မတူညီတဲ့အတိဒုက္ခ
Vol. 68 Ch. 4.529
လုရွှမ်သည် ဤအခိုက်အတန့်တွင် သူ၏ အဆိပ်ပြင်းသော လျှာစွမ်းရည်ကို အပြည့်အဝ ပြသလာခဲ့ပြီး နတ်မီးနယ်ပယ်ု လိုက်ဖမ်းသူ အားလုံးကို ကြိမ်းမောင်းခဲ့သည်။
ဒေါသကြီးသော နတ်မီးနယ်ပယ် သခင်များသည် ကောင်းကင်ဘုံသခင်များ အားလုံးအပေါ်သို့ သူတို့ ဒေါသအားလုံးကို ပုံချခဲ့သည်။ သူတို့ဘေးနားက ကောင်းကင်ဘုံသခင်များလည့း အရမ်းထိတ်လန့်သွားပြီး သူ့နောက်ကို ဆက်မလိုက်ရဲတော့ချေ။
သူတို့က အနောက်က ခပ်ဝေးဝေးမှာ ပုန်းအောင်းကြပြီး တိုက်ပွဲကို ဂရုတစိုက်ကြည့်ရင်း ဒုက္ခရောက်နေတဲ့ ရေပြင်မှာ ငါးရှာဖို့ စောင့်နေကြလေသည်။
"အားလုံးပဲ နှုတ်ဆက်ပါတယ်"
လုရွှမ်ဟာ မန်ဟွမ်နတ်ဘုရား မျှော်စင်ရဲ့ အရှိန်အဝါကို ခံစားလိုက်ရချိန် သူ့ရုပ်ပုံသည် လူတိုင်းရဲ့ အမြင်အာရုံမှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
နတ်မီးနယ်ပယ်က သခင်တစ်ဖွဲ့သည်လည်း ရပ်တန့်သွားကာ မိုးကုတ်စက်ဝိုင်းပေါ်ရှိ လျှပ်တစ်ပြက် အလင်းရောင်နှင့် အရိပ်တို့ကို ကြောင်အစွာ စိုက်ကြည့်နေကြသည်။
လုရွှမ် ဘယ်ရောက်သွားတာလဲ?
နောက်ကျောဘက်မှ ကောင်းကင်ဘုံသခင်တွေက သူတို့စိတ်ထဲမှ လှောင်ပြောင်နေကြသည်။ သူတို့အစောက မာနကြီးနေခဲ့တာ မဟုတ်ပါလား။ သို့သော် သူတော်စင်နယ်ပယ် ကောင်လေးတစ်ယောက်ဆီ အရူးလုပ်တာကို ခံလိုက်ရပြီလေ။ ထိုက်တန်ပေ၏။
ဒါပေမဲ့ သူတို့လည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ပြေးသွားကြပြီး နတ်မီးနယ်ပယ် သခင်တွေက သူတို့အပေါ် ဒေါသမထွက်လာအောင် ကယ်တင်လိုက်ကြသည်။
အောင့်ထျန်းနဲ့ လူကြီးမင်းဟော်ရှန်းတို့ လူလေးဦးသည်လည်း အဝေးမှ လိုက်သွားကြသည်။ လုရွှမ် တိုက်ရိုက် ပျောက်ကွယ်သွားတာကို မြင်လိုက်ရသဖြင့် လုရွှမ် ဘေးကင်းစွာ လွတ်မြောက်နိုင်သွားကြောင်း နားလည်ရာ သက်ပြင်းချကာ တစ်ဖက်ကလည်း အံ့အားသင့်သွားရလေသည်။
ဒါက မန်ဟွမ် နတ်ဘုရားမျှော်စင် တစ်ခုတည်းသာ ရှိသေးသည်။ တခြားဘာမှ မပြောနိုင်ပေမယ့် မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ အရိပ်အယောင်က လုံးဝ မရိုးရှင်းတာတော့ သေချာသည်။
