လူကြီးမင်းစန်းရွှိက်
Vol. 67 Ch. 4.523
လူတိုင်းက ခဏလောက် ထိတ်လန့်သွားပြီး အလွန်လည်း ဒေါသထွက်သွားသည်။
ထိုအချိန်တွင် လူတစ်ယောက်က ပထမဦးဆုံး ထွက်လာသည်။
"အောင့်ထျန်း အခု မင်းကိုယ်မင်း ဘာကြီးလို့ ထင်နေတာလဲ? မင်းကိုယ်မင်း ရှေးဟောင်း လျှပ်စီးကမ္ဘာတစ်ခုလုံးကို ထိတ်လန့် တုန်လှုပ်စေခဲ့တဲ့ အောင့်မိသားစုရဲ့ အိမ်တော်သခင်လို့ မင်းထင်နေသေးတာလား? မင်းကို ပြောလိုက်မယ်! မင်းကအခု အိမ်ပျောက်တော့မယ့် ခွေးပျောက်တစ်ကောင်ပဲကွ!"
စကားပြောဆိုသူမှာ ကောင်းကင်ဘုံသခင် အဆင့်၈ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏မျက်နှာသည် မြင်းမျက်နှာကဲ့သို့ အလွန်ရှည်လျားပြီး ကြည့်ရဆိုး၏။
အောင့်ထျန်းက "ငါကဘယ်သူများလဲလို့ လတ်စသတ်တော့ လီချောင်ထျန်း မင်းဖြစ်နေတာကိုး... အောင့်ထျန်းဆိုတဲ့ ငါ့ကို နှိမ့်ချပြီး သင်ခန်းစာပေးချင်တဲ့သူတွေ အများကြီးရှိတယ်... ငါဘယ်လောက်ပဲ စိတ်ဆင်းရဲနေပါစေ ငါအောင့်ထျန်းကို လှောင်ရယ်လို့ မရဘူး...!"
ကျယ်လောင်သော အော်သံနှင့်အတူ အောင့်ထျန်းက သူ့လက်ဖဝါးကို ဝေ့ယမ်းလိုက်သည်။
အောင့်ထျန်း၏ ခန္ဓာကိုယ်မှ ခရမ်းရောင် လျှပ်စီးကြောင်းများ ပေါက်ကွဲထွက်လာပြီး လီချောင်ထျန်းရဲ့ တန်ပြန်တိုက်ခိုက်လာသော လက်ဖဝါးထဲသို့ ပေါင်းဝင်ကာ လီချောင်ထျန်းရဲ့ ခန္ဓာကိုယ်ကို လျှပ်စီးကြောင်းများကို အရှိန်ဖြင့် ရိုက်ခတ်သွားခဲ့သည်။
လီချောင်ထျန်းသည် သူ့ရင်ဘတ်မှ ပေါက်ကွဲထွက်လာသော အပေါက်ကြီးကို မယုံကြည်နိုင်စွာ ကြည့်ရင်း သူသေဆုံးချိန်အထိ ဒီလိုအခြေအနေမျိုး၊ လူတိုင်းရဲ့ မြင်ကွင်းရှေ့တွင် အောင့်ထျန်း အမှန်တကယ်ပင် လှုပ်ရှားရဲမည်ဟု မယုံကြည်နိုင်ခဲ့ပေ။
မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းတွေ တစ်ပြိုင်နက်တည်း ပစ်ခတ်လာတာကြောင့် လီချောင်ထျန်း၏ ခန္ဓာကိုယ်သည် ပြာမှုန်များ အဖြစ်သို့ ပြောင်းလဲသွားပြီး လေပြင်း မုန်တိုင်းထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
"အိမ်တော်သခင်!"
