ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲခြင်း
Vol. 67 Ch. 4.525
ဤတစ်ကြိမ်တွင် အောင့်ထျန်းတစ်ယောက် အချိန်အတော် ကြာတဲ့အထိ တိတ်ဆိတ်သွားခဲ့သည်။ လုရွှမ် နှစ်ကြိမ်ခန့် ခေါ်ပြီးနောက်မှ အောင့်ထျန်းဆီက အသံထွက်လာသည်။
"သေချာလား?"
သူ့စိတ်ထဲတွင် သံသယမျိုးစုံ ရှိနေကာ မယုံနိုင်လောက်အောင်ပင် ဖြစ်နေသည်။ သို့သော် လုရွှမ်ကအရင် အဆိုပြုလာသူမို့ လုရွှမ်က သူပိုင်နိုင်တယ်လို့ ယုံကြည်နေတယ် ဆိုတာ ထင်ရှားပါ၏။
တကယ် ဟုတ်လား မဟုတ်လား ဆိုတာကို မေးဖို့ ရှက်ရွံ့နေတာကြောင့် သူဘယ်လောက် သေချာလဲသာ မေးလိုက်ရသည်။
လုရွှမ်က အောင့်ထျန်းရဲ့ ဆိုလိုရင်းကို သိပ်သဘောမပေါက်လိုက်ဘဲ ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်။
"ကျွန်တော့်ရဲ့ လက်ရှိ ကျင့်ကြံမှုက မလုံလောက်သေးဘူး.... ကျွန်တော် မဟာသူတော်စင် ဖြစ်လာတာနဲ့ ကျိန်စာဖြေတာက ကလေးကစားသလိုပဲ ဦးလေးထျန်း... တကယ်လို့ ဆရာကြီးစန်းရွှိက်က မယုံဘူးဆိုရင် ဦးလေးတို့မှာ ထူးဆန်းတဲ့ မီးတောက် နှစ်မျိုး ရှိနေပြီလို့ ပြောလိုက် သူ သဘာဝကျကျ နားလည်သွားလိမ့်မယ်”
"ထူးဆန်းမီးတောက်?"
အောင့်ထျန်းသည် ဘာကြောင့်မှန်းမသိ အသက်ပြင်းပြင်း ရှူလိုက်မိသော်လည်း ရှစ်ယောက်မြောက် ဦးလေးဖြစ်သူကို မော့ကြည့်လိုက်တော့ အဘိုးကြီးစန်းရွှိက်ဆီက လိုက်ဖမ်းနေတာကို ခံနေရသဖြင့် အလွန်ရှက်ရွံ့သွားခဲ့သည်။ ဦးလေးတို့ကြားက အကွာအဝေးက နီးကပ်နေပြီမလို့ ကျိန်စာကူးစက်တာက အနှေးနဲ့ အမြန်ဆိုသလို ဖြစ်လာတော့မည်။
အမှန်တော့ ဆရာကြီးစန်းရွှိက်က ဒီလောက် အစွမ်းထက်နေတာ မဟုတ်။ သို့သော် သူ့ဆီက ကျိန်စာကတော့ သေရတာတက်ကို ပိုဆိုးစေမှာ သေချာပါ၏။
