← Chapters

ကျိန်စာနယ်မြေ

Vol. 68 Ch. 4.531

ကျိန်စာနယ်မြေ

Vol. 68 Ch. 4.531

"ဒီနေရာက ဘယ်နေရာလဲ?"

လုရွှမ်လည်း အနည်းငယ် ကြောက်လန့်နေတဲ့ အရိပ်အမြွက်နဲ့ အော်​မေးလိုက်သည်။

ဤဘဝနှင့် ယခင်ဘဝတွင် ဝိညာဉ်စွမ်းအင်များ ထောင်ကျသလို ထိန်းချုပ်ခံနေရပြီး ကျင့်ကြံသူများ စွမ်းအင်ကို လက်တွေ့ အသုံးမချနိုင်သော နေရာများကို သူ မရောက်ဖူးတာတော့ မဟုတ်ပေ။ သို့သော် ဒီလိုဝိညာဥ်စွမ်းအင် ရောင်ဝါတွေ ခပ်ရေးရေးလေး ရှိလျက်သားနဲ့ ထုတ်သုံးလို့မရတဲ့ ဒီနေရာတွင် မရောက်ဖူးသေးရုံသာ။

သူ့ရဲ့ အစွမ်းထက်တဲ့ ခန္ဓာကိုယ်ကြောင့်သာ မဟုတ်ရင် လုရွှမ်ဟာ သာမန်လူတစ်ယောက်နဲ့ အတူတူပါပဲ။

"သခင်ကြီး.... အရင်လွှတ်ပါဦး အရင်လွှတ်ပါဦး"

လူလတ်ပိုင်းအရွယ် အမျိုးသားက သက်ညှာပေးဖို့ တောင်းခံရင်း ပါးပြင်ပေါ်သို့ မျက်ရည်နှစ်ချောင်း စီးကျလာကာ တောင်းပန်လိုက်သည်။

သူ့နည်းလမ်းကြောင့် သူ့အသက် ကုန်ဆုံးရတော့မည်ကို သူခံစားမိသည်။ ဒီလိုနေရာမျိုးမှာ ရှင်သန်ဖို့အတွက် လက်တွေဆုံးရှုံးပြီး မသန်စွမ်းသူ ဖြစ်လာရင် သေဖို့ မဝေး​တော့ဘူးလေ။

လုရွှမ် ရွံရှာစွာဖြင့် ထိုလူကို လွှတ်လိုက်ပြီး အော်လိုက်သည်။

"​ပြောလို့ရပြီလား?"

ထိုလူက သက်ပြင်းချကာ လက်နှစ်ဖက်ကို ပွတ်သပ်ရင်း

"သခင်ကြီး... ကျင့်ကြံသူတစ်ယောက် အနေနဲ့ ဒီ လိုထူးဆန်းတဲ့ ​နေရာမျိုးကို ခံစားဖူးကြမှာပါ... ဒီနေရာဟာ ကျိန်စာနယ်မြေ... ပိတ်မိသွားရင် ကျင့်ကြံမှုတွေ ပျက်စီးသွားလိမ့်မယ်... လူကလည်း တဖြည်းဖြည်း အသေကောင် ဖြစ်လာလိမ့်မယ်"

"ဘာကြောင့်လဲ?"

ထိုလူက ရှုံ့မဲ့ကာ “သခင်ကြီး...ကျုပ်လည်း ဒါကိုတော့ ဘယ်လိုလုပ်သိနိုင်မှာလဲ”

လုရွှမ် တခြားလူ ခုနစ်ယောက်ကို ကြည့်လိုက်တော့ ခုနစ်ယောက်လုံး ကြောက်လန့်တကြားနောက်ဆုတ်သွားကြသည်။

အဲဒီလူက

"သခင်ကြီး သူတို့ကို လှည့်ကြည့်လိုက်.... သူတို့အားလုံးက ဒီက တိုင်းရင်းသားတွေဖြစ်ပြီး ကျုပ်နောက်ကို လိုက်နေကြတာ"

