အင်အား တစ်သောင်း
Vol. 68 Ch. 4.526
ပိုကြောက်စရာ ကောင်းတာက သူက အတိအကျ စော်ကားခံရတဲ့သူ မဟုတ်ပေမယ့် သူ့ရဲ့သခင်ငယ်လေး အတွက် ထွက်လာတာကြောင့်ပင်။
"ဒီကအကြီးအကဲ...ခင်ဗျား ဘာလို့ မြန်မြန်ထွက်သွားရတာလဲ? အခုက လူတွေကို အလုပ်ခန့်ထားဖို့ အချိန်ရောက်ပြီလေ ကျွန်တော်တို့ စည်းလုံးပြီး အောင့်မိသားစုကို အရင်ဆုံး ဖြိုခွင်းသင့်တယ်လို့ မထင်ဘူးလား?"
ထိုလူက အဓိပ္ပာယ်မရှိတဲ့ စကားတွေ မပြောတော့ဘဲ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
ဒါပေမဲ့ သူ့စိတ်ထဲမှာ အလွန်စိတ်ရှုပ်နေမိ၏။ ဒါက ဘယ်ဂိုဏ်းက သခင်လေးလဲ။ သူဘာလို့ လုံးဝမကြားဖူးပါလိမ့်။
ထိုလူက မဟာသူတော်စင် ကျင့်ကြံမှု အဆင့်ဖြစ်သည်။ သူသည် ဒီလိုနေရာမျိုးမှာ ပေါ်လာဝံ့ပြီး သူ့မျက်နှာပေါ်က တည်ငြိမ်အေးဆေးသော အကြည့်ကို ကြည့်ရုံဖြင့် ထိပ်တန်း ပါရမီရှင်တစ်ဦးဖြစ်တာ ထင်ရှားပေသည်။
နတ်မီးနယ်ပယ် အဆင့်၆ သခင်တစ်ယောက်ကလည်း အကာအကွယ် ပေးထားသေးသည်။ ဒီအကြောင်းကို တွေးကြည့်ရုံနဲ့ ထပ်ခါတလဲလဲ ကျိန်ဆဲချင်နေတော့သည်။
"သခင်ငယ်လေးကို ဘယ်လိုခေါ်ရမလဲ?"
"လုဖုန်း! ဟားဟား ငါ့ကို အထင်မလွဲပါနဲ့... သူက လုရွှမ်ရဲ့ သူငယ်ချင်း မဟုတ်လား? တကယ်တော့ သူနဲ့ ငါက ရန်သူတွေလို့ တိုင်တည်ထားတုန်းပဲ"
လုဖုန်းရဲ့ အသံက ခံစားချက်မဲ့စွာ ပြောနေသလိုမျိုး ငြိမ်သက်နေသည်။ အမှောင်ရိပ် တိတ်ဆိတ်စွာ ပျံ့နှံ့သွားသလို လူတွေ နားထဲမှာလည်း အေးစက်သွားသလို ခံစားလိုက်ရသည်။
လုရွှမ် မျက်မှောင်ကြုတ်ပြီး ဘာတွေ ဖြစ်နေတာလဲလို့ တွေးကြည့်လိုက်မိသည်။ လုဖုန်းရဲ့ ခန္ဓာကိုယ်မှ ပြင်းထန်သော လူသတ်ချင်သည့် အသွင်အပြင်ကို ခံစားလိုက်ရပြီး ၎င်းသည် လုံးဝ အတုအယောင် မဖြစ်နိုင်ပေ။
သူ ထိုသူကို တစ်နေရာရာမှာ စော်ကားမိခဲ့လို့လား?
