ဖြတ်မယ်
Vol. 68 Ch. 4.534
ထိုသို့ပြောပြီးနောက် လုရွှမ်သည် သူမ၏ရက်ရောစွာ ကူညီမှုအတွက် ကျားဖြူလေးအား ကျေးဇူးတင်ကြောင်း ပြောကာ ကျောက်စိမ်းပြားထဲသို့ ပြန်ပို့ပေးလိုက်သည်။
သူ့လက်ကို ဖွင့်လိုက်တော့ ဖီးနစ်နတ်မီးနဲ့ စိတ်ဝိညာဥ်မီးတောက်တို့ဟာ တစ်ချိန်တည်းတွင် ထွက်ပေါ်လာပြီး ယွမ်ယန်ကျင့်စဥ်သည် ခွန်အားအပြည့်ဖြင့် ပြေးလွှားနေသော်လည်း အလွန်တရာမှ မထင်မရှား ဖြစ်နေဆဲ ဖြစ်သည်။
"ဟမ့် အဘိုးကြီး... ကျုပ် မဖြစ်မနေ ပြောရမယ်ဆိုရင် ခင်ဗျား အရမ်းကို တန်ခိုးကြီးပါတယ် ကျုပ်တောင် ရှုံးလုနီးပါး ဖြစ်သွားခဲ့တယ်... သနားစရာ ကောင်းတာက ခင်ဗျားက တစ်ယောက်ပဲရှိတာ...ကျူပ်မှာက သူငယ်ချင်းတွေ အများကြီးရှိတယ်"
"သွား!"
ကျယ်လောင်သော အော်သံနှင့်အတူ လုရွှမ်သည် မီးလုံးနှစ်လုံးကို လက်နှစ်ဖက်ဖြင့် တစ်ပြိုင်တည်း ပစ်သွင်းလိုက်သည်။
“ထ!”
ရွှေဒြပ်စင်နတ်ပုတီးစေ့ကလည်း သူ့ခန္ဓာကိုယ်ထဲမှ လျင်မြန်စွာ ပြေးထွက်လာသည်။ ရွှေဒြပ်စင်နတ်ပုတီးစေ့တွင် သွေးခြေရာများ ရှိနေသော်လည်း လုရွှမ် ၎င်းကို ထုတ်ယူလိုက်သည်။
"မိုးနတ်ဘုရားဓား! ခုတ်စေ!"
ဓားကို လက်နှစ်ဘက်တွင် ကိုင်ထားရင်း စိမ်းပြာနဂါးရဲ့ နှလုံးသားက ခုန်ပေါက်သွားပြီး နဂါးစွမ်းအားတွေက တဟုန်ထိုး ထွက်လာသည်။ နဂါးစွမ်းအင်များ ခန္ဓာကိုယ်ထဲမှ ပြေးထွက်လာတဲ့အခိုက် ၎င်းက မိုးနတ်ဘုရားဓားထဲသို့ ပေါင်းစပ်သွားခဲ့သည်။ ဤစွမ်းအားကို ဖယ်ရှားရန်အတွက် လုရွှမ် သွေးသုံးလုတ်ကို ပါးစပ်ထဲမှ ထွေးထုတ်လိုက်သည်။
"ခေါင်းဖြတ်!"
မိုးနတ်ဘုရားဓားသည် ပိုကြီးလာသော ဓားတစ်လတ် အဖြစ်သို့ ပြောင်းလဲသွားသည်။ နဂါးအရိပ်တစ်ခုက မှိန်ဖျော့ဖျော့ဖျော့ ဖြစ်နေသော်လည်း ၎င်း၏အရှိန်အဟုန်မှာ အားနည်းမနေချေ။ ရွှေဒြပ်စင်နတ်ပုတီးစေ့ကလည်း အားအင်အပြည့်ဖြင့် လည်ပတ်နေသည်။
အလွန် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ခေါင်းဖြတ်!"
ဝုန်း!
ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ လုရွှမ် မိုးနတ်ဘုရားဓားပေါ် သွေးများကို ထပ်ဖျန်းပြီး
"ဖြတ်!"
