မန်ဟွမ်နတ်ဘုရားမျှော်စင်
Vol. 68 Ch. 4.527
ဆရာကြီးစန်းရွှိက်က ရုတ်တရက် အကျယ်ကြီး ရယ်မောချလိုက်သည်။ နောက်တော့ သူက
"ငါတကယ် ပင်လယ်ဓားပြ သင်္ဘောပေါ် ရောက်နေပြီပဲ.... ဟုတ်ပြီ ဒီအတိုင်းပဲ သေရတော့မယ် ဆိုရင်လည်း သေတာပေါ့ ဟားဟားဟား !"
အလင်းဓား၏ စွမ်းအားသည် ကြီးထွားနေဆဲဖြစ်သည်။ အောင့်မိသားစု၏ အဖွဲ့ဝင်များမှာ စကားမပြောနိုင်သလို လုံး၀ မလှုပ်ရှားနိုင်လောက်အောင် ဖိနှိပ်ခံခံနေရသည်။ အဖွဲ့ထဲက ကောင်းကင်ဘုံသခင်များပင်လျှင် တုန်လှုပ်ခြောက်ခြားသွားကြသည်။
ကောင်းကင်ဘုံသခင် အုပ်စုကြားတွင် ကောင်းကင်ဘုံသခင် အုပ်စုတစ်စု ပုန်းအောင်းနေကြ၏။ သူတို့၏ မျက်နှာများသည် မှုန်မှိုင်းနေပြီး ပတ်ဝန်းကျင်ကို ကြည့်နေတဲ့ ကောင်းကင်ဘုံရှင်သခင် လူများမှာလည်း မျက်လုံးများထဲတွင် အံ့သြမှုအနည်းငယ် ရှိနေကြသည်။
ကလေးမလေးသည် လူအုပ်ထဲတွင် ရောထွေးနေပြီး သက်ပြင်း အသာချကာ
"ဘွားဘွား... ဒီအောင့်မိသားစုက ဒီလိုပဲ ပျက်စီးသွားမှာလား?"
အဘွားကြီးက ခေါင်းညိတ်ပြသည်။
"ဟူး... ဒီအောင့်မိသားစုက အရမ်းကြီး မာနကြီးလွန်းတယ် သူတို့က လူတွေရဲ့ စွမ်းအားကို မသိကြဘူး... တစ်ယောက်တည်းနဲ့ အကုန်လုံးကို တိုက်လို့ရတယ်လို့ ထင်နေကြတာ... လူတော်တော်များများရဲ့ တံတွေးတစ်လုတ်တည်းနဲ့ နစ်သွားနိုင်တယ်"
"တကယ်လို့ ဘွားဘွားသာဆိုရင် ဒီလူတွေကြားထဲမှာ စစ်တုရင် အပိုင်းအစတချို့ကို ချန်ထားပြီး ဒီလူတွေကို ခွဲထုတ်ပေးမှာလား?
တုန်တုန်ယင်ယင် အသံဖြင့် သူမဤသို့ပြောလိုက်သည်။
အောင့်မိသားစုက ကံမကောင်းတော့ဘူးဟုသာ ဆိုနိုင်သည်။ လူတိုင်းရဲ့ ခွန်အားသည် တစ်ပေါင်းတစ်စည်းတည်း စုစည်းထား၍ မရပ်တန့်နိုင်တဲ့ ကြီးမားသော လှိုင်းလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီ။
သို့သော် ဤအရာအားလုံးကို အစပြုသူခဲ့မှာ သူမ၏ ထူးဆန်းသော မြေးဖြစ်တာကြောင့် အဘွားကြီးလည်း ဘာပြောရမှန်းကို မသိတော့ပေ။ ကလေးမလေးသည် ထက်မြက်ပြီး ယခု ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူမနှင့် သက်ဆိုင်ကြောင်း လျင်မြန်စွာ တွေးလိုက်မိသည်။
"ဘွားဘွား ဒါနန်းနန်းကြောင့် ဒုက္ခရောက်သွားတာမလား"
အပြစ်ရှိစိတ်ဖြင့် မျက်ရည်များဝဲလာကာ ပါးစပ်လေးများကလည်း စူဝိုင်းနေသဖြင့် သူမ အလွန် စိတ်ဆင်းရဲနေကြောင်း ပြသနေ၏။
အဘွားအိုက သက်ပြင်းချလိုက်ပြီး ခေါင်းကို ငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်
"ဒါက နန်းနန်းအပြစ် မဟုတ်ပါဘူး... ဒါက အောင့်မိသားစု ကြုံရမယ့် ကံကြမ္မာပဲ သမီးဘာမှ မပြောရင်တောင် တခြားသူတွေက လုပ်စရာရှိတာတွေကို လုပ်ကြလိမ့်မယ်"
"ဒါဆို သမီးတို့ သူတို့ကို ကူညီနိုင်မှာလား?"