"ဟုတ်တယ်... ဒီအချိန်မှာ ကျွန်မတို့က ရိုးရိုးသားသား ပူးပေါင်းပြီး အောင့်မိသားစုကို အရင်ဖျက်စီးပစ်သင့်တယ်"
အမျိုးသမီးတစ်ယောက်ရဲ့ အသံက ထွက်ပေါ်လာပြီး သူမက ပိုင်လင်ပဲ ဖြစ်သည်။ အဲဒီအမျိုးသမီးက လုရွှမ်ကို နှုတ်ဆက်လိုက်ကာ သူမရဲ့ မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေပြီး တောက်ပတဲ့ အလင်းရောင်တွေ ယှက်သမ်းနေသည်။
လုရွှမ် စိတ်ဓာတ်ကျသွားသည်။ ဒီလူနှစ်ယောက်ကို သူ ဘယ်တုန်းက စော်ကားခဲ့လို့လဲ။
လုဖုန်းကလည်း ပိုင်လင်ကို နှုတ်ဆက်လိုက်ပြီး
"ခင်ဗျားတို့အားလုံး နတ်မီးနယ်ပယ်တွေကို အတူတူ တိုက်ခိုက်ခဲ့တာ ကျွန်တော် မြင်ဖူးပါတယ်... အကျိုးရလဒ်က တော်တော်လေး ကောင်းတယ်။ ကျွန်တော်တို့ စည်းလုံးနိုင်ရင် တံတွေးထွေးရုံနဲ့ လူတယောက်ကို သတ်နိုင်ပြီ!"
ဒါအမှန်တရားပါပဲ။ ဒါပေမဲ့ လူတွေကို ဘယ်လိုစည်းရုံးမှာလဲ။
လုဖုန်းလို့ အမည်ရတဲ့ ဒီမဟာသူတော်ရဲ့ စကားကို သူတို့ နားထောင်သင့်လား။ သူ့အင်အားက နည်းနည်းတော့ နည်းပေမယ့် သူ့နောက်ကွယ်က နတ်မီးနယ်ပယ် အဆင့်၆ သခင်ရဲ့ အကာအကွယ်ရှိလို့ အမိန့်ထုတ်ဖို့ အရည်အချင်း ပြည့်မီတယ်လို့ ဆိုရမည်။
လုရွှမ်လည်း အရမ်းစိုးရိမ်သွားခဲ့သည်။ တကယ်လို့ ဒီလူတွေကို စည်းလုံးသွားခဲ့မယ်ဆိုရင် အောင့်မိသားစုဟာ ပျက်စီးသွားမှာ သေချာလေသည်။
"အရင်က ငါ့သူငယ်ချင်းလေးရေ... မင်းလည်း ထပ်ခါထပ်ခါ အော်နေနိုင်တယ်နော် အိုး မထွက်ချင်ဘူးလား? ကိစ္စမရှိပါဘူး အားလုံးက ဒီမှာ စုနေကြပြီမို့ အတူတူ လှုပ်ရှားလို့ရနေပြီ"
အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပေမယ့် တဖြည်းဖြည်း ငြိမ်သက်လာကြသည်။
ဘုန်းကြီးဝတ်ရင်တောင် လူ့သဘောက အနည်းနဲ့အများ မျက်စိစုံမှိတ် ခေါင်းမာတတ်တာပဲလေ။ ပိုအရေးကြီးလေ လူတစ်ဦးက မတ်တပ်ထရပ်ပြီး လူတိုင်းကို အတူတူ လုပ်ဆောင်ဖို့ ဦးဆောင်ရန် လိုအပ်လေလေ ဖြစ်သည်။
ဤအခိုက်အတန့်တွင် မတ်တတ်ထရပ်သူမှာ လုဖုန်းဟူသည့် ယောက်ျားလေး ဖြစ်သော်လည်း ဘယ်သူမှ သူ့ကို လျှော့မတွက်ဝံ့ကြပေ။ သူ့နောက်တွင် ရပ်နေသူမှာ နတ်မီးနယ်ပယ် အဆင့်၆ သန်မာသူတစ်ဦး ဖြစ်သည်။
