← Chapters

ကောင်းကင်စာအုပ်ရဲ့ အစိတ်အပိုင်း ရှစ်ခု

Vol. 68 Ch. 4.535

ကောင်းကင်စာအုပ်ရဲ့ အစိတ်အပိုင်း ရှစ်ခု

Vol. 68 Ch. 4.535

"ကောင်းကင်စာအုပ်? ကောင်းကင်စာအုပ်က ဘာလဲ? နားထောင်ကြည့်ရအောင်"

ပိုးကောင်က ဒေါသတကြီး အော်လိုက်၏။

"အဲ့ဒီ အစုတ်ပလုတ် ကောင်းကင်စာအုပ်က ဒဏ္ဍာရီထဲက ကောင်းကင်ဘုံ၊ မြေကြီး၊ လူ၊ နတ်ဘုရား၊ အခင်းအကျင်း၊ လက်နက်၊ အဂ္ဂိရတ်ဆေး၊ ဝိညာဥ်စွမ်းအင် စတဲ့ ဒဏ္ဍာရီရှစ်ခုကို ပြောတာပေါ့ဟ! ငါ့လိုလူက ဘယ်လိုလုပ် ခိုးနိုင်မှာလဲ? ခိုးနိုင်တယ် ဆိုရင်တော့ ငါ့ရဲ့ အရည်အချင်းနဲ့ ဘယ်လိုမှ နားမလည်နိုင်ဘူး!"

လုရွှမ် အံ့အားသင့်သွားသည်။

ရိုးရှင်းသော နာမည်ကို ကြည့်ရုံဖြင့် ကမ္ဘာပေါ်က အရာခပ်သိမ်း ပါ၀င်နေပြီ ဖြစ်သည်။

လုရွှမ်ရဲ့ မျက်နှာပေါ်က ထိတ်လန့်တုန်လှုပ်သွားတာကို မြင်လိုက်ရတော့ ပိုးကောင်က သဘောကျစွာ ရယ်မောလိုက်ပြီး

"ဘာလဲ? မင်းလည်း ကောင်းကင်စာအုပ် ရှစ်အုပ်ကို လိုချင်နေပြီလား? မင်းက လူဆိုး မဟုတ်လို့ ငါရိုးရိုးသားသားနဲ့ ပြော​ပြလိုက်မယ်... စိတ်ကူးယဥ်နေတာ ရပ်လိုက်တော့ မင်းရဲ့ခွန်အားနဲ့ဆို ဝေသေး!"

လုရွှမ်စိတ်ထဲ သတိပြန်ဝင်လာပြီး ပြုံးပြီးပြောလိုက်သည်။

"အဲ့တော့ ဘာဖြစ်လဲ? အနာဂတ်မှာ ကောင်းကင်စာအုပ် ရှစ်အုပ်ကို ရနိုင်မလားမှ မပြောနိုင်သေးတာ... ဒါမှမဟုတ် ကောင်းကင်စာအုပ်ရှစ်အုပ်လုံးတောင် စုဆောင်းနိုင်လောက်တယ်လေ"

ပိုးကောင်က ကျယ်လောင်စွာ ရယ်မောရင်း လုရွှမ်ရဲ့ ပုခုံးပေါ်ကို လက်တင်လိုက်သည်။

"သိပါတယ်... အစတုန်းက ငါလည်း အရမ်းကို စိတ်ကူးယဉ်ခဲ့တာပဲ ဒါပေမဲ့ နောက်ပိုင်းမှာ အရာအားလုံးက အိပ်မက်တစ်ခုပဲ အချည်းနှီးပဲဆိုတာ သိလာခဲ့တယ်လေ"

ဒီပိုးကောင် ဟန်ဆောင်နေလား မသိသော်လည်း လုရွှမ် ပြန်ပြောလိုက်ပါသေးသည်။

"ခင်ဗျားရဲ့ မွေးရာပါ မှော်စွမ်းအားအရဆို ဆန်းကြယ်ကောင်းကင်အိမ်တော်က ကောင်းကင်အခင်းအကျင်း စာအုပ်ကို ရသွားခဲ့တာလို့ သံသယဝင်နေလောက်တယ် ဟုတ်တယ်မလား?"