လုရွှမ် အာကာသရဲ့ ထွက်သက်ဝင်သက်ကို ခံစားလိုက်ရပြီး လျင်မြန်စွာ လွင့်ထွက်သွားသည်။
သူ့ပတ်ပတ်လည်မှာ တောကန္တာရကသာ ဝန်းရံထားလို့ အရမ်းဆိတ်ညံနေသည်။ အနက်ရောင်တောင်တွေ၊ အနက်ရောင် ကျောက်တုံးတွေနဲ့ မြက်ပင်တွေချည်းပဲ ရှိသည်။
ကောင်းကင်ကို ငေးကြည့်လိုက်တော့ ကောင်းကင်မှာ မိုးကြိုးတိမ်များ အစောကထက် စုရုံးလာတာကို ခံစားလိုက်ရပြီး ကပ်ဆိုးကြီးကို ကျော်ဖြတ်ရတော့မယ်ဆိုတာ နားလည်လိုက်သည်။
လုရွှမ်သည် လုံးဝ ဂရုမစိုက်ဘဲ မနေဝံ့ချေ။ သူ့အနီးတစ်ဝိုက်တွင် ဓားစွမ်းအင်၏ ပေါင်းစည်းမှုတ်ထုတ်မှုကို ခံစားရပြီး ဓားသမားများ သူ့ဓားကို ရည်ရွယ်ချက်ရှိရှိ ချိတ်ပိတ်နေသကဲ့သို့ အရှိန်အဝါက ဓားထိုးအပ်နှယ် မြင့်တက်လာနေသည်။
ဒါတွေက အရင်က မိုးကြိုးအတိဒုက္ခတွေမှာ သူ မခံစားဖူးတဲ့ အရာတွေပဲ။
နတ်မိုးခြိမ်းသံက တဟုန်းဟုန်းနှင့် မြည်နေသည်။ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီးသည်နှင့် ကောင်းကင်က အနည်းငယ် အုံ့မှိုင်းလာသည်။ မိုးကြိုးတိမ်တိုက်များတွင် လျှပ်စီးကြောင်းတွေက ကောင်းကင်ကို ဖြတ်ကာ အာကာသအတွင်းက အက်ကွဲကြောင်းများကို ဖြတ်တောက်ပစ်လိုက်သည်။ လေပြင်းများ တိုက်ခတ်လာကာ ပတ်ဝန်းကျင် နေရာကလည်း ပို၍ပို၍ အေးစက်လာသည်။
အလင်းရောင်သည် တဖြည်းဖြည်း မှိန်သွားရာ လုရွှမ် သူ့အရှေ့က ကောင်းကင်ဆီသို့ မျှော်ကြည့်လိုက်သည်။ လေပြင်းက တဝွီးဝွီး တိုက်ခတ်နေတာကြောင့် လုရွှမ်ရဲ့ ဝတ်ရုံက တဖျတ်ဖျတ် လွင့်နေ၏။
လျှို့ဝှက်စွာ ကျိန်ဆဲရင်း လုရွှမ်သည် သူ့နှလုံးသားထဲက ထိတ်လန့်တကြား ဖြစ်သွားတဲ့ အရိပ်အယောင်ကို မထိန်းနိုင်ဘဲ ခံစားလိုက်ရသည်။ ကောင်းကင်က မိုးကြိုးတွေကို ကြည့်လိုက်ရင်း သူ့ခြေထောက်တွေပါ တုန်လာသည်။
လုရွှမ် တိတ်တဆိတ် ကျိန်ဆဲမိလိုက်ပြန်သည်။
ဤမိုးကြိုးအတိဒုက္ခက အမှန်တကယ်ပင် အလွန်ကြောက်စရာ ကောင်းသော်လည်း သေချင်သွားတဲ့အထိတော့ ထိတ်လန့်စရာ မကောင်းချေ။ သူ ယခင်က နတ်မီးနယ်ပယ်နှင့် ကောင်းကင်ဘုံသခင် အုပ်စု၏ ဝိုင်းရံခံထားရပြီး သေလုနီးပါး အခြေအနေကို ရောက်သွားသည့်တိုင် ဒီလိုကြောက်ရွံ့မှုမျိုးကို မခံစားခဲ့ရပေ။
အတွင်းနတ်ဆိုး!