အောင့်ထျန်း သူ မစောင့်နိုင်တော့ကြောင်း သိတာကြောင့် ဘိုးဘေးဦးလေးကို အမြန်စာတစ်စောင် ပို့လိုက်သည်။ လုရွှမ်ရဲ့ ကျင့်ကြံမှုမှာ မလုံလောက်သဖြင့် သတင်းစကား ပေးပို့ပြီးသည်နှင့် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သော်လည်း အောင့်ထျန်းက သဘာဝကျကျကို လုံးဝကွဲပြားသည်။
အောင့်မိသားစု၏ ရှစ်ယောက်မြောက် ဦးလေးသည် တုန်လှုပ်ပြီး ဝမ်းသာအားရ ဖြစ်သွားသည်။ သူဆက်ပြေးနေရရင် သူ့စွမ်းအင်တွေ အကုန် ကုန်သွားတော့မယ်လို့ ခံစားရနေရပြီ။
အဘိုးကြီးစန်းရွှိက်ရှေ့မှာ သူ့ဆီက ထွက်လာတဲ့ ကျိန်စာရဲ့ ခြိမ်းခြောက်မှုကို တွန်းလှန်ဖို့ ခွန်အားကြီးမှရမည်။ ဆရာကြီးစန်းရွှိက်ရဲ့ ကစားဟန်ကို ကြုံတွေ့ရရင် နတ်ဘုရားတောင် သတ်ပစ်ချင်နိုင်သည်။
"ဆရာကြီးစန်းရွှိက် ကျေးဇူးပြုပြီး ခဏရပ်ပါဦး... ကျွန်တော့်မှာ ပြောစရာစကား ရှိတယ်....ဒါကိုကြားရတာ ခင်ဗျားဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး"
အောင့်မိသားစုရဲ့ ဘိုးဘေးဦးလေးက ပြောလိုက်သည်။ ဆရာကြီးစန်းရွှိက်က တခစ်ခစ်ရယ်ပြီး သူ့ကို လိုက်နေဆဲ။
"ကျွန်တော်တို့ အောင့်မိသားစုမှာ ထူးဆန်း မီးတောက် ရှိတယ်"
ဤစကားကိုတော့ အောင့်မိသားစု၏ ရှစ်ယောက်မြောက် ဘိုးဘေးဦးလေးဖြစ်သူက စိတ်ဝိညာဥ် စွမ်းအား၏ အသံထုတ်လွှင့်မှုမှတစ်ဆင့် ပေးပို့ခဲ့သည်။
အောင့်မိသားစု၏ ဘိုးဘေးဦးလေးရှေ့သို့ အပြေးအလွှား သွားတော့မည့် ဆရာကြီးစန်းရွှိက်လည်း ရုတ်တရက် ရပ်တန့်သွားသည်။ သူ့မျက်နှာတွင် အံ့အားသင့်နေသည့် အကြည့်များ ပေါ်လာပြီး
"မင်းဘာပြောတယ်?"
တစ်ဖက်က တကယ်ကို အလျင်စလို မလုပ်တော့တာကို တွေ့လိုက်ရတော့ အောင့်မိသားစုရဲ့ ဘိုးဘေးဦးလေးလည်း သက်ပြင်းချရင်း အောင့်ထျန်းပြောတာ အသုံးဝင်ကြောင်း ထင်လိုက်သည်။ သူက ပြုံးပြီး ပြောလေ၏။
"ကျွန်တော် ဆိုလိုတာက ကျွန်တော်တို့ အောင့်မိသားစုက ခင်ဗျားရဲ့ကျိန်စာတွေကို ကုစားဖို့ အခွင့်အရေးတစ်ခု ရှိတယ်"
အဘိုးကြီးစန်းရွှိက်ကတော့ လှောင်ပြောလိုက်သည်။
“မယုံဘူး!!”
