← Chapters

အားလုံးကို နှိမ့်ချမယ်

Vol. 67 Ch. 4.521

အားလုံးကို နှိမ့်ချမယ်

Vol. 67 Ch. 4.521

သူတို့ကို လာမပတ်သက်သရွေ့ ဘယ်သူကမှ ရှေ့တိုးပြီး ခေါင်းမခံချင်ပေ။ တစ်ဒါဇင်ထက်မနည်း နတ်မီးနယ်ပယ် သခင်တွေရဲ့ အမျက်ဒေါသကို ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ။

ရုတ်​တရက်​ အသံတစ်​ချက်​ ထွက်လာသည်။

"ငါဘယ်​သူလဲ သိချင်​လို့လား?"

အသံက ယင်တစ်ဝက်နဲ့ ယန်တစ်ဝက်ဖြစ်ပြီး ယောက်ျားလား မိန်းမလား ခွဲခြားလို့ မရချေ။

လူတိုင်းသည် သူတို့ ပတ်၀န်းကျင်ကို လျင်မြန်စွာ လှည့်ကြည့်ကာ အနီးနားရှိ လူများနှင့် ဂရုတစိုက် ကွဲကွာသွားကြသည်။ စကားပြောနေသောသူက သူတို့အနားတွင် ရှိနေမှာကို စိုးရိမ်​နေ​ကြသည်။

ဒါပေမဲ့ အဲဒီအသံက ဘယ်ကလာတာလဲ ဘယ်သူ ပြောတာလဲဆိုတာ မသိရပေ။

လုရွှမ်သည် အောင့်မိသားစု၏ ဘိုးဘွားခန်းမဘေးတွင် ပုန်းအောင်းနေခဲ့သည်။ လေပြင်းလျှို့ဝှက်ချက် စတုတ္ထအဆင့်၏ လွှမ်းမိုးမှုအောက်တွင် အသံသည် နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ လုရွှမ်သည် သူ့အသံကလွဲလို့ တခြားဘာသံကိုမှ မကြားနိုင်တော့ပေ။

ဤရုတ်တရက် ထွက်လာသော အသံသည် နတ်မီးနယ်ပယ်က ယခင်သခင်များအတွက် လုံးဝ ဒေါသထွက်သွားစေသည်။

နတ်မီးနယ်ပယ်မှ သခင်တစ်ဒါဇင်သည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး အကြည့်ချင်းဖလှယ်ကြသော်လည်း အသံက ဘယ်ကလာသည်ကို ဘယ်သူမှ မခံစားနိုင်ပေ။

ကလေးမလေးရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိပေမယ့် ဒီမှာ အခြေအနေတွေ ပိုရှုပ်လေလေ ပိုကောင်းလေလို့ တွေးနေပုံရသည်။

ကလေးမလေးကို အာရုံစိုက်ထားသော်လည်း နောက်ပိုင်းတွင် သူမမျက်နှာပေါ်က အပြုံးတစ်ခု ရှိနေတာကို မြင်လိုက်ရပြီး အသံရဲ့ အရင်းအမြစ်ကို ရှာဖွေရင်း ထူးဆန်းသော မျက်လုံးဝိုင်းများဖြင့် ပတ်ပတ်လည်ကို ကြည့်​နေသည်။

ကလေးမလေးက လူတစ်ယောက်လို့ ထင်ခဲ့ပေမယ့် အခုတော့ လုရွှမ်ရဲ့ မျက်လုံးတွေက သူမဘေးနားက အဘွားကြီးတစ်ယောက် အပေါ်ကို စိုက်ကြည့်နေ၏။ ပထမတစ်ချက်တွင် ထိုမ

အဘွားအိုသည် ကောင်းကင်ဘုံသခင်နှင့် တူသော်လည်း သေချာ စစ်ဆေးကြည့်သောအခါ သူမရဲ့ ကျင့်ကြံမှုအဆင့်က လုံးဝ မရှင်းလင်းကြောင်း တွေ့ရှိရပြီး သူသည် ကောင်းကင်ဘုံသခင် ဖြစ်သလားလည်း မထင်ရှားတော့ပေ။

