← Chapters

ဒါတွေအားလုံးက ထင်ယောင်ထင်မှားတွေ

Vol. 68 Ch. 4.533

ဒါတွေအားလုံးက ထင်ယောင်ထင်မှားတွေ

Vol. 68 Ch. 4.533

ပတ်ဝန်းကျင်ရှိ တိမ်များနှင့် မြူမှုန်များ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး မကြာမီတွင် ကောင်းကင်နှင့် မြေကြီးကတစ်ဖန် ကြည်လင်လာခဲ့ပြန်သည်။

လုရွှမ် မိုးနတ်ဘုရားဓားကို မြေပြင်ပေါ်ရှိ ပြာများထဲသို့ ထိုးစိုက်လိုက်သည်။

ဝူး!

အင်းဆက်ငယ်လေးသည် ပြာပုံထဲမှ ပြေးထွက်လာပြီး ၎င်း၏သွားများနှင့် ခြေသည်းများကို ဖွင့်ကာ လုရွှမ်ရဲ့လည်ပင်းကို ကိုက်ဖို့ ကြိုးစားလိုက်သည်။

တင်း!

လုရွှမ် သူ့ဓားနဲ့ ခုတ်ချလိုက်ပြီး အင်းဆက်လေးကို နှစ်ပိုင်းခွဲပစ်လိုက်၏။

"တစ်ကြိမ် လှည့်စားခံရဖူးတဲ့ သူတွေက ဒုတိယအကြိမ် အလိမ်ခံမှာ မဟုတ်ဘူး!"

လုရွှမ် အေးစက်စွာပြောပြီး မီးတောက်တစ်ဆုပ် ထုတ်၍ ပိုးကောင်ငယ်ကို မီးတောက်ထဲသို့ တွန်းပို့လိုက်သည်။ ယခုတစ်ကြိမ်တွင်လည်း အင်းဆက်နှစ်ပိုင်းက ပြာဖြစ်သွား​ပြန်သည်။

"ထွက်လာခဲ့! မင်းငါ့ကို ဒီနည်းလမ်းနဲ့ လာလှည့်စားလို့မရဘူး"

လုရွှမ် အော်ပြောပြီး ရွာသူကြီးဘက်ကို ဓားစွမ်းအင်တစ်ချက်ကို လက်ပြန် ရိုက်ပစ်လိုက်သည်။ ဝူးကနဲ ညည်းတွားသံနှင့်အတူ ရွာသူကြီးက ပျောက်ကွယ်သွားကာ အော်သံကလည်း တံလျှပ်သားရဲရဲ့ အသံလိုမျိုး ထွက်ပေါ်လာသည်။

တံလျှပ်သားရဲ၏ မွေးရာပါ မှော်စွမ်းအားသည် ထင်ယောင်ထင်မှားတွေကို ဖန်တီးနိုင်ကြောင်း သိတဲ့ လုရွှမ်ဟာ ထိုသားရဲကို အလွယ်တကူ သတ်ပစ်နိုင်မည်ဟု မထင်ထားခဲ့ပေ။ သူ့စိတ်ငြိမ်သွားသောအခါ တံလျှပ်သားရဲသည် ရုတ်တရက် ပေါ်လာပြီး သူ့ကိုသတ်ပစ်ရန် စောင့်နေပုံရသည်။

အပြာရောင် သွေးခြေရာတွေ တဖျပ်ဖျပ် ထွက်လာစဥ် လုရွှမ်လည်း ရုတ်တရက် ရှောင်ထွက်သွားလိုက်သည်။ အပြာရောင်သွေးက အနက်ရောင် လမ်းကြောင်းကို ဆွဲယူသွားပြီး လေထုထဲက အက်ကွဲကြောင်းထဲသို့ လှိမ့်ဝင်သွားတာ တွေ့လိုက်ရ၏။

လုရွှမ်ရှေ့မှာ အဘိုးကြီးတစ်ယောက် ရုတ်တရက် ပေါ်လာတယ်။ သူကအရင်က ရွာသူကြီး ဖြစ်ခဲ့သူပင်။

"အဘိုးကြီး နောက်ဆုံးတော့ ခင်ဗျားပေါ်လာပြီလား?"