လုရွှမ်လည်း လူခုနစ်ယောက်တွင် ကာယဗလ မရှိတာကို ရှင်းရှင်းလင်းလင်း မြင်ထားပြီးပြီ။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် သာမန် သေမျိုးလူသားများနှင့် တူသော်လည်း ၎င်းတို့သည် သေမျိုးများထက်တော့ ပို၍ကျန်းမာကြသည်။

နောက်ဆုံးတွင် ထိုလူက ထလာပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာ

"အကြီးအကဲကို ဘယ်လိုခေါ်ရမလဲ? ကျုပ်ကို ကျန်းစန်းပေါင်လို့ ခေါ်ပါတယ် ကျုပ်ကို ရှောင်ပေါင်လို့ ခေါ်လို့ရတယ်"

ရှောင်ပေါင်? လုရွှမ်က တစ်ဖက်လူကို တစ်ချက်ကြည့်လိုက်သည်။ သူ့ရဲ့ရုပ်ရည်ကို ကြည့်လိုက်တော့ အသက် လေးဆယ်ကျော်လောက် ရှိ​နေပြီ။ သူ့ကို ရှောင်ပေါင်(ရတနာလေး) လို့ခေါ်ရတဲ့အထိ လုရွှမ် အရေမထူပေ။

"လုရွှမ်! ကျန်းစန်းပေါင် ဒီနေရာရဲ့ အခြေအနေကို ပြောပြ..."

ကျန်းစန်းပေါင်လည်း ဘာကိုမှ မဖုံးကွယ်ဝံ့ဘဲ ဇာတ်လမ်းကို အမြန်ပြောပြ​လေသည်။ ထိုစကားကို ကြားပြီးနောက် လုရွှမ် မသိစိတ်မှ သက်ပြင်းချလိုက်သည်။

တကယ်တော့ ဒီကျွန်းဟာ ပင်လယ်ရေ​​တွေနဲ့ ဝန်းရံထားပြီး အလွန်ဝေးလံတဲ့ ကျွန်းငယ်လေးတစ်ခုပင်။ သေချာတာ တစ်ခုကတော့ ရှေးဟောင်းလျှပ်စီးကမ္ဘာထဲမှာပဲ လို့တော့ ပြောနိုင်သေးသည်။ မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ အရှိန်အဝါကြောင့် သူဒီအထိ ရောက်လာခဲ့တာ ဖြစ်လိမ့်မည်။

"အရပ်လေးမျက်နှာမှာ နေရာကျယ်ကြီး တစ်ခု ရှိနေတာကို အကြီးအကဲ မြင်ရတယ်မလား? သခင်​ကြီးရဲ့အရင် မွေးရပ်မြေနဲ့ တူသယောင်ရှိတယ်လို့ရော ခံစားရတယ်မလား? အဲဒါ တံလျှပ်လို့ခေါ်တဲ့ သတ္တဝါက မှုတ်ထုတ်လိုက်တဲ့ တိမ်တိုက်တွေကြောင့် ထင်ယောင်ထင်မှား​တွေ ဖြစ်နေတယ်လို့ ကျုပ်ကြားဖူးတယ်"

"ဘယ်လိုပဲသွားသွား ပြန်ထွက်လို့မရဘူး.... သခင်လေး ကံကောင်းရင် ဒီရွာလေးမှာ နေလို့ရတယ်....ကံမကောင်းရင် သခင်ကြီးရဲ့ ဝိညာဉ်မပျောက်မချင်း ဘဝတစ်လျှောက်လုံး တိမ်တိုက်ထဲမှာ ကျင်လည်နေလိမ့်မယ်.... အသက်ရှင်လျက် သေနေတဲ့လူ ဖြစ်သွားလိမ့်မယ်"

"ရှင်လျက်နဲ့သေလူ?"

"ဟုတ်ပါတယ်... အပြင်ဘက်က အထိန်းအကွပ်မဲ့ ဝိညာဉ်နဲ့ ကျင့်ကြံသူတွေကို ဒီကလူတွေကအဲ့လို ခေါ်ကြတယ်.... သူတို့ရဲ့ ခန္ဓာကိုယ်တွေက အရမ်း တန်ခိုးကြီးတယ် ဒါပေမဲ့ သူတို့မှာ ဝိညာဉ်စွမ်းအင်တွေ မရှိဘူး.. . အဲ့​တော့ သူတို့က အသက်ရှင်လျက် သေ​နေတဲ့လူတွေနဲ့ တူတယ်မဟုတ်ဘူးလား?"

