← Chapters

ကုသမှုနည်းလမ်း

Vol. 67 Ch. 4.524

ကုသမှုနည်းလမ်း

Vol. 67 Ch. 4.524

"မှန်တယ်... ကျင့်ကြံမှုရဲ့ တစ်ဝက်က အမှိုက်ဖြစ်သွားပြီ ဆိုပေမယ့် မသေဘဲ ဆက်လျှောက်နိုင်ဖို့က ရှားပါးတယ်... ကံမကောင်းစွာနဲ့ သူ့မှာ အချိန်မကျန်တော့ဘူး"

"သူ့ကို အနိုင်ယူဖို့ နည်းလမ်းရှိလား?"

အဲဒီလိုပုဂ္ဂိုလ်မျိုးသည် သူ့ရဲ့ကျင့်ကြံမှု အဆင့်တစ်ဝက်က အမှိုက်ဖြစ်သွားရင်တောင် တစ်ဝက်က ကျန်နေသေးသည်။ နောက်ပြီး သူ့ရဲ့ အတွေ့အကြုံကလည်း ရှိပါသေးသည်။ လက်ရှိအခြေအနေမှာ ထွက်လာတဲ့ နတ်မီးနယ်ပယ် သခင်တွေထက် သာလွန်နေတာမို့ ဘယ်သူအနိုင်ရမလဲ ဆိုတာ တွေးကြည့်နိုင်သည်။

ရွှေကျီးကန်းက လုရွှမ်ရဲ့ အမေးကို ရှုံ့ချပြီး ကဲ့ရဲ့လိုက်သည်။

"ကျီးဖိုးဖိုး အနိုင်မယူနိုင်တဲ့ ပြိုင်ဘက်မရှိဘူး အခုအခြေအနေမှာမလို့ပေါ့ကွာ...အရင်တုန်းကလိုသာ ဆိုရင် ကျီးဖိုးဖိုး သူ့ကို မိနစ်ပိုင်းအတွင်း ဖျက်ဆီးနိုင်တယ်!"

"အခု ဘာဖြစ်လဲ... မြန်မြန်ပြောစမ်းပါ မပြောဘူးဆိုရင် ဖီးနစ်နတ်မီးကို ပြန်ယူလိုက်မယ်"

ဒီအချိန်ဟာ အရေးကြီးတဲ့ အခိုက်အတန့် ဖြစ်နေပြီမလို့ ရွှေကျီးကန်းရဲ့ ကြွားလုံးသံကို နားထောင်​နေဖို့ အချိန်မရှိချေ။

"မင်းက အရှက်မရှိ လူယုတ်မာပဲ.... ဟမ့် ငါမင်းကို ပြောပြလို့ရတယ်.. ဒါဆို မင်းငါ့ကို စိတ်ဝိညာဥ်မီးတောက်လည်း ပေးလိုက်တော့"

"လုံးဝပဲ! ဖီးနစ်နတ်မီးလည်း မယူတော့နဲ့..."

"လူယုတ်မာကောင်... သေနာကောင်လေး!"

ရွှေကျီးကန်းက အကြိမ်ကြိမ် ကျိန်ဆဲသော်လည်း ပြောပြသေးသည်။

"ဒီလိုလူမျိုးကို မင်းမသတ်နိုင်ဘူး.... မဟုတ်ရင် သေခြင်းသုံးပါးကျိန်စာက မင်းကိုယ်ထဲကို ရောက်လာလိမ့်မယ်... အဲဒါက သေခြင်းသုံးပါးကျိန်စာကို ခံထားရတဲ့လူ တစ်ယောက်ရဲ့ ကျိန်စာဒဏ်ပဲ... သေခြင်းတရားကလွဲလို့ သူ့ကို ဘယ်သူမှ မနှောင့်ယှက်နိုင်ဘူး"

လုရွှမ် ခေါင်းညိတ်လိုက်သည်။

"ဒါဆို မင်းသူ့ကို သေစေချင်ရင် ကျိန်စာကို အသက်ဝင်အောင် လုပ်ရမှာပေါ့"

"မင်းအဲ့လောက် မတုံး​သေးဘူးပဲ"

ရွှေကျီးကန်းက သူ့စကားတွေကို အခွင့်ကောင်းယူပြီး သူ့ကို လျစ်လျူရှုချင်နေတယ် ဆိုတာ သိလိုက်ရတော့ လုရွှမ် ဆက်မေးလိုက်သည်။

"ဒါဆို ကျိန်စာကို ငါတို့ ဘယ်လို အသက်ဝင်အောင် လုပ်ရမှာလဲ?"

