← Chapters

အငွေ့စားသားရဲ

Vol. 68 Ch. 4.540

အငွေ့စားသားရဲ

Vol. 68 Ch. 4.540

ပင်လယ်ထဲရှိ ကျင့်ကြံသူများအတွက် အစွမ်းထက်ဆုံး နည်းလမ်းမှာ ပျံသန်းခြင်းဖြစ်ကြောင်း တွေးကြည့်နိုင်သည်။ အလွန်အန္တရာယ် များသော ပင်လယ်ထဲတွင် စွမ်းအားကြီးတဲ့ ပင်လယ်သားရဲတွေ အမျိုးမျိုးရှိကြပြီး ဒီပေါက်ကွဲထွက်နေသော အငွေ့များကလည်း လူသား ကျင့်ကြံသူများ၏ စိတ်ဝိညာဉ် စွမ်းအားအတွက် အလွန်အန္တရာယ်များလှသည်။

ဒါကြောင့် ယခုအချိန်တွင် ပျံသန်းခြင်းကသာ အလုံခြုံဆုံးရတနာ ဖြစ်သည်။

ပင်လယ်ရေ၏ နက်နဲရာသို့ ဝင်ရောက် လာသောအခါ ပင်လယ်ရေထဲတွင် ခြိမ်းခြောက်နေသော အငွေ့များက ပို၍ စုပုံလာသည်။ အငွေ့များ ပိုများလာကာ ပင်လယ်အထက်က လေထုကို ပြည့်လျှံစေသော တိမ်များပင် ဖြစ်ပေါ်လာသည်။

ယခုအချိန်တွင် ဤခြိမ်းခြောက်မှုကို ထုတ်လွှတ်နေတဲ့ နေရာများမှ ဝေးရာသို့ ထွက်ခွာရန်မှာ ပို၍ခက်ခဲလိမ့်မည် ဖြစ်သည်။

ထိုအငွေ့များသည် ပင်လယ်ရေ​ပေါ်၌ ရှိ​​နေ၏။ အလားတူပဲ အငွေ့များသည် ပင်လယ်ရေ မျက်နှာပြင်ပေါ်တွင် လှိုင်းထနေ၍ အထက်တွင် အန္တရာယ်ရှိသော အငွေ့များ ပေါင်းစပ်ကာ တိမ်များပင် ဖြစ်ပေါ်လာသေးသည်။ ကျင့်ကြံသူတွေ ဖြတ်သန်းနိုင်တဲ့ နေရာက သေးငယ်ပြီးရင်း သေးငယ်လာသည်။

ယခုအချိန်က ကိုယ့်ရဲ့ ကျင့်ကြံမှုကို စမ်းသပ်ရမည့် အချိန်ဆိုလည်း ​မှန်သည်။ သို့မဟုတ်ပါက အောက်ဖက်က ပင်လယ်သားရဲများဆီက မတော်တဆ မျိုချခံရပြီး ကောင်းကင်တွင် တိမ်တိုက်များကြား ပျက်စီးသွားရန်လည်း အလွန်လွယ်ကူသွားမည်။

ဒီနေရာကို တားမြစ်ပင်လယ်လို့ ခေါ်တာ အံ့သြစရာ မရှိတော့ပါဘူး။ အန္တရာယ်က မျက်နှာပြင်ပေါ်မှာ ရှိနေပေမယ့် ရှောင်လွှဲလို့ မရဘူးပဲ။

အမှန်တော့ ပတ်ဝန်းကျင်က တိမ်တွေကို မှုတ်ထုတ်ဖို့ လေကို သုံးနိုင်ပေမယ့် အနက်ပိုင်းကို ရောက်တဲ့အခါမှာတော့ အရပ်မျက်နှာတိုင်းမှာ ဒီလိုတိမ်တွေ ရှိနေတာကြောင့် ​​ဘယ်လို မှုတ်ရမလဲ၊ ဘယ်လိုလုပ် မှုတ်နိုင်မှာလဲ ဆိုတာက ပြဿနာ ဖြစ်လာမည်။

"အစ်ကိုကျာ ရှင် ရှေ့ဆက်သွားချင်သေးလား"

