← Chapters

နတ်ဘုရားမအသင်း

Vol. 67 Ch. 4.512

နတ်ဘုရားမအသင်း

Vol. 67 Ch. 4.512

အထူးသဖြင့် ဆန်းကြယ်ကောင်းကင်အိမ်တော်က တံဆိပ်ပြားတွေကို တစ်ခါမှ မရရှိခဲ့တဲ့ ကမ္ဘာငယ်လေးတွေပင်။

ဒါကြောင့် ဆန်းကြယ်ကောင်းကင်အိမ်တော်ရဲ့ ရွှမ်ထျန်းတံဆိပ်ပြားကို တစ်ခါမှ မရရှိခဲ့တဲ့ ရှေးဟောင်း လျှပ်စီးကမ္ဘာက လူ ရှစ်ယောက် ရွှမ်ထျန်းတံဆိပ်ပြားကို ရရှိသွားကြောင်း ကြားလိုက်ရသောအခါ သူတို့အားလုံး ဒီကို ဝိုင်းအုံပြီး ပြေးလာကြတာပဲ ဖြစ်သည်။

သူတို့သည် ရှေ့ပြေးအဖွဲ့သာဖြစ်ပြီး သူတို့နောက်ကွယ်တွင် လူတွေ ပိုများလာမှာပဲ ဖြစ်သည်။

"ဒါဆို မင်းတို့ရဲ့အရင်က အသက်ရှုလမ်းကြောင်းကို ဖုံးကွယ်ပြီး ​လေထုထဲကို လုံးလုံးပေါင်းထည့်တဲ့ နည်းလမ်းက ဘာလဲ?"

လုရွှမ်က မေးသည်။

အောင့်ယွဲ့ နှင့် တခြားသူများ၏ မျက်လုံးများမှာလည်း တောက်ပလာကာ ထိုနည်းလမ်းသည် အမှန်တကယ်ပင် ထူးထူးခြားခြား ဖြစ်နေကြောင်း လက်ခံကြသည်။

"အဲဒါက ဘာနည်းလမ်းမှ မဟုတ်ပါဘူး... ကိုယ်စားလှယ်လောင်းတွေအတွက် အကာအကွယ် တစ်မျိုးဖြစ်တဲ့ ရွှမ်ထျန်းတံဆိပ်ပြားရဲ့ လုပ်ဆောင်မှုတစ်ခုပဲ။ မင်းတို့က ဒီလျှို့ဝှက်ဆန်းကြယ်မှုကို နားမလည်ဘူးဆိုတာ ငါသိပါတယ်...အဲဒါကြောင့်လည်း မင်းတို့ကို အနိုင်ကျင့်ဖို့ လာခဲ့တာ"

လူတော်တော်များများက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခါးသီးစွာ ပြုံးပြလိုက်ကြသည်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ အဖြူအမဲလူနှစ်ယောက်က အရာအားလုံးကို ရှင်းပြလာခဲ့ပါ၏။

ညီအကိုနှစ်ယောက် ပြောပြတဲ့ နည်းလမ်းအရ နတ်သမီးကျင်းဟုန် စမ်းကြည့်လိုက်တော့ လေထုထဲကနေ လုံးဝပျောက်သွားတော့သည်။

လုရွှမ်သည် ရွှမ်ထျန်းတံဆိပ်ပြားရဲ့ အမိန့်ကို ဖြေဖျောက်ရန် ကြိုးစားသော်လည်း လျှပ်စီးကြောင်းနှင့် မီးတောက်တွေ သုံးထားတာတောင် ထိခိုက်မှု လုံးဝမရှိခဲ့ပေ။

"အခု မင်း ငါတို့ဆီ ရွှမ်ထျန်းတံဆိပ်ပြားကို ပြန်ပေးနိုင်​ပြီလား"

လုရွှမ်က သူတို့ကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ သူဟာ သိုလှောင်လက်စွပ်ကို သဘာဝကျကျ ထိန်းသိမ်းထားရင်း တံဆိပ်ပြား နှစ်ခုကို ထုတ်ပြီး သူတို့ဆီ ပစ်ပေးလိုက်လေ၏။