"ကျိန်စာက အရမ်းမှော်ဆန်တဲ့ လျှို့ဝှက်နည်းလမ်း တစ်ခုပဲ...သူ့ကို ဝိညာဉ်စွမ်းအင်နှင့် ဆေးဝါးကျိန်စာဆိုပြီးလည်း ပိုင်းခြားနိုင်တယ် သေမင်းသုံးပါးကျိန်စာက သိသာထင်ရှားတဲ့ ဝိညာဉ်စွမ်းအင် ကျိန်စာတစ်ခုပဲ... တကယ်လို့ မင်းက ကျိန်စာရဲ့စွမ်းအားကို တိုးမြင့်ချင်ရင်တော့ ဟီးဟီး... ယင်စွမ်းအင်ကိုးစင်းကို သုံးလိုက်တာ အကောင်းဆုံးပဲ...ယင်ချီကို သုံးလိုက်လည်း အကျိုးသက်ရောက်မှုက အတူတူပဲ"

လုရွှမ် နှလုံးတစ်ချက် ဆောင့်ခုန်သွားကာ။

"ဒါဆို ကျိန်စာပြတ်သွားရင် ယွမ်ယန်ကျင့်စဥ်ရဲ့ သဘာဝရန်သူ ဖြစ်လာမှာပေါ့"

"ဟုတ်တယ်..ကောင်လေး ယွမ်ယန်ကျင့်စဥ် ဘယ်လောက် ကြောက်စရာကောင်းတယ် ဆိုတာကို မင်းအခု သိပြီမလား? ကျီးဖိုးဖိုးက မင်းအပေါ် ဘယ်လောက် ကောင်းတယ်ဆိုတာရော သိပြီပေါ့"

ကျီးဖိုးဖိုးရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်ရန် ပျင်းလွန်းသဖြင့် လုရွှမ်သည် စိတ်ဝိညာဉ်မီးတောက်ကို ထုတ်၍ ကျောက်စိမ်းပြားထဲ ထည့်ပေးလိုက်၏။ ထိုအခါ ရွှေကျီးကန်းက မကောင်းဆိုးဝါး အပြုံးမျိုး ပြုံးကာ မီးကို စုပ်ယူလိုက်ပြီး နောက်တစ်ကြိမ် လေ့ကျင့်ရန် ထွက်သွားခဲ့သည်။

ယခုအခါ ရွှေကျီးကန်းရဲ့ ကျင့်ကြံမှု အဆင့်မှာ မလုံလောက်​သေးဘဲ ၎င်း၏ စစ်မှန်သော နေမီးကို ပြန်လည် ထူထောင်လိုတာကြောင့် ထူးကဲသော မီးကို ယူရန် စိတ်ကူးရှိ​​နေသည်။

လုရွှမ် သတိထားမိသောအခါတွင် အောင့်မိသားစု၏ ရှစ်ယောက်မြောက် ဘိုးဘေးဦးလေးသည် လေထဲ၌ အဘိုးကြီးစန်းရွှိက်နှင့် တိုက်ခိုက်နေပြီ ဖြစ်သည်။

ဒါလို မိုက်မဲတဲ့ တိုက်ခိုက်ဟန်​တွေကို ပထမဆုံး မြင်ဖူးတာပဲ။

ထင်ရှားသည်မှာ ဘိုး​ဘေးဦးလေးသည် ဆရာကြီးစန်းရွှိက် ကျိန်စာသင့်နေကြောင်း သိသောကြောင့် သူသည် လုံးဝ မချဉ်းကပ်သွားဝံ့ဘဲ အဆက်မပြတ် တိုက်ခိုက်ရန် သူ၏ ယွမ်စွမ်းအားကို အသုံးချခဲ့သည်။