ထိုအခါ ပိုးကောင်က ရယ်ရင်း

"ညီလေး... ငါလည်း သေရတော့မယ်... လူ​တွေပြောသလိုပဲ လူတွေက သေခါနီးရင် ကောင်းတာလုပ်ကြတယ်တဲ့... ဒီအစ်ကိုငါက မင်းကို ပြောပြလိုက်မယ်"

"ကောင်းကင်စာအုပ်က ရဖို့မလွယ်ဘူး.... သက်ရှိသတ္တဝါတိုင်း ရရှိနိုင်တဲ့အရာလည်း မဟုတ်ဘူး...အဲဒါကိုရဖို့ အခွင့်အလမ်းကောင်းနဲ့ ထူးကဲတဲ့ အရည်အချင်းတွေ လိုအပ်​သေးတယ်... တခြားလူတွေကို မပြောနဲ့ ဆန်းကြယ်ကောင်းကင် အိမ်တော်မှာရော ကောင်းကင်စာအုပ် တစ်အုပ်​​တောင် ရှိလိမ့်မယ်လို့ မင်းထင်နေတာလား? ဟားဟား... အားလုံးက အလိမ်အညာတွေ! ကောင်းကင်စာအုပ်က မသေချာသလို စကားလုံးတွေ၊ ရုပ်ပုံတွေနဲ့ ထိန်းသိမ်းထားလို့ မရဘူးကွ!”

"ဥပမာ ဆန်းကြယ်ကောင်းကင်အိမ်တော်မှာ ကောင်းကင်စာအုပ် နှစ်အုပ်ရှိတယ် ဆိုပါတော့ ... တစ်အုပ်က အခင်းအကျင်း ဖွဲ့စည်းတည်ဆောက်ပုံနဲ့ တစ်အုပ်က လူ! အဲဒါက ဆန်းကြယ်ကောင်းကင်အိမ်​တော် အခုချိန်ထိ ဖွံ့ဖြိုးတိုးတက်နေရတဲ့ အခြေခံအုတ်မြစ်ပဲ။ ဒါပေမဲ့ အဲဒါတွေကတော့ ဆန်းကြယ်ကောင်းကင်အိမ်တော်ရဲ့ တည်ထောင်သူတွေ ကောင်းကင်စာအုပ်တွေကို ဖတ်ရှုပြီး တည်ထောင်ခဲ့ကြတာ... သူတို့က ကြီးကျယ်တဲ့ အခွင့်အလမ်းနဲ့ သူတို့ရဲ့ဆန္ဒတွေကို မှတ်တမ်းတင်ခဲ့တယ်”

"မင်းပြော​ကြည့် အဲဒါကတကယ် ကောင်းကင်စာအုပ်ပဲလား? မဟုတ်ဘူး... အဲဒါက တခြားသူတွေရဲ့ နားလည်မှုပဲ။ ဒီလိုအရာက သင်ယူထိုက်လား... ဒါပေါ့ ထိုက်တန်တယ်လေ ဒါပေမဲ့ အမြင့်ဆုံးကို ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ဘူး"

သို့နှင့် လုရွှမ်လည်း

"ဘာလို့လဲဆိုတော့ ကိုယ်ရဲ့ အခြေခံအုတ်မြစ်က တစ်သမတ်တည်း မရှိဘူး... တခြားသူတွေလျှောက်တဲ့ လမ်းကို လိုက်နေလို့ မရဘူး"

ပိုးကောင်က လုရွှမ်ရဲ့ ပုခုံးကို ထပ်ပုတ်လိုက်ပြီး

"သိပ်မှန်တယ်ဟေ့! ဒါဆို ဆန်းကြယ်ကောင်းကင်အိမ်တော်က အရင်အိမ်​တော်လောက် မကောင်းရ​တော့တာလဲ? ထာဝရကမ္ဘာကြီး ဖြစ်တဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ သေးငယ်တဲ့ကမ္ဘာ​တွေထဲကို ကြည့်လိုက်ရင် ဘယ်ဂိုဏ်းကမဆို အောင်မြင်မှုတစ်ခု ရနေပြီလေ.... ကောင်းကင်စာအုပ် ရှစ်အုပ်ရဲ့ အကူအညီသာ ရနေရင် မျိုးဆက်တစ်ဆက်ထက် တစ်ဆက် ဘယ်လိုလုပ် ပိုဆိုးလာပါတော့မလဲ?"