လုရွှမ် ရုတ်တရက် တုံ့ပြန်လိုက်ပြီး ဉာဏ်အလင်း ရသွားသောအခါ အနည်းငယ် စိတ်လှုပ်ရှားနေတာကို မခံစားရတော့ပေ။ ဒီလိုမိုးကြိုးအတိဒုက္ခကြားမှာ တကယ့်ပါရမီရှင် တစ်ယောက် ရှင်သန်သင့်တယ် မဟုတ်ဘူးလား။
လာစမ်း!
လုရွှမ် စိတ်မရှည်စွာ သူ့လျှာကို သပ်လိုက်သည်။
ပထမဆုံးသော လျှပ်စီးကြောင်းသည် လက်ကောက်ဝတ်လောက် ပါးလွှာသော်လည်း ခရမ်းရောင် တောက်ပသော အလင်းရောင်ကို ထုတ်ပေးနေသည်။ ၎င်း မဆင်းသက်လာမီတွင် နတ်မိုးခြိမ်းသံတွင် ပါရှိသော နတ်တန်ခိုးကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
လုရွှမ်၏ ခန္ဓာကိုယ်သည် အံ့သြမှုအပြည့် အနည်းငယ် တုန်ခါနေလျက် ရှိသည်။ ဟိန်းဟောက်သံနှင့်အတူ ခရမ်းရောင် နတ်မိုးကြိုးက လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားတော့သည်။
လုရွှမ် ပါးစပ်ထဲက သွေးတွေ ထွက်ကျလာပြီး သူ့မျက်နှာက ရွှေဝါရောင် ပြောင်းသွားပေမယ့် သူ ရယ်လိုက်သည်။ ဒီပုံစံကို မြင်လိုက်သူတိုင်း သူ့ကို အရူးလို့ ခေါ်ကြမှာ သေချာပါ၏။
ယခင်မိုးကြိုး အတိဒုက္ခနှင့် နှိုင်းယှဉ်ပါက ဤမိုးကြိုးဒုက္ခသည် အနည်းဆုံး ဆယ်ဆပိုမို အားကောင်းပေသည်။
သူ သန်မာလိုပါက ကန့်သတ်ချက်များကို အဆက်မပြတ် ဖြတ်ကျော်ရန် လိုအပ်ပြီး မိုးကြိုးအတိဒုက္ခဟာ ခွန်အား တိုးလာမှုတိုင်း အတွက် တကယ့်စမ်းသပ်မှု ဖြစ်သည်။ ဆန်းကြယ်ကောင်းကင်အိမ်တော်ရဲ့ ပါရမီရှင်များကို မြင်ပြီးနောက် လုရွှမ်က သူဘာကြောင့် ဒီလောက်သန်မာဖို့ လိုအပ်နေလဲဆိုတာကို သိလိုက်ပါ၏။
အရည်အချင်း ကွာဟချက် မဟုတ်ဘဲ မိုးကြိုးပစ်ချက် ကွာဟချက်ကို လိုအပ်နေတာပဲ ဖြစ်သည်။
အတိဒုက္ခကို ဖြတ်သန်းရတိုင်း အသက်ရှင်ခြင်းနဲ့ သေခြင်းကြားက ကန့်သတ်ချက်တွေကို အဆက်မပြတ် ဖြတ်ကျော်နေသလားလို့ လူတွေက မေးကြသည်။ ဒါပေမဲ့ သူတို့ဘက်မှာတော့ အမြဲတမ်း ပေါ့ပေါ့ပါးပါးနဲ့ ဘာမှမထူးခြားပါဘူး။ ဖန်လုံအိမ်ထဲက ပန်းတွေလိုပဲ ဘယ်သူက သန်မာပြီး ဘယ်သူက အားနည်းတယ်ဆိုတာ သဘာဝကျကျ သိသာပါ၏။
ယခုအခါတွင် သူ၏သူတော်စင် နတ်မိုးခြိမ်းသံ၏ စွမ်းအားက နောက်ဆုံးတွင် တိုးလာခဲ့သည်။ ၎င်းသည် အန္တရာယ်ရှိသော်လည်း စိန်ခေါ်မှုလည်း ဖြစ်နေသည်။