လုရွှမ်သည် အောင့်ထျန်းကို မော့ကြည့်လိုက်တော့ သူ စိုးရိမ်နေသည့်ပုံ ပေါ်တာကို တွေ့ရလေ၏။ ယခင်ကလည်း လုရွှမ်ရဲ့ လျှို့ဝှက်လှည့်ကွက်များကြောင့် နတ်မီးနယ်ပယ်က သခင်တစ်ဦးသည် တိုက်ရိုက် တိုက်ခိုက်ခံရပြီး တခြားသူတစ်ဦးလည်း အလွန်အရှက်ကွဲသွားခဲ့သည်။
ကောင်းကင်ဘုံသခင် အားလုံးကို ပေါင်းစည်းလိုက်လျှင် သူတို့ရဲ့ ခွန်အားက အလွန်အစွမ်းထက်မှာ ဖြစ်ကြောင်း သက်သေပြခဲ့ပြီးပြီ ဖြစ်သည်။ အခု သောင်းနဲ့ချီတဲ့ ကျင့်ကြံသူတွေ စုပေါင်းလိုက်ရင် ဘယ်သူက ခုခံနိုင်မှာလဲ။
အောင့်ထျန်း ရှင်းရှင်းလင်းလင်း မသိလိုက်တဲ့ အချိန်မှာပဲ အောင့်မိသားစုမှ လူအားလုံးသည် ရှေ့သို့ စုရုံးလညကာ တဖြည်းဖြည်း အရှိန်တက်လာရင်း လူသတ်ချင်သည့် ရည်ရွယ်ချက်များက လှိုင်းလုံးများ အဖြစ် ဆက်လက်စုဝေးလာသည်။ အားလုံးက နောက်အခိုက်အတန့်ဆိုရင် လှုပ်ရှားကြတော့မည်။
နတ်ဘုရား၏ တန်ခိုးသည် အလွန်တန်ခိုးကြီးသဖြင့် တောင်များနှင့် ပင်လယ်များကို ရွေ့လျားစေပြီး စွမ်းအင်များ ပေါက်ထွက်လာသောအခါတွင် ကောင်းကင်နှင့် နေကိုပင် ဖုံးအုပ်ထားနိုင်သည်။ ဤကောင်းကင်ဘုံသခင် အပေါင်းတို့သည် စည်းလုံးသွားတဲ့အခါ လူတိုင်းက ဘယ်လို ဖြစ်လာမယ်ဆိုတာ ယခုပင် မြင်နိုင်ပြီ။
စွမ်းအားသည် ခန္ဓာကိုယ် အတွင်းတွင်သာ ရှိပြီး လူသတ်နိုင်သော အရိပ်အယောင်များပါ တည်ရှိနေသော်လည်း တစ်ဖက်လူတွေက ပင်လယ်ထဲသို့ မြစ်များ စီးဆင်းသွားသလို လူပေါင်းများစွာက စုပုံနေပြီ။ ကောင်းကင်ဘုံသခင်များသည် ဘယ်အင်အားကိုမှ မထုတ်ရသေးသော်လည်း ရောင်ဝါနှင့် ဖိအားများက သဘာဝကျကျ ပြင်းထန်နေပြီ ဖြစ်သည်။
ကောင်းကင်ယံ၌ တိမ်မည်းများက ဆက်လက်စုဝေးကာ ဤဘက်ခြမ်းသို့ တိုးဝင်လာသည်။ အဝေးကကြည့်ရင် တိမ်မည်းလား ဒါမှမဟုတ် ကျင့်ကြံသူ စစ်တပ်လား ဆိုတာကို မပြောနိုင်လောက်အောင် မှောင်ပြီး ထူထပ်နေ၏။
မိုးခြိမ်းသံ အစီအရီသည် ဝေဟင်ထက်၌ ပဲ့တင်ထပ်ကာ မမြင်နိုင်သော ကောင်းချီးများလို လူတိုင်းရဲ့ စွမ်းအားကို စုစည်းထားသည်။ နတ်မိုးခြိမ်းသံ မြည်ဟီးလာသောအခါ ကောင်းကင်ဘုံသခင်များ အားလုံးက မိုးခြိမ်းသံနောက်ကို လိုက်ကာ ချဥ်းကပ်လာတာကြောင့် သူတို့၏ အရှိန်ကို တုန်လှုပ်စေလာသည်။
