အရှက်တရား
Vol. 67 Ch. 4.522
နတ်ဝိညာဉ်နယ်ပယ် သခင်က အော်ဟစ်လိုက်သည်။ သူ့အသံထဲတွင် လူသတ်ချင်သည့် ရည်ရွယ်ချက်များက ထင်ရှားနေပြီး ထူးထူးခြားခြား ကြီးစိုးနေသည်။
"ချ!"
လုရွှမ် ရုတ်တရက် အော်လိုက်သည်။
နတ်မီးနယ်ပယ် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်ကို မီးတောက်များ တတောက်တောက်ဖြင့် ထွက်လာသည်။ ထိုအခိုက်တွင် ထိုလူရဲ့ အတွင်းထဲမှာ တင်းတင်းကြပ်ကြပ် ကာကွယ်ပေးနေတဲ့ အကာအကွယ် ဒိုင်းလေးတစ်ခုက ထွက်လာခဲ့သည်။
အေးစက်စက် ရယ်မောသံတစ်ချက်က လွှမ်းခြုံသွားပြီး လူတွေမှာ ကူကယ်ရာမဲ့သွားသည်။ လုရွှမ်က အေးစက်စွာဖြင့် နှစ်ကြိမ်ခန့် ရယ်မောလိုက်ပြီး
"နတ်မီးနယ်ပယ်က အကြီးအကဲ တစ်ယောက်က မျှော်လင့်ထားသလို တကယ်ကို အစွမ်းထက်တာပဲ လုရွှမ်ကျုပ်က ဒီတုံ့ပြန်မှုကို ဘယ်လိုမှ မကြောက်ပါဘူး"
နတ်မီးနယ်ပယ်က ထိုအကြီးအကဲရဲ့ မျက်နှာမှာ အလွန်အမင်း နီရဲသွားသော်လည်း ဒေါသအလွန်ထွက်နေသည်။ လက်ရှိမှာတော့ ဘယ်သူပြောနေမှန်း သေသေချာချာ မသိနိုင်သေးချေ။
"မင်းက လုရွှမ်လို့ ပြောချင်နေတာလား?"
သူက ကျယ်လောင်စွာ အော်ပြီး လူတိုင်းကို ရယ်မောစေခဲ့သည်။ သို့သော် ကောင်းကင်ဘုံသခင်များကတော့ ဘယ်သူမှ ပေါ်ပေါ်ထင်ထင် မရယ်မောဝံ့ကြပေ။
"ဟုတ်တယ် ကျုပ်က လုရွှမ်ပဲ!"
လုရွှမ်က အော်လိုက်သည်။
ရယ်မောသံတွေ ရပ်သွားတော့ အားလုံးက အရင်အသံကို နားထောင်ပြီး အတွေးတွေ တဟုန်ထိုး ထကြွလာကာ စကားတွေ ပြောတတ်တဲ့ လုရွှမ်ပဲ ဖြစ်ပါ့မလားလို့ တွေးစပြုလာသည်။
ထိုအခိုက် ကောင်းကင်ဘုံသခင် တစ်ယောက်ထံမှ ဟစ်အော်သံကို ကြားလိုက်ရ၏။
"အငယ်တန်းလေး... မင်းခေါင်းကို ဖွက်ပြီး အမြီးကို ပြနေတာလား... သူတော်စင်နယ်ပယ်မှာ ရှိတဲ့ ကောင်လေးတစ်ယောက်ရဲ့ နာမည်ကို သုံးနေတုန်းပဲပေါ့ မင်း အရှက်မရှိလား"
လူတော်တော်များများကလည်း ထိုအခါမှ တစ်ဖက်လူက လုရွှမ်ရဲ့ နာမည်ကိုသုံးပြီး လှည့်စားနေတာ ဖြစ်နိုင်ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
တစ်ဖက်လူက နတ်မီးနယ်ပယ်မှ အကြီးအကဲ တစ်ယောက် ဖြစ်သည်။ တစ်စုံတစ်ယောက်ကို စော်ကားမိပါက သေခြင်းတရားကို ရှာဖွေနေသူသာ ဖြစ်လိမ့်မည်။
ထို့အပြင် လေထဲတွင် အသံများ လွင့်ပျံကာ ခန္ဓာကိုယ် အစစ်အမှန်ကို ဖုံးကွယ်နိုင်သော စွမ်းရည်သည် လုရွှမ် မလုပ်နိုင်တဲ့ အရာဖြစ်ကြောင်း လူတိုင်း သိသည်။ လုရွှမ် လျှော့တွက်ထားရမယ့်လူ မဟုတ်ပေမယ့် သူတော်စင်တစ်ယောက်သာဖြစ်လို့ ထိုခွန်အားမျိုး လုံးဝမရှိပေ။
"ထွက်လာခဲ့! ငါ့နယ်ပယ်ကို ဖိနှိပ်ထားပြီး မင်းကို တိုက်ခိုက်မယ်.... မင်း တိုက်ဖို့ သတ္တိရှိလား?"
