သုံးရက်ကြာပြီးရင်
Vol. 67 Ch. 4.513
ကျန်းယွိရဲ့ ပြတ်သားမှုက လုရွှမ် မျှော်လင့်ထားတာထက် ကျော်လွန်နေသော်လည်း သူမအရင်က လုပ်ခဲ့သမျှကို တွေးကြည့်မိတော့ သဘာဝကျတယ်လို့ ထင်မိသည်။ သူမသည် အမှန်ပင် လူကောင်းတစ်ဦးဖြစ်ပြီး တခြားသူများ သူမအပေါ် အထင်ကြီးအောင် အတွေးတချို့ကို ထားခဲ့သည်။
မဟုတ်ပါကလည်း ဝမ့်ရှန်းကမ္ဘာက မွေးဖွားလာသော နတ်သမီးကို ဘယ်သူမှ မုန်းတီးလိမ့်မည် မဟုတ်ပေ။
ကျန်းယွိသည် တိရိစ္ဆာန်အရေခွံနှစ်ခုကို လွှင့်တင်ထုတ်လိုက်သည်။ ရှန်ယီးနှင့် လိရှောင်းတို့သည် ထိုအရေခွံတိုကိုယူကာ သူတို့၏ သွေးဖြင့် ထွင်းထု၍ သွေးစာချုပ် ချုပ်ခဲ့သည်။
ကြက်တွန်သံ ကြားလိုက်ရတဲ့ အချိန်မှာတော့ ကောင်းကင်မှာ တောက်ပနေပြီ ဖြစ်သည်။ ကျန်းယွိ ထွက်သွားပြီးနောက် သူတို့ ရှစ်ဦးလည်း သက်ပြင်းချနိုင်သွားတော့ တစ်ညတာကိုတော့ ခံနိုင်ရည် ရှိခဲ့ကြပြီ။
ဆန်းကြယ်ကောင်းကင်အိမ်တော်၏ အသွင်အပြင်သည် လူတိုင်း၏ အစီအမံများကို လုံးလုံးလျားလျား ပျက်ပြားစေသော်လည်း ၎င်းသည် ဖြတ်လမ်းတစ်ခုဆိုလည်း ဟုတ်နေသည်။ ဝင်ရောက်နိုင်လျှင် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုကို သက်သာစေနိုင်သည်။
ထုံးစံအတိုင်း သူတို့နှစ်ဦးရဲ့ ရွေးချယ်မှုကို ဘယ်သူကမှ ကန့်ကွက်ခြင်း မရှိဘဲ စိတ်ရင်းမှန်ဖြင့် ဂုဏ်ပြုခဲ့သည်။
ကောင်းကင်ယံ၌ အလင်းရောင်များ တဖျပ်ဖျပ် ခတ်နေပြီး မကြာမီတွင် နတ်မီးနယ်ပယ်က အရှင်သုံးပါး ပေါ်လာသည်။ ၎င်းတို့မှာ အောင့်မိသားစုမှ နတ်မီးနယ်ပယ် အရှင် သုံးဦးပဲ ဖြစ်သည်။ ခေါင်းဆောင်မှာ အောင့်ယွဲ့ရဲ့အဖေ အောင့်ထျန်းပင်။
ဘိုးဘွားခန်းမသည် တိတ်ဆိတ် ငြိမ်သက်နေတ.ကို မြင်လိုက်ရသဖြင့် သက်ပြင်းတစ်ချက် ချကာ အားလုံးကို ကျေးဇူးတင် စကားအပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးအများကြီး တင်ပါတယ်... အားလုံး အဆင်ပြေရဲ့လား"
ထို့နောက် လူငယ်များက ညဘက်တွင် ဖြစ်ပျက်ခဲ့သမျှကို အမြန်ရှင်းပြလိုက်သည်။ သေချာတာပေါ့။ သူတို့ထင်ထားတဲ့ အတိုင်း အဲဒါက ဆန်းကြယ်ကောင်းကင်အိမ်တော်က လူတွေရဲ့ လက်ချက်ပင်။
ဒါတင်မကဘဲ ဆန်းကြယ်ကောင်းကင်အိမ်တော်ကလည်း နိမိတ်ပရောဖက် ပြုပေးတဲ့အတွက် အောင့်ထျန်းနဲ့ တခြားသူတွေကလည်း သူတို့ရဲ့ စမ်းသပ်မှုကို လက်ခံရတာ ဖြစ်လေသည်။
