← Chapters

ပွဲကြီးပွဲကောင်း

Vol. 69 Ch. 4.541

ပွဲကြီးပွဲကောင်း

Vol. 69 Ch. 4.541

တစ်ကောင်တည်းဆို ကိုင်တွယ် ဖြေရှင်းနိုင်သော်လည်း သုံးလေးကောင် ဆိုရင်တော့ နတ်သမီးဟွေယင်းလည်း သူမစွမ်းရည်ထက် ကျော်လွန်နေပါ​ပြီ။

လုရွှန်သည် သူ၏စိတ်ဝိညာဉ်စွမ်းအား၊ အတွေးများ၊ သို့မဟုတ် သူ့​နေမျက်လုံးများဖြင့်ပင် အ​ငွေ့စားသားရဲ၏ ရုပ်သွင်ကို မဖမ်းယူနိုင်ခဲ့ပေ။ သူသည် လေထဲတွင် လှည့်ပတ်ကာ အငွေ့စားသားရဲ၏ တိုက်ခိုက်မှုကို စောင့်မျှော်နေရုံသာ တတ်နိုင်သည်။

ဒါပေမဲ့ ပတ်ဝန်းကျင်က အေးချမ်းပြီး အငွေ့စားတဲ့ သားရဲက အချိန်ကြာလာတဲ့အထိ မတိုက်ခိုက်လာသေးမယ်လို့ မထင်ထားခဲ့ပေ။

သိသာထင်ရှားသည်မှာ ထိုသားရဲများသည် အားနည်းသူများကို ဦးစွာတိုက်ခိုက်ရန် အမှန်တကယ် သိထားတဲ့အထိ ဉာဏ်ရည် အလွန်ထက်မြက်သော သတ္တဝါများအုပ်စုများ ဖြစ်​ကြသည်။ ထို့ပြင် အ​ငွေ့စားသားရဲများ၏ အမြင်တွင် နတ်သမီးဟွေယင်းက အားနည်းသူပင် ဖြစ်သည်။

လင်းယုန်ငှက်က ထအော်လိုက်၏။

၎င်း၏မျက်လုံးများသည် မီးရှူးမီးပန်းများနှင့်တူပြီး ၎င်း၏အ​တောင်များကလည်း ဦးတည်ရာကိုညွှန်ပြ​နေသည်။

လုရွှမ် ရုတ်တရက် သဘောပေါက်သွားတာက ဟွေယင်းက လင်းယုန် တစ်ကောင်ကို အမှန်တကယ် မွေးမြူခဲ့တာ အံ့ဩစရာတော့ မဟုတ်ပေ။ လင်းယုန်က ပင်လယ်ထဲတွင် အလွန်အဆင်မပြေ ဖြစ်ပေမယ့် ရေထဲမှာရှိတဲ့ ပင်လယ်သားရဲ တချို့ထက် များစွာအကူအညီ ရ​လေသည်။

ဒီလင်းယုန်က အငွေ့စားသားရဲရဲ့ ပုံသဏ္ဌာန်ကို မြင်နိုင်တာပဲ။

သူ စိတ်အားထက်သန်နေချိန်တွင် နတ်သမီးဟွေယင်းရဲ့ အသံကိုကြားရပြီး လုရွှမ်လည်း မတွေး​နေဘဲ ဓားတစ်ချက်ဖြင့် ​ဝေ့ယမ်းလိုက်သည်။

ပြင်းထန်သော ဓားစွမ်းအင်က ပေါက်ကွဲထွက်လာပြီး တောက်ပသော အလင်းရောင်ကို ဆွဲထုတ်လိုက်ရာ အော်ဟစ်သံကြီး ကြားလိုက်ရပြီး သွေးများ ဖြာထွက်သွားသည်။

နတ်သမီးဟွေယင်းသည်လည်း တစ်ဖက်သို့ လျင်မြန်စွာ ​ရှောင်ထွက်သွားပြီး လုရွှမ် နံဘေးသို့ ရောက်လာခဲ့သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကျာ"

လုရွှမ် ဘာမှ မပြောဘဲ လင်းယုန်ရဲ့ မျက်လုံးတွေကိုသာ အနီးကပ် စိုက်ကြည့်နေလိုက်သည်။ လင်းယုန်က ဘယ်ကို ကြည့်နေတာလဲ။ ၎င်းရဲ့မျက်လုံး လှုပ်ရှားလိုက်တာနဲ့ လုရွှမ်ကလည်း သူ့ဓားကို ဝေ့ယမ်းပြီးသားပင်။

တချွင်းချွင်း အသံများ ထွက်ပေါ်လာပြီး ဓားအလင်းများ သုံးကြိမ်ဆက်တိုက် ပြေးထွက်လာ၍ သွေးစီးချောင်း ၃ခု ဖြာထွက်သွားသည်။ နတ်သမီးဟွေယင်းကို ဝန်းရံထားသော အငွေ့စားသားရဲ လေးကောင် ဒဏ်ရာရသွားခဲ့သည်။