ဒီစကားတွေ ထွက်လာပြီးတာနဲ့ လူတိုင်းက စိတ်ထဲမှ တိတ်တိတ်လေး ကျိန်ဆဲလိုက်ကြသည်။ ဒီလူကြီးက အရှက်မရှိလား။ အရင်ကထက်တောင် ပိုရှက်စရာ ကောင်းလာပြီ။ နယ်ပယ်ကို ဖိနှိပ်ထားတော့ရော အင်အားကွာဟမှုက မရှိတော့ဘူးလား။
"ကောင်းပြီလေ.... ခင်ဗျားရဲ့ခွန်အားကို သူတော်စင်အဆင့်အထိ ချိုးနှိမ်ထားလိုက်!"
လူတွေမှာ မအောင့်အီးနိုင်တော့ဘဲ ရယ်ချလိုက်တော့သည်။ နတ်မီးနယ်ပယ်က အဘိုးအိုဟာ ဒေါသတွေကြောင့် မုတ်ဆိတ်မွေးတောင် ခါယမ်းနေပြီ။
"ကောင်လေး ငါမင်းကို သတ်ပစ်မယ်!"
အဘိုးအိုက ဟောက်ပြီး ပြေးထွက်သွားသည်။ သူက လေထုအလယ်မှာ ရပ်ကာ မျက်လုံးတွေ တောက်ပြောင်နေလျက် လူတိုင်းကို ကြည့်နေ၏။
"ချ!"
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။
အဘိုးအိုသည် ရုတ်တရက် တုန်လှုပ်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒိုင်းလွှာကိုဖွင့်ကာ လှည့်ထွက်ပြေးသော်လည်း ပတ်ဝန်းကျင်မှာ တိုက်ခိုက်မှုများ မပေါ်လာခဲ့ပေ။
သူ့ပတ်ဝန်းကျင်ရှိ ကောင်းကင်ဘုံရှင်သခင်များသည် သူ့ထက်ပင် ပို၍ထိတ်လန့်သွားပြီး အမှန်တကယ် လှုပ်ရှားခံရမည်ကို စိုးရိမ်သဖြင့် လျင်မြန်စွာ နောက်ပြန်ဆုတ်သွားကြသည်။
အဘိုးအိုသည်လည်း သက်ပြင်းတစ်ချက် ချကာ အကာအကွယ် ဒိုင်းလွှာကို ချလိုက်ပြီး အလွန်အရှက်ကွဲသွားခဲ့သည်။ အစောက နတ်မီးနယ်ပယ်ထဲက ရွယ်တူအုပ်စုတစ်စုကို ကြည့်လိုက်တော့ အားလုံးရဲ့မျက်နှာကလည်း မည်းမှောင်နေ၏။
သူ၏ စွမ်းဆောင်မှုကို အလွန်အမင်း မကျေမနပ် ဖြစ်နေသည်မှာ ထင်ရှားပါသည်။ သူက နတ်မီးနယ်ပယ်က လူတွေရဲ့ မျက်နှာကို ဖြတ်ရိုက်သလို ဖြစ်သွားပြီမဟုတ်လား။
“ချ!” နောက်ထပ် အော်ဟစ်သံက ထွက်ပေါ်လာသည်။
"ငါလုပ်မယ်!"