မိုးနတ်ဘုရားဓားမှ စူးရှတောက်ပသော အလင်းရောင် တစ်ခု ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်မှ စွမ်းအားများလည်း တဟုန်ထိုး ထွက်လာသည်။ သူ့ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ခါနေပြီး ကြာရှည်စွာ ပျောက်ဆုံးနေသော ခွန်အားကို ပြန်လည်ရရှိလာပေ၏။
လုရွှမ်သည် မြေပြင်ပေါ်ကို ခြေဖဝါးဖြင့် နင်းဆောင့်လိုက်ပြီး သူ့ခန္ဓာကိုယ်ဖြင့် လေထဲသို့ တိုးဝင်သွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှ ဝိညာဉ်စွမ်းအင်များက သူ့အပေါ်သို့ ချက်ချင်း ပျံ့လွင့်သွားကာ မိုးနတ်ဘုရားဓား၏ ခန္ဓာကိုယ်ထဲသို့ စုစည်း ရောက်ရှိသွားကြသည်။
မိုးနတ်ဘုရားဓား၏ ထက်မြက် တောက်ပသော ဓားအရိပ်ကြီးသည် ကောင်းကင်သို့ ထိုးတက်သွား၏။ ပတ်ဝန်းကျင်ရှိ ဓားစွမ်းအင်များကို စုစည်းပစ်လိုက်ကာ တိမ်များနှင့် မြူခိုးများလည်း တုန်ခါသွားပြီး လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
"ယွမ်ယန်ဓားကိုးစင်း! လေးစင်းမြောက်ဓား! လေထုကိုဖြတ်!"
အလင်းနှင့် အရိပ်များ ဖြတ်ပြေးသွားသည်။ ကောင်းကင်ယံကို လျှပ်စီးကြောင်းများ ဖြတ်သွားသလို ဓားရိပ်ကြီး ဖြတ်သွားတဲ့နေရာတိုင်းက တွင်းနက်ကြီးကြီး ပွင့်ထွက်သွားလေသည်။ ထိုနေရာသည် မှင်ကဲ့သို့ မည်းနက်နေကာ လေပြင်းက အရှိန်ပြင်းပြင်း ထွက်ပေါ်လာသည်။
ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး ကျယ်လောင်သော အော်ဟစ်သံများဖြင့် ကွဲအက်သွားပြီး အာကာသအက်ကြောင်းကြီး ဖြစ်သွားသည်။ ပင့်ကူမျှင်များလို အဖြူရောင် မျဉ်းများက အဆက်မပြတ် ကျိုးပဲ့နေပြီး ပတ်ပတ်လည်တွင် ပျံ့နှံ့နေသည်။
နောက်ဆုံးတွင် အသံတစ်ချက်ဖြင့် မျဉ်းကြောင်းများသည် အက်ကွဲရာများ အဖြစ်သို့ ပြောင်းလဲသွားကာ လေထုထဲတွင် စွမ်းအင် အပိုင်းအစများ ပြိုကျလာပြီး အပြာရောင်ဖျော့ဖျော့ အရာဝတ္ထုများ ပြုတ်ကျကာ သွေးနံ့သင်းသင်းလေးပါ ထွက်ပေါ်လာခဲ့သည်။
ဝုန်းကနဲ အသံနှင့်အတူ အာကာသအက်ကွဲကြောင်းကြောင့် လေပြင်းများ တိုက်ခတ်ကာ ကွဲအက်နေသော နေရာသို့ စီးဆင်းသွားလေသည်။
လုရွှမ်၏ ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဥ်စွမ်းအင်များ လျင်မြန်စွာ တိုးမြင့်လာခဲ့သည်။ သူသည် သာမန်လူအဖြစ်မှ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၊ ထိုမှတစ်ဆင့် သူတော်စင်တစ်ပိုင်း ဖြစ်လာကာ ယခုအခါ သူတော်စင် ပြန်ဖြစ်လာခဲ့သည်။
နယ်ပယ်က ရပ်တန့်သွားသော်လည်း စွမ်းအားသည် လုံးဝ အားမလျော့သေးဘဲ တိုးများလာနေတုန်းပင်။
