← Chapters

ဖမ်းဝရမ်း

Vol. 68 Ch. 4.537

ဖမ်းဝရမ်း

Vol. 68 Ch. 4.537

"ကိုယ့်အဆင့်ကို မသိတဲ့ကောင်!"

လုရွှမ်ဆိုရင်း ခရမ်းရောင် မီးတောက်ပွင့်များကို ထိုသားရဲကောင်ရဲ့ ပါးစပ်ထဲသို့ ပစ်ချလိုက်​တော့သည်။

နောက်အခိုက်အတန့်မှာတော့ ပင်လယ်သားရဲမှာ စူးစူးဝါးဝါး အော်ဟစ်ကာ သူ့ရဲ့ခန္ဓာကိုယ်ဟာလည်း ပင်လယ်ရေထဲမှာ ပြင်းပြင်းထန်ထန် ရုန်းကန်နေရတော့သည်။ ၎င်းမှာ အင်မတန် ပြင်းထန်သော ဝေဒနာကို ခံစားလိုက်ရတာ သိသာပေ၏။

ဖီးနစ်နတ်မီးရဲ့ အပူချိန်က အလွန်မြင့်မားသောကြောင့် အနီးနားရှိ ရေများပင် အငွေ့ပျံသွားသည်။

ပင်လယ်ထဲမှ အစောက ပင်လယ်သားရဲလောက် အရွယ်အစား နီးပါးရှိသော သားရဲများ တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာကာ လုရွှမ်ကို အရူးအမူး တိုက်ခိုက်ကြ​​တော့သည်။

"ဟားဟားဟား... ကောင်လေး မင်း မသိဘူးမလား? ဒီပင်လယ်ရဲ့ ဧရိယာကို တားမြစ်ထားတာ ဘာကြောင့်လဲဆိုရင် ဒီလိုထူးဆန်းတဲ့ ငါးတွေရှိနေလို့လေ"

ကျာမင်သည် မာနကြီးပြီး ထေ့ငေါ့ငေါ့ အော်နေသော်လည်း နောက်အခိုက်အတန့်မှာတော် မယုံနိုင်စွာဖြင့် ပါးစပ်ကို တဖြည်းဖြည်း ​ပြန်ပိတ်လိုက်ရသည်။

လုရွှမ်ရဲ့ ခန္ဓာကိုယ်သည် လေထဲတွင် လွင့်မျောနေပြီး အောက်မှထူးဆန်းသော ငါးများသည် သူ့ဆီသို့ လျင်မြန်စွာ ပြေးလာနေသေးသော်လည်း သူ့အမူအရာကို ပြောင်းလဲစေခဲ့သော ထိုထူးဆန်းသော ငါးဟာ လုရွှမ်အတွက် လုံးဝခြိမ်းခြောက်မှု မဖြစ်လာခဲ့ပေ။

ဓားရှည်တစ်ချောင်းက သူ့ပတ်ဝန်းကျင်သို့ ပျံထွက်သွားကာ သူ့ပတ်ဝန်းကျင်ရှိ ထူးဆန်းသော ငါးများကို ဆက်တိုက် တိုက်ခိုက်နေသည်။ လုရွှမ်အပေါ် ကြောက်မက်ဖွယ် ကောင်းသော စုပ်ယူများက လုံးဝသက်ရောက်မှု မရှိပုံရသည်။

"မင်း မင်း ဘယ်သူလဲ" ကျာမင် လုံးဝ ထိတ်လန့်သွားသည်။

"မင်း မစော်ကားသင့်တဲ့လူ!"