စကားမဆုံးခင်မှာပင် အရပ်ရပ်က ကျင့်ကြံသူတွေဟာ သူ့ကို တစ်ယောက်ပြီး တစ်ယောက် ထိုးနှက်တိုက်ခိုက်လာတော့သည်။
ကံကောင်းထောက်မစွာနဲ့ ဤတစ်ကြိမ်တွင် ကောင်းကင်ဘုံသခင်တို့သည် အဝေးသို့ ရောက်ရှိသွားခဲ့ပြီမို့ ဤအကြိမ်တိုက်ခိုက်မှုက အစောကလောက် အစွမ်းထက်ခြင်း မရှိတော့ပေ။
သို့သော် အဘိုးအိုက အလွန်ရှက်ရွံ့သွားသည်။ ပြင်းထန်သော ဒဏ်ရာများ မရရှိခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်မှာ ရှုပ်ပွနေ၍ ခေါင်းပေါ်က ဆံပင်များလည်း လွင့်ထွက်သွားတာကြောင့် အလွန်ရုပ်ဆိုးသွားသည်။
"ဟူး... ကျုပ်ပြောသားပဲ ခင်ဗျားကို တစ်ယောက်ယောက်က ရိုက်ချင်ရင် ပုန်းနေလို့မရဘူးလို့... ဒါ့ထက်ခင်ဗျား တကယ် ပုန်းနိုင်မလား ဆိုတာ ဘယ်သူကသိမှာလဲ?"
လုရွှမ်ရဲ့ အသံက သာယာနေပြန်သည်။
လူအုပ်ထဲတွင် ကလေးမလေးသည် အဘွားကြီး၏ ပွေ့ဖက်ခြင်းကို ခံထားရပြီး သူမရဲ့ ခန္ဓာကိုယ်က တုန်ခါနေဆဲဖြစ်သည်။
"လုံလောက်ပြီ... ဒီကောင်က တော်တော် ရူးနေပြီ သူ မတိုက်ခိုက်နိုင်တော့တဲ့ အချိန်ရောက်ရင် တုံ့ပြန်မှုတွေ ရှိလာလိမ့်မယ်"
ကလေးမလေးသည် နာခံမှုစွာဖြင့် ခေါင်းညိတ်ပြသော်လည်း သူမ၏ စိတ်ထဲတွင် အလွန်ပျော်ရွှင်သွားသည်။
လုရွှမ် စိတ်ဝင်စားသွားသည်။ ဒါက အသင်းဖော်ကောင်းပဲ။ သူမက ဘယ်အချိန်မှာ လှုပ်ရှားရမယ်ဆိုတာ သိတယ်။ သူက အမြဲတမ်း မြှူနေခဲ့ပြီး နောက်ဆုံးတော့ သူမဟာ ကလေးမလေးပဲ ဖြစ်ပြီး ပျော်စရာကောင်းလာတဲ့အခါ ပြန်ပြီး တုံ့ပြန်လာနိုင်သည်။
သူမ တကယ် လှုပ်ရှားလာလိမ့်မယ်လို့ လုရွှမ် မမျှော်လင့်ခဲ့မိချေ။ ကံမကောင်းစွာပဲ လူတွေက စောင့်ကြပ်နေပြီး တိုက်ခိုက်မှုက သိပ်မထိရောက်ခဲ့ရာ သူမဟာ လူယုတ်မာကို ချက်ချင်း မသတ်နိုင်ခဲ့ပေ။ သတ်နိုင်ခဲ့ရင်တော့ အဆင်ပြေသွားပြီ။
အဘိုးအိုသည် အရှက်တကွဲ အကျိုးနည်းဖြင့် ပြန်လှည့်ကြည့်လာသည်။ လူများကလည်း သူ့ကို ဒေါသထွက်စေမည်ကို စိုးရိမ်သဖြင့် ရှောင်သွားကြသည်။
ထိုအခိုက် ဝမ့်ရှောင်းကမ္ဘာဘက်မှ ပိုင်လင်က သူ့နှုတ်ခမ်းကို လှောင်ပြောင်ဟန်ဖြင့် ကွေးညွတ်ကာ အသံထွက်လာပြန်သည်။
"အားလုံးပဲ... ကျွန်မတို့က မန်ဟွမ်နတ်ဘုရားမျှော်စင်ကို သိမ်းပိုက်ဖို့ ဒီကို ရောက်နေတာ မဟုတ်ဘူးလား? လူပြက်တချို့ အတွက်နဲ့ နှောင့်နှေးနေစရာ မလိုပါဘူး... ပြီးတော့ အဲဒီလူက ထွက်ပြီး လှုပ်ရှားမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်"
"သခင်မလေးပိုင်လင် ပြောတာ မှန်တယ်!"