"သုံးရက်ကြာပြီးရင် မန်ဟွမ်နတ်ဘုရားမျှော်စင်က ဒုတိယအကြိမ်မြောက် နတ်အလင်းအဖြစ် ပြောင်းလဲလိမ့်မယ်"
လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြသည်။
မန်ဟွမ်နတ်ဘုရားမျှော်စင် နတ်အလင်းရောင် အဖြစ်သို့ ပထမအကြိမ် ပြောင်းလဲသွားတုန်းက မန်ဟွမ်နတ်ဘုရား မျှော်စင် မွေးဖွားတော့မည်ဟု လူတိုင်းက ထင်မှတ်ခဲ့ကြသည်။ ယခုလည်း နတ်အလင်းသည် ဒုတိယအကြိမ်အဖြစ် ပြောင်းလဲ ထွက်ပေါ်တော့မည် ဆိုလျှင် မန်ဟွမ်နတ်ဘုရားမျှော်စင် မွေးဖွားတော့မယ် ဆိုတဲ့ ကောလာဟလများကို အတည်ပြုလိုက်သလိုပဲ မဟုတ်ပါလား။
"ဆိုလိုတာက မန်ဟွမ်နတ်ဘုရား မျှော်စင်ကို သိမ်းဖို့ သုံးရက်ပဲ ရှိတော့တယ်ပေါ့?"
နတ်သမီးကျင်းဟုန်က ထပ်မေးလိုက်သည်။ လုရွှမ်က သူ့ခေါင်းကို ခါယမ်းလိုက်ပြီး။
"အဲ့လိုသဘောလည်း မဟုတ်ဘူး။ မန်ဟွမ်နတ်ဘုရားမျှော်စင်က အခု လူတိုင်းရဲ့ စူးစမ်းနေတဲ့ မျက်လုံးအောက်မှာ ရှိနေတယ်လို့ ပြောရင် ငါတို့မှာ အခွင့်အရေး လုံးဝ မရှိတော့ဘူး... နောက်ပြီး ငါတို့မှာ လောလောဆယ် အရည်အချင်း လုံလုံလောက်လောက် မရှိဘူး။ ငါတို့အားလုံး သတိမထားမိတာက မန်ဟွမ်နတ်ဘုရားမျှော်စင်ကို လူတွေ ဘယ်လောက်တောင် မြှူချင်နေကြလဲ ဆိုတာပဲ.... သွားကြရအောင် နတ်မီးနယ်ပယ်က အကြီးအကဲတွေတောင် အခုအချိန်မှာ အောင်ပွဲခံဖို့ အခွင့်အရေး မရှိသေးဘူး”
အောင့်ထျန်းကလည်း ခေါင်းညိတ်ပြီး ပြောလာသည်။
"လုရွှမ်ပြောတာ မှန်တယ်... ငါတို့တောင် မလုပ်နိုင်သေးဘူး။ ဆန်းကြယ်ကောင်းကင် အိမ်တော်က ဆရာကြီးကန်းဟိုင် ငါ့ကို ပြောပြထားတယ်... မန်ဟွမ်နတ်ဘုရားမျှော်စင်က အနည်းဆုံး တစ်ကြိမ် နတ်အလင်းအဖြစ် ပြောင်းလဲလိမ့်မယ် ပြီးရင်တော့ သူထွက်သွားတော့မှာ ဖြစ်နိုင်တယ်တဲ့"
"တကယ်တော့...ဒါက လှည့်ဖြားထားတာ မဟုတ်ဘူး..မန်ဟွမ်နတ်ဘုရားမျှော်စင်က သူ့ရဲ့ အနေအထားကို ပြောင်းနေတာ မဟုတ်ရင် ဘယ်သူမှ သူ့ကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး"
"ဒါဆို သမီးတို့က ရန်သူရဲ့ ကျူးကျော်မှုကို လုံးလုံးလျားလျား တားဆီးထားရမှာပေါ့"
အောင့်ယွဲ့ကလည်း ဝင်ဆိုလိုက်သည်။ အောင့်ထျန်းက ကူကယ်ရာမဲ့ ခေါင်းညိတ်လိုက်ပြီး
