့် ညီအကိုနှစ်ယောက်က ဝမ်းသာအားရဖြင့်။

"ကောင်းပြီ ငါတို့ညီအစ်ကို နှစ်ယောက်ရဲ့ တံဆိပ်ပြားကို မသိမ်းသရွေ့ မင်းသိချင်သမျှကို ငါတို့ပြောပြမယ်"

"ကောင်းပြီလေ"

လုရွှမ် မျက်လုံးများဖြင့် အချက်ပြလိုက်ရာ လိရှောင်းနဲ့ ရှန်ယီးတို့သည် ထိုနှစ်ယောက်၏ လက်စွပ်များကို ချွတ်လိုက်ကြသည်။

ညီအကိုနှစ်ယောက်က ဒေါသတကြီး ဒေါသတကြီးအော်ပြီး

“မင်း မယူဘူးလို့ ပြောထားတာ မဟုတ်ဘူးလား?"

"ဘယ်သူပြောလဲ? ငါပြောတာက လက်စွပ်ကို အရင် ယူထားမယ်... မင်းတို့ရဲ့စွမ်းဆောင်မှုကို ငါကျေနပ်ရင် လက်စွပ်ကို ငါပြန်ပေးမယ်... မကျေနပ်ရင် မပေးဘူး"

နှစ်ယောက်သား တံစက်မြိတ်အောက်မှာ ခေါင်းငုံ့ထားရသည်။ နာကျင်နေသော ခြေဖဝါးများကို ကိုင်ထားပြီးနောက် သူတို့နှစ်ဦးသည် ဘာကိုမှ မဖုံးကွယ်ဝံ့ဘဲ အရာအားလုံးကို ပြောပြလာ၏။

ဆန်းကြယ်ကောင်းကင်အိမ်တော်သည် နှစ်တစ်ရာလျှင် အရည်အချင်းရှိသော တပည့်တချို့ကို စုဆောင်းတတ်သည်။ ဝမ့်ကျစ်ကမ္ဘာ့နဲ့ ရှေးဟောင်း ကမ္ဘာတချို့မှ စုစုပေါင်း ပါရမီရှင်တစ်ထောင်ကို စုဆောင်းသော်လည်း ဝမ့်ကျစ်ကမ္ဘာတွင် ရာဂဏန်းမျှသာရှိပြီး ရှေး​ဟောင်း ​ကမ္ဘာကဲ့သို့သော ကမ္ဘာငယ်လေးများထဲတွင် ထောင်ပေါင်းများစွာ ရှိသည်။

ကမ္ဘာငယ်လေး တစ်ခုစီတွင် လူအနည်းငယ်ကို စုဆောင်းမည်ဆိုပါက ကိုယ်စားလှယ်လောင်း ဘယ်လောက် ခေါ်ယူမယ် ဆိုတာကို စိတ်ကူးကြည့်နိုင်သည်။

အဲဒီလူတွေထဲက တစ်ထောင်ကို ဘယ်လို ရွေးမလဲ ဆိုတာကတော့ စမ်းသပ်မှု လုပ်ငန်းစဉ်ပေါ်မှာ မူတည်ပါ၏။

နှိုင်းယှဉ်မှု အစီအစဥ်များထဲမှ တစ်ခုတွင် ဆန်းကြယ်ကောင်းကင်အိမ်တော်က ပေးထားသော တံဆိပ်ပြားကို အများဆုံး ကိုင်ထားရသူလည်း ပါဝင်ပါသည်။ ၎င်းတို့အနက်မှ ဖယ်ထုတ်ခံရနိုင်ခြေ အရှိဆုံးသူများသည် ရှေး​ဟောင်း ကမ္ဘာငယ်များမှ ထူးချွန်သူများ ဖြစ်သည်။

All Chapters