← Chapters

လျှို့ဝှက်ဆန်းကြယ်တဲ့မှန်

Vol. 67 Ch. 4.519

လျှို့ဝှက်ဆန်းကြယ်တဲ့မှန်

Vol. 67 Ch. 4.519

လုရွှမ် ထိုစကားကို ကြားသောအခါ ထိတ်လန့်သွားလေသည်။

မှန်လား? ဘယ်လိုမှန်ပါလိမ့်?

ဟမ် အောင့်ယွဲ့မှာ မှန်သေးသေးလေး တစ်ခု ရှိပြီး သူမဆံပင်တွေကို ဖြီးဖို့ ရံဖန်ရံခါ ထုတ်ယူတတ်တယ်လေ။ အဲဒါတော့ မဖြစ်​နိုင်​ဘူးမလား?

လုရွှမ် အောင့်ယွဲ့ကို အမြန်ဆက်သွယ်လိုက်တော့ ဆက်သွယ်ရေး ကျောက်စိမ်းပြားက ပြန်လည် တောက်ပလာသည်။

"အောင့်ယွဲ့ မင်းရဲ့မှန်က မင်းအမေက မင်းလက်ထဲကို အပ်ထားခဲ့တာလား"

လုရွှမ် ထွက်သွားပြီးနောက် အောင့်ယွဲ့နှင့် တခြားသူများသည် လုရွှမ် တစ်ခုခုဖြစ်သွားမည်ကို အလွန်စိုးရိမ်ခဲ့ကြသည်။ သို့သော် လုရွှမ်ကို တခြားသူများ တိုက်ခိုက်တာ ဒါမှမဟုတ် သူ့စွမ်းအင်ကို ဖြုန်းတီးကာ ရုတ်တရက် နှောင့်ယှက်မိမည်ကို စိုးရိမ်သဖြင့် သူ့ကို အလွယ်တကူ မဆက်သွယ်ဝံ့ပေ။

လုရွှမ်ရဲ့ ဆက်သွယ်မှုကို သူမ စောင့်နေခဲ့တာ အခုနောက်ဆုံးတော့ သတင်းရလာပြီ။ သို့သော် သူမ ရှက်ကိုးရှက်ကန်းဖြင့် မျက်တောင်မခတ်နိုင်ဘဲ ဖြစ်သွားသည်။ မှန်ကလွဲပြီး ဘာမှမမေးတော့ဘူးလား။

"ဘာလဲ?"

လုရွှမ် ခဏမျှ အံ့အားသင့်သွားပြီး နောက်သို့ လျင်မြန်စွာ ပြန်လှည့်ကာ ထိုမေးခွန်းကို ထပ်မေးလိုက်သည်။ လုရွှမ်က အကြောင်းမရှိဘဲ ဒီမှန်အကြောင်းကို မေးမှာမဟုတ်ကြောင့် သူမ သိသည်။ သူ နှစ်ကြိမ်တိုင်တိုင် မေးတဲ့အတွက် ဒါဟာ အရမ်း အရေးကြီးတယ်ဆိုတာ သိသာလေသည်။

"အောင့်မိသားစုရဲ့ ဘိုးဘေးတွေဆီက ဆင်းသက်လာတာလို့ ပြောပြီး အမေက ကျွန်မကိုပေးခဲ့တာ... ရှင့်ဘက်မှာ တစ်ခုခုဖြစ်လို့လား?"

လုရွှမ် အလွန်ဝမ်းသာသွားသည်။

"အဲဒီမှန်ကို သေချာ ကာကွယ်ထား! အနာဂတ်မှာ အသုံးဝင်နိုင်တယ်"

သူမ သဘောတူပြီးနောက် လုရွှမ်ထံမှ သတင်းမရှိတော့ကြောင်း တွေ့လိုက်ရသည်။ ဒေါသနည်းနည်း မထွက်နိုင်ဘဲ ဆွံ့အသွားရ၏။ သူမဘက်မှာ အဆင်ပြေရဲ့လားလို့တောင် မမေး​ပေ။ သူမ သူ့ကိုစိတ်ပူနေမှန်းလည်း မသိဘူးလား။

