← Chapters

ကျာမင်

Vol. 68 Ch. 4.536

ကျာမင်

Vol. 68 Ch. 4.536

ဝေးလံခေါင်သီသော ပြည်နယ်ငယ်လေး ဟန်ကျိုးသည် ကုန်းမကြီး၏ အရှေ့မြောက်ဘက်ခြမ်းတွင် တည်ရှိပြီး နှစ်ဖက်စလုံးတွင် ပင်လယ်သုံးစင်းက ဝန်းရံထားပြီး ပါးလွှာသော ဝိညာဉ်စွမ်းအင်များလည်း ရှိသည်။ သို့သော်လည်း ပင်လယ်ကြမ်းပြင်သည် မီးတောင်များဖြင့် ဖုံးလွှမ်းထားသောကြောင့် ပတ်ဝန်းကျင်ပင်လယ်ရေသည် ပူနွေးပြီး အာဟာရဓာတ်များ ကြွယ်ဝသောကြောင့် ဤနေရာတွင် ပင်လယ်သားရဲ အများအပြား စုရုံးနေရာ ကျင့်ကြံသူ များစွာကိုလည်း ဆွဲဆောင်သွားနိုင်ခဲ့သည်။

ယခုအချိန်တွင် ဟန်ကျိုးရှိ ပင်လယ်အပြင်ဘက်က ကျွန်းငယ်တစ်ခု​၏ တောရိုင်းတောင်ပေါ်တွင် ဝိညာဉ်စွမ်းအင် အလင်းရောင် တစ်ခု လင်းလက်လာပြီး ကျောက်ဆောင်များကြားတွင် ငြိမ်သက်စွာ ပေါ်လာသည်။

လုရွှမ် ရှေ့သို့ ခြေလှမ်းအနည်းငယ် တရွေ့ရွေ့ လျှောက်သွားကာ သူ့ခန္ဓာကိုယ်သည် ကျောက်စာတိုင်တစ်ခုအား တိုက်မိသွားသည်။ ဝုန်းခနဲ အသံနှင့်အတူ ကျောက်စာတိုင်က ကွဲအက်သွားပြီး ကျောက်တုံးများ လွင့်ထွက်သွားသည်။

ထွီး!

လုရွှမ်သည် အကြိမ်ပေါင်းများစွာ ဆက်တိုက် တံတွေးများကို ထွေးထုတ်ပြီးမှာ နောက်ဆုံးတွင် ရပ်လိုက်သည်။

လမ်းတစ်လျှောက်တွင် ပို့ဆောင်ခြင်းအစီအရင်ကို ဆက်တိုက် စီးလာခဲ့ရာ အကွာအဝေးက အရမ်းကြီး မကြီးမားတာကြောင့် လုရွှမ် အံ့သြသွားခဲ့သည်။ ညွှန်ထားပြသော မြို့သည် အစောကတည်းက ပျက်စီးသွားခဲ့ပြီ။

နောက်ဆုံး ပို့ဆောင်ခြင်းအစီအရင်သည် သူ့ကို ပို့ပြီးနောက် ကွယ်ပျောက်သွားလေ၏။ ကံကောင်းထောက်မစွာနဲ့ လုရွှမ်သည် အစီအရင် သို့တည်းမဟုတ် အခင်းအကျင်း ဖွဲ့စည်းခြင်း အကြောင်းကို ခိုင်မာစွာ နားလည်ထားခဲ့သည်။ သူသည် အခင်းအကျင်း စာအုပ်ကိုဖတ်ပြီး သူ့ပတ်ဝန်းကျင်တွင် အာကာသ သလင်းကျောက်တွေလည်း များစွာရှိနေခဲ့သည်။ သူ ထိုပို့ဆောင်ခြင်း အစီအရင်ကို ပြုပြင်နိုင်ခဲ့ပြီး နောက်ဆုံးတွင် ဒီနေရာအထိရောက်အောင် ထွက်ခွာလာနိုင်ခဲ့သည်။

ဒါပေမဲ့ ဒီခရီးက တကယ်ကို အမိုက်စားပါပဲ။ လုရွှမ် အလျင်စလို မပြေးထွက်သွားဘဲ ရပ်ကြည့်နေလိုက်သည်။