"ရိုးရိုးသားသား ပြောရရင်တော့ ကျုပ်လည်း မယုံဘူး.... ဒါပေမဲ့ အောင့်မိသားစုရဲ့ အိမ်တော်သခင်က အခုလေးတင် ကျုပ်ကို ဆက်သွယ်လာခဲ့တာ.... သူက ကျုပ်ဘဝကို အသုံးချပြီး လှောင်ပြောင်မယ်လို့ ထင်နေလား? တခြားဘာမှ မဖြစ်သေးရင်တောင် အနည်းဆုံးတော့ သူက ကျုပ်ကို တတ်နိုင်တယ်ဆိုပြီး ပြောခဲ့တယ်လေ... ကျုပ်တို့မှာ မတူတဲ့ မီးတောက်နှစ်မျိုးရှိနေပြီ... ခင်ဗျားရဲ့ ကျိန်စာတွေကို ချိုးနှိမ်ဖို့ ဒီတစ်ခုတည်းသော နည်းလမ်းကို အခြေခံပြီး ကျုပ်တို့ အောင့်မိသားစုရဲ့ ရိုးသားမှုကို ပြပါ့မယ်"
"ဟမ့် မန်ဟွမ်နတ်ဘုရားမျှော်စင်ကို ရဖို့ ငါမျှော်လင့်နေတုန်းပဲ.... ဒီနည်းနဲ့ဆို ငါ့အပေါ်က ကျိန်စာကိုဖြေဖို့ မျှော်လင့်ချက် ပိုရှိသေးတယ်"
ပြောပြီးနောက် အဘိုးကြီးစန်းရွှိက်သည် အောင့်မိသားစု၏ ဘိုးဘေး ဦးလေးဖြစ်သူကို လျစ်လျူရှုကာ အောင့်ထျန်းထံသို့ တိုက်ရိုက် ပျံသန်းလာခဲ့သည်။ အောင့်ထျန်းလည်း စိတ်သက်သာရာ ရသွား၏။ အနည်းဆုံးတော့ စကားပြောခွင့် ရှိပြီမလို့ နောက်ဘာတွေ ဆက်ဖြစ်မလဲဆိုတာ အဆင်ပြေသွားစေလိမ့်မည်။
"အောင့်ထျန်း ငါ့ကိုလိမ်တဲ့ အကျိုးဆက်ကို မင်းသိလား?"
ယခုအချိန်တွင် အောင့်မိသားစု၏ ဘိုးဘေး ဦးလေးလည်း အနားယူရန် ဆင်းသက်လာခဲ့သည်။ အောင့်ထျန်းက ခေါင်းညိတ်၍
"ဒါပေါ့... ဆရာကြီးစန်းရွှိက်ကလည်း ကျုပ်တို့ကိုကူညီတာက အောင့်မိသားစုကို စော်ကားတာထက် လုံးဝကွဲပြားတဲ့ အကျိုးဆက်တွေ ရှိလာမယ် ဆိုတာ သိမှာပါ... ကျုပ်တို့ကိုကူညီပါ ဆရာကြီးကို တစ်သက်လုံး ဒုက္ခပေးခဲ့တဲ့ ကျိန်စာတွေကို ကုစားပေးနိုင်ပါတယ်.... ရန်လိုတာမျိုးက ရှင်းပါတယ်... ခင်ဗျား ဘာကိုမှ ရနိုင်မှာမဟုတ်ဘူး"
"မန်ဟွမ်ဘုရားမျှော်စင်က ခင်ဗျားကို ကယ်တင်နိုင်မယ်လို့ မထင်လိုက်ပါနဲ့... မန်ဟွမ်နတ်ဘုရားမျှော်စင်က အခုအချိန်အထိ မမွေးသေးဘူးလို့ ကျုပ်ပြောထားပြီးသားပဲ... မမွေးသေးဘူး... ဒါပေမဲ့ ခင်ဗျားကို ငါတို့ ကယ်တင်နိုင်နေပြီလေ။ အခု ခင်ဗျားရဲ့ ရွေးချယ်မှုပေါ်မှာ မူတည်သွားပြီ"
ဆရာကြီးစန်းရွှိက်က ညည်းလေသည်။
“ဘာလို့ ယုံရမှာလဲ”
"ခင်ဗျားကျုပ်ကို ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အရေးမကြီးပါဘူး... ခင်ဗျား သိထားရမှာက ခင်ဗျား ဘာလိုချင်တာလဲ? ကျရှုံးမယ့် အိပ်မက်ကို ဆက်ပြီး လိုက်လျှောက်ဖို့လား? ဒါမှမဟုတ် ကျုပ်တို့ကို ယုံကြည်ပြီး ကယ်တင်နိုင်မယ့် နည်းလမ်းကို ရှာဖို့လား?"
"ဟမ့် မင်းငါ့ကိုလိမ်ပြောရင် ငါမသေသရွေ့ မင်းရဲ့ အောင့်မိသားစု တစ်ခုလုံးကို သတ်ပစ်မယ်!"