"အမှန်ပဲ... ပထမတော့ ငါတို့က အဲဒီလူတွေရဲ့ တိုက်ခိုက်မှုကို တားဆီးရမှာ မဟုတ်ရင် ဘိုးဘွားတွေရဲ့ ဘုရားကျောင်းကြီး ပျက်စီးသွားလိမ့်မယ်... အောင့်မိသားစု ဘိုးဘေးတွေရဲ့ အမိုးအကာတွေ လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်"
"ဒါပေမဲ့!" အောင့်ထျန်းက သူ့စကားကိုရပ်လိုက်ပြီး လူတိုင်းကို တင်းမာတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။
"ဒါက ငါတို့ အောင့်မိသားစုရဲ့ ကိစ္စပဲ... မင်းတို့ရဲ့ဆန္ဒကို ငါတို့လက်ခံပါတယ် ဒါပေမဲ့ မင်းတို့ကို ပါဝင်ဖို့တောင့် ခွင့်မပြုနိုင်ဘူး အထူးသဖြင့် မင်းတို့က မင်းအနိုင်ရထားတဲ့ ဆန်းကြယ်ကောင်းကင်အိမ်တော်က ကိုယ်စားလှယ်လောင်း ဖြစ်တယ်ဆိုတော့ ဒီလိုအန္တရာယ်မျိုးမှာ မပါဝင်သင့်ဘူး"
"ပြောစရာ မလိုပါဘူး ယွဲ့အာ... သမီးလည်း ထွက်သွားရမယ်!"
အောင့်ယွဲ့ အံ့ဩသွားပြီး လုရွှမ်ကို ကြည့်လိုက်သည်။ လုရွှမ် ခဏလောက် စဉ်းစားပြီးနောက် သူက အောင့်ထျန်းကို ခေါင်းညိတ်ပြလိုက်သည်။
"ဦးလေး စိတ်မပူပါနဲ့ အောင့်ယွဲ့ နဲ့ တခြားလူတွေ ဒီကိစ္စထဲ မပတ်သက်စေရပါဘူး"
အောင့်ထျန်းက သက်ပြင်းတစ်ချက် ချကာ လုရွှမ်ရဲ့ပခုံးကို ပုတ်လိုက်ပြီး
"ယွဲ့အာကို မင်းလက်ထဲ အပ်ထားခဲ့မယ်... မင်းတို့အခု ထွက်သွားလို့ရပြီ... မဟုတ်ရင် ထွက်သွားလို့ မရတော့မှာကို ကြောက်ရတယ်"
လုရွှမ်က လူခုနစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး အသံနက်ကြီးဖြင့် ပြောလိုက်သည်။
"သွားကြရအောင်"
ထို့နောက် သူအောင့်ယွဲ့ရဲ့ လည်ပင်းကို နောက်ပြန် ရိုက်ချလိုက်သည်။ အောင့်ယွဲ့မှာ လုရွှမ် သူမကို ရုတ်တရက် တိုက်ခိုက်လာမယ်လို့ မထင်ထားဘဲ ချက်ချင်း သူမ မျက်လုံးများကို မှိတ်လျက် မူးလဲသွားခဲ့သည်။
အောင့်ယွဲ့ခါးကို လက်နှစ်ဖက်ဖြင့် မြှောက်ချီလိုက်ပြီးနောက် လုရွှမ်သည် အောင့်အိမ်တော်မှ ဦးစွာ ထွက်လာခဲ့သည်။ တခြားလူများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသော်လည်း လုရွှမ် ဘာလုပ်နေမှန်း မသိကြပေ။
"ငါတို့ရော?"
လိရှောင်းက စိတ်ရှုပ်နေသော မျက်နှာထားဖြင့် လူတိုင်းကို ကြည့်ကာ မေးလိုက်သည်။ သားသတ်သမားက ရုတ်တရက် ဖြတ်ပြောလိုက်သည်။
"လုရွှမ်ကိုယုံလား?"