"သူတို့ရဲ့ ရင်ဘတ်တွေရှေ့က သူတို့ရဲ့ အမွေးတွေရှိတဲ့ နေရာပဲ...ဒါပေမဲ့ သူတို့ကို တိုက်ခိုက်ရင် နေရာတိုင်းကို တိုက်ခိုက်နိုင်တယ်... သူတို့ရဲ့ ရင်ဘတ်ပေါ်က အမွေးတွေကို ဖျက်ဆီးလိုက်ရင်တော့ သူတို့ရဲ့ လျှို့ဝှက် မှော်အစွမ်းတွေ ပျောက်ကွယ်သွား..."

လုရွှမ်ရဲ့ အစီအစဉ်ကို သိလိုက်တာကြောင့် ဟွေယင်းက အမြန် အော်ပြောလိုက်သည်။

ဟွေယင်းမှာ အစောက ဓားစွမ်းအင်ကြောင့် လုံးဝကို ထိတ်လန့်သွားခဲ့သည်။ ​ရောင်ဝါသည် အလွန်အားကောင်းပြီး လူတွေရဲ့စိတ်ကို တုန်လှုပ် ခြောက်ခြားစေတဲ့ စွမ်းအားတစ်ခု ဖြစ်သည်။

တကယ်တော့ လုရွှမ်ရဲ့ ဓားသိုင်းဟာ အလွန်အစွမ်းထက်ပြီး သူ့ကို ယွမ်ယန်ကျင့်စဥ်ကလည်း တကယ်ကို အများကြီး ကူညီပေးခဲ့လေသည်။ ဓားစွမ်းအင်က သူ့ရဲ့ ဖြောင့်မတ်ခြင်း နှင့် ယောက်ျားပီသမှုတို့ကို တိုးလာစေသည်။ တခြားလူတွေ သဲသဲကွဲကွဲ မခံစားရသော်လည်း ဟွေယင်းကတော့ ၎င်းသည် အလွန်အစွမ်းထက်သည်ဟု ခံစားရသည်။

နတ်သမီးဟွေယင်း၏ မျက်လုံးများက တောက်ပနေပြီး ထိုကြီးမားလှသော စွမ်းအင်များကို သူမ အလွန်ရှင်းလင်းစွာ ခံစားလိုက်ရလေသည်။ ထိုလူက အမှန်ပင် လူဆိုး၊ ကောက်ကျစ်စဉ်းလဲသော လူ ဖြစ်နိုင်ပါ့မလား။

လုရွှမ်သည် သူ့ဓားရှည်ကြီးကို ဝှေ့ယမ်းကာ ဓားစွမ်းအင်ကို တစ်ချက်တည်း တစ်ချက်တည်း ဝေ့ယမ်းပစ်လိုက်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်မှ ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး ဓားလေးချောင်းက ဆက်တိုက် ခုန်ထွက်သွားသည်။

ဟောက်သံလေးသံဖြင့် အငွေ့စား သားရဲလေးကောင်သည် ချက်ချင်း သေဆုံးသွားကာ ၎င်းတို့၏ အလောင်းများကို လေထုထဲတွင် တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။

အငွေ့စား သားရဲလေးကောင်ရဲ့ ရင်ဘတ်ပေါ်က အမွေးများ လုံးဝပျက်စီးထားခြင်း မရှိ​သေးကြောင်း ဟွေယင်း ရှင်းရှင်းလင်းလင်း သိ​လေသည်။

လုရွှမ်ကတော့ သူ့လက်ဖဝါးကို လှုပ်ရှားလိုက်ပြီး အငွေ့စား သားရဲလေးကောင်ကို စုပ်လိုက်လေသည်။ အောက်ဖက် ပင်လယ်ပြင်ရှိ အငွေ့စားသားရဲများသည်လည်း အလွန်လိမ္မာ ပါးနပ်တာကြောင့် တစ်​ကောင်ပြီး တစ်ကောင် ထွက်ပြေးသွားကြသည်။

"ဂုဏ်ယူပါတယ်... အစ်ကိုလု ဒီလိုအငွေ့စား သားရဲလေးကောင်ကို ရတဲ့အတွက် ဂုဏ်ယူပါတယ်... ဒီညီမငယ်က အစ်ကိုလုရဲ့ မြင့်မားတဲ့ ခွန်အားတွေကို မြင်ခွင့်တဲ့အတွက် ဂုဏ်ယူမိပါတယ်"

လုရွှမ်က အငွေ့စားသားရဲရဲ့ အလောင်းကို ကျောက်စိမ်းပြားထဲ နေရာ ချထားလိုက်ပြီး အပြုံးတစ်ဝက်နဲ့ ဆိုလိုက်သည်။

