← Chapters

တံလျှပ်သားရဲ

Vol. 68 Ch. 4.532

တံလျှပ်သားရဲ

Vol. 68 Ch. 4.532

"ဆန်းကြယ်ကောင်းကင်အိမ်တော်...ဟမ့် ငါဒီကို ရောက်နေပြီး တစ်ယောက်တည်း ရှင်သန်ဖို့ကြိုးစားနေပေမယ့် မင်းငါ့ကို ထွက်သွားခွင့် မပြုသေးဘူးပေါ့... ကောင်းပြီလေ မင်းတို့က ငါ့ကိုထိန်းချုပ်ချင်တယ် ဆိုမှတော့ ငါကျင့်ကြံခြင်းလောကို ပြန်ရောက်လာတဲ့ အခါကျရင် ဘယ်လိုလုပ်မလဲ ကြည့်ရသေးတာပေါ့"

ဟောက်သံများ ကြားတွင် တိမ်များက အငွေ့ပျံ​နေကာ ကောင်းကင်ယံထက်၌ ပြင်းထန်သော မုန်တိုင်းကြီးများကို ဖြစ်ပေါ်သွားစေသည်။ လေထုကို ဖြိုခွဲလို့မရတာကြောင့် လုရွှမ်ရဲ့ စိတ်တွေ တုန်လှုပ်သွားပြီး တခြားလူတွေကို ကြည့်လိုက်သည်။

"မင်းတို့ တစ်ခုခု ရှာတွေ့ပြီလား?"

ရွာလူကြီး၊ ကျန်းစန်းပေါင်နှင့် ကျောက်စစ်ညောင်တို့က ခေါင်းခါပြီး ဘာမှမတွေ့ဘူးဟုသာ ပြောကြသည်။

သူက ကျင့်ကြံသူတစ်ယောက် ဆိုတော့ သူပဲ ခံစားနေရတာ ဖြစ်နိုင်မလား။ ကျန်းစန်းပေါင်လည်း အလားတူပင်။ သို့သော် သူ၏ကျင့်ကြံမှု အဆင့်သည် အလွန်ညံ့ဖျင်းသဖြင့် ၎င်းကို မရှိသလောက်ဟု မှတ်ယူနိုင်သည်။

နောက်ထပ် ရိုက်ချက်အနည်းငယ် ကြိုးစားပြီးနောက် လုရွှမ်သည် အန္တရာယ်​ကြီးတစ်ခု ရောက်လာတော့မလို သူ့ရင်ထဲတွင် ရင်တုန်ခြင်းကို ရုတ်တရက် ခံစားလိုက်ရသည်။

"နတ်ကျင့်ကြံသူ...ရှင်ထပ်ပြီး မလုပ်ပါတော့နဲ့လား?"

ကျောက်စစ်ညောင်က စူးရှသော အသံဖြင့် အော်နေသော်လည်း သူမ၏မျက်နှာမှာ ဖြူဖျော့နေပြီး အလွန်ထိတ်လန့်စရာ ကောင်းသော အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ သွေးပြတ်နေလေသည်။

ကျန်းစန်းပေါင် နဲ့ ရွာသူကြီးလည်း ကျောက်စစ်ညောင်ကို အမြန်အနားယူနိုင်ဖို့ ကူညီပေးလိုက်သည်။ ကျောက်စစ်ညောင်ဟာ ​​ခဏလောက် မောဟိုက်လာပေမယ့် သူမရဲ့ မျက်နှာက ပိုပိုပြီး ကြောက်စရာ ကောင်းလာကာ သူမရဲ့ မျက်လုံးတွေ ပြူးကျယ်လာပြီး ပါးစပ်က အဖြူရောင် အမြှုပ်တွေ ထွက်လာကာ ရုတ်တရက် မြေပြင်ပေါ် လဲကျသွားပါတော့၏။

သူမပုံစံက ကျန်းစန်းပေါင်နဲ့ ရွာသူကြီးအား ထိတ်လန့်သွားစေသည်။ လုရွှမ်လည်း သာမန်ကမ္ဘာတွင် ဒီလိုရောဂါမျိုးကို တွေ့ခဲ့ဖူးတာကြောင့် ကျောက်စစ်ညောင်ရဲ့ ပါးစပ်ထောင့်များကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်ပြီး သူမလျှာကို မကိုက်မိအောင် ထိန်းထားလိုက်သည်။

သူစကားပြောခါနီးတွင် ရွာလူကြီးကလည်း သူ့နှလုံးကိုဖိလျက် လဲကျသွားတာ သူတွေ့လိုက်ရသည်။