လူသတ်တော့မည့် အသွင်အပြင်က အဆက်မပြတ် ချုပ်ငြိမ်းနေပြီး တဖြည်းဖြည်း လက်တွေ့အဖြစ်သို့ ပြောင်းလဲတော့မည် ဖြစ်သည်။ ကောင်းကင်ဘုံသခင် တစ်ယောက်ချင်းစီသည် သူတို့အင်အားရဲ့ ၁%ကို သာ အားထုတ်ခဲ့သော်လည်း ယခုအချိန်တွင် စုစည်းထားသော စွမ်းအား၏ ၂၀% သည်ပင် ကမ္ဘာကြီးကို ဖျက်ဆီးလုနီးပါးဖြစ်နေပြီ ဖြစ်သည်။
ဧရာမလေးကြီး၏ အလင်းရောင်နှင့် အရိပ်တို့သည် လေထုထဲတွင် တဖြည်းဖြည်း အသွင်သဏ္ဌာန်ကြီး ထွက်ပေါ်လာပြီး ကြီးမားလွန်းသဖြင့် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေသည်။ ခရမ်းရောင် နတ်မိုးခြိမ်းသံသည် စွမ်းအားအဖြစ် လုံးလုံးလျားလျား စုရုံးကာ ဧရာမဓားကြီး အဖြစ် အဆက်မပြတ် ဖန်တီးလျက်ရှိသည်။
ကောင်းကင်က မိုးခြိမ်းသံ၏ ကောင်းချီးနှင့်အတူ မီးခိုးဓား၏စွမ်းအားသည် ပို၍ပို၍ ပြင်းထန်လာကာ လေထုတစ်ခုလုံး တုန်ခါသွားသည်။ ဒါ့အပြင် လေထုအတွင်းက အက်ကွဲကြောင်းများကိုပင် ဆွဲထုတ်လာခဲ့သည်။
ယခု မြှားသည် ကြိုးတန်းပေါ်တွင် ရှိနေပြီး အချိန်မရွေး ပစ်ခတ်တော့မည်။
"မြန်မြန်လုပ် အစီအရင်တည်!"
အောင့်မိသားစုထဲက လူတစ်ယောက်က အော်လိုက်သည်။ သူတို့သေဖို့ အဆင်သင့်ဖြစ်ထားရင်တောင် ဘယ်သူမှ ဒီလိုပုံစံနဲ့ မသေချင်ကြဘူးလေ။ ဝမ်းနည်းစရာထက် ပိုလို့တောင် ရှက်စရာကောင်းနေသလို တန်ဖိုးတစ်ခုတောင်မှ ထင်ဟပ်မလာဘူး။
အလင်းဓားသည် သူတို့၏ ဦးခေါင်းများထက်ကို လုံးလုံးလျားလျား ဖုံးလွှမ်းကာ သူတို့၏ နှလုံးသားများကို ဖိနှိပ်လျက် စိတ်ဝိညာဉ်များကိုပါ တုန်လှုပ်သွားစေခဲ့သည်။ လုရွှမ် ယခုအချိန်တွင် အောင့်မိသားစု ဘိုးဘွားခန်းမ အနီးတွင် ပုန်းအောင်းနေပါ၏။ ဓားသည် သူ့ကို ညွှန်မပြသော်လည်း ယခုအချိန်တွင် ဓား၏ ထက်မြက်မှုနှင့် အဆုံးမဲ့ သတ်ချင်သည့် ရည်ရွယ်ချက်ကို သူ ခံစားမိဆဲပင်။
သံသယဖြစ်စရာ မလိုပါဘူး။ အလင်းဓားနဲ့ ထိလိုက်တာနဲ့ အောင့်မိသားစုရဲ့ ဘိုးဘွားခန်းမကြီး ပျက်စီးသွားမှာ ဖြစ်ပြီး အောင့်မိသားစုမှာ ဘယ်သူမှ ရှင်သန်နိုင်မှာ မဟုတ်ဘူးဆိုတာ သံသယဖြစ်စရာလည်း မရှိချေ။
“ထွက်လိုက်ကြစို့!”