ကျင့်ကြံခြင်း ဆိုတာက သဘာဝကို ဆန့်ကျင်ခြင်းသာ ဖြစ်သည်။ မတိုးတက်ရင် နောက်ဆုတ်သွားရလိမ့်မယ်။ ကိုယ့်ရဲ့ တိုးတက်မှုက နှေးကွေးနေရင် အကျပ်အတည်းက ကိုယ့်က်ု လွှမ်းမိုးလိမ့်မယ်။ ဆက်ပြီး သန်မာလာချင်တယ်၊ ရှင်သန်နေချင်တယ် ဒါမှမဟုတ် ထာဝရအသက်ရှင်ချင်တယ် ဆိုရင်တော့ ရှေ့ဆက်ပြီး စိန်ခေါ်မှုတွေကို ဆက်လက် လုပ်ဆောင်နိုင်မှပဲ အဆင်ပြေလိမ့်မည်။
ဆူးပင်များကြားက အလှဆုံးပန်းကို ရွေးသလို သွေးနှင့် မျက်ရည်များကြားက မသေနိုင်သောအသီးကို ရိတ်သိမ်းရမည်။
ဒါက အတိတ်က မကြုံဖူးတဲ့ မိုးကြိုးအတိဒုက္ခတွေကို နတ်ဘုရားတွေက သူ့အတွက် ဖန်တီးထားသလိုပဲ။ မိုးကြိုးပစ်ချက် သူ့ခန္ဓာကိုယ်ကို ထိမှန်သွားစဥ် လုရွှမ်သည် သဲအိတ်ကဲ့သို့ အဆက်မပြတ် ပျံသန်းသွားကာ မြေကြီးထဲ ဖောက်ထွက်သွားခဲ့သည်။
သွေးများ အဆက်မပြတ် စီးကျလာပြီး အရိုးများကို မိုးကြိုးပစ်ချက်က ကိုက်ဝါးနေသလိုပင်။ လုရွှမ် နာကျင်စွာ ညည်းတွားကာ အတင်းဆွဲထိုင်လိုက်သည်။
ကိုးဆယ့်ကိုးနှင့် ရှစ်ဆယ့်တစ်လှမ်းကို သူ့စိတ်ထဲမှာ ရေတွက်ရင်း နောက်ဆုံးတွင် ခရမ်းရောင် မိုးကြိုးအတိဒုက္ခက ရပ်သွားသည်။ လုရွှမ်ရဲ့ ခန္ဓာကိုယ်ကတော့ အပေါက်များကြောင့် သွေးတွေကြောင့် ရွှဲနစ်လုနီးပါး ဖြစ်နေပြီ။
ပထမတော့ သူခုခံဖို့ သူ့ခန္ဓာကိုယ်ကို အသုံးချနိုင်ခဲ့သည်။ နောက်ဆုံးမှာတော့ စိမ်းပြာနဂါး နှလုံးနဲ့ အရိုးတို့ရဲ့ ကောင်းချီးကြောင့် လုရွှမ်ဟာ အလွန်လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူသည် မိုးနတ်ဘုရားဓားနဲ့ ရွှေဒြပ်စင်နတ်ပုတီးစေ့ ကဲ့သို့သော ခုခံရန် လက်နက်များကို အသုံးပြုခဲ့ရသည်။ မဟုတ်ပါက သူသည် မိုးကြိုးပစ်ချက်ကြောင့် သေလုမျောပါး ဖြစ်သွားလိမ့်မည်။
ကောင်းကင်ကို မော့ကြည့်လိုက်တော့ လုရွှမ် သူအစောက သတိမထားမိလိုက်တဲ့ အရာကြောင့် ထိတ်လန့်တကြား ဖြစ်သွားတော့သည်။
မိုးကြိုးတိမ်လိပ်များ၊ တိမ်ညိုများ တဖြည်းဖြည်း ကွယ်ပျောက်ကာ အရောင်များ ပြောင်းလဲသွားပြီ။ အရောင် ခြောက်ရောင်ပေါင်းထားသော တိမ်တိုက်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့တာ ဖြစ်သည်။