ကျန်းစန်းပေါင် ထိတ်လန့်ပြီး ထွက်ပြေးသွားပေမယ့် ခြေလှမ်းနှစ်လှမ်းတောင် မလှမ်းရခင်မှာပဲ မြေပြင်ပေါ် လဲကျသွားပြီး တုန်တုန်ယင်ယင် ဖြစ်သွားလေ၏။ အကြောင်းပြချက်မရှိဘဲ သုံးယောက်သား ရုတ်တရက် တူညီတဲ့ လက္ခဏာတွေ ပေါ်လာတာကြောင့် ကြောက်စရာ မ​ကောင်းဘူးလို့ ပြောရင် လိမ်ပြောရာ ကျလိမ့်မည်။

လုရွှမ်လည်း ငြိမ်သက်သွားပြီး ကျန်းစန်းပေါင်က ဒီနေရာဟာ ကျိန်စာသင့်​နေတယ်လို့ ပြောခဲ့တာကို သတိရသွားသည်။

ဒုန်းဒုန်း!

ရုတ်တရက် လုရွှမ် သူ၏နှလုံးခုန်နှုန်းတွေ ပုံမှန်ထက် များစွာမြန်လာတာကို ခံစားလိုက်ရပြီး ထိတ်လန့်သွားသည်။ နှလုံးတစ်ခုလုံး ပေါက်ကွဲသွားတော့မလိုပဲ ခံစားနေရသည်။

သူ့မျက်လုံးတွေဟာ မြေပြင်ပေါ်က လူသုံးယောက်ကို စိုက်ကြည့်ရင်း သူ့လက်ဖဝါးတွေကို သူ့ရင်ဘတ်ပေါ် ဖိထားလိုက်သည်။

သေချာတာကတော့ သူတို့သုံးယောက်ရဲ့ နှလုံးသားတွေကသာ သူ့ထက် မြန်နေ၏။ အထူးသဖြင့် ကျောက်စစ်ညောင်ရဲ့ နှလုံးခုန်နှုန်းက အပြင်ကို ခုန်ထွက်လုနီးပါး ဖြစ်နေပါပြီ။

"ဘာကောင်လဲ? ကိုယ်ထင် မပြသေးဘူးလား?"

လုရွှမ်သူ့အသံကို နဂါးတစ်ကောင်လို ထုတ်လွှတ်လိုက်သည်။

သူသည် သူတို့ သုံးယောက်ဆီကို လက်ဝှေ့ယမ်းကာ မေ့မြောသွားအောင် ရိုက်ချလိုက်သည်။ ထို့နောက် နားရွက်များကို ပိတ်ဆို့ထား၏။ အကျိုးသက်ရောက်မှု ရှိမရှိကို သူမသိသော်လည်း မြင်းသေတစ်ကောင်ကို အသက်ရှင်​နေတဲ့ မြင်းအဖြစ် ဆက်ဆံရသလိုပင် ဖြစ်နေသည်။

ဝုန်းကနဲ အသံနှင့်အတူ ကမ္ဘာကြီးက အရောင်ပြောင်းသွားသည်။

လုရွှမ် သူ၏နှလုံးကို ဖုံးအုပ်ထားသည်။ ခံစားချက်က တူကြီးတစ်လတ် လွင့်လာပြီး သူ့နှလုံးကို ထုတ်လိုက်သလိုပင်။ သူ့နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်ပေါက်နေကာ စိမ်းပြာနဂါးရဲ့ နှလုံးကြောင့်သာ မဟုတ်ရင် ဒီအချိန်မှာ ပေါက်ကွဲသွားလိမ့်မည်။

သူပြန်ကြည့်လိုက်တော့ လူသုံးယောက်ရဲ့ ရင်ဘတ်ထဲက သွေးတွေဟာ စီးကျနေပြီး သူတို့ နှလုံးသားတွေ ကွဲနေ​လေပြီ။ သူ့ကိုယ်သူ ပြန်ကြည့်ရင်း တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ဒီနေရာက အရမ်းခက်ခဲပြီး ဒီမှာနေနေရတာ ဒုက္ခ​ရောက်​နေတာနဲ့ အတူတူပဲ။ လုရွှမ်ကတော့ ဒီလိုနည်းလမ်းနဲ့ မသေချင်ပေ။