သူ့ရှေ့က မြင်ကွင်းဟာ ကျယ်ပြောလှသော ပင်လယ်ပြင်ထဲ ဆိတ်ကွယ်ရာ နေရာတစ်နေရာ ဖြစ်တာကို မြင်လိုက်ရသည်။ နောက်ကြောင်း ပြန်ကြည့်လိုက်တော့ ပို့ဆောင်ခြင်းအစီအရင်မှ ကျန်တဲ့အပိုင်းကို သူမြင်လိုက်ရပေမယ့် အဲဒီထဲကို ထပ်မဝင်ရဲတော့ပါဘူး။

သူ တုံ့ဆိုင်းနေချိန်တွင် အဝေးမှ အလင်းတန်းတစ်ခု လင်းလက်လာသည်။ လုရွှမ် ချက်ချင်း သူ့ရဲ့ နေမျက်လုံးကို ပွင့်ကြည့်လိုက်သော် အမှန်မှာ ဓားအလင်းတစ်ခု ဖြစ်​​​နေသည်။ လုရွှမ် လေထုထဲ လျင်မြန်စွာ ခုန်တက်သွားကာ ဓားအလင်းဆီသို့ ပြေးထွက်သွားလေသည်။

နီးကပ်လာတဲ့အခါတွင် ပင်လယ်သားရဲနှင့် တိုက်ခိုက်နေသော ကျင့်ကြံသူ တစ်ယောက် ဖြစ်ကြောင်း သိလိုက်ရသည်။

ပင်လယ်သားရဲသည် ကြီးမားသော ခန္ဓာကိုယ်​​ကြီးရှိပြီး ပင်လယ်အထက်တွင် မျောပါနေသော ကျွန်းငယ်နှင့်ပင် သွားတူနေ၏။ သူ့ခန္ဓာကိုယ်မှ ရေများလည်း ရံဖန်ရံခါ ထွက်ကျလာ​သေးသည်။

မဟာသူတော်စင် ကျင့်ကြံသူသည် ဝေဟင်ထက်၌ ပျံဝဲနေကာ ဓားရှည်ကို လက်ထဲတွင် ကိုင်ဆိုင်ဆောင်ထားသည်။ သူ့ အရှိန်အဟုန်က နှေးကွေးနေပြီ။ ရင်ဘတ်မှာ သွေးများလည်း ပြည့်လျှံကာ အလွန်ရှက်ရွံ့နေပုံလည်း ပေါ်သည်။

တစ်ဖက်က ကျင့်ကြံသူတွေကို စားတဲ့ ပင်လယ်သားရဲကြီးပဲ!

လုရွှမ်ရဲ့ လမ်းကြောင်းသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ရောက်လာပြီး လူတစ်ဦးနှင့် တိရစ္ဆာန်တစ်ကောင်၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်လေသည်။

“ဒီသူငယ်ချင်း ကျေးဇူးပြုပြီး ငါ့ကို ကူညီ​ပေးပါ!!”

ကျယ်လောင်စွာ အော်ဟစ်ရင်း ပင်လယ်သားရဲ၏ ပက်ဖျန်းလာသော ရေစီးကြောင်းကို ထိတ်လန့်တကြားဖြင့် ရှောင်တိမ်းလိုက်သည်။ သူ၏ လက်မောင်းမှာ ရေစီးကြောင်း၏ ရိုက်ခတ်မှုကြောင့် အပေါက်ကြီး ဖြစ်သွားသည်။

လုရွှမ် အနီးသို့ ပျံသန်းသွားပြီးနောက် ထိုရေစီးကြောင်းက သိသိသာသာ ထူးထူးခြားခြား ဖြစ်နေတာကို သတိပြုမိလိုက်သည်။ ၎င်းသည် နေရောင်ထဲအောက်တွင် ရောင်စုံအလင်းများ ပေါ်နေကာ ပြင်းထန်သော စွမ်းအားကို စုစည်းထားသည်။ လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားသည် ပိုမိုနီးကပ်လာပြီး ၎င်းကို သိရှိရန် ကြိုးစားသော်လည်း ထွက်ပေါ်လာသော စိတ်ဝိညာဉ်စွမ်းအားက တိုက်ရိုက် ပျောက်ကွယ်သွားခဲ့သည်။