တစ်ဖက်လူက ကျောက်တုံးလို ရပ်နေပြီး အသက်ပါတဲ့ လက္ခဏာပင်မပြဘဲ သူ့ခန္ဓာကိုယ်ကို တောင့်တောင့်ကြီး လုပ်ထားသည်။ အောင့်မိသားစု၏ ဘိုးဘေး ဦးလေး၏ တိုက်ခိုက်မှုကို တွန်းလှန်ရင်း ယခင်ကထက် နီးကပ်လာခဲ့သည်။

အောင့်မိသားစုက ဘိုးဘေးဦးလေး၏ တိုက်ခိုက်မှုသည် လျှပ်စီးလက်ဝါးအပြင် တခြားတိုက်ခိုက်မှုများဖြင့် တိုက်ခိုက်သော်လည်း ဆရာကြီးစန်းရွှိက်ရဲ့ ခန္ဓာကိုယ်အပေါ် လုံးဝသက်ရောက်မှု မရှိဘဲ ကျိန်စာကသာ လုံးလုံးလျားလျား စုပ်ယူသွားခဲ့သည်။

လူတွေက အဲဒါကို ရယ်စရာလို့ မြင်ကြပေမယ့် အရမ်းထိတ်လန့်သွားကြ၏။

သေခြင်းသုံးပါးကျိန်စာကို မိထားသူ ဆရာကြီးစန်းရွှိက် ကြောက်မက်ဖွယ် ကောင်းသော ဂုဏ်သတင်းကို ရရှိထားတာ အံ့ဩစရာ​တော့ မရှိပေ။ ထိုသူသည် အလွန်ရွံရှာဖွယ် ကောင်းပေ၏။

အောင့်မိသားစု၏ ဘိုးဘေးဦးလေးသည် ဒေါသအလွန်ထွက်ကာ အသံက တုန်သွားသော်လည်း အဘိုးကြီးစန်းရွှိက်ကတော့ ထူးထူးခြားခြား ရယ်မောကာ သူ့ကို ဆဲဆိုကြိမ်းမောင်းလာခဲ့သည်။ အဘိုးကြီးစန်းရွှိက်ရဲ့ အရှိန်က အလွန်မြန်သည်။ အကယ်၍ သူသည် ဆရာကြီးစန်းရွှိက် နီးကပ်လာချိန်တိုင်းတွင် သူ၏ အင်အားကြီး ယွမ်စွမ်းအားကို အသုံးမပြုပါက ဆရာကြီးစန်းရွှိက်ဆီကနေ အကြိမ်ကြိမ် ပွေ့ဖက်ခံထားရပေလိမ့်မည်။

"မသွားပါနဲ့ ကောင်လေးရေ... မင်းအဘိုးစန်းရွှိက် ငါ့ကို ပွေ့ဖက်ပေးပါဦး"

မရပ်မနား အော်ဟစ်ရယ်မောရင်း ဆရာကြီးစန်းရွှိက်က သူ့နောက်ကို လိုက်နေတော့သည်။

အောင့်မိသားစုဝင်တွေလည်း စိုးရိမ်တကြီးနဲ့ ကြည့်နေကြသည်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် အဋ္ဌမမြောက်ဦးလေးဟာ အနှေးနဲ့အမြန်ဆိုသလို သေဆုံးရလိမ့်မည်။ သူ့အရည်အချင်းက ဆရာကြီးစန်းရွှိက်ကို တိုက်ခိုက်ဖို့ တဖြည်းဖြည်း မလုံလောက်တော့ဘူးလေ။

“နည်းလမ်းများ ရှိလား?”

လူတစ်ယောက်က အသံတိုးတိုးနဲ့ မေးလိုက်သည်။

လူတစ်အုပ်စုက ခေါင်းယမ်းပြကြသည်။ သူတို့အခု ဘာမှလုပ်လို့ မရဘူးလေ။ ကျိန်စာက အရမ်းမိုက်မဲပြီး ဘယ်သူမှ ဆရာကြီးစန်းရွှိက်ကို မစော်ကားရဲဘူး။

သို့သော် ယခုအခြေအနေအရဆို အောင့်​မိသားစုရဲ့ ရှစ်ယောက်မြောက် ဘိုးဘေးဦးလေးသည် ကျိန်းသေပေါက် ရှုံးရပေလိမ့်မည်။ ဒါဆို နောက်တစ်ကြိမ် ဘယ်သူက ခုခံနိုင်မှာလဲ။

အောင့်ထျန်းလည်း ခေါင်းကိုက်နေပါပြီ။ အနည်းငယ်သာ ထိန်းချုပ်နိုင်သည့် အခြေအနေမှာ ထိုသက်ကြီးစန်းရွှိက်ရဲ့ ရုတ်တရက် အသွင်အပြင်ကြောင့် ပျက်စီးသွားလိမ့်မည်ကို သူ မထင်ထားခဲ့ပေ။

တင်း!