နှစ်ယောက်သား ဒေါသမထွက်ရဲသလို စကားလည်း မပြောရဲကြချေ။ ဒီတစ်ခါတော့ သူတို့ ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားခဲ့ရပါ​​ပြီ။ ရွှမ်ထျန်းတံဆိပ်ပြားကို အမြန်အသုံးပြုပြီး အမြန်ပဲ ထွက်ပြေးသွားခဲ့သည်။

"မကြာခင် မိုးလင်းတော့မယ်"

နတ်သမီးရှန်းရှဲ့က ရုတ်တရက် ပြောလိုက်သည်။ သူမက စကားများများစားစား မပြောပေမယ့် အဓိပ္ပာယ်ရှိတဲ့ တစ်ခုခုကိုတော့ အမြဲပြောတတ်၏။

အားလုံးက မိုးကုပ်စက်ဝိုင်းကို လှမ်းကြည့်လိုက်တော့ ငါးဗိုက်ဖြူလို ဖြူနေပြီဆိုတာ တွေ့လိုက်ရကာ တိုက်ပွဲကလည်း တစ်ညလုံးနီးပါး ကြာသွားခဲ့သည်။

"ရှန်းရှဲ့ သူတို့က မိုးလင်းမှ ပြန်ဆုတ်မယ်လို့ ဆိုလိုတာလား"

အောင့်ယွဲ့ မေးလိုက်သည်။

"အင်း အနည်းဆုံးတော့ အောင့်မိသားစုရဲ့ ဘိုးဘွားခန်းမကို ဖျက်စီးပစ်မှာ မဟုတ်ဘူး"

လူငယ်တွေကလည်း ခေါင်းညိတ်ပြကြပြီး နတ်သမီးရှန်းရှဲ့ ပြောတာ မှန်ကြောင်း ထောက်ခံကြသည်။

ဆန်းကြယ်ကောင်းကင်အိမ်တော်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အောင့်မိသားစုကို မျက်နှာမူရမှာတော့ သေချာပါ၏။ သူတို့ရဲ့ သန်မာတဲ့ စိုက်ထုတ်မှုနဲ့အတူ တစ်ညတာ ခံနိုင်ရည်ရှိပေမယ့် ဆက်ပြီး ပြင်းပြင်းထန်ထန် ဖိနှိပ်နေမယ်ဆိုရင် ဆန်းကြယ်ကောင်းကင်အိမ်တော်က ဒီအတွက် တရားမျှတတယ်လို့ ဆိုနိုင်မှာ မဟုတ်ချေ။

ကံကြမ္မာက မကြာခင် ရောက်ရှိလာတော့မှာ ဖြစ်ပြီး စမ်းသပ်မှုဟာလည်း မကြာခင်မှာ ပြီးဆုံးတော့မှာ ဖြစ်လေသည်။ အချိန်တွေကုန်တာ မြန်ပေမယ့် ဘယ်သူမှ ထပ်မလာတော့ချေ။

"အဲဒီလူနှစ်ယောက် ပြန်သွားတဲ့ အချိန်တုန်းက တခြားလူတွေကိုပါ ပြောပြလိုက်လို့ ဘယ်သူမှ မလာရဲတေ့တာများလား"

အောင်ရှင်းက အော်လိုက်သည်။ ဒါက ဖြစ်နိုင်ချေရှိသည်။

"ဒီလိုဆိုရင် အခြေအနေက ပိုဆိုးလာလိမ့်မယ်"

လုရွှမ် ပြောလိုက်သည်။ အောင့်ယွဲ့ကလည်း ခေါင်းညိတ်ရင်း

"သူတို့ရဲ့ ခွန်အားက အရမ်းသန်မာတယ် ဆိုတာကို အဲဒီလူတွေက ပိုပိုပြီး သက်သေပြလိမ့်မယ်... ဒါပေမဲ့ လူတစ်ယောက်ရဲ့ ခွန်အားက ပျမ်းမျှပဲလေ"

"ဆန်းကြယ်ကောင်းကင်အိမ်တော်ထဲကို ဝင်ဖို့အတွက် ငါတို့ အမြဲတမ်း ခွဲနေရလိမ့်မယ်.... တချို့လူတွေက ငါတို့ လမ်းခွဲသွားတဲ့အခါကျရင် ရည်ရွယ်ချက်တွေ ရှိလာလိမ့်မယ်"

နတ်သမီးရှန်းရှဲ့က တခြားဘာမှ ထပ်မပြောပေမယ့် သူမဆိုလိုရင်းကို လူတိုင်း သိကြသည်။ လိရှောင်းက အော်ဟစ်ပြီး ကျိန်ဆဲလိုက်သည်။

"ငါလူး!"