လုရွှမ် အရမ်းထိတ်လန့်သွားပြီး ထပ်မကြိုးစားတော့ပေ။

ကျင့်ကြံသူရဲ့ မျက်နှာက အေးခဲသွားပြီး စစ်ကူရမယ်လို့ သူတွေးထားပေမယ့် သူတော်စင်နယ်ပယ်က ကြွလာမယ်လို့ မမျှော်လင့်ထားချေ။ သူက ကျယ်လောင်စွာ အော်ပြီး သူ့လက်ထဲက ဓားရှည်ကြီးကို ထုတ်ကာ ဓားအလင်းတစ်ချက် ဖောက်ခွဲ၍ လှည့်ထွက်ပြေးသွားသည်။

လုရွှမ်ရဲ့ မျက်လုံးများ အေးစက်သွားသည်။ ရှင်းပါတယ်။ ဒီလူက သူ့ကိုယ်သူ လွတ်မြောက်နိုင်ဖို့ မိမိအား ဆိတ်တစ်ကောင်လို အသုံးချချင်ခဲ့တာပင်။

ဓားရှည်သည် ပေါက်ကွဲသံနှင့်အတူ တစ်စစီ ပေါက်ကွဲသွားကာ သန့်စင်သော ဝိညာဉ်အနှစ်သာရ စီးကြောင်းများ ထွက်လာပြီး တောက်ပသော အလင်းရောင်များ ဖြစ်ပေါ်လာသည်။

တောက်လောင်​​နေသော အလင်း စွမ်းအားသည် အရပ်မျက်နှာ အရပ်ရပ်သို့ ပြန့်ကျဲသွားပြီး ရေမျက်နှာပြင်ပေါ်ကိုပါ လှုပ်ယမ်းသွား​စေသည်။

ဓားအပိုင်းအစနဲ့ စွမ်းအင်တွေက အစိတ်စိတ် အမွှာမွှာများ လွင့်ပျံလာပြီး ပင်လယ်သားရဲနှင့် လုရွှမ်တို့ထံကို ပစ်လွှတ်လိုက်သည်။ ချွင်းကနဲ အသံတစ်ခု ထွက်ပေါ်လာပြီး ဓားအပိုင်းအစများက အသားထဲသို့ ပစ်လွှတ်လိုက်သော အသံများ ထွက်ပေါ်လာသည်။

ပင်လယ်သားရဲသည် မာကျောသော အရေခွံရှိသော်လည်း ဓားဖောက်ခွဲကာ ပစ်လွှတ်လိုက်သော သက်ရောက်မှုကို မခံနိုင်ပေ။

ကျင့်ကြံသူက နောက်ပြန် လှည့်ကြည့်လိုက်တော့ နောက်ကျောဘက်မှာ မြူမှုန်ဖြူ​ဖြူတွေ ဖုံးအုပ်သွားတာကြောင့် ရှင်းရှင်းလင်းလင်း မြင်ရခက်သွား၏။

"ကောင်လေး ဒါ မင်းရဲ့ကံကြမ္မာပဲ...ငါ့ကို အပြစ်မတင်နဲ့"

ထိုကျင့်ကြံသူရဲ့ မျက်နှာက ရက်စက်မှုအပြည့်ဖြင့် လှည့်ပြီး အရှိန်နဲ့ ထွက်သွားလိုက်သည်။

လုရွှမ် မိုးနတ်ဘုရားဓားကို သူ့ရှေ့တွင် စက်ဝိုင်းသဏ္ဌာန် ဝှေ့ယမ်းကာ သူ့ဆီသို့ ပျံသန်းလာသော ဓားအပိုင်းအစများကို ပိတ်ဆို့၍ ရေထဲရှိ ပင်လယ်သားရဲဆီသို့ ပြန်လည် လွှင့်ပစ်လိုက်သည်။