ဆရာကြီးစန်းရွှိက်က အောင့်ထျန်းနဲ့ တခြားလူများကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ရင်း လူသတ်လိုစိတ်ဖြင့် အော်ဟစ်လိုက်သည်။
လုရွှမ်ရဲ့ ပြတ်ပြတ်သားသား အကြည့်ကို မြင်ယောင်လိုက်ရင်း အောင့်ထျန်းရဲ့ နှလုံးသားက တောက်ပလာပြီး စိတ်ဝိညာဉ်စွမ်းအားဖြင့် ဆက်သွယ်ကာ ပြန်ပြောလိုက်သည်။
"ကျုပ်တို့ အောင့်မိသားစုကို တိုင်တည်ပြီး ဒီစကားကို စောင့်ထိန်းတယ်!"
"ကောင်းပြီ!" ဆရာကြီးစန်းရွှိက်က အောင့်ထျန်းကို လက်ညိုးထိုးကာ ဆိုလိုက်သည်။
"ငါ မင်းကို ယုံလိုက်ပြီ!"
လူတိုင်းက ဆရာကြီးစန်းရွှိက် ဘာလုပ်နေတာလဲ သိချင်နေတာ ကြာပါပြီ။ အောင့်မိသားစု၏ လူများထံ ခဏတာ စကားသံပို့ပြီးနောက် အောင့်ထျန်းဘက်သို့ တိုက်ရိုက်ရောက်လာပြီး နောက်ထပ် ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသော်လည်း သူတို့နှစ်ဦး တစ်စုံတစ်ခုကို သဘောတူလိုက်တာတော့ ထင်ရှားပေ၏။
"ဆရာကြီးစန်းရွှိက် ဒါက ဘာသဘောလဲ?"
ဆရာကြီးစန်းရွှိက်က အောင့်ထျန်းဘက်ကို တိုက်ရိုက် ပူးပေါင်းသွားတာကို တွေ့လိုက်ရတော့ မဟာမိတ်တွေ ဖြစ်သွားပုံရတာကို သိလိုက်သည်။ ဒါကြောင့် နတ်မီးနယ်ပယ်က သခင် အများအပြားကလည်း အော်ဟစ်လိုက်ကြသည်။
ဆရာကြီးစန်းရွှိက်က မျက်ခုံးပင့်ကာ ပြန်ကြည့်လိုက်သည်။
"ဒီသခင်ကြီး ဘာလုပ်လဲဆိုတာ မင်းကို တင်ပြနေရဦးမှာလား?"
လူပေါင်းများစွာ၏ အသံများလည်း ငြိမ်သက်သွားကာ စကားမပြောနိုင်ကြတော့ပေ။ အစောက ဆရာကြီးစန်းရွှိက်ရဲ့ အသွင်အပြင်ကြောင့် အံ့သြပြီး ပိုလို့တောင် တုန်ယင်သွားကြ၏။
အောင့်မိသားစုကို သူ့အာဏာအား စားသုံးခွင့်ပေးလိုက်တာ ထင်ရှားလေသည်။ ဒါပေမဲ့ ဒီလောက်မြန်မြန်ကြီး အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ချေ။ ဆရာကြီးစန်းရွှိက် စိတ်ပြောင်းသွားဖို့ အချိန်သိပ်မကြာလိုက်ဘူး မဟုတ်လား။
လုရွှမ်လည်း သက်ပြင်းတစ်ချက် ချလိုက်တော့သည်။
"ကိစ္စမရှိပါဘူး... ခင်ဗျားလို အဘိုးကြီးက အမြဲတမ်း လှည့်ပတ်ပြေးရတာကို ကြိုက်တာပဲလေ ကိစ္စမရှိပါဘူး"