သူက ဒီခံစားချက်ကို အရမ်းမုန်းသည်။ သူ့ကို လူတိုင်းက အမြဲတမ်း သဘောကျခဲ့ပြီး ခပ်ခွာခွာနေခဲ့သည်။ အခုအချိန်မှာတော့ သူဟာ တခြားသူတွေရဲ့ နှိမ့်ချခံရပြီး ပျော့ညံ့သူလို့ သတ်မှတ်ခံရတဲ့ ခံစားချက်အတွက် အော်ဟစ်ပေါက်ကွဲလေတော့သည်။

ရှန်ယီးရှောင်ဟဲကတော့ အခု သူနဲ့ လိ​ရှောင်းတို့ဟာ ဒုက္ခရောက်နေတဲ့ ညီအစ်ကိုတွေ ဖြစ်နေတဲ့အတွက် အဖော်ရနေသူလို ဖြေသာလေ၏။

"ကိစ္စမရှိပါဘူး.. ဆန်းကြယ်ကောင်းကင်အိမ်တော်ရဲ့ ရွှမ်ထျန်းတံဆိပ်ပြားက လူဘယ်မှာရှိတယ် ဆိုတာကို ဖုံးကွယ်နိုင်တဲ့ မှော်အစွမ်းရှိတယ်... ဒါက တခြားကိုယ်စားလှယ်လောင်းတွေရဲ့ တွက်ချက်မှုတွေကို ရှောင်ရှားနိုင်တယ်... သတိထားနေသရွေ့ သူတို့အတွက် စိတ်ပူစရာ မလိုပါဘူး"

လုရွှမ်က နှစ်သိမ့်​ပေးလိုက်သည်။

"နင်တို့အတွက် တခြားနည်းလမ်း ရှိတယ် အဲ့ဒါက ငါနဲ့ပေါင်းဖို့ပဲ!"

ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာပြီး ကျန်းယွိသည် လေထုအလယ်တွင် ပေါ့ပါးစွာ ပေါ်လာခဲ့သည်။ သူမ၏ မျက်လုံးများသည် လူအုပ်ကို ဖြတ်ကျော်ကာ လုရွှမ်ထံ ရောက်သွားသည်။

"နင်က တကယ်ကို ထူးထူးခြားခြားပဲ... အဖြူအမည်း ညီအစ်ကိုတွေရဲ့ လျှို့ဝှက် သိုင်းပညာတွေကိုတောင် ချိုးဖျက်နိုင်တယ်... နင့်ရဲ့ ပင်ကိုယ်စွမ်းရည်က ငါ့စိတ်ကူးထားတာထက် ကျော်လွန်သွားပြီ"

"ကံကောင်းသွားတာ"

ကျန်းယွိရဲ့ မျက်လုံးများ​က လိရှောင်းနဲ့ ရှန်ယီးတို့ကို စိုက်ကြည့်ကာ။

"နင်တို့ရဲ့ အရည်အချင်းတွေလည်း မဆိုးပါဘူး... လက်ရှိကျင့်ကြံမှု အဆင့်နဲ့တောင် ဒီအခြေအနေကို ရောက်နိုင်နေပြီ... ရှေးဟောင်းလျှပ်စီးကမ္ဘာက အဆင့်နိမ့် ကမ္ဘာငယ်လေး ဆိုပေမယ့် ဒီလို အရည်အချင်းတွေကို ပြသနေတာပဲ မဆိုးပါဘူးလို့ ပြောရမယ်"