ဓားတစ်ချောင်း ပြေးထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း ကျာမင်၏ ဦးခေါင်းသည် မြေပြင်ပေါ်သို့ ​ပြုတ်ကျသွား​လေသည်။

မီးတောက်တစ်ခု ပေါက်ကွဲသွားစဥ် ကျာမင်ရဲ့ ခန္ဓာကိုယ်ကို ပြာဖြစ်သွားတဲ့အထိ လောင်ကျွမ်းသွားစေခဲ့သည်။ ကုန်းမြေသို့ ပျံသန်းပြီးနောက် လုရွှမ်သည် သင်္ဘောကျင်းထဲတွင် သူ ကျာမင်ကို ခေါင်းဖြတ် သတ်လိုက်တာ လူတွေအများကြီး မြင်လိုက်ကြောင်း တွေ့လိုက်ရသည်။

လုရွှမ် ထိုလူများကို အလေးအနက် မထားခဲ့ပေ။ ထိုသူအများစုမှာ သူတော်စင်နယ်ပယ်များနှင့် မဟာသူတော်စင် နယ်ပယ်များသာ ရှိကြသည်။

"လူငယ်လေး... မင်း ဟွမ်ထောင်ကို မသတ်ခဲ့သင့်ဘူး.... သူက ဟန်ကျိုးမှာရှိတဲ့ ဟွမ်မိသားစုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူပဲ သူ့ကိုသတ်ရင် ဟွမ်မိသားစု တစ်ခုလုံးကို စိတ်အနှောင့်အယှက် ဖြစ်စေတာနဲ့ အတူတူပဲ..."

ကောင်းကင်ဘုံသခင် တစ်ယောက်က ရုတ်တရက် ဟစ်အော်လိုက်ပြီး လုရွှမ်ကို ကြည့်ကာ မြေပြင်ပေါ် ရပ်လိုက်သည်။

လုရွှမ် မျက်လုံးများက ထိုကောင်းကင်ဘုံသခင်ကို တစ်ချက် ကြည့်လိုက်သည်။ ထိုလူကသူ့ကို ရည်ရွယ်ချက် ကောင်းဖြင့် သတိပေးနေတာ ဖြစ်ကြောင်း သိလိုက်တာကြောင့် လုရွှမ်လည်း လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

"ဟွမ်မိသားစုက ကန့်ကွက်စရာရှိရင် ကျုပ်ကို လာရှာခိုင်းလိုက်!"

လုရွှမ် ​ပြောပြီး​နောက်​ သူသည်​ မြို့ဆီသို့ ​ထွက်သွားခဲ့သည်​။

ဤအဆင့်သို့ ရောက်လာသောအခါ သူ့အတွက် အစာနှင့်ရေ မလိုအပ်တော့ချေ။ ဝိညာဉ်စွမ်းအင်များ ရှိနေသရွေ့ သဘာဝကျကျ အာဟာရ စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားမှာပဲ ဖြစ်သည်။

ဒါပေမဲ့ ကျင့်ကြံသူတွေတိုင်း မစားချင်​ကြတော့ဘူးလို့ မဆိုလိုပေ။ တချို့ ကျင့်ကြံသူတွေကတောင် တစ်နေ့ကို သုံးနပ်စားတဲ့ အကျင့်ကို စွဲမြဲနေကြတုန်းပါပဲ။

လုရွှမ်မှာ အလွန်ပင်ပန်းနေပြီဖြစ်ပြီး သေခြင်းတရားမှ ဆက်တိုက် လွတ်မြောက်လာရပြီးနောက် သူ့စိတ်သက်သာရာရအောင် ကောင်းကောင်း အနားယူချင်လာသည်။

ဒီဒေသမှာ ကျင့်ကြံသူတွေ သိပ်မရှိတာကြောင့် ထုံးစံအတိုင်း မြို့ကလည်း သိပ်မကြီးချေ။ လုရွှမ် စားသောက်ဆိုင် တစ်ဆိုင်ရှေ့ကို ရောက်သွားသည်။ အပေါ်ထပ်သို့ တက်ကာ သေရည်တစ်အိုး မှာပြီးနောက် ဝမ်းသာအားရ သောက်လိုက်သည်။

ဒီနေရာက အရမ်းဝေးလံပေမယ့် ချက်ထားတဲ့ သေရည်က ကောင်းနေမယ်လို့ သူတကယ် မမျှော်လင့်ထားချေ။ ပင်လယ်နဲ့ နီးတာကြောင့် ပထမဆုံး မြည်းစမ်းကြည့်တဲ့ အခါမှာ ရေနံ့ မွှေးကြိုင်ပေမယ့် သေချာ မြည်းစမ်းကြည့်တဲ့အခါမှာတော့ ကျယ်ပြန့်တဲ့ သမုဒ္ဒရာ အရသာကိုပင် ခံစားရလေသည်။

သူ့နှလုံးသားထဲတွင် သေရည်ရနံ့များ တဝဲလည်လည် ဖြစ်နေပြီး အရသာ လှိုင်းများကို ခံစား​နေသည်။

ဝှစ်ဝှစ်!