"ခက်တယ်... ဒီအချိန်က သေရေးရှင်ရေးနဲ့ ဆိုတဲ့ အကျပ်အတည်းထဲကို ရောက်နေပြီ နောက်ပြန်လှည့်ချင်တယ် ဆိုရင်တောင် အံ့ဖွယ်တစ်ခုမှ မဖြစ်လာဘူး ဆိုရင် ခက်တယ် ခက်တယ်..."
ကလေးမလေးရဲ့ မျက်ရည်များ ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာကာ ဆက်မကြည့်ဝံ့တော့ဘဲ အဘွားကြီးရဲ့ ရင်ခွင်ထဲသို့ လှဲချလိုက်သည်။
လုရွှမ်သည် လေထဲတွင်ရှိသော မျှော်စင်ငယ်ကို မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ၎င်းက လေထုထဲတွင် လွင့်မျောနေသေးသော်လည်း လူတိုင်းက မျှော်စင်ငယ်ကို မက်မောလိုစိတ် ရှိသော်လည်း မျှော်စင်က တစ်စုံတစ်ဦးကို ရှာတွေ့ပြီး သတ်ပစ်မှာကို စိုးရိမ်သဖြင့် လူတိုင်းက နေရာတစ်နေရာကို အလိုအလျောက် ရှောင်သွားကြသည်။
ရွှေကျီးကန်းက အသံသည် သူ့စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်
"ကောင်လေး... မင်း ဒီမျှော်စင်လေးကို တိုက်ခိုက်ဖို့ စဥ်းစားနေတာတော့ မဟုတ်ဘူးမလား?...အဲဒါကသေဖို့ တောင်းဆိုနေတာနဲ့ အတူတူပဲနော်... ငါမင်းကို မလှုပ်ရှားဖို့ အကြံပေးချင်တယ်"
"ဝူး!" ရှောင်ပိုင်ကလည်း အသံပေးလာသည်။
"ကိုကိုကြီးလုရွှမ်....မလုပ်ပါနဲ့...."
တရားဝင်နတ်သမီး ရားရားကလည်း မြန်မြန်ဆန်ဆန် အကြံပေးလာခဲ့သည်။ လုရွှမ်သည် အောင့်မိသားစုမှ လူများကို ငုံ့ကြည့်ကာ ခါးသက်စွာ ပြုံးလိုက်သည်။
"ဒါပေမဲ့ ဒီလူတွေကို ငါမသေစေချင်ဘူး"
"ဒါဆို မင်းအသက်ကို ပေးမလို့လား?"
"မဟုတ်ဘူး... ကောင်းကောင်း လုပ်နေသရွေ့တော့ သေစေနိုင်တဲ့ အခြေအနေမျိုး မရှိနိုင်ပါဘူး"
လုရွှမ်၏ အသံသည် ငြိမ်ကျသွားပြီး သူသည် တိတ်တဆိတ် ပျံသန်းကာ လူအုပ်ထဲသို့ ပူးပေါင်းလိုက်သည်။ ဒီအချိန်မှာတော့ သူ့ရဲ့ကိုယ်ပိုင်လက္ခဏာကို ထုတ်ဖော်ပစ်ဖို့ ဂရုမစိုက်တော့ဘဲ မျှော်စင်ငယ်လေးကို သူ့လက်ထဲမှာ ဆုပ်ကိုင်ဖို့ ရှေ့ကို အမြန်ပြေးထွက်သွားလိုက်သည်။
လူတိုင်းကလည်း မျှော်စင်ငယ်ကို အာရုံစိုက်ထားကြ၏။ အကယ်၍ မျှော်စင်ငယ်ကို လုယူမည့်သူ ပေါ်လာပါက ဤလူများသည် စိတ်ဝမ်းကွဲသွားလိမ့်မည်။ ထိုအခါ အလင်းဓားရဲ့ စွမ်းအားသည်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားပေလိမ့်မည်။
ဒါဆိုရင် အောင့်မိသားစုက ဒီသေခြင်းကနေ လွတ်မြောက်နိုင်မှာပဲ။
တစ်လမ်းလုံး အပြေးအလွှား ချီတက်လိုက်ရာ လုရွှမ် သူ့ရုပ်သွင်ကို ထုတ်ဖော်မခံရတာကို တွေ့ရတော့ အံ့အားသင့်သွားသည်။ ကောင်းကင်ဘုံသခင်များ ဘက်ခြမ်းမှ အပြေးအလွှား တက်သွားသော်လည်း ဘယ်သူမှ သူ့ကို ရှာမတွေ့ခဲ့ပေ။
ပြီးတော့ သူတို့ရဲ့ ဖိအားတွေက သူ့ခန္ဓာကိုယ်ကို သွေးထွက်တဲ့အထိ ညှစ်လုမတတ် ခံစားခဲ့ရပေမယ့် သူ့ပုံသဏ္ဌာန်က ထင်ယောင်ထင်မှား ဖြစ်နေသလိုမျိုး ဘယ်သူမှ မမြင်နိုင်ခဲ့ပေ။
ဒါဘယ်လိုဖြစ်တာလဲ?
သို့သော် ယခုအချိန်က အကြောင်းရင်းကို စူးစမ်းရမည့်အချိန် မဟုတ်တော့တာကြောင့် လုရွှမ်လည်း မျှော်စင်ငယ် နံဘေးသို့ အမြန်ပြေးသွားခဲ့သည်။ သူ မျှော်စင်ငယ်ကို ဖမ်းကိုင်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်သည် နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့သည်။
အလင်းရောင်က တောက်ပနေပြီး လူတိုင်းကလည်း လုရွှမ်နဲ့ လေထု အလယ်ဗဟိုမှာရှိတဲ့ မျှော်စင်လေးကို တစ်ပြိုင်တည်း လှည့်ကြည့်လာကြသည်။
သူတို့ ဂရုတစိုက် စောင့်ကြပ်နေတဲ့ မျှော်စင်ငယ်လေးက လုရွှမ်လက်ထဲမှာ ဖမ်းမိသွားခဲ့ပြီ။
အောင့်မိသားစုကို သတ်ချင်ခဲ့တဲ့ ကောင်းကင်ဘုံသခင်တွေရဲ့ အတွေးအမြင်တွေရဲ့ ၆၀% ဟာ မျှော်စင်ငယ်လေး အပေါ်မှာ ရှိနေတယ်ဆိုတာ သိထားရမယ်။ အပျော်သက်သက်ပဲ ဆိုရင်တော့ ဘယ်သူက ဂရုစိုက်နေမှာလဲ။
နောက်ဆုံးတော့ ဒီလူအများစုဟာ မန်ဟွမ်နတ်ဘုရားမျှော်စငကို မက်မောလို့ ဒီကိုရောက်လာခဲ့တာ ဖြစ်ပြီး ရှေးဟောင်း လျှပ်စီးမြို့တော်ရဲ့ အငြင်းပွားမှုတွေကို သိပ်စိတ်မဝင်စားကြပါဘူး။
ဒါပေမဲ့ အခုအချိန်မှာတော့ သူတို့ ဒေါသတွေ ပေါက်ထွက်လာပြီး သူတို့နောက်ကွယ်က အသံတွေကလည်း ကျားတစ်ကောင်လို ဟိန်းဟောက်လာကြတော့သည်။
"အဲဒီလူက လုရွှမ်ပဲ!"
လုရွှမ်သည် ရှေးဟောင်းလျှပ်စီး မြို့တော်တွင် နာမည်ကြီးနေပြီ ဖြစ်သောကြောင့် လူအများက သူ့ကို သဘာဝအတိုင်းကို မှတ်မိကြသည်။
"အကောင်ငယ်လေး မင်းက သေမင်းကိုရှာနေတာပဲ!"
"မန်ဟွမ်နတ်ဘုရားမျှော်စင်ကို ချလိုက်စမ်း... မဟုတ်ရင် မင်းရဲ့မိသားစု တစ်ခုလုံးကို ငါသေချာပေါက် ဖျက်ဆီးပစ်မယ်!!"
လူတိုင်းက လုရွှမ်ကို ပွဲချင်းပြီး သတ်ချင်စိတ်ပြင်းပြင်းနဲ့ တံတွေးတွေ ထွေးထုတ်ကာ ဆူညံပွက်လောရိုက်နေတဲ့ အသံတွေကို ထုတ်လွှတ်လာတော့သည်။
"သွားသေပေတော့!"
အလင်းတန်းများနှင့်အတူ လက်နက်ပေါင်းစုံသည် လုရွှမ်ကို တစ်ပြိုင်တည်း ပစ်ခတ် တိုက်ခိုက်လာခဲ့သည်။ လုရွှမ် ထွက်သွားဖို့ အလျင်စလို မလုပ်ခဲ့ပေ။ တကယ်တော့ သူဒီအချိန်တွင် လုံးဝ မထွက်ခွာနိုင်တာကို တွေ့ခဲ့ရသည်လေ။
အကြောင်းမှာ မျှော်စင်ငယ်လေးက လုရွှမ်ကို လုံးဝ စုပ်ယူလိုက်ပြီ။
လုရွှမ် သူ့ခန္ဓာကိုယ်အတွင်းက စွမ်းအားများ လျင်မြန်စွာ ကုန်ဆုံးသွားတာကို ခံစားလိုက်ရပြီး စွမ်းအင်အားလုံးက မျှော်စင်ငယ်လေးထဲသို့ အစွမ်းကုန် ပြေးဝင်သွားခဲ့သည်။ ဒန်တန်ထဲရှိ ရွှေဒြပ်စင်နတ်ပုတီးစေ့ကလည်း အလွန်တက်ကြွပြီး မျှော်စင်ငယ်ကို တိုးတိုးတိတ်တိတ် တိုက်ခိုက်နေသည်။
မဟုတ်သေးဘူး။ ဒီမျှော်စင်ငယ်လေးက မန်ဟွမ်နတ်ဘုရားမျှော်စင်လား။ ဒါပေမဲ့ ဘယ်လိုကြည့်ကြည့် မတူနေဘူးလေ!
လုရွှမ်ရှေ့မှာ အလင်းတန်းတစ်ခုက သူ့ကို ဖုံးအုပ်ထားပြီး အပြင်ကနေ မရေမတွက်နိုင်တဲ့ တိုက်ခိုက်မှုတွေကို ပိတ်ဆို့ထားလိုက်သည်။
လုရွှမ်သည် ထိုခဏတာအတွင်း သေလုမတတ် ကြောက်လန့်သွားခဲ့သည်။
ကျောက်စိမ်းပြားထဲ မ၀င်နိုင်မှန်း သိလိုက်တာကြောင့် တိုက်ခိုက်မှုတွေကြောင့် သူသေတော့မယ်လို့ ထင်ခဲ့သော်လည်း လွတ်မြောက်သွားမယ်လို့ မမျှော်လင့်ခဲ့ပေ။ ဝမ်းသာအားရ ဖြစ်သွားသလို ဝမ်းနည်းလွန်းသဖြင့် လုရွှမ်သည် သူ့နှလုံးသားပင် ခုန်ထွက်တော့မည်လို့ ခံစားလာရသည်။
နောင်မှာလည်း ဒီလိုမျိုးကို သူ ထပ်မလုပ်ရဲတော့ဘူး။
ရုတ်တရက် မျှော်စင်ငယ်လေးမှ အင်အားတစ်ခု ထွက်လာပြီး လုရွှမ်လည်း ၎င်းက အမှန်တကယ်ပင် ယွမ်ယန်ကျင့်စဥ်ရဲ့ ကျွမ်းကျင်မှုဖြစ်ကြောင်း တွေ့လိုက်ရသည်။ အရင်က သူ့ကျင့်စဥ်နဲ့ ယှဉ်ရင် နှစ်ဆပိုထူ၏။
အားအင်တွေ ပြည့်လျှံလာပြီး ရုပ်ခန္ဓာကို သန့်စင်သွားစေသည်။ လုရွှမ်ရဲ့နှလုံးက လှုပ်ခါသွားပြီး မိုးကြိုးအတိဒုက္ခရဲ့ အရိပ်အယောင်ကို သူ ဖျတ်ခနဲ ခံစားလိုက်ရပြီး နယ်ပယ် ထပ်ပြီး ကျော်ဖြတ်တော့မယ်လို့လည်း ခံစားရ၏။
ဒီမိုးကြိုးအတိဒုက္ခက ယခင်ကနှင့် လုံးဝမတူတဲ့ သူ့ကို ဖျက်ဆီးသတ်ဖြတ်လိုသော ရောင်ဝါတစ်ခုလည်း ရှိနေသည်။
ဗုန်း!
ကောင်းကင်နှင့်မြေကြီး ကြားမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ လုရွှမ်သည် သူ့ခန္ဓာကိုယ်သည် နောက်ဆုံးတွင် လှုပ်ရှားသွားနိုင်ကြောင်း ခံစားလိုက်ရတဲ့အခိုက် သူ့လက်ထဲတွင်ရှိသော မျှော်စင်ငယ်လေးသည့ အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အောင့်မိသားစု၏ ဘိုးဘွားခန်းမထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။
လုရွှမ်၏ စိတ်ထဲတွင် နားမလည်နိုင်သော အသံတစ်ခု ဝင်လာသည်။
"ဖြောင့်မတ်ခြင်းအတွက် အသက်ကိုစတေးခြင်း.... သူတစ်ပါးကို ကယ်တင်ဖို့အတွက် ကိုယ်ကိုကိုယ်စတေးခြင်း... ဒါက ကြီးမြတ်တဲ့ ကရုဏာတရားပဲ သေခြင်းတရားကို ဘယ်လိုလုပ် ပေါ့ပေါ့ဆဆ ခံယူသင့်ပါ့မလဲ?"
အသံသည် ခံ့ညားပြီး အစွမ်းထက်လှသည်။ ချက်ချင်းပင် လုရွှမ်လည်း ဒါက မန်ဟွမ်နတ်ဘုရားမျှော်စင် ဖြစ်နိုင်ကြောင်း သိလိုက်၏။ တကယ်တော့ ဒါဟာ ရှေးဟောင်း လျှပ်စီးကမ္ဘာမှာ နံပါတ်တစ် ကမ္ဘာ့ရတနာပဲ ဖြစ်လေသည်။ သဘာဝအတိုင်း သူဟာ ဟိုးရှေးရှေးတုန်းက ကမ္ဘာကြီးရဲ့ ဝိညာဉ်ကို မွေးဖွားပေးခဲ့ပြီး လုရွှမ် လုပ်ခဲ့တာတွေကို မြင်လိုက်ရတဲ့အတွက် သူ့ကို ကယ်တင်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်သည်။
သူသည် လူအုပ်ကြားတွင် ပုန်းအောင်းနေပြီး ဖိအားများကို ငေးကြည့်နေသော်လည်း သူ့ကို ဘယ်သူမှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။ ၎င်းက မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ ကောင်းချီးများ ဖြစ်ခဲ့ပေသည်။
နတ်ဘုရားတွေမှာ နတ်ဝိညာဥ်တွေ ရှိတယ်ဆိုတာ အမှန်ပဲကိုး။