လုရွှမ် အဘိုးကြီးဘက်ကို ဓားနဲ့ထိုးညွှန်ထားလိုက်သည်။

ရွာသူကြီးက ဟမ့်ဟု အသံပြုရင်း အစောက အိုမင်းနေတဲ့ ပုံစံကို ရှာမတွေ့တော့ပေ။ အစောက လုရွှမ်ရဲ့ဓားချက်ကြောင့် သူ့ပါးပြင်မှာ ဓားအမှတ်အသားတစ်ခု ရှိနေပြီ။ ယခုအခိုက်အတန့်တွင် သူ၏မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေပြီး လူကို ထိတ်လန့်စေ​လေသည်။

"ကောင်လေး ငါဟန်ဆောင်ထားတဲ့ အသွင်အပြင်ကို ဘယ်လို​ဖြစ်​ပြီး မြင်တာလဲ?"

လုရွှမ်လည်း လှောင်ပြုံးပြုးရင်း ​ပြန်ပြောလိုက်သည်။

"အဘိုးကြီး... ခင်ဗျား ဟန်ဆောင်ထားတာ အရမ်းကောင်းပါတယ် တခြား လူတွေဆိုရင် ခင်ဗျားကို သံသယဝင်စရာ အကြောင်းကို မရှိဘူး... ခင်ဗျားသာ တခြားတစ်ယောက်နဲ့တွေ့ရင် အခွင့်ကောင်း ယူနိုင်လိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်.... ဒါပေမဲ့ နှမြောစရာက ကျုပ်က သူငယ်ချင်းဆီကနေ သစ္စာဖောက်တာကို ခံခဲ့ရတဲ့လူပဲ...ခင်ဗျားရဲ့ အကောင်းဆုံးက ဗီဇက အခွင့်ကောင်းယူတာ ဆိုရင် ငါသေသွားရင်တောင် သတိထားတတ်တဲ့ ဗီဇက ရှိနေဦးမှာပဲ!"

"ခင်ဗျားက သိပ်သည်းခံပြီး ဒီဖြစ်စဉ်အတွင်းမှာ သေချင်ယောင်ဆောင်နေခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ လူသတ်ချင်တဲ့ အငွေ့အသက်တွေကိုတော့ မဖုံးကွယ်ထားနိုင်ခဲ့ဘူးလေ... ကံမကောင်းစွာနဲ့ပဲ လူသတ်ရောင်ဝါကို ကျုပ် အရှင်းဆုံး ခံစားနိုင်တယ်"

ရွာသူကြီးက

"ဒီလို အပြစ်အနာအဆာတွေကြောင့် လွတ်သွားမယ်လို့ မမျှော်လင့်ထားဘူး... ဟုတ်ပြီ မင်းလို သူတော်စင်နယ်ပယ် တစ်ယောက်က ဖီးနစ်နတ်မီးကို တကယ် ပိုင်ဆိုင်ထားတာပဲ... စိတ်ကူးကြည့်ဖို့က အရမ်းခက်သား... ထင်ယောင်ထင်မှားထဲကနေ တစ်ဆင့် ငါ့ခန္ဓာကိုယ်တောင် မီးလောင်တော့မလို ဖြစ်သွားတယ်"

"အိုး အဲဒါဆို ရှက်စရာကြီးပေါ့"

"ဟမ့်... မင်းသေပြီးတာနဲ့ ငါ့ကမ္ဘာထဲကို ဝင်ပြီး အသက်ရှင်နေတဲ့ လူသေတစ်ယောက် ဖြစ်လာတော့မှာ ဆိုတော့ မင်းအတွက် ရှက်စရာအကြောင်း မရှိပါဘူး"

ရွာလူကြီးက အော်ပြောပြီး သူ့ပုံရိပ်က ချက်ချင်းပျောက်သွားပြန်သည်။

ဝုန်း! ဝူး!

ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။ လုရွှမ် လှည့်ကြည့်လိုက်ရာ ဘယ်အချိန်ကတည်းကမသိ ကျင့်ကြံသူ ဝတ်စုံများ ဝတ်ဆင်ထားသော သက်ရှိထင်ရှားရှိနေသည့် ဘုန်းကြီးအုပ်စုကြီးက သူ့ဘေးတွင် ပေါ်လာခဲ့သည်။

အသိဝိညာဉ်မရှိသော ကျင့်ကြံသူတွေကို ကြည့်ရတာ အလွန်ထူးဆန်းနေသည်။

ထိုအသက်မဲ့ မျက်လုံးများက ထူးဆန်းပြီး ကြောက်စရာ ကောင်းလှသည်။ အသက်ဝိညာဉ် မရှိသော်လည်း အသက်ရှင်နေသော လူသေကောင်များ၏ ကျင့်ကြံမှုက ရှိနေဆဲဖြစ်ပြီး ၎င်းတို့သည် လုရွှမ်ဆီသို့ တစ်ယောက်ပြီး တစ်ယောက် အရူးအမူး ပြေးချလာကြသည်။

လုရွှမ်ရဲ့ မျက်လုံးများက တည်ကြည်နေကာ သူ့စိတ်ကလည်း ငြိမ်သက်နေသည်။ မိုးနတ်ဘုရားဓားကို ဆွဲထုတ်ကာ မျက်နှာချင်းဆိုင် တိုက်ခိုက်လိုက်သည်။

ဓားတစ်ချောင်း ခုတ်ထစ်လိုက်တာနဲ့ ရှင်လျက်နဲ့သေလူအား နှစ်ပိုင်းခွဲ ဖြတ်ပစ်လိုက်သည်။ ဒီလူတွေက အရပ်ရှစ်မျက်နှာကနေ ပြေးထွက်လာကြပြီး ပိုပိုများလာ၏။ အသက်ရှင်ချင်တယ် ဆိုရင်တော့ သူတို့ဝိုင်းအုံမလာခင် ပြေးထွက်သွားရမည်။

လုရွှမ် မလှုပ်ရှားသေးပေ။ ဒီအကြောင်းပြချက်ကို သူတွေးနိုင်သလို တံလျှပ်သားရဲကလည်း ဒါကို မစဉ်းစားမိစရာ အကြောင်းမရှိချေ။ ယင်ချီ၏ စိတ်ပညာသည် သူ့ကို အဆက်မပြတ် သတ်ဖြတ်​စေခြင်းသို့ ကျရောက်သွားစေနိုင်တာ ဖြစ်နိုင်သည်။

ဒီစိတ်ဓာတ်ကျနေတဲ့ အခြေအနေကနေ လွတ်မြောက်ချင်ရင် အရင်ဆုံး စိတ်ကို တည်ငြိမ်အောင်ထားရမယ်။

ဒုတိယအချက်မှာ ရှင်သန်ရန် ထင်သာမြင်သာရှိသော အခွင့်အလမ်းနှင့် မှန်ကန်သော ရွေးချယ်မှုကသာ သူ့ကိုယ်သူ ငရဲတံခါးထဲသို့ မပို့ဆောင်မိရန် အမှန်တကယ် စိတ်အားထက်သန်မှု ဖြစ်နိုင်သည်။

သူ့ခန္ဓာကိုယ်အတွင်းက စွမ်းအားတွေကို ဖိနှိပ်ချုပ်ချယ် ခံထားရသလို ခွန်အားကို လုံးဝအသုံးမချနိုင်ဘဲ သူ့ခန္တာကိုယ်ကိုသာ အားကိုးနေရတာကြောင့် လုရွှမ်ရဲ့ မျက်လုံးတွေဟာ ရုတ်တရက် စူးရှလာခဲ့သည်။

ဒါကတကယ် ဖြစ်​နေတာပဲလား?

သူတစ်ခါမှမကြားဖူးတဲ့ အရာက ဝိညာဉ်စွမ်းအင်တွေကို ဖိနှိပ်ချုပ်ချယ်ပြီး ချိတ်ပိတ်ခံထားရတာတောင် ပတ်ဝန်းကျင်မှာ ဝိညာဉ်စွမ်းအင်က ရှိနေတုန်းပဲ။ ဒါ့အပြင် ခန္ဓာကိုယ်မှာရှိတဲ့ စိတ်ဝိညာဥ် စွမ်းရည်တွေကို အသုံးမပြုနိုင်တာ ဒါပထမဆုံးအကြိမ် ကြားဖူးတာပင်။