"ဒါပေမဲ့ ခြေတစ်လှမ်းနှေးပြီးရင် တစ်လှမ်းပြီး တစ်လှမ်း နှေးနေတော့မှာ ဒါက အားနည်းချက်ပဲ....နင်တို့မှာ သူလို မယုံနိုင်လောက်စရာကောင်းတဲ့ အရည်အချင်းတွေ မရှိဘူး"

ကျန်းယွိက လုရွှမ်ကို ညွှန်ပြသည်။

"ဒါမှမဟုတ် သူမလို မယုံနိုင်လောက်စရာ အခွင့်အလမ်းတွေ မရခဲ့ဘူး"

ဒီတစ်ခါတော့ သူမက နတ်သမီးကျင်းဟုန်ကို လက်ညှိုးထိုးပြလိုက်ပါ၏။

"ဒါမှမဟုတ် သူမလိုပဲ ထူးထူးခြားခြား မွေးဖွားလာတာ ဖြစ်ရင်ပေါ့"

ဒီတစ်ခါတော့ သူက အောင်ရှင်းကို ရည်ညွှန်းပြီး အောင်ရှင်းရဲ့ ပင်ကိုယ်စရိုက်နဲ့ သဘာဝကို သိသိသာသာ မြင်နေရတာ ထင်ရှားလေသည်။

“ဒါတွေအားလုံးက အခွင့်အလမ်းတွေ ဒါမှမဟုတ်ရင် အရည်အချင်းတွေပဲ... တခြားသူတွေနဲ့ အမီလိုက်ချင်ရင်တော့ သူ့လိုပဲ ဖြစ်လာနိုင်တယ်”

ဤတစ်ကြိမ်တွင် သူမသည် အသားသတ်သမားကို ညွှန်ပြခဲ့လိုက်သည်။

“နင်ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ နင့်ရဲ့လမ်းက အတိုဆုံး ဖြတ်လမ်းပဲ”

လိရှောင်းက ရယ်မောလိုက်ပြီး

"နတ်သမီးက ငါတို့မှာ ဘာမှမရှိဘူး အကောင်းဆုံးအရာက သူများပေါင်ကို ပွေ့ဖက်ထားရမယ် အဲ့သဘောမျိုး ပြောချင်တာလား?"

သူ့ပါးစပ်ထောင့်က လှောင်ပြောင်သယောင်ယောင် အရိပ်အမြွက်မျိုး ပြသလိုက်သေးသည်။

"ဟုတ်တယ်... နင်တို့ အင်အားကြီးပေါင်တွေကို ပွေ့ဖက်ထားရမယ်... ဒါက နည်းနည်းတော့ အောက်တန်းကျတယ် ဆိုပေမယ့် အကောင်းဆုံးနည်းလမ်းပဲလေ"

ဘုန်းကြီး တစ်ဖြစ်လည်း ရှန်ယီးသည် အော်မီတော်ဖော်ကိုတောင် မပြောနိုင်​တော့ဘဲ။

"ငါတို့ တစ်ယောက်ယောက်ရဲ့ ပေါင်ကို ပွေ့ဖက်ထားရမယ် ဆိုရင် ဘာကိစ္စ မင်းကို ရှာနေရမှာလဲ? ငါတို့မှာ လုရွှမ်ရှိတယ်လေ ငါ့အမြင်အရတော့ သူ့အရည်အချင်းက မင်းရဲ့အထက်မှာ ရှိနေတုန်းပဲ... ငါပြောတာမှန်တယ်မလား?"

ကျန်းယွိက လုံးဝ စိတ်မဆိုးပါဘူး။

"ဒါပေမဲ့ သူနဲ့ပဲ ဆက်နေရင် နင်နဲ့သူကြားက ကွာဟချက်က ပို​​​ကြီးလာလိမ့်မယ်"