လေထုထဲမှ မီးတောက်နှစ်ခုက သူ့ပုခုံးနှစ်ဖက်မှာ ရုတ်တရက် ထွက်ပေါ်လာစဥ် ရွှေဒြပ်စင်နတ်ပုတီးစေ့ကလည်း သူ့ခေါင်းထက်တွင် ငြိမ်သက်စွာ ပေါ်လာခဲ့သည်။ ကြီးမားသော စွမ်းအားကြောင့် ကောင်းကင်မှ ပြိုကျလာသော အပြာနုရောင် အရာဝတ္ထုများသည် အမှုန့်အဖြစ်သို့ ကွဲအက်သွားတော့၏။
"လေ!" လုရွှမ် အော်လိုက်သည်။
လေပြင်းများ တစ်ခဏချင်း တိုက်ခတ်လာသည်။ လေထုထဲ၌ အားပြင်းသော လေပွေများ ဝေ့ဝဲတိုက်ခတ်သွားကာ ပတ်ဝန်းကျင် နေရာများလည်း ခဏအတွင်း ကြည်လင်လာသည်။
မြေပြင်ပေါ်က တံလျှပ်သားရဲများမှာ ခန္ဓာကိုယ် အပိုင်းအစများ အပိုင်းပိုင်း ကျိုးနေပြီဖြစ်သည်။ ထိုအလောင်းများထဲတွင် အင်းဆက်ငယ်လေး တစ်ကောင်သည် တိတ်တဆိတ် ပြေးလွှားကာ ထွက်ပြေးရန် ကြိုးစားလေ၏။
လုရွှမ်ရဲ့ မျက်လုံးများက ကောင်းကင်မီးတောက်ကြောင့် တဖျပ်ဖျပ် တောက်နေပြီး နေမင်းမျက်လုံးများက စူးရှနေတာကြောင့် ထိုအရာကို အနီးကပ်လိုမျိုး စိုက်ကြည့်နိုင်သည်။
"ဘယ်ပြေးမလို့လဲ!"
ကျယ်လောင်သော အော်သံနှင့်အတူ လုရွှမ်တစ်ယောက် ဓားစွမ်းအင်ဖြင့် ပြေးထွက်လာသည်။
ဝူး!
ဟစ်အော်သံနှင့်အတူ ပိုးကောင်ငယ်ကလည်း မြေကြီးထဲမှ ထွက်ပေါ်လာသည်။
အလျား တစ်မီတာသာရှိပြီး အထူဆုံးအပိုင်းမှာ ကလေးလက်ကောက်ဝတ် အထူခန့်သာ ရှိသည်။ ဒီအချိန်မှာ သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲမှုတွေနဲ့ ပြည့်နေတာကြောင့် တဆက်ဆက် တုန်ယင်နေသည်။
လုရွှမ် ရယ်မောရင်း ချဉ်းကပ်သွားခဲ့ပြီး ယခုတစ်ကြိမ်တွင်တော့ တံလျှပ်သားရဲရဲ့ တစ်ကိုယ်လုံးကို ဓားသွားဖြင့် ထိုးဖောက်ပစ်လိုက်သည်။
ဓားရည်ရွယ်ချက်က ဓားစွမ်းအင် မဟုတ်ချေ။ ဓားတွင် ပြင်းထန်သော အဖျက်ယင်စွမ်းအားမျိုး မပါရှိသော်လည်း ၎င်းသည် ခန္ဓာကိုယ်အတွင်း ရောက်ရှိ သွားသောအခါတွင် ခန္ဓာကိုယ်ကို ဖျက်ဆီးနေသော ဓားစွမ်းအင်ထက် ပို၍ ကြောက်စရာကောင်းသည့် အန္တရာယ်ကို ဖြစ်စေနိုင်သည်။ ဝိညာဉ်ကို နှိပ်စက်ညှဉ်းပန်းနေတာနဲ့ ဘာမှမခြားတော့ပေ။
လုရွှမ် လက်ချောင်းများကို ပွတ်ဆွဲလိုက်တဲ့အခါ ပိုးကောင်ငယ်လေးက တဆက်ဆက် တုန်ကာ အကြောဆွဲနေခြင်းကို ရပ်တန့်လိုက်ပြီး အချွဲများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ချွေးလား ဆီးလားတော့ မသိချေ။
"ကျေးဇူးအများကြီး တင်ပါတယ်!"
ပိုးကောင်လေးက အော်ပြောပြီးနောက် လူအသွင် ပြောင်းသွားခဲ့သည်။ သူသည် ယခင်ကလို အဘိုးကြီး မဟုတ်တော့ဘဲ ခြောက်နှစ်၊ ခုနစ်နှစ်သာ ရှိသေးသော ကလေးမလေးတစ်ဦး ဖြစ်သွားသည်။
"သေချင်နေတာလား!"