လီမိသားစုက ဝမ်းနည်းဒေါသတွေ ပြည့်နှက်နေတဲ့ အသံတွေ မြည်လာပေမယ့် ပိုအရေးကြီးတာက ရှက်စရာကောင်းစွာ ထိုးနှက်ခံလိုက်ရခြင်းပင်။
ရှေးဟောင်းလျှပ်စီးမြို့တော်ရှိ အဓိကမိသားစုရှစ်စု အနေဖြင့် သူတို့သည် အောင့်မိသားစုနှင့် တန်းတူရည်တူရှိသည်ဟု အမြဲထင်ခဲ့ကြသော်လည်း သူတို့၏ယခု လုပ်ဆောင်ချက်များက လီမိသားစုကို လုံးဝအလေးအနက် မထားကြောင်း ရှင်းရှင်းလင်းလင်း ပြသသွားခဲ့သည်။
"အကြီးအကဲတို့ ကျေးဇူးပြုပြီး ဒီအရူးကို သင်ခန်းစာပေးဖို့ လှုပ်ရှားကြပါတော့!"
ချောင်းဆိုးသံသာ ထွက်လာပြီး ဤနေရာက မြင်ကွင်းကိုကြည့်ရင်း ဘယ်သူမှ ထွက်မလှုပ်ရှားခဲ့ပေ။
အောင််မိသားစုကို အခုတိုက်ခိုက် နေရင်တောင်မှ လီမိသားစုရဲ့ အကြီးအကဲဆိုတဲ့ သူတို့ရဲ့ ခွန်အားတွေက ဘယ်လောက် ပါဝင်နိုင်မှာတဲ့လဲ။
တခြား ဘာမှပြောမနေဘဲ သူတို့ဘက်မှာ နတ်မီးနယ်ပယ်က သခင်ရှစ်ယောက် ရှိနေတာကိုပဲ ကြည့်လိုက်။ ဘယ်သူက ရှေ့တက်ပြီး တိုက်ရဲမှာလဲ? နတ်မီးနယ်ပယ်များပင်လျှင် သူတို့၏ ခွန်အားကို ချိန်ဆရပေမည်။ သူတို့ရဲ့ စိတ်နှလုံးဟာ အလွန် ကြည်လင်လှရာ သူတို့ရဲ့ နံဘေးမှာ နတ်မီးနယ်ပယ် သခင်တွေ ပိုများပေမယ့် စည်းလုံးမှုမရှိကြပေ။ တစ်ဖက်က နတ်မီးနယ်ပယ် ၈ပါးကတော့ စည်းစည်းလုံးလုံး ရပ်တည်နေကြ၏။
တချို့က နတ်မီးနယ်ပယ် သခင်ကို ချုပ်ကိုင်ထားနိုင်စေရန် ဆန္ဒရှိကြပြီး တခြားသူများမှာမူ တခြားသူ ထိန်းချုပ်ခံထားရပါက ပို၍သက်တောင့်သက်သာ ရှိကြပေလိမ့်မည်။
ဒါ့ပြင် ဘယ်သူကမှ ငတုံးမဟုတ်ပေ။ ရှေ့ကို အလျင်စလို ပြေးထွက်လာတဲ့ ပထမဆုံးလူက အမြောက်စားစရာပဲလေ။ ကိုယ့်သေတွင်း ကိုယ်သွားတူးနေတာပဲ မဟုတ်ဘူးလား။
"ဟမ့် ဒီလောက်လူတွေ များနေတာတောင် ကြောက်လန့်နေကြသေးတယ်... နောက်ပိုင်း ဒီကိစ္စတွေသာ သတင်းပျံ့သွားရင် ရှက်စရာကြီး"
အဘိုးကြီးက ခနဲ့လိုက်တဲ့ အသံတစ်သံက ထွက်လာခဲ့၏။
သူ့မျက်နှာမှာ ညစ်ညမ်းသော အသွင်အပြင်နှင့် အရပ်ပုသော်လည်း အဝေးမှပင် ရန်လိုမှု အပြည့်ရှိနေတာကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ အဘိုးအိုက လူတိုင်းကို တစ်ချက် ကြည့်လိုက်ပြီး
"အောင့်ထျန်း ဟုတ်တယ်နော်... ငါဘယ်သူလဲဆိုတာ မင်းသိလား?"