လုရွှမ်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ရင်း ဟွေယင်းမှ မေးလိုက်သည်။

လုရွှမ်က ပြုံးပြီး "ဒါပေါ့"

သူ၏ စိတ်ဝိညာဉ် စွမ်းအား ပျံ့နှံ့သွားပြီး အာရုံခံကြည့်တော့ သူ့နောက်မှာ ဘယ်သူမှ မရှိတော့ပေ။ ဒီမှာ အန္တရာယ်ရှိတာကြောင့် လုရွှမ် သူတို့ကို အလေးအနက် မထားတော့ချေ။

ဤတခြား ပင်လယ်မျိုးစိတ်များက အန္တရာယ်ရှိသော်လည်း ထိုအငွေ့တွေနဲ့အတူ ပင်လယ်ရေထဲသို့ အလွယ်တကူ ပေါင်းစည်းသွားကြသည်။ ဒါက ကြီးမားသော ချုပ်တည်းမှု နည်းလမ်းဖြစ်၏။ လုရွှမ်ကတော့ ကျောက်စိမ်းပြားထဲသို့ အငွေ့များကို မိတ်ဆက်ပေးလိုက်သည်။

အဆိပ်ငွေ့လို အရာတွေက သူ့အတွက် ဘယ်တုန်းကမှ ခြိမ်းခြောက်နိုင်မှု အရသာကို မပေးနိုင်ခဲ့။

ထို့အပြင် လုရွှမ်၏ လေပြင်းနိယာမ အကြောင်းကို နားလည်မှုသည် ကျားဖြူလေးထက်ပင် ပိုမိုကောင်းမွန်နေပြီ။ သူ့ပတ်ဝန်းကျင်မှာ လေဝင်လေထွက်ကောင်းတဲ့ အလွှာတစ်ခုက ပြန့်နှံ့နေပြီး ပတ်ဝန်းကျင်က အငွေ့တွေ ဝင်ရောက်လာမှုကို ပိတ်ဆို့ကာ သူ့ပါးစပ်နဲ့ နှာခေါင်းတွေထဲကို မဝင်အောင် တားဆီးထားသည်။

နတ်သမီးဟွေယင်းဘက်မှာတော့ မှော်ဆန်လွန်းသည့် အလင်းရောင် အနည်းငယ်ဖြင့် လင်းလက်နေသည့် ဂါဝန်တစ်ထည်ကို ၀တ်ဆင်ထားပြီး ပတ်ဝန်းကျင်ရှိ အငွေ့များကို ရှောင်ရှားနိုင်ခဲ့သည်။

"ခစ်ခစ်... ဒါက ကျွန်မ ဒီနေရာကို ဝင်ရောက်နိုင်တဲ့ အကြောင်းအရင်းပါ"

ဟွေယင်းက ကြီးကျယ်ခမ်းနားသော လေသံဖြင့် ပြောလိုက်သည်။

အရှေ့ဘက်က ပင်လယ်ရေသည် တဖြည်းဖြည်း လှိုင်းထန်လာသည်။ ပင်လယ်ရေ မျက်နှာပြင်ပေါ်တွင် ကြီးမားသော ပူဖောင်းများ ထွက်လာပြီးနောက် ပေါက်ကွဲ ထွက်လာသည်။ ပြင်းထန်သော အစိမ်းရောင် အငွေ့များသည် ပင်လယ်ရေ မျက်နှာပြင်မှ ထိုးထွက်လာပြီး ပတ်ဝန်းကျင်သို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာသည်။

"သတိထား!!"