အစောတုန်းက မြင်ကွင်းမျဉ်းသည် ရုတ်တရက် ဖြတ်ကျော်သွားခဲ့သည်။ ထိုအရာသည် မြင်ကွင်းမျဉ်း တစ်ခုမျှသာ ဖြစ်တာ သိသာသော်လည်း တိုက်ခိုက်မှုတစ်ခုလိုပင်။

ကံကောင်းထောက်မစွာနဲ့ လုရွှမ်သည် ထိုနေရာတွင် မိနစ်ဝက်ကျော်ကြာအောင်တောင် မနေဝံ့ဘဲ ထွက်လာမိ၏။ နားမလည်နိုင်တဲ့ အချိန်မှာ တိုက်ခိုက်ခံရမှာကို ကြောက်ရွံ့သောကြောင့် အချိန်မရွေး ရွေ့လျားသွားခဲ့သည်။ တစ်ကြိမ်တွင် ပထမဆုံး ရှောင်ထွက်လိုက်ခြင်းက သူ့အသက်ကို ကယ်ဆယ်နိုင်ခဲ့သည်။

အစောက အခြေအနေတွင် လူတစ်ယောက်ရဲ့ ပုံတစ်ပုံပေါ်လာတာနဲ့ 'ချ'ဆိုတဲ့ အသံရှင်က အော်သည်ဖြစ်စေ မအော်သည်ဖြစ်စေ ထိုဒါဇင်သောနတ်မီးနယ်ပယ် သခင်များသည် ၎င်းတို့၏ ဒေါသကို ချက်ချင်း ထုတ်​ပြပစ်မှာပဲ ဖြစ်သည်။

“ဘွားဘွား ဘာဖြစ်လို့လဲ?”

ကောင်မလေးက လျှာကိုထုတ်ကာ တိတ်တဆိတ် မေးလိုက်သည်။ အဘွားအိူရဲ့ လေးနက်တဲ့မျက်နှာကို ကြည့်လိုက်တော့ အရင်က သူမရဲ့ အပျော်သဘောကြောင့် ဒေါသဖြစ်နေပြီလို့ ထင်လိုက်လေသည်။

အဘွားကြီးက ရယ်မောပြီး ကလေးမလေးရဲ့ ခေါင်းကို ပွတ်သပ်ရင်း

"ငတုံးမလေး... အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့ ကောင်လေးကို အဘွား တွေ့လိုက်ရလို့ပေါ့"

ကလေးမလေးသည် အဘွားကြီး ကြည့်နေသည့်နေရာကို တစ်ချက် ကြည့်လိုက်သော်လည်း သဘာဝအတိုင်း ဘာကိုမှ မမြင်ရပေ။

"ကြွက်ပေါက်စ... ငါ့ဒေါသကို ဆွနေတာ ရပ်လိုက်ပါ..."

"ခင်ဗျားကသာ ကြွက်တစ်ကောင်ပဲ... ခင်ဗျားမှာသာ သတ္တိရှိရင် ဒီအဖိုးက ခင်ဗျားကိုသတ်ဖို့ ဒီကောင်းကင်ဘုံသခင် တစ်စုကို ဘယ်လို စည်းရုံးမလဲ ဆိုတာ ကြည့်ထားလိုက်ပေါ့"

လုရွှမ် ထပ်ပြီး အော်လိုက်သည်နှင့် သူ့အသံကို ကျယ်ကျယ်လောင်လောင် ဖြန့်ချလိုက်သည်။

ကောင်းကင်ဘုံသခင် အားလုံး၏ အမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့သည် သူတို့ ပတ်ဝန်းကျင်ကို အထူး သတိထားပြီး စိတ်ကို အာရုံစူးစိုက်ထားကာ အစောက အခြေအနေမျိုး ထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်နေကြသည်။