ထို့နောက် အရှိန်ပြင်းပြင်းဖြင့် အစောက ကျင့်ကြံသူရဲ့ နံဘေးသို့ လျင်မြန်စွာ ပြေးဝင်သွားလိုက်ကာ လက်ဖဝါးတစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ကျင့်ကြံသူဟာ မဟာသူတော်စင် ဖြစ်နေပေမယ့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာလည်း ရနေတာကြောင့် လုရွှမ်ရဲ့ပြိုင်ဘက် ဖြစ်နိုင်စရာ အကြောင်းမရှိချေ။

လုရွှမ် သူ့လက်​ကောက်ဝတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်လာတဲ့အခိုက် သူ့ခမျာ သေမတတ် ထိတ်လန့်သွားပြီး

"မင်းဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ? မင်း လူလား သရဲလား?"

လုရွှမ် သူ့နောက်ကျောကို ရိုက်ချလိုက်ပြီး

"မသေချင်ရင် လမ်းပြ!"

ထိုကျင့်ကြံသူမှာ မနာခံဘဲ မနေဝံ့တဲ့အတွက် တိတ်တဆိတ် လှည့်ကြည့်မိတော့ ပင်လယ်သားရဲမှာ ဘယ်ရောက်သွားလဲ မသိသလို ဘာအသံမှလည်း မကြားရတော့ချေ။ သေသွားတာလား ထွက်ပြေးသွားတာလားတော့ သေချာမသိပေ။ သူ့ရှေ့ကလူက သာမန်လူတော့ မဖြစ်နိုင်တော့ဘူး။

လုရွှမ် ဘယ်လောက် တန်ခိုးကြီးတယ် ဆိုတာကို သိလိုက်ရသဖြင့် ထိုကျင့်ကြံသူသည် သူ့ရင်ထဲကနေ နောင်တတရားများစွာကို ခံစားလိုက်ရသည်။

ထိုယောကျာ်းပျိုရဲ့ အရှိန်အဝါကို ကြည့်လိုက်လျှင် သားရဲက ပင်လယ်နက် တစ်နေရာသို့ နှင်ထုတ်ခံလိုက်ရတာ ထင်ရှား​ပေသည်။ လွတ်မြောက်ဖို့ အခွင့်အလမ်းကို ရခဲ့ပေမယ့် အခုကတော့ သေမင်းကို သွားရှာနေမိသလို ဖြစ်နေပြီ။

သူ့စိတ်ထဲမှာ အတွေးတွေ ဝေဝါးနေစဥ် လုရွှမ်ဆီမှာ သူတို့ဒီကနေ လွတ်မြောက်ဖို့ အခွင့်အရေးရှိနိုင်တဲ့အတွက် ဟန်ကျိုးကို ခေါ်သွားခဲ့သည်။ သူက သန်မာနေရင်တောင် ဘယ်သူဆီက လှည့်စားခံရမယ်ဆိုတာ မပြောနိုင်သေးဘူးလေ။

လုရွှမ်သည် စိတ်ဝိညာဉ် စွမ်းအားကို အနီးတစ်ဝိုက်တွင် ဖြန့်ကျက်ထားတာကြောင့် ထိုကျင့်ကြံသူ၏ ထိတ်လန့်မှုနှင့် ရက်စက်မှုကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သူ့စိတ်ထဲတွင် လှောင်ရယ်နေမိ၏။ ဤလူသည် တကယ့်ကို စိတ်အေးလက်အေး သတ်ပစ်သင့်တဲ့ လူပဲ။

"ဒီကမိတ်ဆွေ ကျုပ်က ကျာမင်ပါ... ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ?"

သူတို့ နှစ်ယောက် ခဏလောက် ပျံသန်းသွားကြပြီးနောက် နှစ်ယောက်ကြားက အငွေ့အသက်တွေက ကမောက်ကမ ဖြစ်ကုန်တော့ ထိုကျင့်ကြံသူက စကားစလိုက်သည်။

"အိုး တစ်မိသားစုတည်းကကိုး..ငါက ကျာရန်"

လုရွှမ်က ဆိုလိုက်သည်။

ကျာမင်က နာမည်အတု ဖြစ်နိုင်သလို သူ့ရဲ့ ကျာရန်ကလည်း နာမည်အတုပါပဲ။

ကျာမင်က အတင်းအကျပ် လုပ်ပြုံး ပြုံးလိုက်ပြီး

"လတ်စသတ်တော့ တစ်မိသားစုတည်းကိုး ဟားဟား... အစ်ကိုကျာ ဘယ်ကလာပြီး သမုဒ္ဒရာထဲက ဘယ်လိုလုပ် ထွက်လာတာလဲ မသိဘူးနော်"

"ကိစ္စရှိလို့!"