လုရွှမ် ရုတ်တရက် သဘောပေါက်သွား၏။ ဒါက သူတော်စင်နယ်ပယ် အဆင့်၆ကို ဖြတ်ကျော်ရမယ့် အတိဒုက္ခပဲ။
စိမ်းပြာနဂါးရဲ့ နှလုံးက ပြင်းပြင်းထန်ထန် လှုပ်ရှားနေပြီး ယွမ်ယန်စွမ်းအင်ကလည်း အရှိန်အပြည့်ဖြင့် လည်ပတ်နေတာကြောင့် သူ့ဒဏ်ရာများက အမြန်ဆုံး ပြန်လည် သက်သာလာခဲ့သည်။ သူ့ရှေ့က မိုးကြိုးဘေးဒုက္ခက အရမ်းကြောက်စရာ ကောင်းနေပြီ။ နောက်ထပ်လာမယ့် မိုးကြိုးအတိဒုက္ခက ဘယ်လောက်ထိ ကြောက်စရာ ကောင်းမလဲဆိုတာ တွေးကြည့်ရုံကို ကြက်သီးထစရာ ကောင်းလှပြီ။
ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များသည် တိုးဝင်လာသည်။ ၎င်းတို့က ရောနှောကာ လေပွေတစ်ခု ဖြစ်ပေါ်လာပြီး လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားသည်။
လုရွှမ်ရဲ့ အမူအရာလည်း ပြောင်းလဲသွားသည်။ ယင်စွမ်းအင်ကိုးစင်းနဲ့ ယွမ်ယန်ဓားကိုးစင်းတို့က ရောယှက်ကာ ယင်းယန်ချီ နှစ်ခု ဖြစ်လာသည်။ ၎င်းသည် နာမ်ဝိညာဉ်ကဲ့သို့ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များရဲ့ လှုပ်ရှားမှုကို လမ်းညွှန်ပေးနေသည်။
သူ၏ အသွေးအသားများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ကြီးထွားလာပြီး သူ့ခွန်အားမှာလည်း လျင်မြန်စွာ တိုးလာနေသည်။ ယခင်ကပုံစံနှင့် နှိုင်းယှဉ်ပါက သူ၏ စွမ်းအားသည် ကွဲပြားခြားနားသော လူတစ်ယောက်နှင့် တူသွားပြီ။
နှလုံးက ပြင်းပြင်းထန်ထန် ခုန်နေပြီ။ စိမ်းပြာနဂါးရဲ့ နှလုံးမှ သန့်စင်ထားသော စွမ်းအင်စီးကြောင်းက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကာ သူ့ခန္ဓာကိုယ်ကို ပိုသန်မာလာစေသည်။
ခြောက်ရောင်စုံ တိမ်တိုက်များသည် အချိန်အတော်ကြာအောင် လှိမ့်ဆင်းလာကာ နောက်ဆုံးတွင် နတ်မိုးခြိမ်းသံများ ပြိုကျလာပြီး လူသားဆန်သော မိုးကြိုးစွမ်းအင်များ ဖြစ်လာသည်။ အလင်းရောင်တွေက တောက်ပနေလို့ ခန္ဓာကိုယ်ပုံစံကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူ့လက်ဖဝါးတွင် လှံတစ်ချောင်းလို လျှပ်စီးကြောင်းက အစွမ်းကုန် ထိုးနှကိလိုက်သည့် ဓားအလင်းရောင် တစ်ခုလို ထိုးကျလာတော့သည်။