လုရွှမ်သည် အောင့်ယွဲ့ဘက်က စိတ်အခြေအနေကို မသိခဲ့ဘဲ သူတို့လေးယောက်ကြား စကားစမြည်ကို စေ့စေ့နားထောင်​နေခဲ့သည်။

ဒါပေမဲ့ သူတို့ဘိုးဘေးတွေရဲ့ ဘုန်းအသရေအကြောင်း အဆုံးမသတ်အောင် ပြောတတ်တဲ့ ဟန်မျိုးရိုး ကျင့်ကြံသူသည် သူ့စကားတွေက အောင့်မိသားစုကို မုန်းတီးမှုအပြည့်နဲ့ ဆိုနေ၏။

"သခင်လေး... အချိန်နီးနေပြီ ကျွန်တော်တို့ ဘာလို့ အရင်ပြန်မလာတာလဲ? အခု မပြန်ရင် နောက်ကျသွားလိမ့်မယ်... ထပ်ကြာရင် အောင့်မိသားစုက လူတွေ သံသယဝင်လာမှာကို ကြောက်ရတယ်" ​

အောင့်မိသားစုဝင်က ဆိုလိုက်သည်။

ဟန်မျိုးရိုးက

"သတိထားပါ ဟမ့် ခဏစောင့်ကြည့်တာပေါ့ အောင့်မိသားစုနဲ့ တိုက်ပွဲဖြစ်တဲ့အခါ အောင့်မိသားစုဝင်တွေ အိမ်တော်အောက်မှာ ပုန်းနေတယ်ဆိုတဲ့ သတင်းကို ဖြန့်လိုက်ကြရအောင်... အဲဒီမှာ အာကာသ သလင်းကျောက်တွေ အများကြီးပဲလေ... ဟားဟား အဲဒီလူတွေ ဘာလုပ်မယ်လို့ ထင်လဲ?"

ကျန်လူနှစ်ယောက်က သဘောတူညီချက်ဖြင့် ကြွေးကြော်လိုက်သည်။

“​အောင့်မိသားစုအားလုံးကို သတ်ပစ်မှာပေါ့”

ဟန်မျိုးရိုး ကျင့်ကြံသူလည်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့ရယ်သံများက ဆူညံကာ အလွန်မာနကြီးပုံ ပေါက်သည်။ ဒါကိုကြားတော့ လုရွှမ်ရဲ့နောက်ကျောမှ ချွေးအေးတွေ အေးစက်စွာ ပြေးဆင်းသွားလေသည်။

အကယ်၍ သူ့မှာ ဒီလူလေးယောက်ကို သတ်ပစ်ချင်စိတ်တွေ မထိန်းနိုင်တော့ပေ။ သူ့ တကယ် ခွန်အားရှိနေရင် အန္တရာယ်ဆိုတာ မရှိနိုင်တော့ဘူး။ သူ၏ လက်ရှိအင်အားကို ချိန်ဆပြီးနောက် လုရွှမ် သည်းခံထားလိုက်ရသည်။

တစ်ဖက်လူတွေ အောင့်အိမ်တော်မှ ထွက်သွားပြီးနောက် သစ္စာဖောက်လည်း တိတ်တဆိတ် ပြန်သွားခဲ့သည်။

လုရွှမ် ကမန်းကတန်း လိုက်သွားတော့ ထိုလူဟာ သေချာပေါက် အခန်းကျဉ်းလေးဆီ ပြန်သွားပြီး သူ့ရင်ခွင်ထဲက ပြေးနေတဲ့ ကြိုးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က မြေကြီးထဲကို တဖြည်းဖြည်း နစ်မြုပ်သွားတော့သည်။

အခု ဘာလုပ်သင့်လဲ ဆိုရင် သူတို့ကို သတိပေးရမယ်။ မဟုတ်ပါက လူတွေအများကြီး သေရလိမ့်မယ်။

ဒါပေမဲ့ ဘယ်လိုသတိပေးရမလဲ? ဘိုးဘွားခန်းမကို သွားရမှာပေါ့!