နတ်သမီးဟွေယင်းမှ အော်လိုက်သည်။

လုရွှမ် ဒါကို သတိထားမိပြီးသားပါ။ သူဟာ အောက်ခြေလေထုထဲမှ တုန်ခါမှုကို ခံစားမိပြီးသွားပြီ။ ဒါဟာ ပင်လယ် ကြမ်းပြင်က မီးတောင်ပေါက်ကွဲမှု ဖြစ်နိုင်သည်။

ရေအောက်မီးတောင်များ ပေါက်ကွဲပြီး ပတ်ဝန်းကျင်၏ ဦးခေါင်းထက်တွင် တိမ်များ တဟုန်ထိုး တက်လာသလို ပတ်ပတ်လည်တွင် ပြန့်ကျဲနေသော အငွေ့များကလည်း ပတ်ပတ်လည် လမ်းကြောင်းများကို ဖုံးအုပ်လုနီးပါး ဖြစ်နေပြီ။

ဒီနေရာကို ကြိုဝင်ထားရတာ အံ့သြစရာတော့ မရှိပါဘူး။ မဟုတ်ရင် အပြင်မှာ စောင့်နေလို့ကတော့ မီးတောင်ပေါက်ကွဲမယ့် အချိန်ကို စောင့်နေရင် လုံးဝ ဝင်နိုင်မှာ မဟုတ်ဘူး။

နတ်သမီးဟွေယင်းသည် လင်းယုန်ကို ပြန်သိမ်းလိုက်ကာ လုရွှမ်လည်း ရှောင်ပိုင်ကို သူ့လက်ထဲတွင် ကိုင်ထား၍ မီးတောင် ငြိမ်သက်သွားမည့် အချိန်ကို စောင့်မျှော်ကာ ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်နေသည်။

"အငွေ့စားသားရဲ အကောင်တွေ ပေါ်လာတဲ့အခါ သတိထားပါ..."

"အငွေ့စားတဲ့ သားရဲက အရမ်းမှော်ဆန်တယ်.... ပေါ်လာတဲ့အခါ ရှင်သိလိမ့်မယ်။ သူ့ခန္ဓာကိုယ်ကို ကျွန်မတို့ မမြင်ရဘူး ကျွန်မတို့ နှလုံးသားနဲ့ ခံစားလို့ရတယ်... သတိလွတ်သွားရင် သွားပြီပဲ....သတိထား! သူထွက်လာပြီ!"

သူမစကားများ ဆုံးသော် အောက်ဖက်က ရေပြင်က လှုပ်ရှားလာသည်။ လုရွှမ် ၎င်းကို စေ့စေ့ကြည့်ရှုလိုက်တော့ အောက်ဘက်​ရှိ ပင်လယ်ပြင်မှ ဖြာထွက်နေသော ခပ်ဖျော့ဖျော့ရောင်ရှိ အစိမ်းရောင် ပင်လယ်သားရဲတစ်ကောင်ကို မြင်လိုက်ရသည်။

၎င်းက ပါးစပ်ကို ကျယ်ကျယ်ဖွင့်ဟကာ သူတို့နှစ်ယောက်လုံးကို လှမ်းကိုက်လိုက်သည်။ လုရွှမ် အနည်းငယ် အံ့သြသွားသည်။

"ဒါက ခန္ဓာကိုယ်ကို မမြင်နိုင်ဘူးလို့လည်း ခေါ်တယ်ပေါ့... ဒါပေမဲ့ ဒါကို ရှင်းရှင်းလင်းလင်း မြင်နေရတာပဲ မဟုတ်ဘူးလား?"

ဒါပေမဲ့ နောက်အခိုက်အတန့်မှာတော့ လုရွှမ်ကို အံ့အားသင့်စေမယ့် အရာတစ်ခုက ဖြစ်သွားခဲ့သည်။

၎င်းခန္ဓာကိုယ်ရှိ အရောင်သည် အမှန်တကယ် မမြင်နိုင်သော အကျိုးသက်ရောက်မှု ရှိပုံရသည်။ ပင်လယ်ရေထဲတွင် အစိမ်းရောင် ရှိသော်လည်း လေထဲသို့ ဝင်လာသည်နှင့် အစောက အငွေ့တွေလိုပဲ ရုတ်တရက် အရောင်ပျက်သွားပြီး တဖြည်းဖြည်း ပျောက်ကွယ်လာသည်။