ဝိညာဉ်စွမ်းအင်ကို ချိတ်ပိတ် ခံထားရတာကြောင့်မို့ အခက်အခဲက နှစ်ဆပိုများလာသည်။

ဝိညာဥ်စွမ်းအားကို အမှန်တကယ် ချိုးနှိမ်ထားချင်ရင် အဆင့်မြင့်တဲ့ စွမ်းအားမျိုး လိုအပ်သည်။ တစ်ဖက်လူက ဒီလိုနေရာမျိုးကို ဖန်တီးနိုင်ဖို့က နတ်မီးနယ်ပယ်ရှိ ကျင့်ကြံသူ သို့မဟုတ် ပိုမိုမြင့်မားသော နယ်ပယ်များမှာသာ ရရှိနိုင်သော စွမ်းရည်တစ်ခု ဖြစ်သည်။

လုရွှမ် လေ့ကျင့်နေတာက ယွမ်ယန်ကျင့်စဥ်ပင်။ ယွမ်ယန်ကျင့်စဥ်ကို ချိတ်ပိတ်နိုင်တယ် ဆိုတာက တကယ်ကို အရမ်းကြောက်စရာ ကောင်းတဲ့ အစွမ်းသတ္တိတစ်ခုပဲ ဖြစ်လေသည်။

ဒီလိုစွမ်းရည်မျိုးနဲ့ လူက ဘာလို့ ဒီလောက်သေးငယ်တဲ့ နေရာမှာ ပုန်းနေရတာလဲ?

တံလျှပ်သားရဲတွင် ထိုစွမ်းရည်မျိုး မရှိပေ။ တံလျှပ်သားရဲ၌ ရှိသောအရာမှာ ထင်ယောင်ထင်မှား ပုံရိပ်များကို ဖန်တီးနိုင်သော စွမ်းရည်ဖြစ်သည်။

လုရွှမ် ညည်းညူရင်း စိမ်း​ပြာနဂါးရဲ့ နှလုံးကို ခွန်အားအပြည့်ဖြင့် ခုန်စေလိုက်သည်။ စိမ်းပြာနဂါးရဲ့ စွမ်းအားတွေ ထွက်လာတာနဲ့ ယွမ်ယန်စွမ်းအင်တွေကလည်း အရှိန်အပြည့်နဲ့ ပြေးနေတော့၏။ ဒါပေမဲ့ နိယာမစွမ်းအင်တွေက နည်းနည်းမှ ထွက်မလာပေ။

ဧကန္တ သူ့အတွေးတွေ မှားနေတာလား? မဖြစ်နိုင်ဘူး!

ဒီနေရာမှာ ထင်ယောင်ထင်မှား ဖြစ်စေတာကို အားကောင်းစေမယ့် အရာတစ်ခုခု ရှိနေတာလား?

ရွှေဒြပ်စင် နတ်ပုတီးစေ့သည် တစ်ခဏမျှ တုန်လှုပ်သွားပြီး ဒန်တန်ထဲသို့ ပြန်ဆုတ်သွားသည်။ မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ ရောင်ဝါသည် တစ်ခဏမျှ တုန်လှုပ်သွားပြီး နောက်တဖန် လျော့ပါးသွားသည်။

လုရွှမ် မသိသောအရာမှာ အမှောင်ထဲ၌ တံလျှပ်သားရဲသည် သွေးများဆက်လက် အန်ထွက်နေပြီး သူ့နှလုံးသားထဲကနေ ထိတ်လန့်ခဲ့သွားသည်။ လုရွှမ်က ဘယ်သူလဲ။ သူ့ခန္ဓာကိုယ်ပေါ်မှာ ဒီလောက်အစွမ်းထက်တဲ့ ရတနာ​တွေကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားရတာလဲ။ သူသာ ဤနေရာတွင် နှစ်အတော်ကြာအောင် မနေထိုင်ဘဲ နတ်မီးနယ်ပယ်က လူတစ်ဦးရဲ့ အလောင်းကိုလည်း ရှာမတွေ့ခဲ့ပါက သူလုံးဝ ထိန်းမထားနိုင်လောက်ချေ။

လက်ရှိ ထင်ယောင်ထင်မှား ပုံရိပ်သည် ယခင် တံလျှပ်သားရဲ၏ အလောင်းကောင်ဖြင့် လုံး၀ ဖန်တီးထားသောကြောင့် ၎င်းသည် အားကောင်း သော ပုံရိပ်တွေကို ဖန်တီးနိုင်သည့် အကျိုးသက်ရောက်မှု ရှိသည်။