သူ့လက်ဖဝါးက တုန်ခါသွားပြီး သူ့လက်ထဲက ရွှမ်ထျန်းတံဆိပ်ပြား နှစ်ခုက လွင့်ထွက်လုမတတ် ရုန်းကန်လာသည်။ ထိုအခိုက် တစ်ခုခုက စုပ်ထုတ်လိုပ်သလို တွန်းအားတစ်ခုက တံဆိပ်​ပြားနှစ်ခုကို ဆွဲထုတ်ကာ အဝေးသို့ ပျံသန်းသွားခဲ့သည်။

လတ်စသတ်တော့ ဒီတံဆိပ်ပြား ၂ခုက ပြဿနာဖြစ်စေခဲ့တာကိုး။

ဒါပေမဲ့ ဒီအချိန်မှာ ရွှမ်ထျန်းတံဆိပ်ပြားကို ဘယ်လိုလုပ် လက်လွှတ်ပေးနိုင်ပါ့မလဲ။ ဒါက သူ ဒီကနေ ထွက်သွားနိုင်ဖို့ အတွက် အဓိကသော့ချက် ဖြစ်နိုင်တယ်လေ။

ရွှမ်ထျန်းတံဆိပ်ပြားရဲ့ အမှတ်အသား စွဲဆောင်သည့် လမ်းကြောင်းအတိုင်း လုရွှမ် ဂရုတစိုက် လိုက်သွားခဲ့သည်။

ဆန်းကြယ်ကောင်းကင်အိမ်တော်က သေကိုသေရမယ် ဆိုတဲ့ တာဝန်မျိုးကိုတော့ ထုတ်လိမ့်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ ဆန်းကြယ်ကောင်းကင်အိမ်တော်သည် သူတို့ရဲ့ အစွမ်းသတ္တိ စမ်းသပ်မှုဟာ ဤနေရာမျိုးတွင် ခံနိုင်ရည်ရှိကြောင်း အသိအမှတ် ပြုထားတာ ဖြစ်နိုင်သည်။

အစောတုန်းက ကြားရတဲ့ အူသံက ကြောက်စရာကောင်းပေမယ့် သတိထားနေရင် အဆင်ပြေနိုင်လောက်၏။ မဟုတ်ရင် သူဟာ ဘေးကင်းစွာ ရှင်သန်နိုင်မှာ မဟုတ်သလို ထွက်လမ်းတောင် မရှာနိုင်​လောက်ဘူးလို့လည်း ယုံကြည်ချက်အပြည့် ရှိလေသည်။

လုရွှမ် ရွာအဝင်ဝသို့ ရောက်ရှိလာသောအခါ တိမ်ထဲတွင် အဖြူရောင် ကျောက်စိမ်းရောင် အမြီးတစ်ခု လွင့်ပျံလာပြီး တိမ်ပင်လယ်ထဲ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။

အမြီးက ကြီးမားလွန်းကာ အနည်းဆုံး လူသုံးယောက် ပွေ့ဖက်ထားနိုင်လောက်တဲ့အထိ ထူသော်လည်း အကြေးခွံမရှိပေ။ ပျော့ပျောင်းပြီး အချွဲများ စွန်းထင်းနေသဖြင့် အလွန်ရွံစရာလည်း ကောင်းသည်။

ထိုအနီးနားကို ရောက်တာနဲ့ နှစ်ပေါင်းများစွာ မမြှုပ်မနှံထားတဲ့ လူသေတွေရဲ့ အရိုးတွေက လေတိုက်လိုက်တိုင်း အနံ့အသက်ဆိုးတွေကို ထုတ်လွှတ်နေတာကို ခံစားရလေ၏။

အဲဒါက ဒဏ္ဍာရီလာ တံလျှပ်သားရဲလား?

လုရွှမ် မိုးနတ်ဘုရား ဓားကို ဆွဲထုတ်ကာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ဂရုတစိုက် စောင့်​ကြည့်သည်။

ဟိန်းဟောက်သံကို ကြားလိုက်သည်နှင့်အတူ လုရွှမ်လည်း ယခုအခိုက်အတန့်တွင် အသင့်ဖြစ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူ အနည်းငယ် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ အသံလှိုင်း၏ စွမ်းအားကို ဖြည်းဖြည်းချင်း ထုတ်လွှတ်​စေလိုက်လေသည်။ အနည်းငယ် မအီမသာ ခံစားရသေးပေမယ့် အစောကထက်တော့ ပိုကောင်းလာပါပြီ။

ဝူးကနဲ အသံဖြင့် အမြီးတစ်​ချောင်းသည် လွင့်ထွက်လာကာ လုရွှမ်ကို တိုက်ရိုက် လွှဲရိုက်လိုက်​တော့သည်။

"မင်းကိုစောင့်နေတာ နတ်ဆိုးတစ်ကောင်!!"