ထိုအချိန်တွင် နောက်ထပ် ခြေသံများ ထွက်ပေါ်လာပြီး အခြားလူတစ်စု ပြေးထွက်လာကြသည်။

ခေါင်းဆောင်က လူခုနစ်ယောက်ကို ဦးဆောင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပြီး ကျန်းစန်းပေါင်ကို တွေ့တဲ့အခါမှာတော့ မထီမဲ့မြင်ပြုကာ အော်ဟစ်လိုက်ပါတယ်။

"မိတ်ဆွေ....ကျန်းစန်းပေါင်ဆိုတဲ့ လူက မယုံရဘူး... ရှင် အသက်ရှင်ချင်ရင် ကျောက်စစ်ညောင်ဆိုတဲ့ ကျွန်မနဲ့ နေရတာက ပိုကောင်းမယ်"

ကျန်းစန်းပေါင်က လုရွှမ့ကို ကြည့်ကာ မျက်ခုံးပင့်လျက် ဘေးနားမှာ ရပ်​​​နေလိုက်သည်။ ကျောက်စစ်ညောင်က ခဏလောက် ထိတ်လန့်သွားပြီး

"အပြင်ကလာတဲ့ သန်မာသူ ကျင့်ကြံသူတစ်ယောက် ဖြစ်မယ်... ကျောက်စစ်ညောင်က ယဥ်ကျေးစွာနဲ့ နှုတ်ဆက်ပါတယ်"

လုရွှမ်လိုလူက ပေါင်းဖို့ မလွယ်ဘူးဆိုတာ ထင်ရှားနေပါပြီ။

လုရွှမ်သည် ဤနေရာက အခြေအနေအကြောင်း ကျောက်စစ်ညောင်အား ထပ်မံမေးမြန်းခဲ့သည်။ ကျန်းစန်းပေါင်ရဲ့ မျက်နှာက ဖြူဖျော့လာပြီး သူအစောက မလိမ်ညာမိတဲ့အတွက် တိတ်တဆိတ် ဝမ်းသာသွားမိသည်။ မဟုတ်ပါက ဒီသခင်​ကြီးရဲ့ ဒေါသကို နှိုးဆွသွားလိမ့်မည်။

ကျန်းစန်းပေါင် မလိမ်ခဲ့ပါဘူး။ ဒါက တကယ့်ကို ရွာငယ်လေးပါပဲ။ လုရွှမ် ခဏလောက် စဉ်းစားပြီးနောက် ကျန်းစန်းပေါင်၊ ကျောက်စစ်ညောင်တို့နဲ့အတူ ရွာထဲသို့ လိုက်သွားခဲ့သည်။

ဝိညာဉ်စွမ်းအင်များ တည်ရှိနေသေးသော်လည်း လုရွှမ်သည် ၎င်းကို သူ့ခန္ဓာကိုယ်ထဲသို့ လုံးဝမစုပ်ယူနိုင်ချေ။ ကံကောင်းထောက်မစွာ သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းသည် လေ့ကျင့်မှု နည်းပါးသောကြောင့် သူ့ဘေးကင်းမှုကို ခဏတာ အာမခံနိုင်​သေးသည်။

လုရွှမ်သည် ရွှမ်ထျန်းတံဆိပ်ပြားကို ထုတ်ကြည့်လိုက်တော့ စမ်းသပ်ပြသသည့် နေရာသည် ဤနေရာတွင် ဖြစ်​​နေသည်။

"အမ်!"