"အခြေခံအုတ်မြစ်က မှားနေပြီ.... မင်းရဲ့ကိုယ်ပိုင်လမ်းကို ဘယ်လိုရှာမလဲ ဆိုတာသာ စဥ်းစား... သူများလမ်းစဥ်အတိုင်း လိုက်နေရင် ကိုယ့်လမ်းက သဘာဝကျကျနဲ့ ပိုကျဉ်းမြောင်းလာလိမ့်မယ်"

ပိုးကောင်က တခစ်ခစ်ရယ်ပြီး "ဒါဆို ညီအစ်ကို မင်း ကောင်းကင်စာအုပ်ကို လိုချင်သေးလား"

"လိုချင်တယ် ဒါ​ပေမဲ့ ဘယ်​လိုဖတ်​ရမှန်း မသိဘူး"

ပိုးကောင်က ရယ်မောပြီး ရှေးဟောင်းစာအုပ်တစ်အုပ်ကို ထုတ်ပစ်လိုက်သည်။ သမိုင်းဝင် အသက်ရှုသံက ရုတ်တရက် လုရွှမ်မျက်နှာကို ရိုက်ခတ်သွားသည်။ ရောင်ဝါသည် စိတ်ထဲကို စွဲမြဲသွား​စေကာ လူကို အံ့သြသွားစေသည်။

လုရွှမ်သည် ရှေး​ဟောင်းစာအုပ်၏ မျက်နှာပြင်ကို လက်ဖဝါးဖြင့် ထိလိုက်ရာ အနည်းငယ် အေးခဲသွားသလို ခံစားလိုက်ရသည်။ ဖြည်းညှင်းစွာဖွင့်ကြည့်လိုက်တော့ သူမြင်လိုက်ရတဲ့ အရာက စာအုပ်တစ်အုပ် မဟုတ်ဘဲ ကျယ်ပြန့်တဲ့ကမ္ဘာကြီး တစ်ခုလို့ ထင်ရလေသည်။

အခင်းအကျင်း ပုံစံများဖြင့် တည်ဆောက်ထားသော ကမ္ဘာကြီးပင်။

ရှေး​ဟောင်းစာအုပ်ကို ညင်သာစွာ ပိတ်လိုက်ပြီးနောက် လုရွှမ် သည် ဉာဏ်ပညာ အလင်းတန်းများဖြင့် ပိုးကောင်ကို ကြည့်လိုက်သည်။ တစ်ဖက်လူမှာလည်း လုရွှမ်ကို ထိတ်လန့်စွာ ကြည့်ရင်း။

"မင်းကြည့်ဖို့ မရွေးချယ်ဘူးလား?"

လုရွှမ်က အသက်ပြင်းပြင်း ရှူလိုက်ပြီး

"ရွေးမှာ... စောင့်ကြည့်ဖို့ ရွေးလိုက်မယ် ဒါပေမဲ့ အခု​တော့ မဟုတ်​သေးဘူး... ငါ့ရဲ့ အစွမ်းအစက ဘယ်လိုနေလဲ ငါအရင် ကြည့်ချင်​သေးတယ်... အခုဒီစာအုပ်က အရမ်းကောင်းနေပြီလို့ မြင်တယ်"

လုရွှမ်က ပြုံးရင်း

"ပိုးကောင် မင်းက ကောင်းတဲ့ စိတ်ဓာတ်တွေ ရှိနေတာကို မကောင်းဆိုးဝါး အပြုအမူတွေနဲ့ ဖုံးကွယ်ထားတာပဲ.... ဒီလိုစာအုပ်ကိုတောင် မင်းငါ့ကို ပေးခဲ့တယ် ဒီရှေးဟောင်းစာအုပ်က ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းသိတယ် ဒါတောင် မင်းက ငါ့ရင်ထဲမှာ မျိုးစေ့တစ်စေ့ကို စိုက်ဖို့မျှော်လင့်ပြီး ပစ်​​ပေးလိုက်တယ်...ဒါကို ငါ့နှလုံးသားထဲ သွင်းထားပြီး သင့်လျော်တဲ့ အချိန်ရောက်ရင် အမြစ်စွဲ အညှောက်ထွက်စေမှာလား?"

ပိုး​ကောင်ကလည်း "မင်းက ဘယ်သူလဲ? မင်း ဘယ်လိုလုပ် ဒီလောက် အေးအေးဆေးဆေး နေနိုင်ရတာတုန်း? မင်းရှေ့က စာအုပ်က ကောင်းကင်စာအုပ် တစ်အုပ်ဆိုတာ မင်းသိလား? အဲဒါက ကောင်းကင်စာအုပ် တစ်အုပ်ကွ! မင်း အရမ်းကြောက်စရာ ကောင်းတာပဲ"

လုရွှမ်က “လှည့်ကွက်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ တစ်စုံတစ်ယောက်က ထိန်းချုပ်ထားရင်... လက်နက်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ တစ်စုံတစ်ယောက်က ထိန်းချုပ်ထားရင် အဲဒါဟာ လေ့ကျင့်မှုပဲ ဖြစ်နေမှာ.... ကိုယ်ပိုင် ​မဖြစ်လာသလို လက်နက်ကလည်း ကိုယ့်ကျွန်ဖြစ်မသွားဘူး”

"ငါ့မှာ ဘာ့ကြောင့် ဒီလို စိတ်ထားရှိသလဲဆိုရင် မင်းမှာ နောက်ဘဝ ရှိခဲ့မယ်ဆိုရင် မင်း သဘာဝကျကျ နားလည်လိမ့်မယ် ထင်တယ်"

လုရွှမ် စကားပြီးဆုံးသောအခါတွင် ပိုးကောင်ငယ်လေးကို ဓားဖြင့် ထက်ခြမ်းခွဲ ခုတ်သတ်ပစ်လိုက်သည်။ ဖီးနစ်နတ်မီးသည် အထက်ဘက်သို့ တောက်လောင်သွားပြီး ပိုးကောင်လေးကို ပြာအဖြစ်သို့ လောင်ကျွမ်းပစ်လိုက်သည်။

သူ့လက်ထဲက ရှေးဟောင်းစာအုပ်ကို တစ်ချက်ကြည့်လိုက်စဥ် ရွှေကျီးကန်းရဲ့ အသံက ထွက်ပေါ်လာ၏။

"ကောင်လေး... မင်းတကယ် ရင်မခုန်ဘူးလား"

"ခုန်တာပေါ့.... ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုမှာ အရေးကြီးတာက စိတ်ကို ပြုစုပျိုးထောင်ဖို့ပဲ... ငါ့မှာ ဒီလို စိတ်ထားမျိုး ရှိလာရင် သဘာဝအတိုင်း ဖတ်သွားမှာ... အခုတော့ မင်းကို ပေးလိုက်မယ်"

လုရွှမ် ရှေးဟောင်းစာအုပ်ကို ကျောက်စိမ်း​ပြား အတွင်းသို့ ပစ်ထည့်လိုက်သည်။ ရွှေကျီးကန်းက ကျေကျေနပ်နပ်ပဲ ယူလိုက်ပြီး။

"ဟုတ်ပြီ ငါရားရားကို ပေးသုံးလို့ရတယ်... သူ့မှာ မင်းလို စိတ်ရှုပ်စရာတွေ မရှိဘူး"

ရွှမ်ထျန်းတံဆိပ်ပြားမှ တောက်ပသော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်သို့ ပြေးထွက်သွားခဲ့သည်။ လုရွှမ် တံဆိပ်ပြားကို တစ်ချက် မော့​ကြည့်လိုက်တော့ ၎င်းမှာ ဘယ်ကိုမှ မညွှန်ပြတော့ဘဲ ဝိညာဥ်စွမ်းအင် တချို့သာ ရစ်ဝဲနေသည်။

လုရွှမ်၏ နှလုံးသားနှင့် စိတ်ဝိညာဉ်များထဲ၌ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံသည် လူအိုတစ်ယောက်ရဲ့ ဂုဏ်သိက္ခာရှိ​သော အသံဖြစ်ပြီး သူစကား ပြောသောအခါတွင် နှစ်ပေါင်းများစွာ ဖြတ်ကျော်လာသော ဘဝရဲ့ အရိပ်အယောင်များ ရှိနေသည်။

ထိုလူ၏ ကျင့်ကြံမှုက ဘယ်လောက် အဆင့်မြင့်မှန်း မသိသော်လည်း ထိုသူ၏ စွမ်းအားသည် စိတ်ဝိညာဉ်နယ်ပယ်ရဲ့ အထက် သေချာပေါက် သို့မဟုတ် ၎င်းထက် သာလွန်နေမယ်လို့တော့ စိတ်ထဲမှာ ခံစားမိသည်။

ကောင်းကင်ယံသို့ မှင်စာတစ်ခု ပျံတက်သွားပြီး လုရွှမ်၏ မျက်လုံးများရှေ့တွင် လင်းလက်သွားခဲ့သည်။

"မင်းရဲ့စိတ်ထဲမှာ နိယာမစွမ်းအင်တွေကို ပြုပြင်ပြီး ဆန်းကြယ်ကောင်းကင်အိမ်တော်ရဲ့ တပည့်ဖြစ်လာစေမယ်... တစ်သက်လုံး သစ္စာမဖောက်ရဘူး"

လုရွှမ် အသက်ရှူထုတ်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအားကို ရုပ်သိမ်းလိုက်သည်။ ဝိညာဉ်စွမ်းအားကို အမိန့်​ပေး၍ နောက်ထပ် တံဆိပ်ပြားထဲ ပေါင်းထည့်လိုက်သော်လည်း တူညီသောအသံနှင့် တူညီသော စကားသာ ထွက်ပေါ်လာသည်။

"အရမ်းကောင်းသလို ဘာအကျိုးအမြတ်မှ မရှိဘူး...သစ္စာမဖောက်ရတဲ့ စကားပဲ ရှိတယ်"

လုရွှမ် တံဆိပ်ပြား နှစ်ခုကို ကျောက်စိမ်း​ပြားထဲကို တိတ်တဆိတ် ပစ်ထည့်လိုက်ပြီး ၎င်းတို့အား ပြင်ပကမ္ဘာနဲ့ ဆက်သွယ်မှုကို လုံးဝဖြတ်တောက်ပစ်လိုက်၏။

ယခင် ပိုးကောင်ကပြောသော လမ်းညွှန်ချက် အတိုင်း ထွက်လာပြီးနောက် စွန့်ပစ်ထားသော ပို့ဆောင်ခြင်းအစီအရက် တစ်ခုကို အမှန်တကယ် တွေ့ခဲ့ရသည်။ သူတော်စင် ယွမ်သလင်းကျောက်ကို တပ်ဆင်ပြီးနောက် ပို့ဆောင်ခြင်းအစီအရင်က တဖြည်းဖြည်း တောက်ပလာခဲ့သည်။ လုရွှမ် အလွန်ဝမ်းသာသွားကာ အနီးဆုံးမြို့ကို အလျင်အမြန် ရွေးချယ်ကာ ထိုနေရာသို့ ထွက်လာခဲ့သည်။

ဘယ်လောက် ဝေးကွာလဲမသိရသော ရှေးဟောင်းလျှပ်စီး မြို့တော်တွင် သူတော်စင်နယ်ပယ်က လုရွှမ် သည် ကောင်းကင်ဘုံသခင် များစွာကို လှည့်စားပြီး နတ်မီးနယ်ပယ်များပင်လျှင် ဖမ်းလို့မမိခဲ့တဲ့ အကြောင်းက အချိန်တိုအတွင်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

တချို့က ယုံကြသည့် ကောလဟာလများ ရှိနေသော်လည်း တကယ့် မန်ဟွမ်နတ်ဘုရား မျှော်စင်ကတော့ မထွက်ခွာသွားသေးဘဲ အောင့်မိသားစု၏ ဘိုးဘွားခန်းမထဲတွင် မြှုပ်နှံထားဆဲဖြစ်သည်။ သို့သော် လူအများစုသည် မန်ဟွမ်နတ်ဘုရားမျှော်စင်ကို ရရှိသွားသူက လုရွှမ် ဖြစ့ကြောင်း ယုံကြည်ရန် ရွေးချယ်ထားကြသည်။

တစ်ချိန်က လုရွှမ်သည် အလွန်ကျော်ကြားခဲ့သော်လည်း ယခုအခါတွင် ရှေးဟောင်းလျှပ်စီးကမ္ဘာတွင် သာမက တချို့သော တိကျစ်ကမ္ဘာများတွင်ပင် လူသိများလာခဲ့သည်။

ဒါပေမဲ့ လုရွှမ် ဘယ်​ရောက်သွားလဲတော့ ဘယ်သူမှ မသိကြချေ။

ရှေးဟောင်း လျှပ်စီးမြို့တော်၌ ကမ္ဘာငယ်လေးများမှ လာသော သခင်များ တဖြည်းဖြည်း ဆုတ်ခွာသွားပြီး ရှေးဟောင်း လျှပ်စီးမြို့တော်ဟာလည်း ၎င်း၏ ယခင်က သာယာဝပြောမှုနှင့် တည်ငြိမ်မှုဆီသို့ တဖြည်းဖြည်း ပြန်သွားနေတော့သည်။

All Chapters