အောင့်ထျန်းဘက်ကလည်း လေးနက်သော အသံဖြင့် ပြန်ဆို၏။
"ကျုပ်ခန့်မှန်းတာသာ မမှားဘူးဆိုရင် ခင်ဗျားက လူကြီးမင်းစန်းရွှိက် ဖြစ်မယ်ထင်တယ်"
အဘိုးအိုသည် သံရှည်ဆွဲကာ ရယ်မောလိုက်သည်။ သူ့ခန္ဓာကိုယ်က ပုတောင်းသော်လည်း သူ့အသံကတော့ အလွန်ကျယ်လောင်ပြီး သူ့ပတ်ဝန်းကျင် လေထုကိုပါ လှုပ်ယမ်းသွားစေခဲ့သည်။
"ဟုတ်တယ်... ငါက ဆရာကြီးစန်းရွှိက်ပဲ... နှစ်တွေကြာခဲ့ပြီ ငါ့နာမည်ကို သိတဲ့လူ ရှိသေးမယ်လို့ မမျှော်လင့်ထားဘူး"
သူ့ဘေးနားက လူတွေလည်း ခဏအတွင်း ရှုပ်ပွသွားကြသည်။
လုရွှမ်သည် အဘိုးအိုအား မျက်တောင်မခတ် စိုက်ကြည့်နေသည်။ ဤအဘိုးအိုသည် အရပ်ပုပြီး ရုပ်ရည်သွင်ပြင်ကလည်း ကြည့်ရဆိုးသည်။ ထို့ပြင် ကျယ်လောင်သော ရယ်သံဖြင့်ပင် သူရဲကောင်းဆန်တဲ့ သဲလွန်စ မရှိဘူးဟု သူပြောနိုင်သည်။
လူအုပ်ထဲတွင် ဆရာကြီးစန်းရွှိက်ရဲ့ အမည်ကို သိသော လူများရှိပြီး သူတို့အနီးနားက လူများဆွကို ဆရာကြီးစန်းရွှိက် အကြောင်း အသိပညာများ ဖြန့်ဝေပေးကြသည်။
"ကောင်လေး... အဲဒီအဘိုးကြီးနား လုံးဝ မကပ်သွားမိစေနဲ့ မင်းကံဆိုးလိမ့်မယ်"
"ဒဏ္ဍာရီတွေအရ အဘိုးကြီးစန်းရွှိက်က အသက်သုံးထောင် ကျော်နေပြီတဲ့... စန်းရွှိက်လို့ ခေါ်ရတဲ့ အကြောင်းရင်းက သူ့ရဲ့ ပြောင်းလဲခြင်း (၃) ခုကို ရည်ညွှန်းတာ... သူ့ခန္ဓာကိုယ်က အမြဲတမ်း ပြောင်းလဲနေပြီး သူ့ရဲ့ ကြီးထွားမှုကလည်း ကျဆင်းနေတာတဲ့... တတိယအချက်ကိုတော့ ကျွန်တော်လည်း မသိဘူး"
"ဟမ့် တတိယတစ်ချက်က သူ့ရဲ့ လူသားဆန်မှုက အဆက်မပြတ် ပျောက်ကွယ်နေတာပဲ"
အဘိုးကြီးစန်းရွှိက်က ရယ်မောနေဆဲ ဖြစ်ပြီး လူတိုင်း၏ မှတ်ချက်များကို လုံးဝ ဂရုမစိုက်ဘဲ နားထောင်နေ၏။
"ဟုတ်တယ် တတိယအချက်က ငါ့ရဲ့လူသားဆန်မှုက အဆက်မပြတ် ပျောက်ကွယ်နေတာပဲ"
အော်ပြီး အောင့်ထျန်းကို ပူလောင်တဲ့ အနီရောင် မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။
"ကောင်လေး အခု မင်းကို အခွင့်အရေး ပေးမယ်... ဘိုးဘွားခန်းမကို နာနာခံခံနဲ့ ဝင်ခွင့်လိုက်ပါ.... မဟုတ်ရင်တော့ ဟားဟား မင်းရဲ့ အောင့်မိသားစုထဲက လူတွေ အားလုံး သေရလိမ့်မယ် အမှန်အတိုင်း ပြောရရင် ငါလည်း သေရတော့မှာပဲလေ ဒီလိုလုပ်ရတာ အရမ်း ပျော်ဖို့ကောင်းတယ် မင်းကိုငါနဲ့အတူ သင်္ဂြိုဟ်ပစ်လိုက်မယ်!"
အရူးတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်သူမှ ကြောက်လန့်ပြီး ရှောင်လွှဲချင်ကြသည်။ သေလုမျောပါး အရူးတစ်ယောက်နဲ့ ရင်ဆိုင်ရရင် ဘယ်သူမဆို ကံမကောင်းကြဘူးလေ။
အောင့်ထျန်းသည် လေးနက်သော အကြည့်များဖြင့် ဆရာကြီးစန်းရွှိက်ရဲ့ ခန္ဓာကိုယ်ကို သေချာ အကဲခတ်ကြည့်နေသည်။
ဆရာကြီးစန်းရွှိက်ရဲ့ ကျင့်ကြံမှုက ကျဆင်းလာတယ်လို့ ဆိုရသော်လည်း နတ်မီးနယ်ပယ် တတိယအဆင့်တွင် ရှိနေသေးသည်။ သူ၏ကျင့်ကြံမှုမှာ အဲဒီအချိန်တွေတုန်းက ဘယ်လောက်တောင် အစွမ်းထက်နေမလဲ စိတ်ကူးကြည့်နိုင်သည်။
တခြားအရာဆို အဆင်ပြေနိုင်ပေမယ့် ဘိုးဘွားခန်းမကိုတော့ မထိမိစေရပါ။ နောက်နှစ်ပေါင်း ၁၀၀၀ အတွင်း အောင့်မိသားစု၏ အုံကြွမှုနှင့် ပြိုလဲမှုအတွက် လက်ရှိအချိန်က စိန်ခေါ်မှုပဲ ဖြစ်သည်။
"ဟမ့် မဖယ်ဘူးပေါ့? အရမ်းကောင်းတယ် ငါလည်း မပြောင်းလဲတာကြာပြီ.... မင်းလိုလူလေးဆီက အကြံဉာဏ် တောင်းကြည့်တာပေါ့"
အောင့်ထျန်းသည် ပျော့ညံ့ခြင်း လက္ခဏာမျိုးကို သဘာဝအတိုင်း မပြသဘဲ ရဲရင့်စွာ လက်ခံလိုက်သည်။
"ကောင်းပြီ!"
“ခဏနေဦး....”
အောင့်ထျန်း အနောက်ကနေ အဖိုးအိုတစ်ယောက် ထွက်လာသည်။
"ဦးလေး!" အောင့်ထျန်း အံ့သြစွာ အော်လိုက်သည်။
ထိုလူသည် တကယ်တော့ အောင့်ထျန်း၏ ဦးလေးဖြစ်သည်။ သူ အသက်ဘယ်လောက်ရှိပြီလဲဟု လူအများ အံ့သြသွားကြသည်။
"ဒီအဘိုးကြီး လာမယ်...ဘာပဲဖြစ်ဖြစ် ငါလည်း မလှုပ်ရှားရတာ ကြာပြီလေ... ငယ်ငယ်တုန်းက ဆရာကြီးစန်းရွှိက်ရဲ့ ဒဏ္ဍာရီကို ကြားဖူးပါတယ်... အခု အသက်ကြီးပြီး သင်္ဂြိုဟ်ဖို့လည်း လုပ်ရတော့မယ် ဆိုတော့ ဆရာကြီးစန်းရွှိက်နဲ့ သင်္ဂြိုဟ်ခံရရင်လည်း တန်ပါတယ်...."