အောက်ထပ်မှ လူတစ်စု စားသောက်ဆိုင်ထဲသို့ ဝင်လာသည်။ သူတို့က သူတို့ရဲ့ ပြင်းထန်သော အရှိန်အဟုန်ကို ဖုံးကွယ်ထားခြင်း မရှိပေ။ ထို့ကြောင့် ပတ်ဝန်းကျင်က ကျင့်ကြံသူတွေလည်း မျက်မှောင်ကြုတ်ပြီး မကျေမနပ် ဖြစ်ကုန်ကြသည်။

သို့သော် ခေါင်းဆောင်ကို တွေ့ပြီးနောက် ဧည့်သည်များသည် တစ်ယောက်ပြီး တစ်ယောက် လူစုခွဲကုန်ကြပြီး တချို့လူတွေပင် ၎င်းတို့၏ ပစ္စည်းများကို လှိမ့်ကာ ထွက်ခွာသွားကြသည်။

ခေါင်းဆောင်သည် နဖူးပြောင်ပြောင်ကြီးနှင့် ကြီးကြီးကျယ်ကျယ် ရက်စက်ပုံပေါက်​လေသည်။ ကြေးခေါင်းလောင်းကြီးလို သူ့မျက်လုံးကြီးတွေက လူတိုင်းကို ကိုက်စားတော့မည့်နှယ် စူးစူးဝါးဝါး စိုက်ကြည့်နေ၏။

လူတိုင်း လျင်မြန်စွာ ပြေးထွက်သွားကြပြီးနောက် လုရွှမ် တစ်ယောက်တည်း ကျန်ရစ်ခဲ့​တော့သည်။ လုရွှမ်သည် ထိပ်ပြောင်သော ခေါင်းဆောင် ဟွမ်လောင်းဟူ အမည်ရသူ၏ အသံကို ဖျတ်ခနဲ ကြားလိုက်ရသည်။

"မင်းက ငါတို့သခင်​​လေးကို သတ်​တဲ့သူလား"

ဟွမ်လောင်းဟူက ​အော်​လိုက်​သည်​။

လုရွှမ်သည် ခေါင်းကိုမော့၍ သေရည်ခွက်ကိုချကာ သူ့ရှေ့ကလူကို ကြည့်လိုက်သည်။

"လစ်စမ်း!"

"ဟားဟားဟား မောက်မာနေချက်ပဲဟေ့! ဒီနှစ်တွေထဲမှာ ငါ့ကို အော်ဟစ်ရဲတဲ့သူက ငါ့လက်ထဲမှာ သေသွားကြတာချည်းပဲ... ကောင်လေး မင်းတကယ် စိတ်မရှည်ချင်စရာပဲ"

ဟွမ်လောင်းဟူက အော်ဟစ်ပြီး လုရွှမ်ခေါင်းကို လက်ဖဝါးနဲ့ ရိုက်ချလိုက်သည်။ လုရွှမ်လည်း ခပ်ဖွဖွ ရယ်မောလိုက်ပြီး လက်ဖဝါးကို မြှောက်ကာ ဟွမ်လောင်းဟူရဲ့ လက်ဖဝါးကို ပုတ်ထုတ်လိုက်၏။

ဗုန်းကနဲ ပေါက်ကွဲသံနှင့်အတူ ဟွမ်လောင်းဟူရဲ့ ခန္ဓာကိုယ်က လွင့်ထွက်သွားသည်။

သူက မဟာသူတော်စင်ပဲ ရှိသေးတာတောင် လုရွှမ်ကို တိုက်ဖို့ သတ္တိရှိ​နေတယ်။ ဘယ်လို အသက်ရှင်ရမယ် ဆိုတာ တကယ် မသိတဲ့ကောင်ပဲ။