သူတို့လည်း အစောက အခြေအနေကို အရမ်းကြောက်နေပြီလေ။

သူတို့က ကောင်းကင်ဘုံသခင်နယ်ပယ်က ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏စိတ်များ တည်ငြိမ်ကြပြီး စိတ်ဝိညာဉ် စွမ်းအားများလည်း ကြီးမားကာ အဆင့်မြင့်မြင့် နေခဲ့ပေမယ့် 'ချ' ဆိုတဲ့ စကားတစ်လုံးတည်းနဲ့ ထိန်းချုပ်ခံလိုက်ရ၏။

အရင်က ရှုပ်ယှက်ခတ်နေချိန် လူတိုင်းက အတူတူ လှုပ်ရှားခဲ့ကြသည်။ အခု တစ်ယောက်ယောက်ကသာ တစ်ယောက်တည်း ထိန်းချုပ်ခံရပြီး လှုပ်ရှားလိုက်ရင် နတ်မီးနယ်ပယ်က သခင်က ခွင့်လွှတ်မှာတဲ့လား။

"အားလုံး စိတ်မပူပါနဲ့ .. ကျုပ်လည်း တခြားသူတွေကို အရှက်မခွဲချင်ပါဘူး... ဒါပေမဲ့ နတ်မီးနယ်ကယ် သခင်တချို့က ကျုပ်တို့ ကောင်းကင်ဘုံသခင်ကို နှိမ့်ချပြီး သူတို့ရဲ့ ကိုယ်ပိုင် ကျင့်ကြံမှုကို အားကိုးမယ် ဆိုရင်တော့ သိပ်မဟုတ်သေးဘူး"

"ဟားဟား ကျုပ်တို့ ကောင်းကင်ဘုံသခင်တွေက ခင်ဗျားတို့လောက် မတော်ဘူးဆိုတာ မှန်ပေမယ့် ကျုပ်တို့လူတွေက အများကြီးပဲ ဆိုတာတော့ သိစေချင်တယ်....ခင်ဗျားတို့ရဲ့ ကျင့်ကြံမှုနဲ့ ကျုပ်တို့ကို အနိုင်ကျင့်မယ်ဆိုရင် ကောင်းကင်ဘုံသခင် ဆယ်ဂဏန်းရဲ့ စွမ်းအားကို မြည်းစမ်းကြည့်ကြပေါ့..ဒါ့အပြင် ကောင်းကင်ဘုံသခင် ထောင်ပေါင်းများစွာကလည်း အတူတူ တိုက်ခိုက်နိုင်တာပဲ!"

ဤစကားကို ပြောပြီးနောက် ကောင်းကင်ဘုံသခင်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသော်လည်း အနည်းငယ် မာနကြီးသွားကြသည်။

သို့သော် လက်ရှိတွင် နတ်မီးနယ်ပယ် သခင်များက တစ်ဒါဇင်မျှသာ ရှိသေးသည်။ နတ်မီးသခင်များကို ၎င်းတို့မှာ ခုခံရန် သတ္တိမရှိသော်လည်း ၎င်းမှာ ဟန့်တားမှုတစ်မျိုး လုပ်နိုင်နေဆဲဖြစ်သည်။

နတ်မီးနယ်ပယ်က သခင်များ အားလုံး၏ မျက်နှာများလည်း ဒေါသများဖြင့် မည်းမှောင်သွားကြသည်။ ယခင်က မြင်ကွင်းများက သူတို့စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲဖြစ်သည်။ ကောင်းကင်ဘုံသခင်ဆီက ဒုတိယမြောက် အရိုက်ခံရတဲ့လူတော့ မဖြစ်ချင်ကြချေ။

ပတ်ဝန်းကျင် အခြေအနေမှာ ခဏတာအထိ တိတ်ဆိတ် ငြိမ်သက်မှုဖြင့် ပြည့်နှက်နေပြီး လေသံများသာ ကျန်ရှိခဲ့သည်။