လုရွှမ် ဆိုလိုက်တော့ ထိုပိုးကောင်ငယ်လေးဟာ သနားဖို့ကောင်းအောင် ကြိုးစားနေတဲ့ ကလေးမလေးအဖြစ် ပြောင်းလဲသွားပြန်၏။
သူ့စိတ်ထဲတွင် အတွေးတစ်ခုဖြင့် ဓား၏ ရည်ရွယ်ချက်သည် တုန်ခါသွားရာ ပိုးကောင်သည် ဝမ်းနည်းစွာ အော်ဟစ်နေပြန်သည်။
"ငါမလုပ်ရဲတော့ပါဘူး.... မလုပ်ရဲတော့ပါဘူး"
ပိုးကောင်က တစ်ဖန်သူ့အသွင်ကို ပြောင်းလဲလိုက်ပြီး ယခင်က ရွာသူကြီး အသွင်အပြင်သို့ ပြန်ရောက်သွားခဲ့သည်။ လုရွှမ်ရဲ့ သေမင်းလို အကြည့်အောက်မှာ တံလျှပ်သားရဲက သူ့ဇာတ်လမ်းကို အမြန်ပြောပြပြီး ဘာမှမဖုံးကွယ်ဝံ့တော့ပေ။
လူဘယ်နှစ်ယောက်သေပြီး ဘယ်လောက်အသက်ဆုံးရှုံးခဲ့ရတယ် ဆိုတာကအစ အားလုံးကို အပြည့်အ၀ တွက်ချက်ပြီး ပြောပြလာသည်။ ဒီနေရာမှာ ပိတ်မိနေတဲ့ ကျင့်ကြံသူတွေရဲ့ ကျင့်စဥ်၊ လျှို့ဝှက်သိုင်းစွမ်းရည်များနှင့် အတွေ့အကြုံများ ပါရှိသော ရတနာများ အားလုံးအကြောင်းကိုလည်း တင်ပြခဲ့သည်။
လုရွှမ်ကတော့ သဘာဝကျကျပဲ သူစုဆောင်းထားတဲ့ အရာအားလုံးကို အပြောင်ရှင်းပစ်ခဲ့၏။
ဤနေရာသည် အမှန်တကယ်ကို ဝေးလံခေါင်သီပြီး လူသူမနေထိုင်နိုင်သော နေရာတစ်ခုဖြစ်သည်။ ပြန်သွားလိုပါက တစ်ရက်လောက် သွားလျှင် သူ့အား အဝေးသို့ ပို့ဆောင်နိုင်သည့် လျှို့ဝှက် ပို့ဆောင်ခြင်းအစီအရင် တစ်ခု ရှိလေသည်။ [TN - အရင်က နေရာပြောင်းအစီအရင်ဟု ဘာသာပြန်ခဲ့ဖူးသည်]
"မင်းအခု ငါ့ကို လွှတ်ပေးလို့ရပြီလား?"
လုရွှမ်က လှောင်ပြောင်ပြီး "မင်းဘာလို့ ဒီလောက် နုံအနေတာလဲ? ဆန်းကြယ်ကောင်းကင် အိမ်တော်က ငါ့ကို ဒီကိုလာဖို့ ညွှန်ပြထားခဲ့တာ သေချာပါတယ်... ဒါပေမဲ့ မင်းပြောသမျှက ငါရဲ့ ရွှမ်ထျန်းတံဆိပ်ပြားနဲ့ ဘာမှမဆိုင်ဘူး....ဘာလို့ ဖုံးကွယ်ချင်နေသေးတာလဲ? ဒီအရာကို မင်းအသက်ထက်တောင် ပိုအရေးကြီးလို့လား?"