ကျန်းစန်းပေါင်သည် လုရွှမ်ထံမှ ခါးသီးမှုကို ခံစားခဲ့ရတာကြောင့် လျှောက်သွားနေဖို့ မဝံ့ရဲတော့ဘဲ နာခံစွာဖြင့် လျှောက်လာခဲ့သည်။

သို့သော် ကျောက်စစ်ညောင်သည် အလွန် စူးစမ်းချင်စိတ် ပေါက်သွားပြီး လုရွှမ် လက်ထဲက တံဆိပ်ပြားကို မြင်သောအခါ မထိန်းနိုင်ဘဲ အော်ဟစ်လိုက်မိသည်။

"အိုး ဒီလို တံဆိပ်​ပြားမျိုးကို မြင်ဖူးလား?"

ကျောက်စစ်ညောင်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြီး

"ဟုတ်ကဲ့ နတ်ကျင့်ကြံသူ!"

ဒါက ကျောက်စစ်ညောင် အတုယူထားတဲ့ ဘွဲ့ပါပဲ။ သူမဟာ မွေးရာပါ ထက်မြက်တဲ့စိတ်ကြောင့် သူမကို အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်လေသည်။

ကျန်းစန်းပေါင် အပြင်ဘက်ကနေ ရောက်ရှိလာစဥ်က သူ၏ အမြင့်ဆုံး ကျင့်ကြံမှုမှာ သေမျိုူ အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ရောက်ရှိနေပြီ ဖြစ်သည်။ လုရွှမ်သည် အမှန်တကယ် သူတော်စင်ဖြစ်ကြောင်း သိလိုက်ရသောအခါတွင် သူမသည် သူ့ကို နတ်ကျင့်ကြံသူ အဖြစ် အလျင်အမြန် ချီးမြှောက်ခဲ့သည်။

"ငါ့ကို ခေါ်သွားပေး!"

လုရွှမ် သူ့နှလုံးသားထဲတွင် ကြီးစွာသော ပျော်ရွှင်မှုများကို ခံစားလိုက်ရကာ အံ့အားသင့်မှု သဲလွန်စများကတော့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ရွှမ်ထျန်းတံဆိပ်ပြားသည် ယခင်က လူများကို ဤနေရာသို့ စေလွှတ်ထားသောကြောင့် မက်မောစရာနေရာ မဟုတ်သော်လည်း ထူးခြားတာ တစ်ခုခု အမှန်တကယ် ရှိနေတာတော့ ထင်ရှားပါ၏။

ထိုအမှတ်အသားထဲတွင် သဲလွန်စတချို့ကို ရှာဖွေနိုင်ပေမည်။ လမ်းတစ်လျှောက်တွင် နှစ်ဖက်စလုံးက အလွန်သတိထားနေခဲ့ကြပြီး ရွာအနီးတွင် သားရဲတချို့ ရှိနေတယ်လို့ ဆိုလေ၏။

လုရွှမ် သဘာဝအတိုင်း အလေးအနက်မထားဘဲ လူအုပ်စုနှစ်စုနှင့်အတူ ရွာသို့ အမြန် ရောက်လာခဲ့သည်။ ရွာက မကြီးသလို လူလည်း သိပ်မရှိဘူး။ လူတစ်ရာလောက်သာ ရှိသည်။

ကျန်းစန်းပေါင် နှင့် ကျောက်စစ်ညောင်တို့သည် အမဲလိုက်အဖွဲ့နှစ်ဖွဲ့၏ ခေါင်းဆောင်များ ဖြစ်ပြီး သူတို့သည် စိတ်ချယုံကြည်ရတာမျိုး မရှိသော်လည်း အန္တရာယ်နှင့် ကြုံတွေ့လာပါက ရန်သူကို ခုခံကာကွယ်ရန် စည်းလုံးကြမှာပဲ ဖြစ်သည်။

လုရွှမ်သည် ရွာသူကြီး၏ ခြံကျဉ်းလေးဆီသို့ တလေးတစား ပို့ဆောင်ခံခဲ့ရသည်။ ကျောက်စစ်ညောင်သည် တံဆိပ်ပြားကိုယူရန် ထွက်သွားခဲ့သည်။ လုရွှမ်နှင့် ရွာသူကြီးသည် အပြင်ဘက်က ပြဿနာများအကြောင်း ပေါ့ပေါ့ပါးပါး စကားစမြည် ပြောနေကြသည်။