"ဒီကမိတ်ဆွေလေး တကယ်သတ္တိရှိပြီး ရဲရင့်တာပဲ... ကလေးမလေးကတောင် မင်းကို သဘောကျနေပြီ ဒါပေမဲ့ မင်းလူတိုင်းကို အမိန့်ပေးနိုင်မယ်လို့ ထင်​နေတာလား? မဖြစ်နိုင်ဘူး အစောက 'ချ'ဆိုတဲ့ စကားကို ပြောတဲ့လူက မင်းမဟုတ်လား? ငါ့ရဲ့ ခန့်မှန်းချက်က မှန်မယ်ဆိုရင် မင်းက ရွှမ်ထျန်းတံဆိပ်ပြားရဲ့ လျှို့ဝှက်နည်းပညာကို သုံးပြီး မင်းကိုယ်မင်း ဖုံးကွယ်ထားတာ ဟုတ်တယ်ဟုတ်?"

အားလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။

လုရွှမ်လည်း မျက်လုံးများကို ဒေါသတကြီး မှိတ်ထားလိုက်သည်။ မမျှော်လင့်ဘဲ ရှေ့ထွက်ပြောလာသူက ဝမ့်ရှောင်းကမ္ဘာက အကြီးဆုံးကုန်သွယ် လုပ်ငန်းစုကြီး၏ တတိယသခင်မလေး နတ်သမီးပိုင်လင် ဖြစ်နေသည်။ သူမကို ရန်မြို့က စိမ်းပြာကောင်းကင်ဂိုဏ်းရဲ့ ဝင်ခွင့်အဆင့် စာမေးပွဲမှာ တွေ့ခဲ့ဖူးသည်။

ဒီအမျိုးသမီးက တကယ်ကို ထူးထူးခြားခြားပါပဲ။ သူမက လူတိုင်းကို ကြောက်​​နေတယ်လို့ ထင်ခဲ့ပေမဲ့ သူမ ပါဝင်ပတ်သက်လာမယ်လို့ လုရွှမ် မမျှော်လင့်ထားခဲ့ချေ။

သူမရဲ့ စကားတွေကို လိုက်နာမှာလား? အသံအားကြောင့် လုရွှမ် ခဏတာ စိတ်ရှုပ်ထွေးနေသော်လည်း အံ့ဩစရာကောင်းကြောင်းတော့ သဘောပေါက်သည်။

အထူးသဖြင့် မန်ဟွမ်နတ်ဘုရား မျှော်စင်သည် ရွှမ်ထျန်းကမ္ဘာရဲ့ ရတနာစာရင်းများတွင် အောက်ခြေ၌ ရှိနေကြောင်း ကြားသိခဲ့ရသည်။ မန်ဟွမ်နတ်ဘုရား မျှော်စင်လို အစွမ်းထက်တဲ့ အရာကအောင် အောက်ခြေမှာ ရှိနေတယ် ဆိုရင် ရွှမ်ထျန်း ဟူသော စကားလုံးဖြင့် လျှို့ဝှက်နည်းပညာက ဘယ်လိုလုပ် ရိုးရှင်းနိုင်တော့မလဲ။

"ကောင်လေး တစ္ဆေလို ဟန်ဆောင်နေတာ မင်းမလား? သေမင်းကို ရှာနေတာပဲကွ!"

နတ်မီးနယ်ပယ်က သခင်တစ်ယောက်က အော်လိုက်သည်။ မျောက်တစ်ကောင်လို ဆက်ဆံခံရတာက ရှက်စရာကောင်းတယ်လေ။

“အကြီးအကဲ စိတ်မပူပါနဲ့... ကျွန်မအမြင်အရ ကြည့်မယ်ဆိုရင် အဲဒီလူမှာ ရည်ရွယ်ချက် နှစ်ခုရှိတယ်။ ပထမတစ်ခုက ဒုက္ခရောက်နေတဲ့ ရေပြင်မှာ ငါးဖမ်းနိုင်အောင် သဘာဝကျကျနဲ့ ဒီအခြေအနေကို ရှုပ်​ထွေးအောင် လုပ်​နေတာ... ဒုတိယကတော့ အဲဒီလူက ​အောင့်မိသားစုကပဲ အဲဒီလူက ဒီအချိန်ကို နှောင့်နှေးစေချင်တာ”

ထို့နောက် ပိုင်လင်က

"ဟုတ်တယ်မလား? သခင်လေးလုရွှမ်?"