ထိုစကားကို ပြောပြီးနောက် ထူဖူးသည် လုရွှမ်နောက်သို့ အမြန် လိုက်သွားခဲ့သည်။ လူငယ်တွေလည်း အံ့အားသင့်သွားကာ အားလုံးက ပြုံးပြီး သူ့နောက်သို့ လိုက်သွားကြသည်။
အောင့်ထျန်းက ထွက်ခွာသွားသူတိုင်းရဲ့ ကျောကိုကြည့်ကာ မိသားစု၏ ဘိုးဘွားခန်းမကို တစ်ဖန် ပြန်ကြည့်လိုက်ရင်း သူ့အသံက အေးစက်စွာ ထွက်ပေါ်လာခဲ့သည်။
"သေသွားတဲ့ ကျင့်ကြံသူတွေကို လျှို့ဝှက်ထားတဲ့ စွမ်းအားတွေနဲ့ ဖိတ်ခေါ်လိုက်!! ဒီတစ်ခါတော့ ငါတို့အောင့်မိသားစုက ရှေးဟောင်းလျှပ်စီးကမ္ဘာမှာ ရှေးနှစ်ပေါင်း ၃သောင်း လုံးလုံး ခေါင်းဆောင် ဖြစ်ခဲ့တယ် ဆိုတာကို တခြားသူတွေသိအောင် ပြရမယ်!"
အောင့်အိမ်မှ ထွက်ခွာပြီးနောက် အောင့်ယွဲ့ နိုးလာသည်။ သူမသည် တောနက်ထဲတွင် ရှိနေကြောင်း တွေ့ရပြီး သူမနှင့် အနီးဆုံး တစ်ဦးတည်းသောသူမှာ လုရွှမ်ဖြစ်သည်။ သူမ စိတ်ထဲတွင် ဒေါသများ ပေါက်ထွက်လာ၏။ ဤသစ်တောက ရင်းနှီးပြီးသား ဖြစ်ကာ ရှေးဟောင်း လျှပ်စီးမြို့တော်မှ ထွက်ခွာသွားခဲ့ပြီ။ သူမ တွေးမနေဘဲ လုရွှမ်ပါးကို နောက်ပြန်လက်ဖြင့် ရိုက်ပစ်လိုက်သည်။
လုရွှမ်က မလှုပ်မယှက်ဘဲ အောင့်ယွဲ့ကို ရိုက်ခွင့် ပေးလိုက်သည်။ သို့သော် သူမရဲ့ လက်ဖဝါး လုရွှမ်ရဲ့ပါးပြင်နှင့် နီးကပ်လာသောအခါ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
"ရှင် ကျွန်မကို ရှင်းပြရင် ပိုကောင်းမယ်"
“ဦးလေး ငါတို့ကို မပြန်လာစေချင်ဘူး ဆိုမှတော့ သဘာဝအတိုင်း ထွက်သွားရမှာပဲ... ပြီးတော့ လူတိုင်းရှေ့မှာ ရှိနေတဲ့ ငါတို့ရဲ့ လက်ရှိအင်အားနဲ့ ငါတို့ကို ဘယ်သူက သတိထားမိမှာလဲ? ဘယ်သူက မျက်လုံးထဲ ထည့်မှာလဲ? မင်းအဖေကို ခြိမ်းခြောက်ဖို့ ငါတို့ကိုတောင် ပြန်ပေးဆွဲခဲ့တာ သံသယဝင်စရာ မလိုဘူး ဒီဖြစ်နိုင်ချေကို မင်းလည်း သိပါတယ်"
လုရွှမ်သည် အကျပ်အတည်း ကာလတွင် အရာအားလုံးကို ဘေးဖယ်ထားမယ့်လူ မဟုတ်ကြောင်း အောင့်ယွဲ့ အမှန်တကယ် သိသော်လည်း သူမစိတ်ထဲတွင်တော့ ကြောက်လန့်နေခဲ့သည်။
လုရွှမ် သူမကို သူ့ရင်ခွင်ထဲ ညင်သာစွာ ပွေ့ဖက်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"ငါတို့ရဲ့ လက်ရှိ အင်အားက အဲဒီလူတွေထက် ပိုနည်းနေတယ်... ဒါပေမဲ့ ငါတို့ ဒြပ်စင်ငါးခုကို ပေါင်းစပ်ဖို့ သုံးလိုက်တာနဲ့ အံ့သြစရာကောင်းတဲ့ လက်နက်တစ်ခု ဖြစ်လာလိမ့်မယ်။ အရေးတကြီး အခိုက်အတန့် ဖြစ်ပေါ်လာရင် စစ်ပွဲရဲ့ အခြေအနေကိုတောင် ထိခိုက်စေနိုင်ပါတယ်”
"ဒါဆို ငါတို့က ငါတို့ရဲ့ခွန်အားကို ဖုံးကွယ်ပြီး ငါတို့ရဲ့ အချိန်တွေကို ထိန်းထားရမှာပေါ့... တိုးတက်လာအောင် စောင့်ပြီးရင်တော့ တစ်ချက်တည်းနဲ့ အနိုင်ယူရမယ်!"