"ငါ့နောက်ကို မလိုက်လည်းရတယ်... ဒါပေမဲ့ နင်တို့ငါတို့ရဲ့ နတ်ဘုရားမအသင်းနဲ့ ပူးပေါင်းရင် ဘယ်သူမှ အနှောင့်အယှက်ပေးမှာ မဟုတ်​တော့ဘူး... စိတ်အေးအေးထားပြီး လေ့ကျင့်လို့ရတယ် နင်တို့မှာ အခက်အခဲတွေရှိရင် ငါတို့ဆီ လာဆွေးနွေးလို့ရတယ်...အန္တရာယ်ကြုံလာရင်လည်း နင်တို့အတွက် ငါတို့က ရပ်တည်ပေးမယ်"

ကျန်းယွိက ထိုစကားကို ဂုဏ်ယူဝင့်ကြွားစွာ စိုးမိုးပြီး ခိုင်လုံစွာ ပြောလိုက်ပါ၏။

"အိုး နတ်ဘုရားမအသင်း... နာမည်က နာမည်ကောင်းပဲ... အခု မင်းတို့ရဲ့ နတ်ဘုရားမအသင်းမှာ လူဘယ်နှစ်ယောက် ရှိနေပြီလဲ?"

"အခုထိတော့ လူ ၂၀၀ ကျော် ရှိတယ်...အဖွဲ့ဝင်တွေထဲမှာ သူတို့က ထိပ်တန်း ဆယ်ယောက်ထဲမှာ ပါတယ်"

လိရှောင်း - "ထိပ်တန်းဆယ်ယောက်? နတ်ဘုရားမအသင်းထဲက လူနှစ်ရာကျော်မှာ ဆိုရင် ကျန်းယွိ မင်းရဲ့ ခွန်အားက သာမန်လောက်ပဲလို့ ထင်ရတယ်နော်!"

ကျန်းယွိက စိတ်မဆိုးဘဲ ပြုံးပြီး ပြောလိုက်သည်။

"အဖွဲ့ထဲမှာ အလှ​လေးတွေ အများကြီးရှိတယ်"

လိရှောင်းရဲ့ မျက်လုံးများက တောက်ပလာပြီး အော်လိုက်သည်။

"ကောင်းပြီ...ငါပါဝင်မယ်!"

လုရွှမ် လိရှောင်းကို အမြန်ဆွဲလိုက်ကာ။

"လိရှောင်း... မင်း"

"ထပ်ပြောစရာ မလိုပါဘူး လုရွှမ်... ငါအကုန်လုံးကို နားလည်ပါတယ်။ မင်းက ငါ့ရဲ့ အရင်းနှီးဆုံးညီအစ်ကို ဘဝရဲ့ သေခြင်းတရားကို ရိုးသားစွာ မျှဝေပေးတတ်တဲ့ သူငယ်ချင်းပဲ... ဒါပေမဲ့ သူပြောတာမှန်တယ် ငါလည်း ကိုယ့်လမ်းကိုယ်ရှာချင်တယ်"

လုရွှမ် လိရှောင်းရဲ့ ပုခုံးကို ပြင်းပြင်းထန်ထန် ပုတ်လိုက်သည်။ လိရှောင်းကလည်း လုရွှမ်ကို ပွေ့ဖက်လိုက်ပြီး နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။

ရှန်ယီးလည်း

"နတ်သမီးကျန်းယွိက အရမ်းပွင့်လင်းတာပဲ... ကောင်းပြီ ငါလည်း နတ်ဘုရားမအသင်းမှာ အဖွဲ့ဝင်မယ်"

ကျန်းယွိ အံ့အားသင့်နေတုန်းပါပဲ။ သူတို့နှစ်ယောက်ကို လွယ်လွယ်ကူကူနဲ့ ပူးပေါင်းဖို့ ခေါ်လို့ရမယ်လို့ သူမ မျှော်လင့်ထားပါဘူး။ သူမက မထိန်းနိုင်ဘဲ တခြားသူတွေကိုပါ ကြည့်လိုက်သည်။

ထို့နောက် သူမက တည်ငြိမ်စွာ ပြုံးလိုက်ပြီး

"ဒါက ငါ့ရဲ့ ရိတ်သိမ်းနိုင်မှု အကန့်အသတ်ကို ကျော်လွန်သွားပြီ... နင်တို့ သေသေချာချာ စဉ်းစားပြီး ဆုံးဖြတ်ချက် ချနိုင်တယ်"

All Chapters