အောင့်ထျန်း သူ့ရင်ဘတ်ထဲက အရာတစ်ခုကို ထုတ်လိုက်တော့ လုရွှမ်ဆီက ဆက်သွယ်ရေး ကျောက်စိမ်း​ပြား ဖြစ်ကြောင်း မြင်လိုက်ရသည်။ သူ အလိုလို လွှတ်ပစ်ထားချင်ပေမယ့် ရုတ်တရက် သူ့နှလုံးသားထဲမှာ တစ်ခုခုကို စိုးရိမ်သွားခဲ့သည်။

"ဦးလေးထျန်း... နောက်ဆုံးတော့ ကျွန်တော့်ကို စကားပြောဖို့ အဆင်သင့် ဖြစ်ပြီပေါ့"

လုရွှမ် အော်လိုက်ပေမယ့် သူ့လေသံက အနည်းငယ် စိတ်ဓာတ်ကျသွားပုံ ပေါက်သွားသည်။ တစ်ဖက်လူရဲ့ စိတ်နေစိတ်ထားကို သူနားလည်သော်လည်း သူ့ကို တွန်းထုတ်ခဲ့တာက တကယ်ကို ဝမ်းနည်းစရာကောင်း၏။

အောင့်ထျန်းသည် လုရွှမ်ရဲ့ လေသံက မကျေမနပ် ဖြစ်နေသော အရိပ်အယောင်ကို ခံစားမိတညကြောင့် သက်ပြင်းချကာ

"ဟူး... ဖြစ်နိုင်ရင် မင်းတို့ရဲ့ လက်ရှိနေရာကို ငါတကယ် မသိချင်ဘူး... မင်းတို့အတွက် အန္တရာယ်ရှိလိမ့်မယ်"

"ကျွန်တော် သိပါတယ်...ကျွန်တော် အခုဒီအခြေအနေကို ကြည့်နေတာ အစောတုန်းက လူကလည်း ကျွန်တော်ပဲ"

အောင့်ထျန်းမှာ တကယ် လုရွှမ် ဖြစ်နေတာကြောင့် အလွန်ပျော်သွားသည်။ အရင်တုန်းကတော့ လုရွှမ်နဲ့ သူ့အဖွဲ့ကို ဒီကနေ စွန့်ခွာသွားဖို့ ပြောနေခဲ့ပေမယ့် အခုချိန်မှာတော့ အရင်က အရမ်းနာမည်ကြီးခဲ့တဲ့ လုရွှမ်တစ်ယောက် လက်ရှိပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်နေမိသည်။

"လုရွှမ် ဒါကိုဖြေရှင်းဖို့ နည်းလမ်းရှိလား?"

ဘာပဲဖြစ်ဖြစ် သူက အလျင်လို​နေပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းကို လိုချင်နေ၏။ အနည်းဆုံးတော့ လုရွှမ်ဟာ တခြားသူတွေကို အမြဲတမ်း အံ့အားသင့်စေခဲ့တယ်လေ။ အခု မှော်ဆန်တဲ့ အဖြေတစ်ခုများ ရှိနေပြီလား မပြောတတ်ချေ။

"အဲဒီလို သေခြင်းသုံးပါးကျိန်စာကို ဖြေချင်းချင်ရင်...."

လုရွှမ် ရုတ်တရက် အံ့အားသင့်သွားပြီး ပါးစပ်ကိုပိတ်ကာ မိုက်မဲစွာ ကျိန်ဆဲလိုက်မိသည်။ ထို့နောက် သူရဲဘောကြောင်တဲ့ ပုံစံနဲ့ စိတ်ထဲကနေ မေးလိုက်သည်။

"ကျီးဖိုးဖိုး...ကျီးဖိုးဖိုး ခင်ဗျား ရှိသေးလား?"

ရွှေကျီးကန်းကလည်း

"မင်းရဲ့ကျီးဖိုးဖိုးကို ခေါ်ပြီး ဘာလုပ်မလို့လဲ?"

