← Chapters

ပျက်စီးသွားပြီ!

Vol. 67 Ch. 4.516

ပျက်စီးသွားပြီ!

Vol. 67 Ch. 4.516

"ဒြပ်စင်ငါးပါးနတ်ပုတီးစေ့?"

"ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ပဲ!"

နောက်ဆုံး၌ ပညာရှိသော ပုဂ္ဂိုလ်သည် ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ ဟူသော အမည်ကို ထုတ်ဖော်လာခဲ့၏။

“မင်းတို့က ဒြပ်စင်ငါးခုပါ နတ်ပုတီးစေ့တွေကို တကယ်ရခဲ့တာပဲ”

​ခေါင်း​ဆောင်အဘိုးအိုက ဆိုလိုက်သည်။ ဒီအချိန်မှာတော့ သူ့မျက်နှာ​​ပေါ်မှာ ခါးသီးတဲ့ အပြုံးမျိုး မရှိတော့ဘဲ ထိတ်လန့်တကြား ဖြစ်သွားတဲ့ အမူအရာသာ ရှိတော့သည်။

ဒြပ်စင်ငါးပါးနတ်ပုတီးစေ့က အရမ်း အစွမ်းထက်လှတယ် ဆိုတာ သံသယသွားဝင်စရာကို မလို​ပေ​။

ထွက်ပြေးရမယ်!

"အစောက နတ်သမီးရှန်းရှဲ့ ဘယ်မှာလဲ"

တစ်စုံတစ်ယောက်က ဟိုဟိုဒီဒီ ကြည့်ရင်း ရှန်းရှဲ့ကို မတွေ့တော့တာကြောင့် ဘယ်မှာလဲဟု မေးလိုက်သည်။ ကောင်းကင်ဘုံသခင်များလည်း သံသယတွေ ဖြစ်လာကြသည်။

အရင်ကတော့ သူတို့ရဲ့ စူးစူးရဲရဲ မျက်လုံးအောက်မှာ ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းနိုင်မလဲဆိုတာကို တွေးခဲ့ကြပေမယ့် အခု သူတို့သတိ ဝင်လာချိန်မှာတော့ နတ်သမီးရှန်းရှဲ့က ပျောက်ကွယ်သွားပြီ။

ဆန်းကြယ်ကောင်းကင်အိမ်တော်ရဲ့ ရွှမ်ထျန်းတံဆိပ်ပြားမှာ အခုလို မှော်ဆန်တဲ့ အရာတစ်ခု ရှိမယ်လို့ ဒီကောင်းကင်ဘုံသခင်များက ဘယ်လိုလုပ် သိနိုင်မှာလဲ။

"အားလုံး မထိတ်လန့်နဲ့... ငါတို့ အခု စည်းစည်းလုံးလုံး လုပ်ရမယ် မဟုတ်ရင် ငါတို့ ဒီမှာပဲ သေသွားမှာ သေချာတယ်!"

ခေါင်းဆောင်အဘိုးအိုက အော်လိုက်သည်။ သူသည် ဂုဏ်အသရေရှိစွာ ကြွေးကြော်လိုက်ပြီးနောက်တွင် ကောင်းကင်ဘုံသခင် ခုနစ်ပါး သို့မဟုတ် ရှစ်ပါးတို့သည် သူ့ပတ်ဝန်းကျင်တွင် စုရုံးလာကြသည်။

"သခင်လေး သခင်မလေးတို့ ငါတို့မှားပါပြီ... ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်တော့မှ မပေါက်ကြားစေရဘူးလို့ သွေးသစ္စာ ကျိန်ဆိုနိုင်ပါတယ်... ဒီနေ့ပြီးရင် ငါတို့ ချက်ချင်းပဲ မင်းမျက်လုံးထဲမှာ ဘယ်တော့မှ ပြန်မပေါ်တော့အောင် အဝေးကို ထွက်သွားပါ့မယ် ဘယ်လိုလဲ?"