အောင့်ယွဲ့သည် လုရွှမ်၏လက်များထဲမှ ခွန်အားအပြည့်ဖြင့် ဆုတ်ခွာသွားခဲ့သည်။ သူမသည် မဝေးလှသော နေရာမှ နတ်သမီးရှန်းရှဲ့တို့ရဲ့ ရောင်ဝါကို ခံစားရလေ၏။
သူတို့နှစ်ယောက်က လူအုပ်ဆီ ပြန်လာခဲ့ကြသည်။ လိရှောင်းဟာ သူ့မျက်နှာပေါ်က လိမ္မာပါးနပ်တဲ့ အပြုံးနဲ့ ကြည့်နေကာ ရှန်ယီးရှောင်ဟဲကတော့ သူ့မျက်နှာမှာ ညစ်ညမ်းတဲ့ အပြုံးတစ်ခု ရှိနေသည်။ နတ်သမီးအောင့်ယွဲ့က မီးတောက်နှစ်ခုကို ပစ်ခတ်လိုက်ရာ နှစ်ယောက်သား အော်ဟစ်ကာ ထွက်ပြေးကြတော့သည်။
"ငါတို့နောက်ကို ရိုးရိုးသားသား လိုက်နေတဲ့သူတွေ တော်တော်နည်းတယ်... ငါတို့ကို ဖမ်းပြီး ဓားစာခံတွေအဖြစ် အသုံးချချင်နေပုံရတယ်"
နတ်သမီးရှန်းရှဲ့က ပြောလိုက်သည်။ လူများထဲတွင် လုရွှမ်ပြီးရင် နတ်သမီးရှန်းရှဲ့က အပြင်းထန်ဆုံး ဝိညာဉ်စွမ်းအား ရှိသူလည်း ဖြစ်သည်။
"ဟုတ်ပြီ... လောလောဆယ် စိတ်မပူနဲ့တော့ အဲဒီမှာ လူဘယ်နှစ်ယောက်ရှိရှိ ငါတို့ကို တိုက်ခိုက်ဖို့ တကယ် သတ္တိရှိလားဆိုတာ စောင့်ကြည့်ရအောင်"
ထုံးစံအတိုင်း တခြား လူခုနစ်ယောက်ကလည်း မကန့်ကွက်ကြပေ။ နောက်အခိုက်အတန့်မှာတော့ လူရှစ်ယောက်ဟာ တမင်တကာ အသက်ရှုသံကို ဖုံးကွယ်၍ ခြေရာတွေကို ဖျောက်ပြီး အဝေးကို အမြန်ထွက်သွားကြသည်။
ခိုအောင်းရာ နေရာတွေကို ဖော်ထုတ်ခံခဲ့ရပြီး သူ့တို့နောက်က လူတွေဆီကနေ ဖုံးကွယ်ဖို့ လမ်းစမရှိသလို လူအင်အားကလည်း ပိုများလာကာ လိုက်ဖမ်းသူတွေက တဒါဇင်ထက်မနည်း များလာသည်။ ထိုအထဲ ကောင်းကင်ဘုံသခင်များလည်း ပါသေးသည်။