ဖိအားအောက်တွင် တစ်စုံတစ်ယောက်သည် နောက်ဆုံးတွင် ပြိုကွဲသွားခဲ့သည်။ နတ်မီးနယ်ပယ်က သခင်တစ်ယောက်ရဲ့ ကွယ်လွန်မှုက သူ့စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲ ဖြစ်လေ၏။
အခုအခြေအနေက အရင်ကထက် ပိုဆိုးလာပြီ။
အောင့်ထျန်းက ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်ပြီး
"လူတိုင်း စိတ်အေးအေးထားဖို့ ငါတောင်းဆိုတယ်.... မင်းတို့က ငါတို့ အောင့်မိသားစုကို သတ်ဖို့ မဟုတ်ဘဲ မန်ဟွမ်နတ်ဘုရားမျှော်စင် အတွက် ဒီကိုလာကြတာ ဟုတ်တယ်မလား?"
မတိုင်မီက အောင့်ထျန်းလည်း မှင်တက်သွားခဲ့ရာ ဤလူများကို ရပ်တန့်ခိုင်းဖို့ အကြံကောင်းတစ်ခုကို မတွေးနိုင်ခဲ့ချေ။ သို့သော် ယခုအချိန်တွင်တော့ သူဟာ မိသားစု ခေါင်းဆောင်အဖြစ် ရှေ့ထွက်ရပ်လိုက်သည်။
သူ့အသံက မိုးခြိမ်းသံကြား တိုးတိုးလေးပင် မကြားနိုင်သလို ကြားရင်တောင် ဘယ်သူမှ ဂရုမစိုက်လောက်တော့ပေ။
ရွှေကျီးကန်းရဲ့ အသံက လုရွှမ်ရဲ့ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဘာဖြစ်သွားတာလဲ? ကမ္ဘာကြီး ပျက်စီးတော့မှာလားဟ? ဒီလောက် ပြင်းထန်တဲ့ လူသတ် အရိပ်အယောင်က ဘယ်လိုလုပ် ရှိနေတာလဲ"
ကျားဖြူလေးရဲ့ တဝူးဝူး အော်ဟစ် ငိုကြွေးသံကလည်း ထွက်ပေါ်လာသည်။ ကျောက်စိမ်းပြားထဲက နေရာဟာလည်း အပြင်ဘက်က လူသတ်ချင်သည့် ရည်ရွယ်ချက်ကို ခံစားရနိုင်လေသည်။
နတ်မီးနယ်ပယ် ၈ယောက် မပြောနဲ့ ၂၀ ၃၀ ကျော် ရှိရင်တောင် ဒီအချိန်မှာ သူတို့ မခုခံနိုင်တော့မှာကို ကြောက်ရသည်။
ဓားအလင်းရဲ့ ဖိအားများက ရုတ်တရက် တိုးလာကာ ပိုမို ပြင်းထန်လာခဲ့သည်။ လုရွှမ်လည်း အစွမ်းထက်သော ဓားစွမ်းအားကို ခံစားလိုက်ရပြီး လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။ မဟုတ်ရင် ဒီအရှိန်နဲ့ ထပ်ပြီး ဖိထားခံရရင် သူ့ခန္ဓာကိုယ်ကို ပြားသွားလိမ့်မယ်။
ဒါပေမဲ့ အောင့်ထျန်းနဲ့ တခြားသူတွေ ဦးဆောင်ထားတဲ့ ဝေဟင်မှာ ပျံသန်းနေတဲ့ အောင့်မိသားစုဝင်တွေဟာ အလင်းဓားရဲ့ ဖိအားကြောင့် ရုတ်တရက် မြေပြင်ကို ထိမှန်သွားခဲ့ပြီး မြေကြီးထဲအဖိ ဆွဲချခံလိုက်ရရာ မတ်တပ်တောင် မရပ်နိုင်ကြတော့ချေ။
"အောင့်မိသားစု အဆုံးသတ်တော့မယ်"