ခေါင်းဆောင် အဘိုးအိုကတော့ လုရွှမ်တို့အဖွဲ့ကို စူးစူးစိုက်စိုက် ကြည့်ရင်း

"မင်းတို့ ဘာလို့ အဆုံးသတ် ချင်ရတာလဲ? မင်းဒီမှာ သောင်တင်နေတော့ရော အောင့်မိသားစုကို စိတ်ပူနေမှာပဲလေ ဟုတ်တယ်မလား? မင်းတို့ အောင့်မိသားစုကို ကူညီဖို့ ပြန်သွားချင်သေးတယ် ဆိုရင် မင်းတို့ရဲ့ ခွန်အားကို ထိန်းထားနိုင်မှ အဆင်ပြေမှာ"

"ငါတို့မှာ ကောင်းကင်ဘုံသခင် ရှစ်ပါးရှိတယ်... ရန်သူဘက်က သေခြင်းတရားကို ပြန်လည်တိုက်ခိုက်ဖို့ဆိုတာ သေချာပေါက် ကြီးမားတဲ့ ခွန်အားတစ်ခုပဲ..."

အဘိုးအိုရဲ့ အော်ဟစ်ပြောဆိုသံကို နားထောင်ရင်း လုရွှမ်သည် တခြားလူများကို လှည့်ကြည့်လိုက်သည်။ အောင့်ယွဲ့က တိုးတိုးလေး ဟစ်အော်လိုက်၏။

"ကျွန်မတို့သာဆိုရင် ရှင် ကျွန်မတို့ကို လွှတ်​ပေးမှာလား?"

"ဒါပေါ့... ငါတို့ သေချာပေါက် လုပ်မှာပါ"

ကောင်းကင်ဘုံသခင်များကလည်း အဆက်မပြတ် အော်ပြောကြသည်။ သုံးနှစ်အရွယ် ကလေးတောင်မှ ဒါကို မယုံလောက်ချေ။ ဒါကြောင့် သားသတ်သမား ထူဖူးက အော်ပြောလာခဲ့သည်။

"သူတို့ကို သတ်ပစ်လိုက်...ချန်ထားစရာ မလိုဘူး!...သူတို့ဆီက နာကြည်းမှုတွေကို ငါ ရှင်းရှင်းလင်းလင်း ခံစားရနိုင်တယ်"

သားသတ်သမား ထူဖူးက ဘယ်သူလဲ။ သူသည် သူ၏လက်ရှိ ဂုဏ်သတင်းကို ရရှိရန် လူသေကောင်များနှင့် သွေးပင်လယ်ထဲတွင် သတ်ဖြတ်ချင်းကို နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသော သေမင်းနတ်ဘုရား ဖြစ်သည်။ လူသတ်ချင်စိတ်နှင့် မနာလိုမှု၏ အရိပ်အယောင်ကို သူကသာ အရှင်းလင်းဆုံး ခံစားနိုင်သည်။

“မင်းက သေတဲ့အထိ တကယ် တိုက်ချင်​နေတာလား?”

ခေါင်း​ဆောင်အဘိုးအိုက အော်ဟစ်လိုက်သည်။ သူက လူငယ်များစွာရဲ့ မျက်လုံးတွေကို အထပ်ထပ် အခါခါ စိုက်ကြည့်ရင်း တုံ့ဆိုင်းနေတဲ့ အရိပ်အယောင်ကို မြင်အောင် ရှာကြည့်ပေမယ့် ဘယ်သူ့ဆီမှာမှ ရှာမတွေ့ပေ။

ဆိုလိုသည်မှာ ဤပါရမီရှင်များ၏ အမြင်တွင် သူတို့ကို သတ်ပစ်ရန်မှာ အားထုတ်မှု နည်းနည်းပါးပါး စိုက်ထုတ်ရုံပဲဟု တွေးနေခြင်းပင်။ ဒီအတွေးက သူတို့ကို အထူးကြောက်စရာ ကောင်းစေသည်။

"ငါးသေပြီး ပိုက်ကျိုးသွားပြီလား ဟားဟား... ခင်ဗျားတို့ကိုသတ်ဖို့ ဘာကုန်ကျစရိတ်မှ မလိုဘူး!!"