ချက်ချင်းဆိုသလိုပဲ တစ်ယောက်ယောက်က သူမကို ချော့မော့ဟန်ဖြင့် ထွက်လာခဲ့သည်။
လုရွှမ်က ထိတ်လန့်၍ မဆုံးနိုင်ဘဲ ဖြစ်သွားသည်။ စကားပြောနေသူမှာ တခြားလူမဟုတ် လုဖုန်းပင်။ ယခုအချိန်တွင် သူသည် ယခင်ကကဲ့သို့ ချစ်စရာကောင်းခြင်း မရှိတော့ဘဲ သူ့မျက်နှာသည် ပိုမိုလေးနက်လာပြီး သူ၏ဆွဲဆောင်မှုအားမှာ အရင်ကသူနဲ့ မတူတော့ဘဲ လူလို အလွန်ပြောင်းလဲသွားခဲ့သည်။
လုရွှမ် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ဒီလူက သူ့သူငယ်ချင်း ဖြစ်နိုင်သူပင်။ သို့သော် နတ်သမီးလျန်ရှင်း သေဆုံးပြီးနောက် သူသည် ရန်သူဖြစ်လာခဲ့၏။
"အားလုံးက အရေးကြီးတဲ့လူကို မေ့နေကြပုံပဲနော်... အောင့်မိသားစုလေ... ဒီကိစ္စတွေ အကုန်လုံးက အောင့်မိသားစုနဲ့ သက်ဆိုင်တယ်။ ကျုပ်တို့အကုန် အောင့်မိသားစုကို တိုက်ခိုက်ဖို့ထွက်လာရင် အဲဒီလူရွှင်တော်တွေလည်း သဘာဝကျကျ ခုန်ထွက်လာလိမ့်မယ်"
လူတွေလည်း တစ်ယောက်နဲ့ တစ်ယောက် ကြည့်ပြီး ဒီလူက ဘယ်သူလဲလို့ တိတ်တိတ်လေး တွေးနေမိသည်။ ဒါပေမဲ့ သူ့နောက်မှာ ထူးခြားတဲ့ နောက်ခံရှိတဲ့ တခြားလူတစ်ယောက်ဖြစ်တဲ့ နတ်မီးနယ်ပယ်က သခင်တစ်ယောက် ရပ်နေ၏။
ဤနှလုံးသည်းပွတ် စကားလုံးများသည် လုရွှမ်၏ နားထဲတွင် သက်ပြင်းလှိုင်းများ ထွက်ပေါ်နေသေးသည်။ သူငယ်ချင်းဟောင်းက ဆုံးသွားပြီ။ လုဖုန်းမှာ ဘာမှ မရှိတော့ဘူး။ ဒါက သူ့ရဲ့ စိတ်ကူးယဉ် အတွေးသက်သက်ပဲ။
ခပ်လှမ်းလှမ်းတွင် အောင့်ယွဲ့ကလည်း အစပိုင်းတွင် သူမ ကြားလိုက်သော အသံသည် လုရွှမ် ဖြစ်ရမည်ကို သိလိုက်သည်။ သူမှလွဲ၍ ဘယ်သူက ဒီလိုကြီးမားတဲ့ အန္တရာယ်ကို ခံယူပြီး အခြေအနေကို ကမောက်ကမ ဖြစ်စေနိုင်လို့လဲ။
လုရွှမ် လျန်ရှင်းကို ဒေါသအလွန်ထွက်ကာ သွားများကို အံကြိတ်ခဲ့သည်။ ဒါကိုသိခဲ့ရင် အဲဒီအမျိုးသမီးကို အရင်သတ်သင့်၏။