လုရွှမ်သည် ဤလျှို့ဝှက် ဆန်းကြယ်သော ရွာကလေးမှ ထွက်သွားချင်ပါက ပတ်ဝန်းကျင် လှည့်စားခြင်းထဲသို့ ဝင်ရောက်ရန်ကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။

ကျောက်စစ်ညောင် ပြန်ရောက်ရှိလာပြီး တံဆိပ်ပြား တစ်ခုကို လေးစားစွာ ပေးအပ်လာသည်။ လုရွှမ် တံဆိပ်ပြားကို နှိုင်းယှဥ်ကြည့်ရာ ၎င်းသည် သူရထားသော တံဆိပ်ပြားနှင့် အမှန်တကယ် တူညီနေကြောင်း တွေ့လိုက်ရသည်။

တစ်ခုတည်းသော ခြားနားချက်မှာ တံဆိပ်ပြားပေါ်ရှိ ညွှန်ပြထားသော မြှားသည် လုရွှမ်လက်ထဲကဟာနဲ့ အနည်းငယ် ကွဲပြားနေခြင်းပင်။

လုရွှမ် ရုတ်တရက် အောင့်မိသားစု၏ ဘိုးဘွားခန်းမရှေ့တွင် ကိုယ်စားလှယ်လောင်းများ ပြောပြခဲ့တာကို သတိရမိသွားသည်။ ကိုယ်စားလှယ်လောင်း အများအပြားသည် ဤရွှမ်ထျန်းတံဆိပ်ပြားများကို စုဆောင်းနေကြပြီး ပိုစုဆောင်းလေ ပိုကောင်းလေပဲ ဖြစ်သည်။

ရွှမ်ထျန်းတံဆိပ်ပြား နှစ်ခုကို တွဲနှိပ်ပြီး ကြည့်လိုက်တော့ တံဆိပ်ပြားနှစ်ခု လုံးဝပြောင်းလဲသွားတာမျိုး မရှိတာကို ရယ်စရာကောင်းစွာ တွေ့လိုက်ရသည်။

"အမ်... မြှားက ဘာလို့ ဦးတည်ချက် ပြောင်းသွားတာလဲ?"

ကျောက်စစ်ညောင် ရုတ်တရက် ပြောလိုက်သည်။

လုရွှမ်သည် လျင်မြန်စွာ အကဲခတ်လိုက်သည်။ သေချာပါ၏။ ယခင် တံဆိပ်ပြားက ညွှန်ပြထားသော ဦးတည်ချက်က ပြောင်းလဲသွားပြီ။ ယခင်တံဆိပ်ပြားဟာ မြောက်ဘက်ကို ညွှန်ပြနေသော်လည်း ယခုတံဆိပ်ပြားက အနောက်တောင်ဘက်သို့ ညွှန်ပြနေပါသည်။

တံဆိပ်ပြား နှစ်ခုပေါ်ရှိ မြှားများ ညွှန်ပြထားသော လမ်းကြောင်းများသည် ကွဲပြားဆဲဖြစ်သော်လည်း လုရွှမ်ရဲ့ တံဆိပ်ပြား ဦးတည်ချက်သည်လည်း အနောက်တောင်မှ အရှေ့မြောက်သို့ ညွှန်ပြနေ​ပြန်ပါ၏။

ဒါကဘယ်လို နိယာမမျိုးလဲ?

လုရွှမ်သည် တံဆိပ်ပြားနှစ်ခုကို အဆက်မပြတ် ထိတွေ့နေတဲ့အခါ မြှားရဲ့ ဦးတည်ရာက ပြောင်းလဲနေသည်။ တစ်ခါတစ်ရံ မြောက်ဘက်သို့ ညွှန်ပြကာ တစ်ခါတစ်ရံ တောင်ဘက်ကို ညွှန်ပြနေပြန်သည်။ လုံးဝ အတိအကျ မရှိဘူးဟု ထင်ရသည်။

ရွာအပြင်ဘက်တွင် လုရွှမ် မသိသော တစ်နေရာတွင် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ဟာ ကောင်းကင်သို့ ရုတ်တရက် မျှော်ကြည့်ကာ ဟိန်းဟောက်လိုက်လေသည်။

All Chapters