အသံတစ်ခု ထွက်ပေါ်လာပြီး လုရွှမ်လည်း မျက်မှောင်ကြုတ်လိုက်သည်။ ဒါက လုဖုန်းရဲ့ အသံပဲ။
ထိုအခိုက် နတ်မီးနယ်ပယ် သခင်တစ်ယောက်က အေးစက်စွာ အော်ဟစ်လိုက်၏။
"မင်းက ဘယ်သူလဲ? ဒီနေရာက မင်းလို မဟာသူတော်စင်လို လူတွေစကားပြောဖို့ အရည်အချင်း ပြည့်မီတဲ့ နေရာမဟုတ်ဘူး"
အစောတုန်းက လုရွှမ်၏ စကားများသည် သခင်များစွာ၏ မကျေနပ်မှုကို နှိုးဆွပေးခဲ့ပြီးသား ဖြစ်သည်။ ယခုကဲ့သို့ ဒေါသတကြီး ဖြစ်နေသော နတ်မီးနယ်ပယ် သခင်က လုံးဝ ဝင်၍ လှောင်ပြောင်တော့သည်။ လုရွှမ် စကားထပ်ပြောလိုက်ရင်တော့ ကောင်းကင်ဘုံသခင်များ၏ နားရွက်များကို နှစ်သိမ့်နိုင်လောက်သည်။
လုဖုန်းက လုံးဝ စိတ်ဆိုးခြင်း မရှိသော်လည်း သူ့နောက်ကလူကတော့ နတ်မီးနယ်ပယ် အရှိန်အဝါနှင့် သူ့တစ်ကိုယ်လုံး အေးစက်သော အငွေ့အသက်များကို လှိုင်းလုံးကြီးတစ်ခုလို ထုတ်လွှတ်လိုက်သည်။
"နတ်မီးနယ်ပယ် အဆင့်၆?"
နတ်မီးနယ်ပယ်က သခင်များစွာလည်း အံဩစွာ ဟစ်အော်လိုက်ကြသည်။
လူတိုင်းရဲ့ အမူအရာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ထိုလူကို ယခင်က ဘယ်သူမှ ဂရုမစိုက်ခဲ့ပေ။ သူသည် မဟာသူတော်စင်နောက်သို့ လိုက်နေသော အုပ်ထိန်းသူနှင့်တူသော အဆင့်အတန်း ရှိနေတာ သိသာနေခဲ့သည်။
လွတ်လပ်မှု မရှိရင် ဘယ်အရာမှ အောင်မြင်နိုင်မှာ မဟုတ်ဘူးလေ။
သို့သော် သူသည် နတ်မီးနယ်ပယ် အဆင့်၆မှာ ရှိနေလိမ့်မယ်ဟု ဘယ်သူမှ မမျှော်လင့်ထားခဲ့ကြပေ။ နတ်မီးနယ်ပယ် သခင်များ အားလုံးထဲတွင် သူသည် အကောင်းဆုံးထဲမှ တစ်ဦး ဖြစ်နေသည်။
"ငါ့ဆရာက အရည်အချင်း မပြည့်မီဘူးလို့ မင်းပြောနေတာလား?"
လုဖုန်းကို မထီမဲ့မြင်ပြုခဲ့သော နတ်မီးနယ်ပယ်က အရှင်သခင်သည် လက်ဝှေ့ယမ်းကာ တောင်းပန်ခဲ့သည်။ ယခင်ကလို မောက်မာမျိုး မလုပ်ရဲတော့ပေ။ သူက နတ်မီးနယ်ပယ် ပထမအဆင့်တွင်သာ ရှိပြီး တစ်ဖက်လူက လက်တစ်ဖက်တည်း လှုပ်ရှားရုံနဲ့ သူ့ကို ချေမှုန်းရန် လုံလောက်နေပြီ။
ထပ်ခါထပ်ခါ တောင်းပန်ပြီးနောက် လူအနည်းငယ်ကလည်း နှုတ်ဆက်ပြီး ထွက်သွားချင်လာသည်။ မထွက်သွားလို့က မဖြစ်ချေ။ မထွက်ခွာနိုင်လျှင် နတ်မီးနယ်ပယ် အဆင့်၆က သခင်ကို စော်ကားရာရောက်လိမ့်မည်။