လုရွှမ် ရယ်မောလိုက်ပြီး

"ကျီးဖိုးဖိုး ကျွန်တော်ရဲ့ လက်ရှိ ယွမ်ယန်ကျင့်စဥ်အဆင့်နဲ့ ဆရာကြီးစန်းရွှိက်ရဲ့ ကျိန်စာတွေကို ဖယ်ရှားနိုင်မယ်လို့ ထင်လား?"

သူရုတ်တရက် တွေးမိတာက သူတို့ကဘာလို့ ဆရာကြီးစန်းရွှိက်ကို သတ်ရမှာလဲ ဆိုတာပဲ။ သူ့ကျိန်စာကို ရုတ်သိမ်း​ပေးနိုင်မယ် ဆိုရင် သူ့ကို မဟာမိတ်အဖြစ် ပြောင်းလဲပြီး ပြင်ပက လူတွေကို အတူတကွ တိုက်ခိုက်ဖို့ စည်းရုံးလို့ မရဘူးပေါ့။

"သေချာပေါက် မရဘူးပေါ့ သေခြင်းသုံးပါးကျိန်စာက သာမာန်ပဲ ဆိုပေမယ့် အခု မင်းဘယ်လိုအခြေအနေ ရောက်နေလဲ ကြည့်ဦး... ဖီးနစ်နတ်မီးနဲ့ စိတ်ဝိညာဥ် မီးတောက်ကို ပေါင်းထည့်ရင်တောင် အဲ့အဘိုးကြီးရဲ့ ကျိန်စာကို ဖြေဖို့ အနည်းဆုံး မင်းက မဟာသူတော်စင်လောက်တော့ ရှိထားရမယ်..."

လုရွှမ် အရမ်းပျော်သွားသည်။

"ဒါဆို လုံလောက်ပြီ"

အောင့်ထျန်းရဲ့ အမူအရာက ပြောင်းသွား၏။ လုရှံမ်ဘက်မှ ဘာသံမှကို မကြားရတော့ရာ လုရွှမ်ရဲ့ တည်နေရာကို ရုတ်တရက် ဖော်ထုတ်မိပြီး တစ်ယောက်ယောက်က သူ့ကို ဖမ်းဆီးသွားမည်ကို စိုးရိမ်သဖြင့် အနီးနားကို ဂရုတစိုက် မကြည့်ဘဲ မနေနိုင်လိုက်ပေ။

"လုရွှမ် စကားပြောစမ်း! မင်းအဆင်ပြေရဲ့လား"

သူ့အသံက စိုးရိမ်မှုအပြည့်နဲ့။

လုရွှမ်လည်း ပြုံးပြီး ပြောလိုက်သည်။

"အဆင်ပြေတယ်... ကျွန်တော် ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိလို့.... ဦးလေး အဲဒီအကြီးအကဲဆီကို စကားလှမ်းပြောလိုက်.. ကျွန်တော်တို့မှာ သူ့ရဲ့ကျိန်စာသုံးပါးကို ကုစားနိုင်တဲ့ နည်းလမ်းရှိတယ်....ဒါပေမဲ့ ဆရာကြီးစန်းရွှိက်က ကျွန်တော်တို့ကို ကူညီပြီး တိုက်ခိုက်ပေးရမယ်..."

အောင့်ထျန်းမှာ ငိုလုမတတ် ဖြစ်သွားသည်။ ဆရာကြီးစန်းရွှိက်ရဲ့ ကျိန်စာ ကို ဘယ်လိုကုစားမှာလဲ။ စန်းရွှိက်ဆိုတာ သေခြင်းသုံးပါးကျိန်စာကနေ ဆင်းသက်လာတဲ့ အလွန်ကျော်ကြားတဲ့ နာမည်တစ်ခုလေ။

၎င်းသည် အနီးနားရှိ ကမ္ဘာငယ်လေးထဲတွင် အဆိုးဆုံးသော ကျိန်စာဖြစ်သည်။ ၎င်းကို သူတော်စင်နယ်ပယ်က လုရွှမ်က ကုသနိုင်မယ်ဆိုတာ မယုံနိုင်လောက်အောင်ပဲ။ သူလည်း မယုံရဲချေ။

All Chapters