အရောင်မဲ့ပြီး ပုံသဏ္ဌာန်မရှိသော ဝိညာဉ်စွမ်းအားက ၎င်းကို ဖြတ်သွားခဲ့သလိုပင်။

တကယ့်ကို မှော်ဆန်တဲ့ နေရာတစ်ခုပဲ။ အကယ်၍ သူသာ ဒီနေရာကို မရောက်လာခဲ့ပါက ​ဒီလိုသတ္တဝါမျိုး ရှိလာလိမ့်မယ်လို့ ဘယ်သောအခါမှ ထင်ခဲ့မိလိမ့်မည် မဟုတ်။

တကယ်လို့ သူ ဒီအငွေ့စားသားရဲကို သတ်ပြီး ၎င်း၏သားမွေးကို ဝတ်ရုံတစ်ခု ပြုလုပ်တဲ့နေရာမှာ အသုံးပြုပါက ၎င်းသည် အလွန်ကောင်းမွန်သော ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရေး ရတနာတစ်ခု ဖြစ်လာမှာတော့ သေချာလေသည်။

သို့သော် ယခုအချိန်တွင် အနာဂတ် အသုံးပြုနိုင်မယ့် ကိစ္စတွေကို စူးစမ်းလေ့လာရမယ့် အချိန်မဟုတ်သေးပေ။ လုရွှမ်သည် သူ့နေမျက်လုံးကို ဖွင့်၍ ကြည့်လိုက်တဲ့အခါ အကြောင်းပြချက် မရှိဘဲ အံ့အားသင့်သွားလေသည်။

ဒီအ​ငွေ့ကိုစားတဲ့ သားရဲရဲ့ မှော်ပညာက သူ့စိတ်ကူးထားတာထက်တောင် ပိုကြီးနေသေးပါလား။

"အစ်ကိုကျာ စိတ်လှုပ်ရှားနေတယ် မဟုတ်လား? ခစ်ခစ် ဒီအငွေ့စားသားရဲက ကျွန်မတို့နေရာရဲ့ ထူးခြားချက် တစ်ခုပဲ...အငွေ့စားသားရဲရဲ့ ရှေ့နဲ့ရင်ဘတ်မှာရှိတဲ့ အမွေးအပိုင်းအစလေးတွေက သူ့ရဲ့အသက်ရှူသံကို ဖုံးကွယ်ထားနိုင်တယ်... ဝတ်ရုံတစ်ခုရအောင် အပြီးအပိုင် သန့်စင်ချင်တယ် ဆိုရင်တော့ အနည်းဆုံး အငွေ့စားသားရဲ ၃ ကောင်လိုတယ်"

လုရွှမ်လည်း သူ့စိတ်တွေ လှုပ်ရှားနေတာကို လက်ခံလိုက်ပြီး နတ်သမီးဟွေယင်းကို ငုံ့ကြည့်လိုက်သည်။

"နတ်သမီး... ဒီမှော်အင်္ကျီကို ရဖို့အတွက် အ​ငွေ့စားသားရဲတချို့ကို လိုက်ရှာဖို့ ကြံရွယ်နေတာလား?"

"အရမ်းအန္တရာယ် များတယ်... တစ်ကောင်ကတင် ကျွန်မရဲ့ ကန့်သတ်ချက်ကို ရောက်နေပြီ... သုံးကောင်ဆို အရမ်းခက်သွားနိုင်တယ်"

နတ်သမီးဟွေယင်းက ပြောပြီး သူမရဲ့ ခန္ဓာကိုယ်က ရုတ်တရက် ဘေးဘက်ကို ရွေ့သွားလိုက်သည်။ လုရွှမ်လည်း အငွေ့စားသားရဲ ဖြစ်နိုင်တဲ့ သားရဲရဲ့ အသက်ရှူသံကို ခံစားလိုက်ရသည်။

၎င်းရဲ့ အငွေ့အသက်က တဖျပ်ဖျပ် ခတ်ပြီးနောက် အသက်ရှုသံများ တဖန်ပြန်၍ လွင့်စင်သွားကာ လေထုအလယ်တွင် ပျောက်ကွယ်သွားခဲ့သည်။ လုရွှမ်ရဲ့ ပတ်ပတ်လည်ကို မှုတ်ထုတ်နေသည့် လေပြင်းနိယာမပင် ထိုသားရဲ၏ အသက်ရှုသံကို ရှာမတွေ့နိုင်ပေ။