တခြားရွေးချယ်စရာ မရှိတော့တဲ့ လုရွှမ်သည် ဘိုးဘွားခန်းမဆီသို့ တိတ်တဆိတ် လျှောက်သွားခဲ့သည်။ တခြားနေရာများနှင့် မတူဘဲ ဘိုးဘွားဗိမာန်တွင် သဘာဝကျကျ အခင်းအကျင်း ပုံစံအမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည်။

လုရွှမ်သည် အောင့်ထျန်းထံသို့ တစ်ကြိမ်ပြီး တစ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် နှစ်ဖက်ကြား အဆက်အသွယ် ဖြတ်တောက်သွားသကဲ့သို့ အကြောင်းပြန်လာခြင်း မရှိပေ။

ဘုန်း!

လုရွှမ်၏ ခန္ဓာကိုယ်သည် မတည်မငြိမ် ဖြစ်သွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။ အောင့်အိမ်တော်ရဲ့ ဘိုးဘွားခန်းမအထက် ကောင်းကင်တွင် တိမ်ခုနစ်ရောင်သည် ဘယ်အချိန်က ဖွဲ့စည်းခဲ့မှန်းမသိဘဲ ကောင်းကင်တစ်ခုလုံး ပြည့်​နေတာကို မြင်လိုက်ရသည်။

တိမ်တွေက လှိုင်းတွေထနေတာကြောင့် ​​အရမ်းလှသော်လည်း အငွေ့အသက်က လှိုင်းထန်ပြီး လေထုကလည်း ထူးထူးခြားခြား အေးချမ်းနေသည်။ အောက်ဘက်က သိမ်မွေ့တဲ့ လေထုနဲ့ တိုက်မိပြီး တိမ်တွေက ပိုပိုပြီး ပြင်းထန်လာ၏။

ဘုန်း!

နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာပြီး အောင့်အိမ်တော် ဘိုးဘွားခန်းမ၏ဗဟိုရှိ ပွင့်လင်းသောနေရာမှ ဘုံခုနှစ်ဆင့် ပြဿဒ်တစ်ခုသည် မြေပြင်မှ ကောင်းကင်သို့ ထိုးတက်လာခဲ့သည်။ အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် လင်းလတ်နေကာ အရောင် ခုနစ်ရောင် အလင်းတန်းသည် လူ့နှလုံးသားကို ထိမိသွားစေသည်။

"ငါ့ဟာ!"

ကောင်းကင်ဘုံသခင် တစ်ယောက်က ရုတ်တရက် ဟောက်ပြီး လေထဲက မျှော်စင်ငယ်ကို လှမ်းကိုင်လိုက်သည်။

မျှော်စင်ငယ်လေး ပေါ်လာသည်နှင့် လုရွှမ်သည် အောင့်အိမ်တော်ရဲ့ ဘိုးဘွားခန်းမတွင် စီစဉ်ဖွဲ့စည်းထားသော အခင်းအကျင်းတွေ တိတ်တဆိတ် ပျောက်ကွယ်သွားတာကို ခံစားလိုက်ရသည်။ မျှော်စင်ငယ်လေး ထွက်လာစဥ် ဤလျှို့ဝှက် ဆန်းကြယ်သော အခင်းအကျင်း အသွင်သဏ္ဌာန်သည် အနည်းငယ်မျှပင် ခံနိုင်ရည်မရှိခဲ့ပေ။

ပထမဆုံး အပြေးအလွှား ထွက်ခဲ့သူ ကောင်းကင်ဘုံသခင်သည် သူ့လက်ဖဝါးဖြင့် ရှေ့သို့ လှမ်းတက်ခဲ့သော်လည်း မျှော်စင်ငယ်လေးကို မထိမီတွင် တိုက်ခိုက်မှုပေါင်း တရာထက်မနည်း ဗုံးကြဲချလိုက်ရာ သူ့ခန္ဓာကိုယ်က အပိုင်းပိုင်း ပြတ်သွားတော့သည်။