ပိုးကောင်ရဲ့ မျက်နှာက ဖြူဖျော့သွားကာ နာကြည်းသော အကြည့်များဖြင့် စူးစိုက်ကြည့်လာကာ။
"မင်းငါ့ကို မလွှတ်ပေးဘူးဆိုတာ ငါသိတယ်.... ဒီလိုဆိုမှတော့ အတူတူသေကြတာပေါ့"
သူ့ခန္ဓာကိုယ်က ခုန်တက်လာပြီး ပေါက်ကွဲတော့ဖို့ ကြိုးစားလိုက်သည်။
လုရွှမ်လည်း အံ့အားသင့်ပြီး ဝမ်းသာသွားသည်။ သူ အံ့သြတာက တစ်ဖက်လူက ဒီလိုလုပ်မယ်လို့ မထင်ထားခြင်းပင်။ ဝမ်းသာသွားတာက အဲဒီပစ္စည်းက အလွန်အရေးကြီးတဲ့ အတွက် ပိုးကောင်က သူ့ဘဝကိုတောင် စွန့်လွှတ်နိုင်လိုက်တာပါပဲ။
သူ့စိတ်တွေ လှုပ်ရှားလာတာနဲ့အမျှ သူ့ဓားတန်ခိုးက ကြောက်စရာကောင်းစွာ ဖြတ်သန်းသွားသည်။ ပိုးကောင်ငယ်လေးသည် အူသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်ကလည်း ခပ်မှိန်မှိန်လေးပဲ ရှိတော့၏။
"ပိုးကောင် မင်းဘာလို့ စိတ်ရှုပ်ခံနေတာလဲ? ဘာလို့ မစဉ်းစားနိုင်ရတာလဲ? အသက်ထက် ပိုတန်ဖိုးရှိတဲ့အရာက ဘာရှိသေးလို့လဲ? မဟုတ်ဘူးလား ငါတို့နဲ့ စကားကောင်းကောင်း ပြောရအောင်လား"
လုရွှမ်က ပြုံးပြီး ပိုးကောင်အနားကို လှမ်းလာကာ သူ့ပုခုံးကို ပုတ်လိုက်သည်။ ထို့နောက် ကြင်နာသော မျက်နှာထားဖြင့် ဆိုလိုက်သည်။
ပိုးကောင်မှာ အလွန်မောပန်း နွမ်းနယ်နေသလို အလွန်လည်း စိတ်ရှုပ်နေပါ၏။
"မင်းငါ့ကိုမသတ်ဘူးလား?"
လုရွှမ်က ပခုံးတွန့်ပြပြီး
"မင်းကိုသတ်မယ်လို့ ဘယ်သူပြောလို့လဲ? ဪ မင်းက မင်းသတ်ခဲ့တဲ့ လူတွေအကြောင်းကို ပြောနေတာလား? သူတို့ကငါ့လောက် မသန်မာဘူး... မတတ်နိုင်ဘူးလေ သူတို့အတွက် လက်စားချေဖို့ ဆိုတာက ကျစ် ကျစ်... မင်းက အရမ်းအရမ်းကို တွေးနေတာပဲ ငါ့ကိစ္စမဟုတ်ရင် ငါလုံးဝ ဂရုမစိုက်ဘူး"
"ဒါပေမဲ့ ဘာလို့ ရွှမ်ထျန်းတံဆိပ်ပြားက ငါတို့ကို မင်းဆီ ထပ်ခါထပ်ခါ လာခိုင်းနေတာလဲ? အဲဒါကိုပဲ ငါတကယ် ဂရုစိုက်တယ်"
နောက်ဆုံးတော့ ပိုးကောင်က လုရွှမ်ကို ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး ပြောလာခဲ့သည်။
"ဘာပဲဖြစ်ဖြစ် ငါက သူတို့ရဲ့ ကောင်းကင်စာအုပ်တစ်အုပ်ကို ခိုးယူသွားတယ်လို့ သံသယဝင်နေကြတာ အဲဒါကြောင့် ရွှမ်ထျန်းတံဆိပ်ပြားက မင်းတို့ကို ဒီနေရာ ညွှန်ပြနေတာ ဒါပေမဲ့ ငါလုံးဝ ခိုးယူခဲ့တာ မရှိခဲ့ပါဘူး.... ငါ့အစွမ်းနဲ့ ခိုးသွားလို့ရပါ့မလား? ငါ မတရားစွပ်စွဲခံရတာပါကွာ.."
လုရွှမ် ထိုပိုးကောင်ကို ငုံ့ကြည့်လိုက်သည်။ ဤပိုးကောင်သည် ကောင်းကင်ဘုံသခင် အဆင့်ထိသာ ကျင့်ကြံထားသော်လည်း သူရဲ့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နိုင်စွမ်းကတော့ အားကောင်းနေသေးသည်။ သူ့ကိုယ်ပိုင် ခွန်အားသည် နည်းနည်းတောင် မဆိုးရွားပေ။