အောက်ခြေ ပင်လယ်ရေ​ပြင်သည် ဆူပွက်နေဆဲဖြစ်ပြီး ပူဖောင်းများလည်း အဆက်မပြတ် ပွက်ပွက်ထကာ ပင်လယ်​ရေ မျက်နှာပြင်ပေါ်သို့ တဟုန်ထိုး တက်လာသည်။ ကွဲထွက်သွားသည့် အစိမ်းရောင် အသက်ရှုသံများက တဟုန်ထိုးထွက်သွားပြီး တိမ်တိုက်များထဲ ပြေးဝင်လာသည်။

ထိုအချိန်တွင် တိမ်များသည် တဖြည်းဖြည်း အရောင်ပြောင်းလာပြီး အစိမ်းဖျော့ အလွှာများ ဖြစ်လာသည်။

အောက်ဖက်က အပူများတက်လာသည်နှင့်အမျှ သားရဲတစ်ကောင် အနည်းငယ် ရွေ့လျားသွားပြီး လုရွှမ် ရုတ်တရက် သူ့ကို စိုက်ကြည့်နေသလို ခံစားလိုက်ရသည်။

"သတိထား! အငွေ့စားသားရဲတွေ ထပ်ရောက်လာပြီ!"

နတ်သမီးဟွေယင်းက အော်လိုက်သည်။

ဒီဘက်ကမ်းကို ဖြတ်လာ​​နေတဲ့ အစိမ်းရောင် ပင်လယ်ရေပြင်ကို မြင်လိုက်ရသည်။ ထို့နောက် သူတို့သည် ရေထဲမှ အမြန်ပြေးထွက်လာပြီး လေထဲမှာ ပျောက်သွား​​​ကြသည်။

နှစ်ယောက်သား ရပ်နေတဲ့နေရာက အကျယ်ကြီး မဟုတ်တော့ဘဲ ရေ​ပြင်အထက် မီတာနှစ်ဆယ်သာသာရှိတဲ့ နေရာဖြစ်ပြီး သူတို့အထက်မှာ အစိမ်းရောင် တိမ်တိုက်တွေ ရှိနေသည်။ အောက်ခြေ ပင်လယ်ရေကလည်း လှိုင်းထန်နေပြီး အလယ်က လူနှစ်ဦးအတွက် ဆယ်မီတာသာ ကျန်ရစ်ပြီး ငါးမီတာခန့်အတွင်း ရပ်တည်ရန် မဖြစ်နိုင်​တော့ပေ။

အကျယ်က တဖြည်းဖြည်း ပိုကျဉ်းပုံရ၏။

လင်းယုန်သည် နတ်သမီးဟွေယင်းရဲ့ ပခုံးပေါ်တွင် ရှိနေခဲ့ပြီး ဝင်လာသော အစိမ်းရောင် အငွေ့များကို တွန်းထုတ်ရန် ၎င်း၏ တောင်ပံများကို ရံဖန်ရံခါ ခတ်နေတတ်သည်။

"ဒီမှာ သူတို့ကို ခံစားခိုင်းလိုက်ရအောင်... သူတို့ရဲ့ အနာဂတ် အသွင်ကူးပြောင်းရေး အတွက် အများကြီး အကျိုးရှိလိမ့်မယ်"

နတ်သမီးဟွေယင်းက အော်သည်။

သူမသည် တည်ငြိမ်စွာ လှုပ်ရှားနေဆဲ ဖြစ်ပြီး သူမ၏ စွမ်းရည်သည် မဟာသူတော်စင် တတိယအဆင့် ဖြစ်သော်လည်း သူမ၏ သန်မာမှုနှင့် စိတ်တည်ငြိမ်မှုတို့က လုရွှမ်အား သူမအပေါ် အလွန်အထင်ကြီးစေခဲ့သည်။

အငွေ့စား သားရဲသုံးလေးကောင် ခုန်ထွက်လာခိုက် နတ်သမီးဟွေယင်း၏ ပဲ့တင်သံသည် ထိတ်လန့်စွာ ပေါ်ထွက်လာ​လေ၏။

All Chapters