ယခုတော့ လုဖုန်း၏ အသွင်အပြင်ကို မြင်လိုက်ရပြီး စကားလုံးများကို ကြားလိုက်သောအခါ ရင်ထဲမှာ အေးခဲသွားသလို ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် ဤလူကတော့ သေသင့်နေပြီ။
နတ်သမီးကျင်းဟုန်က အောင့်ယွဲ့လက်ကို လှမ်းကိုင်လိုက်ပြီး
"စိတ်မပူပါနဲ့.... လူတိုင်းမှာ သူ့ကံကြမ္မာသူ ရှိတယ်... လုရွှမ် အဆင်ပြေပါတယ်... အောင့်မိသားစုလည်း အဆင်ပြေမှာပါ"
အောင့်မိသားစု၏ ဘိုးဘွားခန်းမရှေ့က နတ်မီးနယ်ပယ် သခင်များနှင့် ကောင်းကင်ဘုံသခင် အုပ်စုတစ်စု မြေပြင်မှ ပျံတက်လာသည်။
ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သော်လည်း လုရွှမ်ရဲ့ ရုတ်တရက် ထွက်လာတဲ့ အသွင်အပြင်က ၎င်းတို့ကို နေ့တစ်ဝက်လောက် အချိန်ရစေလိမ့်မယ်လို့ မမျှော်လင့်ထားသော်လည်း သူတို့ရင်ဆိုင်ရမယ့် အရာကတော့ အမြဲတမ်း ရင်ဆိုင်ရဦးမှာပင်။
အောင့်ထျန်းသည် လူအုပ်ကြီးရှေ့တွင် ထူထပ်စွာ ပြည့်ကျပ်နေသော နတ်မီးနယ်ပယ်များနှင့် ကောင်းကင်ဘုံသခင် နယ်ပယ်များ ရှေ့တွင် စည်ကားနေသော အုပ်စုကို ကြည့်လိုက်သည်။
"မန်ဟွမ်နတ်ဘုရားမျှော်စင်က အခု မွေးဖွားလာဦးမှာ မဟုတ်သေးဘူးလို့ ထပ်မံကြေငြာတယ်... မယုံချင်စရာ ကောင်းမှန်း သိတယ်... ဒါပေမဲ့ ယ ထင်ယောင်ထင်မှား ကိစ္စတစ်ခု အတွက်နဲ့ အသက်ဆုံးရှုံးခဲ့ရရင်တော့ နောင်တရစရာပဲ... ဒီအတွက်ကြောင့် ကျုပ်တို့ရဲ့ အောင့်မိသားစုမှာ လူတစ်ယောက် သေသွားတာနဲ့ ဒီနေ့ အရာအားလုံးအတွက် အောင့်မိသားစုရဲ့ သားမြေးစဥ်ဆက်အထိ ခင်ဗျားတိုကို အဆတစ်ရာ ပြန်ပေးဆပ်ခိုင်းရလိမ့်မယ်"
ဒီလိုအခြေအနေမျိုးမှာ အောင့်မိသားစုရဲ့ အိမ်တော်သခင်က ဒီလိုခြိမ်းခြောက်ဝံ့လိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားကြချေ။