အပူတပြင်း
Vol. 68 Ch. 4.528
"မန်ဟွမ်နတ်ဘုရားမျှော်စင် ဘယ်မှာလဲ"
"ကောင်လေး မန်ဟွမ်နတ်ဘုရားမျှော်စင်ကို လွှဲပေးလိုက်စမ်း!"
"သူ့ကိုသတ်ပြီး မန်ဟွမ်နတ်ဘုရားမျှော်စင်ကို လုလိုက်ရအောင်"
လူတစ်စုက ပြင်းပြင်းထန်ထန် အော်ဟစ်ဆဲဆိုကာ ပြင်းထန်စွာ ပြေးလာခဲ့ကြပြီး အောက်ဖက်က အောင့်မိသားစုကို ဂရုမစိုက်နိုင်ခဲ့ကြပေ။
ကောင်းကင်ဘုံသခင်၏ ဦးခေါင်းထက်မှ ဧရာမဓားကြီးများ၏ အလင်းရောင်နှင့် အရိပ်တို့သည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ အလင်းရောင် အားနည်းလာပြီး တန်ခိုးတွေလည်း လျော့နည်းလာသည်။ အောင့်မိသားစုမှ လူများသည် မြေပြင်မှ တဖြည်းဖြည်း မတ်တတ်ထလာနိုင်ခဲ့ကြပြီး ၎င်းတို့၏ နှလုံးသားများနှင့် စိတ်ဝိညာဉ်များသည် ယခင်ကလို မတုန်ယင်တော့ဘဲ ငြိမ်သက်သွားခဲ့သည်။
"လုရွှမ်ပဲ!"
"သူ ငါတို့ကို ကယ်လိုက်တာ!"
အောင့်ထျန်းသည် မယုံနိုင်စွာ အလွန်ကျေးဇူးတင်စွာဖြင့် လုရွှမ်ကို ကြည့်လိုက်သည်။ အောင့်မိသားစုအတွက် အသက်စွန့်စွန့်စားစားလုပ်လိုသူ များလွန်းသည်ဟု သူထင်ခဲ့သော်လည်း လက်ရှိအကျပ်အတည်းမှ ဘယ်သူကမှ သူတို့ကို မကယ်တင်နိုင်ခဲ့ပေ။
သို့သော် လုရွှမ်က ဝင်ရောက်လှုပ်ရှားခဲ့ပြီး လက်ရှိအခြေအနေကို ကြည့်လျှင် အောင့်မိသားစုသည် အမှန်တကယ်ပင် သေခြင်းတရားမှ လွတ်မြောက်ခဲ့ကြောင်း သိလိုက်ရသည်။
ဒါပေမဲ့ လုရွှမ်!
လုရွှမ်သာ အောင့်ထျန်းတွေးနေပုံကို သိလျှင် သူ အံ့အားသင့်သွားလိမ့်မည်။ သူ့မှာ သည်းမခံနိုင်တော့ဘူးလို့ ကြံရွယ်ထားပေမယ့် ကျောက်စိမ်းပြားက သူ့ကို ဘယ်တော့မှ အသေမခံဘူးလို့ ပိုယုံကြည်ထား၏။ မျှော်စင်ငယ်လေးဆီက စုပ်ယူခံရပြီးနောက် ကျောက်စိမ်းပြားထဲ မဝင်နိုင်တော့တာက ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။
ထို့အပြင် လုရွှမ်သည် လေထဲတွင် ဆိုင်းငံ့ထားသည့် မျှော်စင်ငယ်လေးက ဘာလဲဆိုတာ မြင်ချင်နေသည်။ ကြင်နာမှု ခဏတာက ဒီလောက်ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူးလေ။
လုရွှမ် အနည်းငယ် ထိတ်လန့်သွားကာ ထိုနေရာတွင် ရပ်နေဆဲဖြစ်သည်။ ၎င်းသည် မန်ဟွမ်နတ်ဘုရား မျှော်စင်ရဲ့ တကယ့်ထွက်သက်ဝင်သက် ဖြစ်သည့်အတိုင်း သူ့ရဲ့ဒန်တန်က မျှော်စင်ငယ်လေးရဲ့ အငွေ့အသက်ကို ခံစားရလေသည်။
နှစ်တွေ ပေါင်းစုပြီးမှ မိုးရွာချလာတဲ့ ခံစားချက်တစ်ခုပဲ။ ရွှေဒြပ်စင် နတ်ပုတီးစေ့တွေနဲ့ နှိုင်းယှဥ်လိုက်ရင် သူ့ခန္ဓာကိုယ်ထဲမှာ ကျန်နေတဲ့အရာက အသက်ရှုရုံလောက်လေးပင်။
သို့သော် လုရွှမ် ထိုရောင်ဝါရဲ့ စွမ်းအားကို ရှင်းရှင်းလင်းလင်း သိနိုင်သည်။
ရွှေဒြပ်စင်နတ်ပုတီးစေ့က ထိုရောင်ဝါရဲ့ အရိပ်အယောင်ကို အလွန်နှစ်သက်ကြောင်း သိသာထင်ရှားလှသည်။ ၎င်းသည် ကလေးတစ်ယောက်ကဲ့သို့ မိခင်ကို လှည့်ပတ်ကာ ညည်းတွား မြည်တမ်းနေသည့် အသံတစ်ခုဖြစ်သည်။
လုရွှမ်ကို ပို၍ပင် မယုံနိုင်စရာ ဖြစ်စေခဲ့သည်မှာ သူ့အသက်ရှုသံမှ ချစ်ကြင်နာနေတဲ့ အငွေ့အသက်တွေကို ခံစားလိုက်ရခြင်းပဲ ဖြစ်သည်။
မန်ဟွမ်နတ်ဘုရား မျှော်စင်သည် ဒီအချိန်ပြီးတဲ့နောက် တခြားတစ်နေရာသို့ ပြောင်းရွေ့ရန် ရည်ရွယ်ထားတာကြောင့် လမ်းပြရန်အတွက် တမင် ချန်ထားခဲ့သော ရောင်ဝါဖြစ်နိုင်တယ်လို့ သူနားလည်ခဲ့သည်။
"ဟေ့ကောင်! မင်းအဲဒီမှာ ဘာလုပ်နေတာလဲ? မြန်မြန်ထွက်သွားတော့လေ သေချင်နေတာလား?"
ရွှေကျီးကန်းက လုရွှမ်ရဲ့ စိတ်ထဲကို ကျယ်လောင်စွာ ဟောက်လိုက်သည်။ သူအရင်က သေလုနီးပါး ကြောက်သွားပေမယ့် အခု လုရွှမ်က အဲဒီနေရာမှာပဲ လွတ်လွတ်လပ်လပ် ရပ်နေတာကြောင့် ရွှေကျီးကန်းမှာ ရူးလုမတတ် ဖြစ်သွားတော့သည်။
ယွမ်ယန်ကျင့်စဥ်ကို ဒီလိုမျိုး ဆက်ခံသူကို ဘာကြောင့်များ ရွေးချယ်ခဲ့တာလဲ?
လုရွှမ်လည်း ရုတ်တရက် တုံ့ပြန်လိုက်သည်။ ယခုအချိန်သည် ပျော်ရွှင်နေရမယ့် အချိန်မဟုတ်သေးပေ။ သူ့အသက်ရှင်ရေး အတွက် ဦးစွာပြေးရမည်။ ထို့အပြင် မကြာခင်မှာ မိုးကြိုးအတိဒုက္ခနဲ့ ကြုံရဦးမည်။ ယခုအချိန်ရဲ့ မိုးကြိုးအတိဒုက္ခက ယခင်ကနှင့် လုံးဝမတူတော့ပေ။ တခြားလူနဲ့ တိုက်ခိုက်နေရင်း အတိဒုက္ခကို ကျော်လွှားနေရပါက လူပါသေသွားလိမ့်မည်။
ဒါပေမဲ့ အခုက ဘယ်လိုလုပ် လွတ်မြောက်တော့မလဲ?
လုရွှမ် လမ်းကြောင်း အားလုံးကို မြင်ပြီး လူတွေရဲ့ အသံကိုလည်း ဂရုတစိုက် နားထောင်လိုက်သည်။
ပတ်ဝန်းကျင်က ကောင်းကင်ဘုံသခင်တွေ အားလုံး သူ့ကို ဝိုင်းထားပြီးသားဖြစ်ပြီး ထက်မြက်တဲ့ တိုက်ခိုက်မှုတွေက လှိုင်းလုံးတွေလို ရိုက်ခတ်နေပြီ။ ရလဒ်ကတော့ သူတစ်ချက်ထိမိလိုက်တဲ့ သေမှာ သေချာပါပြီ။
သေချင်ယောင်ဆောင်ပြီး ကျောက်စိမ်းပြားထဲ ခိုးဝင်လိုက်ရင်ရော?
သူ့အစီအစဉ်နဲ့သူ တွေးနေတုန်း လုရွှမ် ရုတ်တရက် သူ့ခန္ဓာကိုယ်ရဲ့ ဒန်တန်ဆီကနေ မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ အရိပ်အယောင်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပဲ ထိုရောင်ဝါက သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်ကာ ကောင်းကင်မှာ တောက်ပနေတဲ့ အလင်းဘောလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး အဝေးကို ပျံထွက်သွားခဲ့သည်။
"ဒါ မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ အရောင်အသွေးပဲ..."
"သူတကယ် မန်ဟွမ်နတ်ဘုရားမျှော်စင်ကို ရသွားတာလား?"
"လိုက်ကြ!"
ကောင်းကင်ဘုံသခင် တစ်စုက အော်ဟစ်ရင်း သူတို့သည် အစောတုန်းက သတ်ဖြတ်ချင်ခဲ့တဲ့ အောင့်မိသားစုကို ဂရုမစိုက်နိုင်တော့ဘဲ အမြန်နောက်ကနေ လိုက်ကြတော့သည်။
သိပ်မကြာခင်မှာ ကျင့်ကြံသူ ဆယ်ပုံတစ်ပုံလောက်သာ အောင့်မိသားစုရဲ့ ဘိုးဘွားခန်းမရှေ့မှာ ကျန်ခဲ့ပြီး ကောင်းကင်ဘုံသခင် တစ်ယောက်မှ မကျန်တော့ပေ။
တကယ်တော့ မူလက ရှေးဟောင်းလျှပ်စီးမြို့တော်ရဲ့ မိသားစု၆စုက နတ်မီးနယ်ပယ် သခင်ခြောက်ယောက်က နေခဲ့ချင်ကြသည်။ ဒါပေမဲ့ အားလုံးက ထွက်သွားတာကို မြင်တော့ သူတို့လည်း ကြောက်လန့်သွားကြတယ်။
လူတိုင်းရဲ့ အကူအညီမပါဘဲ အောင့်မိသားစုနဲ့ တိုက်ခိုက်လိုပါက သေခြင်းတရားကို ရှာဖွေနေတာပဲ ဖြစ်တော့မည်။
အောင့်မိသားစုဝင်တွေက အဝေးကို ပျံသန်းသွားတဲ့ လူတွေကို တိတ်တဆိတ် ကြည့်နေကြပြီး တစ်ယောက်ကို တစ်ယောက် တုံးအသွားသလို ကြောင်အန်းအန်းဖြင့် ကြည့်နေကြ၏။
အချိန်အတော်ကြာအောင် မျိုသိပ်ထားခဲ့တဲ့ ပျော်ရွှင်မှုတွေက ထွက်ပေါ်လာခဲ့ရာ တချို့လူတွေ မျက်ရည်ကျလာကြပြီး တချို့က ကောင်းကင်ကို မော့ကြည့်ပြီး ရယ်မောကြသည်။ နောက်ဆုံးတော့ ပြီးသွားပြီ။
"အခုတော့ ငါတို့ အောင့်မိသားစုရဲ့ ဘဝက ငါတို့အတွက် လုံးလုံးလျားလျား ဖန်တီးပေးထားတဲ့ မိတ်ဆွေလေး လုရွှမ်ပေးတဲ့ အသက်ပဲ ရှိတော့တယ်... ငါဒီအတိုင်း မထားနိုင်ဘူး... ဘိုးဘေးဦးလေး ဦးလေး ဒီမှာသူတို့ကို ကာကွယ်ပေးလိုက်ပါ ကျွန်တော်တို့ ညီအစ်ကိုတွေ ငါသွားကြည့်မယ်.... ကျွန်တော်တို့သေရင်ရတောင် မိတ်ဆွေလေးလုရွှမ်ကို သူတို့လက်ထဲကနေ ကယ်တင်လာခဲ့မယ်!!"
"စိတ်ချချသွားပါ.... ငါဒီမှာရှိတာတွေကို ဂရုစိုက်ထားပါ့မယ်"
အောင့်ထျန်း၊ လူကြီးမင်းဟော်ရှန်းနဲ့ နတ်မီးနယ်ပယ်မှ သခင်နှစ်ဦးတို့သည် လူအုပ်ကြီး ပြေးထွက်သွားရာဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးလိုက်သွားကြသည်။
လုရွှမ် နောက်ပြန်လှည့်ကြည့်ကာ နတ်မီးနယ်ပယ်များက မြန်သည်ဟု ပြောရသည်။ မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ ရောင်ဝါအောက်မှာ အလွန်လျင်မြန်ပေမယ့် နတ်မီးနယ်ပယ်ရဲ့ အရှင်သခင်တွေကိုတော့ ဖယ်ရှားဖို့ ခက်ခဲနေဆဲပါပဲ။
အနောက်ဘက် ရှု့ထောင့်မှကြည့်လျှင် လုရွှမ်သည် သူတော်စင် နယ်ပယ်က ကောင်လေးတစ်ယောက်သာ ဖြစ်သည်။ ထိုကဲ့သို့သော အရှိန်အဟုန်ဖြင့် သူအောင်မြင်ခဲ့တာဟာ အံ့ဩစရာ အတော်ကောင်းနေပြီ။ ဒါ့အပြင် လုရွှမ်က မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ အငွေ့အသက်တွေကို ရထားသေးသည်။
ဒါပေမဲ့ သူတို့နောက်ထပ် လိုက်လေလေ လူတိုင်းက ပိုရှုပ်လာလေပင်။ အဲဒါက မန်ဟွမ်နတ်ဘုရား မျှော်စင်ဖြစ်၏။ ရှေးဟောင်းလျှပ်စီးကမ္ဘာ၏ ပထမဆုံးသော ရတနာသည် ဆန်းကြယ်ကောင်းကင် ဘုံရတနာများ စာရင်းတွင် နာမည်ရထားသော ထူးကဲသော ကမ္ဘာရတနာ တစ်ခုဖြစ်သော်လည်း အမှန်တကယ်တော့ သူတော်စင်နယ်ပယ်က အငယ်တန်းလေးကို ရွေးချယ်သွားခဲ့သည်။
သူတို့စိတ်ထဲတွင် ဒေါသများနှင့်သာ ပြည့်နှက်နေကြပြီ။
အလင်းတန်းများက လုရွှမ်ကို တရစပ်တိုက်ခိုက်သော်လည်း လုရွှမ်ခန္ဓာကိုယ်ပေါ်ရှိ မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ အငွေ့အသက်များကြောင့် ဘေးကိုသာ ရွေ့လျားသွားကြသည်။
သူတို့ စိတ်ပျက်နေသလို ပိုလို့တောင် နာကြည်းသွားကြသည်။
"ကောင်လေး... မင်းမှာ သတ္တိရှိရင် ဆက်ပြေးထားလိုက်... မင်းရဲ့ခွန်အားနဲ့ မန်ဟွမ်နတ်ဘုရားမျှော်စင်က မင်းကို အကြာကြီး ထိန်းနိုင်မယ်ဆိုတာ ငါမယုံဘူး.... မင်းပြေးနိုင်တဲ့ အကွာအဝေးကို ကြည့်ရသေးတာပေါ့"
"မင်း မပြေးနိုင်တော့ရင် ဒီသခင်ကြီးက မင်းကို ပြာဖြစ်သွားတဲ့အထိ နှိပ်စက်ပစ်မယ်.... မင်းဘယ်တော့မှ လူပြန်မဖြစ်စေရဘူး"
အနောက်ကနေ အော်ဟစ်ဆဲဆိုသံတွေ ကျယ်လောင်လာပြီး လုရွှမ်ကို လေထုထဲမှာ မြင်လိုက်ရတော့ အရမ်းပျော်သွားကြသည်။
"ဒီစကားက ဘာအဓိပ္ပာယ်ပါလိမ့်? မင်းမှာ သတ္တိရှိရင် လိုက်ဖမ်းသင့်တယ်... လိုက်မမှီတဲ့သူက မိုက်မဲတဲ့ စကားတွေ ပြောမနေနဲ့"
"ဟေ့....ဘယ်ကကောင်လဲ... ကိုယ့်မျက်နှာကို ပြန်ကြည့်ဦး... ကိုယ့်ကိုကိုယ် အရှက်မရစေအောင် အပြင်မထွက်လာခဲ့ရင် ကောင်းနေပြီ!"
"အဘွားကြီး မင်းကလည်း အဘိုးကြီးတွေနဲ့ ဝိုင်းဆော့နေတုန်းပဲမလား? မင်းအချိန်ရရင် နောက်ထပ် မျောက်လေး နည်းနည်းလောက် ထပ်ရှာလိုက်လေ အဲဒါက ပိုကောင်းတာပေါ့"
သူ့အရှိန်အဟုန်ကို နတ်မီးနယ်ပယ် သခင်များ အမီလိုက်နိုင်ခြင်း မရှိသေးပေ။ လုရွှမ်က ကျယ်လောင်စွာ ကဲ့ရဲ့လိုက်ပြီး ကျိန်လည်း ကျိန်ဆဲလိုက်ရာ သူ့နောက်ကို လိုက်နေသော နတ်မီးနတ်ပယ် သခင်ကြီးများမှာ ပို၍ပင် ဒေါသထွက်လာကြတော့သည်။
ပတ်ဝန်းကျင်ရှိ ကောင်းကင်ဘုံသခင်တို့သည်လည်း နတ်မီးနယ်ပယ် သခင်တွေဆီက ဒေါသတွေ သူတို့ဆီ ရိုက်ခတ်လာမှာ စိုးရိမ်တာကြောင့် လုံးလုံးလျားလျား တိတ်ဆိတ်သွားကြသည်။
"ကောင်းပြီ သတ်ပစ်လိုက်.... နတ်မီးနယ်ပယ် သခင်တွေက အရမ်းအစွမ်းထက်တယ်.... ချီးကျူးလို့တောင် မကုန်ဘူး!"
"အကြီးအကဲ...ခင်ဗျား လူသတ်တဲ့လမ်းကို သေချာပေါက်ဝင်နိုင်မယ် ထင်တယ်....သူများကို အရင်သတ်ပြီးမှ ကိုယ့်ကိုကိုယ် သတ်သေလိုက်ပေါ့.... "
"အကြီးအကဲရေ.. အဲဒါကို မေ့ပြီး ကိုယ့်လိုမျိုး စက်ဆုပ်ရွံရှာစရာ ကောင်းတဲ့လူကို ကယ်တင်ဖို့ အရင်သတ်သေလိုက်ပါတော့လား..."