လုရွှမ် အေးစက်စွာ ပြောလိုက်သည်။

ကျာမင်က 'ဪ' ဟုသာ ဆိုကာ ဆက်မမေးတော့ချေ။ နောက်ဆုံးတွင် ကုန်းမြေကို လှမ်းမြင်လိုက်ရရာ လုရွှမ် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ နောက်ဆုံးတော့ ပြည်မကြီးထဲသို့ ပြန်ရောက်ရှိလာခဲ့ပြီ။

လမ်းတလျှောက် တွေ့ခဲ့ရတဲ့ ကျွန်းတွေက တကယ့်ကို လူဆိတ်ညံလွန်းသည်။ သူတစ်ခါမှ ဒီလို အခိုက်အတန့်မျိုး တစ်ခါမှ မကြုံဖူးဘူး။

"အစ်ကိုကျာ ကျုပ်မှာ နေရာတစ်​နေရာ ရှိတယ်... အတူတူသွားစားဖို့ ကျုပ်နေရာကို သွားကြရင်ရော?"

"မလိုပါဘူး မင်းသေလို့ရပြီ"

ကျာမင် စိတ်ရှုပ်သွားပြီး ထိတ်လန့်တကြားနဲ့ ပြန်ကြည့်လိုက်သည်။

"မင်းဘာကိုဆိုလိုတာလဲ?"

"မင်းရဲ့လူတွေကို ခေါ်လိုက်.... ငါတို့ ဒီကိုတောင် ရောက်နေပြီ... ဘာတွေ ဟန်ဆောင်နေ​သေးတာလဲ"

ကျာမင်ရဲ့ အမူအရာလည်း နောက်ဆုံးတွင် ပြောင်းလဲသွားပြီး

"မင်းငါ့ကို ငရဲပြည်သွားခိုင်းနေတယ်ပေါ့... မင်းလည်း သွားသေလိုက်တော့!"

သူ့လက်ဖဝါးမှာ သင်္ကေတတစ်ခု ပေါ်လာပြီး တစ်ဆက်တည်း ပင်လယ်သားရဲ တစ်ကောင်က လေထုအလယ်ကနေ ပါးစပ်ကြီးကို ဖွင့်ဟပြီး လုရွှမ်ကို လှမ်းကိုက်လိုက်သည်။

ပင်လယ်သားရဲက ဆင်ကြီးတစ်ကောင်လောက်တော့ မကြီးပါဘူး။ ဒါပေမဲ့ သူ့ပါးစပ်ကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ လုရွှမ်တစ်ကိုယ်လုံးကို ဝါးမျိုနိုင်လောက်တဲ့ အလွန်ကြောက်စရာကောင်းတဲ့ တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာသလိုပင် ခံစားရ၏။

တဟုန်ထိုး စုပ်ယူလိုက်သော စွမ်းအားသည် ကြီးမားသော အနက်ရောင် ပါးစပ်ထဲမှ ထွက်လာပြီး လုရွှမ်ပင် သူ့ခန္ဓာကိုယ်က ခဏတာမျှ မတည်မငြိမ် ဖြစ်သွားသလို ခံစားလိုက်ရသည်။

ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ နတ်ဆိုးကြီးလဲ။

ကျာမင်က တဟားဟား ရယ်မောလိုက်ပြီး

"ကောင်လေး.... မင်းမှာ ထူးခြားတဲ့ လက်နှစ်ဖက်နဲ့ အရည်အချင်း နှစ်ခု ရှိတော့ရော ဘာဖြစ်လဲ? အခု ငရဲကို သွားပေတော့!"

All Chapters