သူမ ပါးစပ်ကို ရုတ်တရက် ဖွင့်လိုက်သောအခါတွင် သူမသည် လူတိုင်းကို လုံးလုံးလျားလျား သတိ​ပေး​ပြီးသား ဖြစ်သွားကာ လုရွှမ် ဖြစ်ကြောင်းလည်း ဖမ်းမိသွားသည်။ သို့သော် လုရွှမ်သည် ယခုလိုမျိး အတွေ့အကြုံတွေ များစွာရှိခဲ့တယကြောင့် လုံးဝမတုန်လှုပ်ခဲ့ပေ။

ဒါပေမဲ့ အဲဒီအမျိုးသမီးရဲ့ ခြိမ်းခြောက်မှု အဆင့်ဟာ သူ့နှလုံးသားထဲမှာ အများကြီး တိုးလာခဲ့ပါ၏။ သူမက ဒါကို ရှင်းရှင်းလင်းလင်း မှန်းဆထားပြီးသား ဖြစ်သလို သူမရဲ့ နှလုံးသားထဲမှာ ဆုံးဖြတ်ချက်တစ်ခု ချထားခဲ့သည်။ အဲဒီနောက်မှာတော့ သူမဟာ လူတိုင်းကို ကြုံရာကျပန်း စကားတွေနဲ့ ပထမဆုံး တုန်လှုပ်သွားစေခဲ့ပြီး ရုတ်တရက် အံ့အားသင့်သွားအောင် တိုက်ခိုက်ခဲ့လေသည်။

"သခင်လေးလုရွှမ် ကျစ်ကျစ်... သူက ရှေးဟောင်းလျှပ်စီးမြို့တော်မှာ အရမ်း နာမည်ကြီး​နေတဲ့ ပါရမီရှင်တစ်ယောက်ပဲ ဟုတ်တယ်မလား? ဟေး ဝမ့်ရှောင်းကမ္ဘာရဲ့ တတိယသခင်မလေးက သိတယ်ပေါ့? ဒါကို သူက ငါ့သူငယ်ချင်းဖြစ်ဖို့ တကယ်ကို အရည်အချင်း ရှိပုံရတယ်...."

ပိုင်လင်က ဘာမှပြန်မပြောဘဲ လုရွှမ် ပြောလာမယ့် စကားကိုသာ သေသေချာချာ နားစွင့်ထားပေမယ့် ဘာသံမှ မကြားရချေ။

ထိုအခါ ကလေးမလေးက တိတ်တိတ်လေး ခိုးမေးလာသည်။

"ဘွားဘွား အခုနက ပြောခဲ့တဲ့လူက လုရွှမ်လား?"

အဘွားအိုက ရယ်မောပြီး

"မင်းကို စိတ်မဆိုးပါဘူး... ဒီမိန်းကလေး ပိုင်လင်က တကယ်ကို ဉာဏ်ကောင်းတယ် ဘာပဲဖြစ်ဖြစ် သူက ထုတ်ပြောလိုက်ပြီ ဆိုတော့ လုရွှမ်က သူ့ကို အပြစ်တင်လိမ့်မယ်"

"အင်း... သူမ ငယ်ငယ်ကတည်းက ငါသူမကို တစ်ခါမှ မကြိုက်ဖူးဘူး... သူမက သဘာဝမကျဘူး မာနကြီးတယ်"

"ကောင်လေး မင်းက လုရွှမ် ဟုတ်မဟုတ် ငါ ဂရုမစိုက်ဘူး မင်းအရမ်းတော်တာပဲ... ဒီအဘွားကြီး မင်းကို မှတ်ထားလိုက်ပြီ!"

All Chapters