"သတ်!"

အသံငါးသံသည် တပြိုင်နက်တည်း ထွက်ပေါ်လာပြီး လူငါးဦးပေါ်ရှိ နတ်ပုတီးစေ့ ငါးလုံးတို့သည် တဖျပ်ဖျပ် ခတ်သွားသည်။ လုရွှမ်ရဲ့ ခန္ဓာကိုယ်မှ ယင်းယန်စွမ်းအင် နှစ်ခု ထွက်ပေါ်လာကာ နတ်ပုတီးစေ့ငါးလုံးကို ပေါင်းစည်းလိုက်သည်။

"ဒြပ်စင်ငါးပါးရဲ့ စွမ်းအား.... ယင်နဲ့ ယန်ချီနှစ်ပါးပဲ!"

ခေါင်းဆောင် အဘိုးအိုက အော်ဟစ်လိုက်သည်။ ဒီလို ဒဏ္ဍာရီတွေကို သူ ကြားဖူးပေ၏။

ဒြပ်စင်ငါးပါး နတ်ပုတီးစေ့များကို ပေါင်းစပ်နိုင်သော်လည်း ၎င်းတို့အတွက် စွမ်းအင်တချို့ လိုအပ်ပါ​သေးသည်။ အခုထိ ဘာလိုအပ်လဲ ဆိုတာ သိခွင့်မရပေ။ နောက်ဆုံးတော့ သူသိလိုက်ပေမယ့် အခွင့်မသာတော့ချေ။

ယခုအချိန်တွင် ဆက်လက် ခုခံရန်မှာလည်း သေခြင်းတရားကို ရှာဖွေ​နေ​ခြင်းသာ ဖြစ်လိမ့်မည်။ တောက်ပနေသော ဓားတစ်ချောင်းဟာ ဆိုရင် ကောင်းကင်ဘုံသခင်ဆယ့် သုံးပါးရဲ့ အသွေးအသား အပိုင်းအစများကို တစ်ခဏအတွင်း ဖြတ်တောက်ပစ်လိုက်သည်။

"ဒြပ်စင်ငါးပါးနတ်ပုတီးစေ့က တကယ် ကြီးစိုးနိုင်တယ်ဟေ့!"

လိရှောင်းက လက်မထောင်ပြပြီး မျက်လုံးများလည်း ပြူးကျယ်သွားသည်။ ရှန်ယီးရှောင်ဟဲကလည်း လက်အုပ်ချီလျက် အော်မီထော်ဖော်ဟု အော်လေသည်။

နတ်သမီးရှန်းရှဲ့ ပြန်လည် ပေါ်ထွက်လာပြီးနောက် သူမရဲ့ နူးညံ့တဲ့ ခန္ဓာကိုယ်က အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်နေပါ၏။ ဒီမြင်ကွင်းက တကယ်ကို အံ့သြစရာကောင်းပေသည်။ သူမ သူမအဖေနဲ့ ရင်ဆိုင်ရချိန်မှာတောင် အဖေ့ရဲ့ စွမ်းအားက သိပ်မပြင်းထန်ဘူးလို့တောင် ထင်လာရသည်။

လူငါးဦးသည် ပေါင်းစည်းထားမှုကို ဖျက်သိမ်းပြီး ၎င်းတို့၏ မူလ ပုံစံသို့ ပြန်ပြောင်းလိုက်ကြသည်။ လိရှောင်းက အပြေးအလွှားထကာ လုရွှမ်ကို အဆိပ်ပြင်း မြွေတစ်ကောင်လို တင်းတင်းကြပ်ကြပ် ဖက်ထားကာ

"မင်းရဲ့ပေါင်ကို ဖက်ထားလိုက်ပြီကွာ!"

လူတိုင်းက ရယ်မောလိုက်ကြသည်။ ရှန်ယီးရှောင်ဟဲကလည်း

"ငါရောပဲ!"

နှစ်ယောက်သား ခါးသီးတဲ့ မျက်ရည်​ပေါက်တွေနဲ့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း တစ်ပြိုင်တည်း ရယ်လိုက်ကြ၏။ ထို့နောက် လူငယ်တွေလည်း သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး ရွှမ်ထျန်းတံဆိပ်ပြားကို သုံးကာ ရှေးဟောင်းလျှပ်စီး မြို့တော်သို့ တိတ်တဆိတ် ပြန်လာခဲ့သည်။

ယခုအချိန်တွင် ရှေးဟောင်းလျှပ်စီးမြို့တော်တွင် ဆောင်းဦးလေအေးလို အေးစက်သော လေထုများက လွှမ်းခြုံထားလျက် ရှိသည်။

အောင့်မိသားစု၏ ခြံဝင်းရှေ့တွင် ကောင်းကင်၊ မြေပြင်နှင့် အတွင်းအပြင် အားလုံးကို အဆင့်သုံးဆင့်တွင် လူအုပ်ကြီးက ဝန်းရံထားလျက် ရှိသည်။ ဤနေရာ၌ နတ်မီးနယ်ပယ်ရှိ ဒါဇင်နှင့်ချီသော အကြီးအကဲများနှင့် မရေမတွက်နိုင်သော ကောင်းကင်ဘုံသခင် တို့ကိုလည်း တွေ့ရသည်။

တချို့သော မဟာသူတော်စင်ကြီးများနှင့် သူတော်စင်များပင်လျှင် လူတိုင်းအလယ်၌ ညှပ်ပါနေကြဆဲပင်။ သူတို့ရဲ့နယ်ပယ်က မလုံလောက်သော်လည်း ရောင်ဝါကတော့ မပျော့ပေ။

အရိပ်အာဝါသကို ဖုံးကွယ်နိုင်သည့် ရွှမ်ထျန်းတံဆိပ်နှင့်ပင် သူတို့ ထိုနေရာကို မကပ်သွားရဲကြပေ။

တခြားဘာမှ မလုပ်ဘူးဆိုရင်တော့ ကျင့်စဉ်လောကထဲမှာ လူစုလူဝေး ဖြစ်လာမှာကို ကြောက်စရာမလိုချေ။ နောက်တစ်ခုက တစ်ယောက်နဲ့ တစ်ယောက် နီးကပ်လွန်းတာကြောင့် အငြင်းပွားမှုတွေ အလွယ်တကူ ဖြစ်စေနိုင်သည်။ ဒီလိုအခြေအနေ အောက်တွင် လူတိုင်းသည် ၎င်းတို့၏ ရောင်ဝါကို မှုတ်ထုတ်ပြီး နယ်ပယ်ငယ်များကို ဖိနှိပ်ထားကြသည်။

ကမူးရှူးထိုး ဖောက်ထွင်းလိုက်ရင် လူတချို့ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့ အလွန်လွယ်ကူပါ၏။ တစ်ယောက်ယောက်က သူတို့ကို သတိထားမိတာနဲ့ ခိုးဝင် တိုက်ခိုက်လာမှာ ထင်ရှားပါသည်။

ရွှမ်ထျန်းတံဆိပ်ပြားရဲ့ ဖုံးကွယ်မှု အာနိသင်သည် အမှန်တကယ်ပင် လွန်ကဲလွန်းသော်လည်း ၎င်းကို အသုံးပြုပြီးသည်နှင့် ပုံစံအစစ်အမှန်ကို ထုတ်ဖော်ပြသမိသွားမှာ ဖြစ်သည်။

အထောက်အထား အစစ်အမှန်ကို ဖော်ထုတ်ပြီးသည်နှင့် လူစုလူဝေးကြားတွင် ပုန်းအောင်းနေသော အောင့်ယွဲ့တို့ကိုပါ လူအများက တွေ့ရှိသွားနိုင်သည်။

အဲ့လိုဆို အောင့်မိသားစုကို သွားကယ်တင်တာ မဟုတ်တော့ဘဲ သေခြင်းတရားကို မိမိဘာသာ ရှာဖွေနေတာ ဖြစ်သွားတော့မည်။

ထို့အပြင် ဒီရွှမ်ထျန်းတံဆိပ်ပြားက နတ်မီးနယ်ပယ်က သခင်များနှင့် ကောင်းကင်ဘုံသခင်တွေဆီက ဖုံးကွယ်ထားနိုင်မယ်လို့ မဆိုထားပေ။ နောက်ဆုံးတော့ သူတို့ သတိမထားမိနိုင်တာက နယ်ပယ် အနိမ့်အမြင့် ပြဿနာ တစ်ခုပင်။ ဒီနေရာက ကောင်းကင်ဘုံသခင်နဲ့ နတ်မီးနယ်ပယ်က သခင်တွေအတွက် သူတို့ကို ရှာတွေ့သွားနိုင်ခြေက အရမ်းများသည်။

ရွှမ်ထျန်းတံဆိပ်ပြားက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အလွန်အမင်း မှော်ဆန်​နေတာတော့ မဟုတ်ဘူးလေ။

သူတို့ ရှစ်ယောက် လျှို့ဝှက်စွာ ပုန်းနေကြသည်။ အထူးသဖြင့် နတ်သမီးရှန်းရှဲ့၊ လိရှောင်းနဲ့ ရှန်ယီးရှောင်ဟဲတို့သည် အဝေးမှာ ဂရုတစိုက် ပုန်းရှောင်ကြသည်။ စစ်ပွဲတစ်ခုဖြစ်လျှင်သူတို့သည် အကူအညီပေးဖို့ စွမ်းအားများစွာ မရှိတဲ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမိမှာ စိုးရိမ်ကြ၏။

သူတို့ သုံးယောက်က အဲဒီအကြောင်းကို တွေးထားပြီး အဆုံးမှာတော့ ပုန်းအောင်းနေခဲ့သည်။ စစ်ပွဲစပြီးတာနဲ့ ချက်ချင်း လူစုခွဲပြီး လှုပ်ရှားဖို့ ပြင်ထားသည်။ လုရွှမ်နဲ့ အောင့်ယွဲ့ကလည်း အဲဒါကို ဆွေးနွေးပြီး ဂရုတစိုက် ပုန်းနေလိုက်သည်။

လူငယ်များမှာ စိတ်ပူနေသော်လည်း လုရွှမ်ရဲ့ အရည်အချင်းကိုတော့ သူတို့ သိကြသည်။ သူသည် တခြားသူများ လုံးဝမလုပ်နိုင်သော အရာများစွာကို အလွန်ရိုးရှင်းသော အဖြေများဖြင့် ဖြေရှင်းနိုင်သူပင်။

လုရွှမ်မှာ ဒြပ်စင်ငါးပါးရဲ့ လျှို့ဝှက်ချက်ထက်တောင် ပိုကြီးနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတယ် ဆိုတာလည်း သူတို့သိသည်။ လုရွှမ် ဒီလို ထွက်လာပြီ ဆိုကတည်းက သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိရမယ် ဆိုတာကို သူတို့ အခိုင်အမာ ယုံကြည်ထားသည်။

လုရွှမ် တိတ်တိတ်ဆိတ်ဆိတ် ဝင်လာပြီး အောင့်အိမ်တော်ရဲ့ အိမ်တံခါးကို ဂရုတစိုက်နဲ့ ထိလိုက်သည်။

All Chapters