"အရူး... ပထမဆုံး ထွက်လာတဲ့အချိန် သွားယူမှတော့ သေမင်းကို ရှာနေတာပဲပေါ့"

လူတော်တော်များများက လှောင်ပြောင်ကြခဲ့ကြသည်။ လေပြင်းမုန်တိုင်းတစ်ချက် ဝူးကနဲ တိုက်ခတ်ပြီးနောက် ကမ္ဘာကြီးတစ်ခုလုံး အနက်ရောင်ပင်လယ် အဖြစ် ပြောင်းလဲသွားလေ၏။

ဝိညာဉ်စွမ်းအင်များ ပရမ်းပတာဖြစ်ကာ လွင့်စင်သွားသည်။ ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားကာ လေထုကလည်း တုန်ခါသွားတာကြောင့် ကောင်းကင်တွင် ပျံသန်းနေသော ကျင့်ကြံသူများလည်း ငြိမ်သက်စွာ မရပ်တည်နိုင်တော့ပေ။

ကောင်းကင်ဘုံသခင် တစ်ဒါဇင်မျှသာ လှုပ်ရှားခြင်းမရှိဘဲ ကောင်းကင်တွင် ပျံဝဲနေကာ သူတို့ရှေ့တွင် ဖြစ်ပျက်နေသမျှကို လျစ်လျူရှုထား​ကြသည်။

"ဘယ်လို​တောင် သတ္တိရှိလိုက်တဲ့ သူခိုးလေးပါလိမ့်?"

ဒါပေမဲ့ ဒီလိုရုတ်တရက် ပြောင်းလဲမှုမှာ တစ်ယောက်ယောက်က မျှော်စင်ငယ်လေးထံ ခိုးဝင်ပြီး ဖမ်းဖို့ ကြိုးစား​နေခဲ့တာကို လူတွေအများကြီး မကြာခင်မှာပဲ သိလိုက်ရသည်။

“ပြန်လာစမ်းပါ မင်း...”

ကြီးမားသော စုပ်ယူမှု စွမ်းအားတစ်ခု ထွက်လာပြီး ခဏအတွင်း လေပြင်းများ ရိုက်ခတ်သွားသည်။ ဝင်လှုပ်ရှားလိုက်တဲ့ ကောင်းကင်ဘုံသခင်၏ ခန္ဓာကိုယ်သည် တစ်ခုခုက ချည်နှောင်သွားသလို သူအား အတင်းဆွဲထား​တော့သည်။

အက်ကွဲသံ တစ်ခု ကြားလိုက်ရပြီး နောက်ထပ် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကယ ကောင်းကင်ဘုံသခင်တစ်ဦး လဲကျသွား​ပြန်သည်။

“လာစမ်း!”

အသံတစ်ခုက အကျယ်ကြီး ထွက်ပေါ်လာသော်လည်း မှော်ပညာများဖြင့် ပြည့်နှက်နေပုံပေါ်သည်။ သူ့အသံကြောင့် ကောင်းကင်ဘုံသခင် ဒါဇင်ထက်မနည်း ချက်ချင်း ပြေးထွက်လာကြသည်။

အားလုံးက တစ်ပြိုင်နက်တည်း မျှော်စင်ငယ်လေးဆီကို အတူတူ လှမ်းဆွဲလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် အမျိုးမျိုးသော တိုက်ခိုက်မှုများက သူတို့ကို တရစပ် တိုက်ခိုက်လာခဲ့သည်။

ကောင်းကင်ဘုံသခင်များသည် များပြားသော်လည်း မျှော်စင်လေးက လူထောင်ပေါင်းများစွာ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် အရည်အချင်း ပြည့်မီခြင်းရှိသဖြင့် ၎င်းတို့အားလုံး ချက်ချင်းနီးပါး သေဆုံးသွားခဲ့ရသည်။

လုရွှမ် ထိုမြင်ကွင်းကြောင့် သူ့လျှာကို တိတ်တဆိတ် ကိုက်ထားလိုက်မိသည်။ အလွန်ကြောက်စရာ ကောင်းပေ၏။