ဟွမ်လောင်ဟူသည် အဝေးသို့ ပျံသန်းသွားကာ စားပွဲဝိုင်းတစ်ဝိုင်းနဲ့ ပြင်းပြင်းထန်ထန် တိုက်မိပြီး စားပွဲက အပိုင်းပိုင်း ကွဲသွားလေသည်။ သူသည် ခေါင်းပေါ်က အသီးအရွက်တွေကို ဖယ်ချရင်း မတ်တပ်ထရပ်ကာ လုရွှန်ကို ထိတ်လန့်စွာ ကြည့်နေ​​တော့သည်။

သူသည် မဟာသူတော်စင် ဖြစ်ပေမယ့် မယုံနိုင်စရာ ကောင်းလောက်အောင် ကောင်လေးဆီကနေ ပေါ့ပေါ့ပါးပါး အရိုက်ခံလိုက်ရသည်။

နှစ်တွေ ကြာလာတာနဲ့အမျှ သူဟာ နေရာအနှံ့ကို ခရီးထွက်ခဲ့ပြီး နောက်ဆုံးမှာတော့ ဒီနေရာမှာ အခြေချနေထိုင်ခဲ့သည်။ ဟွမ်လောင်းဟူ (ကျားဝါ)သည် ဤနေရာ၏ စွမ်းအားသည် နိမ့်ပါးပြီး ပြင်ပကမ္ဘာနှင့် ဝေးကွာကြောင်း ကောင်းစွာသိထားသည်။

မဟာသူ​တော်စင်ကြီး တစ်ဦးသည် ဤနေရာ၌ သခင်ဖြစ်နေပြီ ဖြစ်သော်လည်း အပြင်ဘက်တွင်တော့ နေရာတိုင်း၌ မဟာသူတော်စင်တွေ အများကြီး ရှိသည်။

သူတို့ကလည်း လုံးဝ သွားရှုပ်လို့ မရတဲ့လူတွေပင်။

ငွေသည် တခြားသူများ အတွက် ဘေးဥပဒ်များကို ဖယ်ရှားပစ်ရန် ကူညီပေးနိုင်သော်လည်း ၎င်းမှာ မည်သူမည်ဝါ ဖြစ်တဲ့အပေါ်မှာလည်း မူတည်ပါ​သေးသည်။

"ဒီကသခင်လေးကို ဘယ်လိုခေါ်ရမလဲ?"

ဟွမ်လောင်းဟူက ရိုးရိုးသားသား သူ့လက်ကို မြှောက်ပြီး မေးလိုက်သည်။ လုရွှမ်လည်း ဒီလူက ရက်စက်ကြမ်းကြုတ်ပေမယ့် ဘယ်လို ရှေ့တိုးနောက်ဆုတ် လုပ်ရမလဲဆိုတာ သိလိမ့်မယ်လို့ မထင်ထားခဲ့ချေ။

ဒါပေမဲ့ လုရွှမ်ကတော့ ဒီလိုလူကို အာရုံစိုက်ဖို့ စိတ်မ၀င်စားပါဘူး။

"မင်းရဲ့သခင်လေးကို ငါသတ်လိုက်တာ... သူငါ့ကို သတ်ချင်နေလို့ ငါ့ဘက်က သတ်ပစ်ရတာ ဒါကြောင့် မင်းလက်စားချေချင်ရင် ငါ့ဆီလာခဲ့ လက်စားမချေချင်တော့ရင် ထွက်သွားတော့"

ဟွမ်လောင်းဟူသည် သူ့မျက်နှာကို တင်းတင်းမာမာဖြင့် ကြည့်နေသော်လည်း သူ့လူများကို အမြန်ထွက်ခွာရန် အချက်ပြလိုက်သေးသည်။ လုရွှမ်ကတော့ သေရည်ကောင်းကောင်းကြောင့် အလွန်ပျော်ရွှင်နေပါ၏။

"သခင်ဟူ... ကျွန်တော်တို့ သူ့ကို ဒီအတိုင်း လွှတ်ထားမှာလား?"