လုရွှမ် မတွေး​နေဘဲ ဓားစွမ်းအင်တစ်ချက်နဲ့ ခုတ်ပစ်လိုက်သည်။ နိယာမ နည်းဥပဒေသတွေ မလည်ပတ်နိုင်ရင်တောင်မှ မိုးနတ်ဘုရားဓားရဲ့ ထက်မြက်မှုက သာမန်လူသတ်သမားတွေတောင် ခံနိုင်ရည်ရှိတဲ့အရာ မဟုတ်တာ သေချာပါ၏။

မိုးနတ်ဘုရားဓားသည် တံလျှပ်သားရဲ၏ အမြီးကို တိကျစွာ ထိမှန်သွားတာကြောင့် သွေးစီးကြောင်းများ လွင့်ပျံလာပြီး ညှီနံ့များပြည့်သွားတာကြောင့် အလွန်ရွံစရာ ကောင်းသွားသည်။

တံလျှပ်သားရဲလည်း အလွန်ဒေါသကြီးလာကာ အနီးနားရှိ အမြီးကို ပြင်းထန်စွာ လှုပ်ခါ၍ ပတ်ဝန်းကျင်ကို ယင်စွမ်းအား အပြည့်ဖြင့် ကြိမ်းမောင်းသွားသည်။

လုရွှမ်လည်း အမြီးဖြင့် အရိုက်ခံရမည်ကို စိုးရိမ်သဖြင့် ဂရုတစိုက် ရှောင်ရှားခဲ့သည်။ လုရွှမ်ရဲလ လက်ရှိ ကာယကြံ့ခိုင်မှုဖြင့် ၎င်းရဲ့လေထုကို ရိုက်ခတ်နိုင်သည့် စွမ်းအားကို ကြည့်လိုက်လျှင် ဒီလိုထိုးနှက်မှုကို မခံနိုင်မှာ သေချာ​ပေသည်။

သူ့ဆီသို့ နောက်ထပ် အမြီးတစ်ချောင်း ရိုက်ခါတာကို မြင်လိုက်ရချိန် လုရွှမ် မရှောင်တိမ်းနိုင်တော့ပေ။ အဲဒီအစား သူက ရှေ့ကို အရှိန်အဟုန်နဲ့ ခုန်ချလိုက်ရာ တံလျှပ်သားရဲရဲ့ ခန္ဓာကိုယ်ပေါ် အတိအကျ ခုန်တက်မိသွားသည်။

ယခင်က ထင်ထားသည့်အတိုင်း တံလျှပ်သားရဲ၏ ခန္ဓာကိုယ်သည် အလွန်ကြီးမားသော ပိုးကောင်နှင့် တူ​လေသည်။ သူ့ခန္ဓာကိုယ်က အတော်လေး ပျော့ပျောင်းပြီး ချော်နေတာမလို့ လုရွှမ် ၎င်းရဲ့ ခန္ဓာကိုယ်ပေါ် ပြုတ်ကျသွားကာ ၎င်းရဲ့ အရေပြားပင် အနည်းငယ် ကွဲထွက်သွားလေ၏။

တံလျှပ်သားရဲ၏ အရေပြားသည် အလွန်ထိခိုက်လွယ်သည်။ သူက လုရွှမ်ကို ခါချရန်ကြိုးစားလိုက်သည်။ လုရွှမ်ကဓားဖြင့် ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။ မိုးနတ်ဘုရား ဓားသည် ထက်မြက်လွန်းသဖြင့် တံလျှပ်သားရဲ၏ အရေပြားကို ချက်ချင်း ထိုးဖောက်သွားသည်။

အပြာဖျော့ဖျော့ သွေးစီးကြောင်းက လုရွှမ်ရဲ့ မျက်နှာပေါ်ကို ဖိတ်စင်သွားသည်။

အပြာရောင်သွေးများက ရွံစရာကောင်းသော အနံ့နှင့် ရောနှော​နေကာ အဝတ်များပေါ်ပါ ပြန့်ကျဲသွားသည်။ တဖျောက်ဖျောက် အော်မြည်သံများ ထွက်ပေါ်ကာ သူ့​အဝတ်များကို စုတ်ပြဲသွားစေသည်။

လုရွှမ် လန့်ဖျတ်သွားပြီး သူ့ပါးကို အမြန်ထိ​ကြည့်လိုက်တော့ ကံကောင်းထောက်မစွာနဲ့ သူ့ခန္ဓာကိုယ်က သန်မာပြီး အရေပြားက ထူးကဲတာကြောင့် သူ့ပါးပြင်ပေါ်သို့ သွေးများက ရေစီးကြောင်းတွေလိုသာ စီးကျလာခဲ့သည်။

"ဟမ့် မင်းက ဒီသခင်ကြီးကို လာခြောက်ချင်တယ်ပေါ့!"