လူအုပ်ထဲတွင် မိန်းကလေးငယ် တစ်ဦးသည်လည်း အဖမ်းခံရမည်ကို ကြောက်သောကြောင့် မအော်ရဲတော့ဘဲ လျှာကိုထုတ်ကာ ကိုက်ထားလိုက်သည်။

ရုတ်တရက် တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားသည်။

ကောင်းကင်ဘုံသခင် အယောက် သုံးဆယ်ကျော်ကို တစ်ခဏအတွင်း အစအနရှာမရအောင် ဖျက်စီးခံလိုက်ရတာကို မျက်စိနဲ့ တပ်အပ်တွေ့ခဲ့ရသည်။ သူတို့ နှလုံးသားထဲတွင် ကြောက်ရွံ့မှု ခံစားချက်ကို မထိန်းနိုင်စွာ ခံစားလိုက်ရ၏။

ဘယ်သူမှ ကမူးရှူးထိုး မလုပ်ရဲတော့ပေ။ လူတွေမှာ တစ်ယောက်ကို တစ်ယောက် သူကြည့်ငါကြည့် လုပ်ရင်း လက်ဖဝါးထဲက အလင်းရောင်တွေကို ဖြန့်လျက် အချင်းချင်း ခိုးဝင်တိုက်ခိုက်မှာကို စိုးရိမ်သဖြင့် အသင့်အနေအထား ပြင်ရင်း မျက်ခုံးတွေလည်း ကျဉ်းမြောင်းသွားသည်။

လေထုအလယ်တွင် အနက်ရောင် လေပြင်းသည် ပြင်းထန်စွာ ဟောက်နေသေးပြီး ကောင်းကင်တွင် လေလွင့်နေသူများ ယခုအချိန်တွင် မျက်မှောင်ကြုတ်နေပါ၏။

ဒီလေပြင်းက တကယ့်ကို စိတ်အနှောက်အယှက်ဖြစ်စေတာပဲ။

ရတနာတစ်ပါး မွေးဖွားလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကောင်းကင်ဖြစ်စဉ် တစ်ခုဖြစ်လို့ ဘယ်သူမှ ဂရုမစိုက်ကြပေ။ အမှန်စင်စစ် လောကရတနာ မွေးဖွားလာခြင်းကို ဘယ်သူမှ မမြင်ဖူးကြပေ။

လုရွှမ် လေကို ရှူရှိုက်လိုက်သည်။ အလိုလို သိနေတဲ့စိတ်အရ ဒီလေဆိုးကြီးက ပုံမှန်မဟုတ်ပေ။

သူသည် ဘိုးဘွားခန်းမ အတွင်းသို့ လှမ်းကြည့်လိုက်ရာ နောက်ဆုံးတွင် အောင့်မိသားစုမှ လူများကို တွေ့လိုက်ရသည်။ နတ်မီးနယ်ပယ်က လူရှစ်ဦး၏ ဦးဆောင်မှုအောက်တွင် ထောင်ပေါင်းများစွာသော ကောင်းကင်ဘုံသခင်များက ဘိုးဘွားခန်းမရှေ့မှာ စောင့်ကြပ်နေကြသည်။

ဤအင်အားသည် အလွန်အားကောင်းနေပြီ ဖြစ်သော်လည်း အောင့်မိသားစုကို ဝိုင်းထားသူများနှင့် နှိုင်းယှဥ်ကြည့်လျှင် လုံးဝ နှိုင်းယှဥ်လို့မရဘူးဟု ဆိုနိုင်သလိူ ကောင်းကင်ဘုံသခင်ရဲ့ အရေအတွက်ကလည်း နည်းနေပြီဖြစ်သည်။

သူတို့အားလုံးသည် သေရန်အသင့် ဖြစ်နေသကဲ့သို့ တည်ငြိမ်အေးချမ်းသော မျက်နှာထားများ ရှိ​ကြသည်။

All Chapters