ဟွမ်လောင်းဟူက သူ့လက်အောက် ငယ်သားတွေကို စိုက်ကြည့်ရင်း

"ဒါဆို မင်းမှာ သူ့ကို သင်ခန်းစာတစ်ခု သင်ပေးဖို့ ခွန်အားရှိလား? ရှိရင် သွားလိုက်...ငါ မင်းကို မတားဘူး"

လက်အောက်ငယ်သားလည်း ကိုးရို့ကားယား ရယ်မောလိုက်ပြီး

"သခင်လေးဟူကတော့ ကျွန်တော့်ကို နောက်နေပြန်ပြီ... ကျွန်တော့်မှာ အဲဒီအရည်အချင်း မရှိပါဘူး"

"သခင်လေးဟူ အဲဒီလူက တစ်ယောက်​ယောက်နဲ့ တူတယ်လို့ မထင်ဘူးလား?"

လက်အောက်ငယ်သား တစ်ယောက်က ရုတ်တရက် ဝင်ပြောလာပြန်၏။

“သောက်ကျိုးနည်း! အဲဒါကို ငါသိပါတယ်... မြန်မြန်ပြော စိတ်မရှည်တော့ဘူး!”

ဟွမ်လောင်းဟူက ဒေါသတကြီး အော်လိုက်သည်။ သူ့ခမျာ လူကြီးတစ်ယောက်ရဲ့ ဂုဏ်ပုဒ်ကို ဆုံးရှုံးလိုက်ရပြီးနောက် ဒေါသကို မထိန်းနိုင်တော့ပေ။

လက်အောက် ငယ်သားများကလည်း အကျယ်ကြီး ထုတ်ဖော်မပြဝံ့ဘဲ

“သခင်လေးဟူ... လွန်ခဲ့တဲ့ တစ်လလောက်က တိုက်ကြီးတစ်ခုလုံးမှာ လူတစ်ယောက်ကို အလိုရှိ​နေတယ်ဆိုတဲ့ သတင်းတွေ ထွက်မလာခဲ့ဘူးလား? စကားမစပ် သူက ပုံထဲကလုရွှမ်ဆိုတဲ့ လူနဲ့တူနေသလိုပဲနော်..."

သူ့လက်အောက် ငယ်သားများက ပြောလာတာကို ကြားပြီးနောက် အခြား လက်အောက် ငယ်သားများရဲ့ မျက်လုံးများမှာလည်း တောက်ပလာ​ကြသည်။

"သခင်လေးဟူ... အဲဒီလူက ဖမ်းဝရမ်းထုတ်ထားတဲ့ လုရွှမ် မဟုတ်ဘူးလား?"

ဟွမ်လောင်းဟူရဲ့ မျက်လုံးများမှာလည်း တောက်ပသွားသည်။ သူသည် အစောက အလွန်ကြောက်ရွံ့နေခဲ့သည်။ ထို့ပြင် ရှေးဟောင်းလျှပ်စီး ကမ္ဘာတွင် ကျော်ကြားသော ပါရမီရှင်ကြီးသည် ဤဝေးလံခေါင်သီသော နေရာသို့ ရောက်ရှိလာလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ခဏတာမျှ မတုံ့ပြန်နိုင်ခဲ့ပေ။

ဤအခိုက်အတန့်တွင် သူ့လက်အောက် ငယ်သားများက သတိပေးသံကို ကြားလိုက်ရတော့ တစ်ဖက်လူရဲ့ အေးစက်မှုနှင့် လျစ်လျူရှုမှုကို ပြန်စဥ်းစားကာ ဒါ လုရွှမ်မှလွဲ၍ တခြားသူ မဖြစ်နိုင်ကြောင်း သတိရမိသွားသည်။

"သခင်လေး.... ကျွန်တော်တို့... "

အဲဒီလူက သူ့လည်ချောင်းကို လက်ညှိုးနဲ့ ဖြတ်ပစ်လိုက်တဲ့ ပုံစံမျိုး ပြလိုက်ရာ ဟွမ်လောင်းဟူက

"မင်း သေမင်းကို ရှာချင်ရင် သွား! ငါတို့ကို လာဆွဲမထည့်နဲ့!"

All Chapters