ဒီလို အဘိုးကြီးကတောင် ငယ်ငယ်တုန်းက အဘိုးကြီးစန်းရွှိက်ရဲ့ ပုံပြင်ကို ကြားဖူးခဲ့တယ်လို့ ဆိုတာကြောင့် ဘေးပတ်ဝန်းကျင်က လူတွေအားလုံး အံ့သြတုန်လှုပ်သွားကြသည်။ ဒါဆို ဆရာကြီးစန်းရွှိက်က ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲ။
ယခင်က သူမ၏ မှော်ဆန်သော စကားလုံးများနှင့် မှော်အတတ်များကို အသုံးပြုခဲ့ဖူးသော ကလေးမလေးက ယခု သူမဘေးနားရှိ အဘွားကြီးကို မော့ကြည့်ကာ။
"ဘွားဘွား... ဒီဆရာကြီးစန်းရွှိက်က ဘယ်သူလဲဟင်?"
အဘွားကြီးသည် ကလေးမလေးအပေါ် အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နှင့် အလွန်ကြင်နာ တတ်သော်လည်း ယခုအခါ သူမသည် လေးနက်နေပုံရသည်။
"နန်စနန်း ဒီလူကြီးက အရမ်း အစွမ်းထက်တယ်.... မင်း သူ့ကို လုံးဝ မနှောင့်ယှက်ရဘူး နားလည်လား?"
ကလေးမလေးကလည်း အလွန်ထက်မြက်ရာ။
"ဘွားဘွားလည်း သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူးလား?"
အဘွားအိုက သက်ပြင်းချလိုက်ပြီး
“အခုနယ်ပယ်အဆင့်က သူ့အထက်မှာ ရှိကောင်းရှိနိုင်ပေမယ့် ခွန်အားအရတော့ မသိဘူး”
"အခု?"
အဘွားအိုက ခါးသီးစွာပြုံးပြီး
"အဲဒီလူက နတ်မီးနယ်ပယ်ကို သာလွန်ခဲ့တဲ့ အကြီးအကဲ တစ်ယောက်ပဲ...ဘွားဘွားက သူ့နောက်မှာပဲ ရှိသေးတယ်"
ကလေးမလေး၏ ပါးစပ်သေးသေးလေးသည် စက်ဝိုင်းပုံပေါက်သွားကာ သူမရဲ့ ပါးစပ်ဝိုင်းလေးထဲသို့ သူမ၏ လက်သီးသေးသေးလေးများကို အံဝင်ခွင်ကျနီးပါး ဖြစ်သွားစေရန် ထိုးထည့်၍ နာခံမှုစွာဖြင့် ဘာမေးခွန်းမှ ထပ်မမေးခဲ့တော့ပေ။
လုရွှမ်လည်း ယခုအခိုက်အတန့်မှာ ထိတ်လန့်သွားရပြီး ရွှေကျီးကန်းရဲ့ အသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
"ဟူး... ဒီလိုလူလည်း ရှိသေးတာကိုး... သူသာ ကျိန်စာမမိခဲ့ဘူးဆိုရင် သူက အစတုန်းကတည်းက လူကောင်း ဖြစ်နေလောက်တယ် "
"ကျိန်စာ?"
လုရွှမ်သည် တိမ်ပင်လယ် နယ်မြေမှာကတည်းက ကျိန်စာရဲ့ စွမ်းအားကို မြင်ဖူးသော်လည်း ဘယ်ကျိန်စာက ဒီလောက် အစွမ်းထက်နိုင်မှာလဲလို့ တွေးနေမိသည်။