← Chapters

သစ္စာဖောက်

Vol. 67 Ch. 4.518

သစ္စာဖောက်

Vol. 67 Ch. 4.518

လုရွှမ် အမြန်​လိုက်​သွားသည်​။

"ကျစ်! အဲ့လူပျောက်သွားပြီ!"

ထိုလူသည် အခန်းကျဉ်းလေးထဲသို့ ပြေးဝင်သွားပြီးနောက် လုရွှမ်လည်း ထိုလူရဲ့ ခြေရာလက်ရာကို လုံးဝ ခြေရာခံမရတော့တာကို ရုတ်တရက် တွေ့လိုက်ရသည်။

"ကျီးဖိုးဖိုး ကျွန်​တော့်ကိုရှာမတွေ့တာ သေချာလား?"

လုရွှမ် မေးလိုက်သည်။

"စိတ်မပူပါနဲ့ ... ကျီးဖိုးဖိုးလည်း ဒီအချိန်မှာ အန္တရာယ် ကျရောက်နေမှန်း သိပါတယ်... နတ်မီးနယ်ပယ်က သခင်တစ်ယောက် အပြည့်အဝ ဂရုမစိုက်ထားသရွေ့ သူ မင်းကို ဘယ်တော့မှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး"

လုရွှမ် ထိုအခန်းကို တစ်ချက် ကြည့်လိုက်ပြန်သည်။ အဲဒါက အရမ်းရိုးရှင်းတဲ့ အိမ်ဖြစ်ပြီး ဘာမှ မထူးဆန်းချေ။ တစ်ချက် ကြည့်လိုက်တာနဲ့ လူတွေ သတိမထားမိတဲ့ အိမ်ပုံစံပင်။

"ဟေး.. တစ်ခုခုတော့ မှားနေပြီ... အိမ်က ဒီလိုအိမ်မျိုးဆိုရင် အဲဒီလူက ဘာလို့ ဒီအခန်းကို အရင်ပြီး မဆိုင်းမတွ အမြန်ပြေးသွားတာလဲ? ပြီးတော့ တစ်လမ်းလုံး မရပ်ဘဲ တိုက်ရိုက် ပြေးဝင်သွားတဲ့ပုံက ဒီအိမ်ကို သူအစောကတည်းက ရှာတွေ့ထားတဲ့ပုံပဲ"

သူဒီမှာ ကောင်းကင်ကို ပျံမသွားဘူး ဆိုရင် မြေကြီးထဲကို ဝင်သွားတာများလား။ လုရွှမ်၏ မျက်လုံးများ တောက်ပလာပြီး မြေပြင်ကို ကြည့်လိုက်သည်။

သူမြေပြင်ကို ဂရုမစိုက်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီမှာမြေပြင်က အစိုင်အခဲဖြစ်​နေပြီး ပထမတစ်ချက်မှာတင် ဘာအမှားမှ မရှိဘူးလို့ ထင်ရလေသည်။ ယခုအချိန်မှာ သေသေချာချာကြည့်လိုက်ရင်လျှပ် တခြားနေရာတွေလိုပဲ ကွာခြားမှု မရှိချေ။

မဟုတ်သေးပါ။ ဒီနေရာက တခြားနေရာများနဲ့ အတူတူပဲ ဖြစ်ကာ သူကိုယ်တိုင်ကသာ ပြဿနာ ဖြစ်​နေသည်။

အောင့်မိသားစုရဲ့ အိမ်တော်သခင် နေထိုင်တဲ့ ဝင်းငယ်လေးဟာ ဘိုးဘွားခန်းမနဲ့ အတော်လေး နီးကပ်သည်။ လုရွှမ် ဥယျာဉ်ကို လာလည်တဲ့အခါတုန်းက အောင့်ယွဲ့ဟာ အောင့်မိသားစုရဲ့ အိမ်တော်သခင်က ဘိုးဘွားခန်းမရဲ့ နောက်ဆုံးအုပ်ထိန်းသူ ဖြစ်ပြီး ဘိုးဘွားခန်းမ အနီးမှာ နေထိုင်ရတဲ့ အကြောင်းရင်း တစ်ခုလည်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ဤနေရာမှာ နေထိုင်ခြင်းက ထူးခြားသော အကျိုးကျေးဇူးများ ရရှိသည်။ ၎င်းသည် မန်ဟွမ်နတ်ဘုရားမျှော်စင်ဆီမှ အရိပ်အာဝါသများ ကူးစက်လာနိုင်ပြီး ကံကြမ္မာကို တိတ်တဆိတ် ထိခိုက်စေနိုင်သည်။

ဒါကြောင့် သဘာဝအားဖြင့် ဤနေရာသည် အပြင်ဘက်နှင့် လုံးဝ မတူချေ။ မြေပြင်ကို သူ့လက်ဖဝါးကို စူးစမ်းကြည့်ရင်း လုရွှမ် ဂရုတစိုက်နဲ့ စတင်တူးတော့သည်။

မြေပြင်သည် အစိုင်အခဲ ဖြစ်သော်လည်း နားမလည်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါရှိသည်။ လုရွှမ် အလွန်ဝမ်းသာသွားသည်။ သူသည် ဒီရောင်ဝါနှင့် အလွန်ရင်းနှီး​ပေ၏။ ဒါက အာကာသ သလင်းကျောက်ရဲ့ အငွေ့အသက်တွေပဲ ဖြစ်​လေသည်။

ရှေးဟောင်း လျှပ်စီးကမ္ဘာမှာ နေတာကြာပြီ ဖြစ်တဲ့ လုရွှမ်ဟာ အဲဒီနေရာက ထွက်တဲ့ အာကာသ သလင်းကျောက်တွေ အကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ပါဘူး။ သူတို့ကို ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတွေ ရှိရင်တောင်မှ အရမ်းတန်ဖိုးထားပြီး တခြားသူတွေကို အလွယ်တကူ မပြတတ်ကြချေ။

လုရွှမ် တစ်ခါတရံ တွေးခဲ့ဖူးသည်။ တိမ်ပင်လယ်နယ်မြေ၏ နိယာမများသည် အမှန်တကယ်ပင် မပြည့်စုံပေ။ တိကျစွာ မပြည့်စုံသော ဥပဒေသများကြောင့် မှော်ဆန်ပြီး လျှို့ဝှက် ဆန်းကြယ်သော နေရာများစွာ ရှိကာ အာကာသ သလင်းကျောက်များပင် ရှိခဲ့သည်။

အာကာသ သလင်းကျောက်များသည် အလွန်အဖိုးတန်သော်လည်း တိမ်ပင်လယ်နယ်မြေတွင် သိုလှောင်အိတ်များစွာ မရှိချေ။ ကမ္ဘာပေါ်က အရာတွေဟာ မှန်းလို့မရနိုင်တဲ့ အရာတွေဖြစ်ပြီး သဘာဝက အံ့ဖွယ်ကောင်းတယ် ဆိုတာကို ပြသနေပါ၏။

အောင့်မိသားစု၏ ဤအခန်းကျဉ်းလေးတွင် သိမ်းဆည်းထားသော နေရာလွတ်များ အမှန်တကယ် ရှိနေပါ၏။ အောင့်မိသားစုဝင် အားလုံး ပျောက်ကွယ်သွားတယ အံ့သြစရာ မဟုတ်တော့ပေ။ သူတို့အားလုံး ဒီမှာ ပုန်းအောင်းနေကြတာပဲ။

ဒီအတိုင်းဆို အစောကလူသည် ဗီလိန် မဟုတ်သော်လည်း ပြင်ပတွင် သတင်းဖလှယ်​နေသည့် ​အောင့်မိသားစု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နိုင်သည်ဟု ဆိုလိုသည်။

အဲဒါကို တွေးကြည့်ရင် ​အောင့်မိသားစုဟာ နှစ်ပေါင်း သုံးသောင်းလောက် ကြွယ်ဝခဲ့တဲ့ အမွေအနှစ်တွေ ရှိသည်။ ဒီလောက်ကြီးမားသော အာကာသ သလင်းကျောက်များကို စုဆောင်းထားခြင်း၊ ဘယ်သူမှ သတိမထားမိဘဲ မြေအောက်အပေါက်ကြီးကို တူးထညးခြင်းနှင့် မှော်ဆန်သော ဖုံးကွယ်ခြင်း နည်းလမ်း ရှိခြင်းတို့မှာ အမှန်ပင် သဘာဝကျပါ၏။

လုရွှမ် လိုက်ဖမ်း​နေတာကို ရပ်လိုက်ပြီး တိတ်တဆိတ် ထွက်ခွာဖို့ ပြင်ဆင်လိုက်သည်။ အောင့်မိသားစုအတွက် အန္တရာယ်​​​ကြီး တစ်ခု ကျရောက်တော့မည်။ ဤအကျပ်အတည်းတွင် လူများစွာ သေဆုံးနိုင်သည်။ ယခု ဤလူများ အသက်ရှင် ရပ်တည်နိုင်ခြင်းက လောကရဲ့ ကောင်းချီးတစ်ခုပင်။

အိမ်သေးသေးလေးမှ ထွက်လာပြီးနောက် လုရွှမ်သည် ဘိုးဘွားခန်းမထဲသို့ ဝင်ရန် ပြင်ဆင်လိုက်သည်။ အေးစက်မှု အရိပ်အမြွက်နှင့်အတူ ယခင်ကနှင့် မတူတဲ့ အငွေ့အသက်တစ်ခုက တစ်ဖန် လွင့်ပျံလာသည်။

လုရွှမ် လန့်သွားသည်။ နောက်တစ်ယောက်လား?

အဓိပ္ပာယ် မရှိပေ။ မိမိတို့နေရာကို လျှို့ဝှက်ထားရန် လိုအပ်သောကြောင့် တစ်ယောက်တည်း လှုပ်ရှားခြင်းကသာ အကောင်းဆုံး ဖြစ်သည်။ နောက်ဆုံးတွင် ဒီလို မှော်ဆန်သော ဖုံးကွယ်မှု နည်းလမ်းဖြင့် လူနှစ်ဦးကို စေလွှတ်တာက ထူးဆန်းနေတော့သည်။

လိုက်ပြီး ကြည့်ရမယ်!

လုရွှမ်သည် မိမိဟာ လောက၏ လျှို့ဝှက်ဆန်းကြယ်မှုများကို အလွန်စိတ်ဝင်စားပြီး စိတ်ဝင်တစား စောင့်ကြည့်နေသူ တစ်ဦးနှင့်တူသည်ဟု ခံစားမိလာသည်။

ထိုလူသည် အောင့်အိမ်တော်မှ လမ်းတလျှောက်လုံး လူစုလူဝေးကို ဂရုတစိုက် ရှောင်ရှားသွားသည်။ အထူးသဖြင့် နတ်မီးနယ်ပယ်က သခင်အချို့ကို ရှောင်ရှားပြီးနောက် ခြံထဲက ဧည့်တွေ့တတ်သော နန်းဆောင်ငယ်လေးထဲ ဝင်သွားခဲ့သည်။

နန်းဆောင်ငယ်က တော်တော်ဝေးနေပြီ။ အနည်းဆုံးတော့ စစ်ဖြစ်ရင် ဒီ​နေရာပင် မပါဝင်လောက်ပေ။

လူသုံးယောက်က အဲဒီမှာ ထိုင်စောင့်နေပြီး နန်း​ဆောင်ငယ်နား ရောက်တော့ အဲဒီလူရဲ့ ပုံသဏ္ဌာန်ကို ထုတ်ဖော်ပြသခဲ့သည်။ သူဟာ ​အောင့်မိသားစု မိသားစုဝင်တစ်ဦး ဖြစ်ပြီး လုရွှမ်လည်း တစ်ကြိမ်တွေ့ဖူး၏။

ဒီလိုအချိန်မျိုးမှာ ဒီလူက သူစိမ်းနဲ့တွေ့ပြီး ဒီမှာ ထူးထူးခြားခြား ပေါ်လာတာက ထူးဆန်းနေသည်။ သူတို့လေးယောက်ရဲ့ ခွန်အားက အနည်းဆုံးက ကောင်းကင်ဘုံသခင် အဆင့်၅ ရှိပြီး သူတို့ရဲ့ လေ့ကျင့်မှုကတော့ အားနည်းလှသည်။

ဒီလူသုံးယောက်မှာ ထူးခြားတဲ့ နောက်ခံတွေရှိတယ် ဆိုတာ သိသာပြီး အောင့်မိသားစုကလူပင့ ဒီလူသုံးယောက်ကို လက်အောက်ငယ်သားလို လေးလေးစားစား ဆက်ဆံနေတာ တွေ့ရသည်။

ဝေးလွန်းတာကြောင့် အနီးအနားမှာ ဘယ်သူမှ မရှိလို့ ဖြစ်နိုင်သည်။ သူတို့လေးယောက်ဟာ သူတို့ရဲ့ ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး အလွန် ယုံကြည်နေပုံရသည်။ သူတို့အနားကို ဘယ်သူမှ တိတ်တိတ်လေး မချဉ်းကပ်နိုင်ဘူးလို့ ယုံကြည်ထားကြပြီး တိုက်ရိုက်ပဲ စကားပြောကြ၏။

လေပြေလေညင်း နောက်တွင် လုရွှမ်သည် သူတို့ပြောနေတာကို ရှင်းရှင်းလင်းလင်း မကြားနိုင်ပေ။

"မတွေ့သေးဘူးလား?"

စကားပြောသူသည် အရပ်ရှည်ပြီး ပိန်လှီသော လူဖြစ်ကာ လူလေးယောက်ထဲတွင် အမြင့်ဆုံးသော အဆင့်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူသည် ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ခြေလှမ်းတစ်ချက်တည်းဖြင့် နတ်မီးနယ်ပယ်သို့ ဝင်ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

အောင့်မိသားစုဝင်က ခေါင်းခါလိုက်ချိန် လုရွှမ်ကို သံသယ ဝင်သွားစေ၏။ ဒီလူက ဘာကိုရှာနေတာလဲ။ အဲဒီလူကရော ဘယ်သူလဲ?။ အောင့်မိသားစုဝင်က ကောင်းကင်ဘုံသခင် အဆင့်၆ ရောက်နေပြီ ဖြစ်သည်။

ထို့အပြင် အောင့်မိသားစု ပုန်းအောင်းနေသည့် သတင်းကို သူပေါက်ကြား​စေခဲ့​ပါက ၎င်းသည် တခြားအရာအတွက် မဟုတ်ပဲ ထိုအာကာသ သလင်းကျောက်များ အတွက်သာ ဖြစ်ပါက အသက်များစွာ ဆုံးရှုံးရမည်မှာ သေချာပါသည်။

“အစ်ကိုဟန်... အဲဒီမှန်က တကယ်အရေးကြီးလို့လား?”

ကျင့်ကြံသူ အမျိုးသမီး တစ်ယောက်က မေးလိုက်သည်။ သူမက တခြား မိန်းကလေးတွေလို ချစ်စရာကောင်းတဲ့ ပုံစံမျိုး မဟုတ်ဘဲ အသက်စွမ်းအင် အရတော့ အရမ်းငယ်ပါသေးသည်။

"ထျန်းယန် မင်း နားမလည်ပါဘူး... မန်ဟွမ်နတ်ဘုရားမျှော်စင် မြေ​ကြီးထဲကို ပြန်ဝင်တဲ့အခါတုန်းက အောင့်မိသားစုကို မြို့တည်ဖို့ ခွင့်ပြုခဲ့သလို သူတို့ရဲ့ ဘိုးဘွားခန်းမကိုတောင် မန်ဟွမ်နတ်ဘုရားမျှော်စင် အပေါ်မှာ တည်ဆောက်ခွင့် ပေးခဲ့တယ်...ဘာလို့လဲ သိလား ?"

"အဲဒါက ကမ္ဘာ့ရတနာပဲ...ရွှမ်ထျန်းကမ္ဘာ့ရတနာတွေထဲမှာ နောက်ဆုံးအဆင့် ရှိပေမယ့် ရွှမ်ထျန်း ကမ္ဘာ့ရတနာစာရင်းမှာ ပါနိုင်တဲ့ ကမ္ဘာ့ရတနာမှန်သမျှက သာမန်အရာတစ်ခု မဟုတ်ဘူး... သူတို့မှာ ဝိညာဉ်အသိတွေကို ဖြန့်ကျက်ထားပြီးသား... တခြားသူတွေကတောင် သူတို့ကို စော်ကားလို့မရဘူး... အောင့်မိသားစုရဲ့ ဘိုးဘေး အလောင်း​တွေကို သူ့အပေါ်မှာ သင်္ဂြိုဟ်ဖို့ ဖြစ်နိုင်မယ်လို့ ထင်လား"

နောက်ဆုံးလူ၏ မျက်လုံးများက တောက်ပလာပြီး။

"အစ်ကိုဟန် မှန်က မန်ဟွမ် နတ်ဘုရားမျှော်စင်နဲ့ ဆက်စပ်နေတယ်လို့ ပြောနေတာလား?"

ဟန်အမည်ရှိ လူက

“ဒါ သဘာဝပဲ... လွန်ခဲ့တဲ့ နှစ်သုံးသောင်းလောက်က ရှေးဟောင်း လျှပ်စီးကမ္ဘာကြီး ပွင့်လာတယ်... ငါ့ဘိုးဘေးတွေနဲ့ ​​​အောင့်မိသားစုရဲ့ ဘိုးဘေးတွေက ဒီကိုလာပြီး ဒီကမ္ဘာရတနာကို ရှာတွေ့ခဲ့တယ်...ငါ အဲဒီ​​အောင့်မိသားစုကို မုန်းတယ်.... သူတို့က မမျှော်လင့်ဘဲ ငါတို့ဘိုး​ဘေး​တွေကို တိုက်ခိုက်ခဲ့တယ်လေ... သူတို့အကြီးအကဲတွေက မန်ဟွမ်နတ်ဘုရား မျှော်စင်နဲ့ ချည်​နှောင်​ထားတဲ့ ဝိညာဥ်ကြိုးတွေကို ခိုးယူသွားခဲ့တာ ဟမ့် မဟုတ်ရင် အောင့်မိသားစုက ဘယ်လိုလုပ် ဒီလိုဖြစ်လာနိုင်မှာလဲ?"

တခြားသူများ အားလုံးသည်လည်း စကားလုံး အနည်းငယ်ပင် မထွက်လာတော့ဘဲ တိတ်ဆိတ်သွားကြသည်။ ဒါက အမှန်ပဲလား အတုအယောင်တွေလား ဘယ်သူက သိမှာလဲ။

All Chapters