အလျင်စလို ထွက်သွားချင်ရင် တံလျှပ်အဘိုးကြီးရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားရလိမ့်မယ်။ မဟုတ်ရင် အတုက အစစ်လို ဖြစ်​နေမှာပဲ။

လုရွှမ် နှစ်ကြိမ်ဆက်တိုက် ကြိုးစားခဲ့ပြီးနောက် သူ့စိတ်ထဲက သံသယများဟာ မကူညီနိုင်ဘဲ တစ်ဖန်ပြန်လည် ရောက်ရှိလာသည်။ အဲဒါကို စမ်းကြည့်ချင်ပေမယ့် သူ့ပတ်ဝန်းကျင်မှာ အသက်ရှင်နေတဲ့ လူသေတွေက ပြေးလာနေပြီ၊း။ တွေးတောင် မတွေးဝံ့တော့ဘဲ မိုးနတ်ဘူရားဓားကို ဝှေ့ယမ်းပြီး အဆက်မပြတ် တိုက်ခိုက်လိုက်ရသည်။

သွေးတွေ တဖျပ်ဖျပ်နှင့် အသားစများလည်း လွင့်ပျံသွားသည်။ ပတ်ဝန်းကျင်ရှိ တိမ်များနှင့် မြူခိုးများသည် မသိလိုက်ခင်မှာပဲ သူ့ကို တဖြည်းဖြည်း လွှမ်းခြုံသွားခဲ့သည်။

လုရွှမ် သတိလစ်သွားပုံရပြီး အဆက်မပြတ် တိုက်ခိုက်နေရတဲ့ တိုက်ပွဲအတွင်း လုံးဝပိတ်မိနေခဲ့သည်။

အချိန်တွေ လျင်မြန်စွာ ကုန်လွန်သွားသည်နှင့် လုရွှမ်ရဲ့ လှုပ်ရှားမှုများ တဖြည်းဖြည်း နှေးကွေးလာကာ ပြင်ပကမ္ဘာက တုံ့ပြန်မှုဟာလည်း တဖြည်းဖြည်း ပျောက်ဆုံးလာခဲ့သည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။ အဲဒါက အားလုံးကို သတ်ပစ်လိုက်ဖို့သာ။

"လုရွှမ် ထစမ်း! လုရွှမ်"

သူ့စိတ်ထဲက ရွှေကျီးကန်းက အော်ဟစ်နေသည်။ ရွှေကျီးကန် လုရွှမ်ကို နှိုးရန်ကြိုးစားသော်လည်း ခွန်အားအပြည့်ဖြင့် ဟောက်နေသော်လည်း လုရွှမ်ဘက်က တုံ့ပြန်လာခြင်း မရှိပေ။

ဝူဝူး!

ဝေါင်း!

ကျားဖြူလေးသည် ကျောက်စိမ်း​ပြားမှ ရုတ်တရက် ထွက်လာပြီး ကျားဟောက်သံနှင့်အတူ ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားအောင် လုပ်လိုက်သည်။

ထို့နောက် သူမသည် လုရွှမ်ရဲ့ပေါင်ကို ကိုက်ပစ်လိုက်ကာ စိတ်ဆင်းရဲစွာ အော်ဟစ်လိုက်လေသည်။ သနားစရာကောင်းသော အူသံနှင့်အတူ လုရွှမ်တစ်ယောက် အိပ်မက်ဆိုးမှ လန့်နိုးလာသလို အံ့အားသင့်စွာ ထအော်လိုက်ကာ ပေါင်ကိုကိုင်ရင်း မြေပြင်ပေါ်သို့ လဲကျသွား​တော့သည်။

"ရှောင်ပိုင်! မင်းငါ့ကို ဘာလုပ်​နေတာလဲ?"

“ဝူးဝူး!” ကျားဖြူလေးက နှစ်ကြိမ်ဟောက်လိုက်သည်။

"အဲ့လိုကိုး... ကျေးဇူးတင်ပါတယ် ဒါပေမဲ့ မင်း ငါ့ကို ဒီလောက်ထိ ကိုက်နေစရာ မလိုပါဘူး!"

All Chapters