လုရွှမ် မိုးနတ်ဘုရားဓားကို ပြင်းပြင်းထန်ထန် ပွတ်ဆွဲပြီး ၎င်းရဲ့ ဒဏ်ရာကို ကျယ်သွားစေကာ ခြေထောက်ကြီးနဲ့ပါ ဓားကို ခက်ခက်ခဲခဲ ထိုးသွင်းပွတ်ဆွဲပစ်လိုက်သည်။ ထို့နောက် အမြီးကို ဒုတိယအကြိမ် လျင်မြန်စွာ ဖြတ်ပစ်လိုက်လေတော့၏။

ဝူး!

တံလျှပ်သားရဲ ကျယ်လောင်စွာ ဟောက်လိုက်ရာ လုရွှမ်လည်း ရုတ်တရက် ခေါင်းမူးလာသလို ခံစားလိုက်ရကာ ခေါင်းထဲက နာကျင်မှုက ပြင်းထန်လာသည်။

တံလျှပ်သားရဲ သူ့တန်ခိုးကို ပြတော့မှာဖြစ်ကြောင်း လုရွှမ် ရိပ်မိသည်။ သူ့အစွမ်းကို ပြသမယ့်အချိန်ကို လုရွှမ် ဘယ်လိုလုပ် ခွင့်ပြုရဲပါ့မလဲ။ အတွေးတစ်ချက်ဖြင့် ဖီးနစ်နတ်မီးကို ထုတ်လိုက်သည်။

ပေါက်ကွဲသံနှင့်အတူ တံလျှပ်သားရဲရဲ့ တစ်ကိုယ်လုံး မီးလောင်ကျွမ်းသွားခဲ့သည်။ လုရွှမ် ရယ်မောလိုက်၏။ ဤတံလျှပ်သားရဲရဲ့ ခန္ဓာကိုယ်က ဒီလောက် မီးလောင်လွယ်လိမ့်မယ်လို့ သူ မမျှော်လင့်ထားချေ။

တိမ်ပင်လယ်သည် တရွေ့ရွေ့ ပါးလွှာလာပြီး ရက်စက်ကြမ်းကြုတ်သော ထိုသားရဲကောင်ကြီး လုံးဝ ပေါ်ထွက်လာခဲ့သည်။

၎င်းမှာ မီးကို ငြှိမ်းသတ်ဖို့ ကြိုးစားရင်း မီးထဲမှာ အဆက်မပြတ် လူးလဲနေတဲ့ ပိုးကောင်တစ်ကောင်နဲ့ တူလေသည်။ ဒါပေမဲ့ ဒါက ထူးဆန်းတဲ့မီး​တောက် ဖြစ်ပြီး ထူးဆန်းတဲ့ မီးတွေထဲမှာ အလွန်အစွမ်းထက်တဲ့ ဖီးနစ်နတ်မီးလည်း ဖြစ်နေသည်။

လောင်ကျွမ်းလိုက်တာနဲ့အမျှ မီးတောက်ရဲ့ တက်ကြွမှုကို ဘယ်သောအခါမှ မငြိမ်းသတ်နိုင်ဘဲ မီးကလည်း ရပ်တန့်သွားမည် မဟုတ်ပေ။

ဝူး!

တံလျှပ်သားရဲသည် တရွေ့ရွေ့ ဟိန်းဟောက်ရင်း ၎င်း၏ ခန္ဓာကိုယ်က တဖြည်းဖြည်း နိမ့်ဆင်းသွားကာ တဖြည်းဖြည်း လောင်ကျွမ်းသွားပြီး နောက်ဆုံးတွင် ပြာဖြူဗွက်အိုင်အဖြစ် ပြောင်းလဲသွား​တော့သည်။

ဘာသာပြန် - Arc 1 (chapter 1) ကနေ Arc 4 (chapter 532) ဒီအပိုင်းမှာ စုစုပေါင်း အပိုင်း 1000 ပြည့်သွားခဲ့ပါပြီ။ ကောင်းကောင်းဆိုးဆိုး အတူလိုက်ပါဖတ်ရှုပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

All Chapters