"မင်းငါ့ကို ဘာလို့ အစ်ကိုကျာလို့ မခေါ်တော့တာလဲ"

နတ်သမီးဟွေယင်းရဲ့ မျက်နှာက နီမြန်းလာပြီး လုရွှမ်က အရာအားလုံးကို နားလည်နေပြီ ဖြစ်ကြောင်း သူမ သိလိုက်သည်။

"အစောက အစ်ကိုလုရဲ့ ဓားစွမ်းအင်ကနေ ယောက်ျားပီသပြီး ဖြောင့်မတ်မှုကို မြင်လိုက်ရပါတယ်... ဒီလိုဓားကို ကိုင်ဆောင်နိုင်သူတိုင်းက လူဆိုးတစ်ယောက် မဟုတ်တာ သေချာပါတယ်"

"မင်းမျက်လုံးထဲက အမြင်ကိုတော့ ငါအရမ်းကြိုက်တယ်... မဖြူစင်တဲ့လူက ဒီလိုပုံစံရှိမှာ မဟုတ်ဘူး... တကယ်တော့ ဒါက မင်းကို လမ်းတစ်လျှောက်လုံး သံသယဖြစ်စေခဲ့တဲ့ ရှင်းပြချက်ပေါ့... မင်းမျက်လုံးတွေက လိမ်လို့မရဘူး ဒါကြောင့် မင်းလမ်းတစ်လျှောက်မှာ ဒီအန္တရာယ်တွေကို သေချာ ရှင်းပြခဲ့တယ်"

ဟွေယင်းက ခါးသက်စွာ ပြုံးပြီး

"ဟွမ်မိသားစုက လူတစ်ယောက် ကျွန်မအပေါ် ကျေးဇူးရှိထားတယ်... သူတို့ကြောင့်သာ မဟုတ်ရင် ကျွန်မရဲ့ ရှောင်ဟေးလေး သေသွားလောက်ပြီ"

သူမက လင်းယုန်ကို ပုခုံးပေါ် တင်လိုက်ပြီး ကျေးဇူးတင်စကား အပြည့်နဲ့ လုရွှမ်မျက်နှာကို ကြည့်လိုက်သည်။

"အစ်ကိုလုလည်း သိပြီးသားမို့ ကျွန်မရှင့်ကို မဖုံးကွယ်ထားတော့ပါဘူး ရှင် ဘယ်သူလဲဆိုတာ သူတို့သိထားပြီးပြီ... ပြီးတော့ ရှင့်ကိုဖမ်းဖို့နဲ့ မန်ဟွမ်နတ်ဘုရားမျှော်စင်ကို ယူဖို့ အနယ်နယ်အရပ်ရပ်က လူတွေကို စုစည်းပြီးပြီ"

"အစကတော့ ရှင်ချက်ချင်း ထွက်သွားမှာကို ကြောက်ပေမယ့် ရှင် တည်းခိုခန်းထဲမှာ သုံးရက်လောက် အနားယူနေမယ်လို့ မမျှော်လင့်ထား​ကြဘူး... အဲ့ကနေ ဦးလေးမန်ရဲ့ ပြောတဲ့စကားအရ ရှင်အသွင်ပြောင်းသစ်သီးကို လိုချင်​​နေမှန်း ကျွန်မသိတယ်... ဒါကြောင့် သူတို့က ကျွန်မကို ရှင့်ကိုဒီကိုခေါ်လာခိုင်းပြီးမှ သူတို့က အပြင်မှာ စောင့်နေကြလိမ့်မယ်"

ကျားဖြူလေးသည် သူမရဲ့ မကျေနပ်မှုကို ထုတ်ဖော်ပြောဆိုလိုက်သည့် အနေဖြင့် မာန်ဖီလိုက်လေ၏။ သူမသည် နတ်သမီးဟွေယင်း ကို သူငယ်ချင်းအဖြစ် မှတ်ယူထားပြီး​ပြီ ဖြစ်သော်လည်း သူမ မမျှော်လင့်ထားသည့် အရာမှာ တစ်ဖက်လူက လုရွှမ်ကို သစ္စာဖောက်ပြီး ရောင်းစားလိမ့်မယ်လို့ မထင်ထားချေ။

လင်းယုန်က ၎င်းရဲ့ ပျော့ပြောင်းသော အတောင်များကို ခတ်ကာ ကျားဖြူလေးဆီသို့ လေပြင်းများကို ရိုက်ခတ်လိုက်သည်။ လင်းယုန်၏ မျက်လုံးများ ပြူးကျယ်ကာ ကျားဖြူလေးကို စိုက်ကြည့်နေ၏။

လုရွှမ်လည်း ကျားဖြူလေး၏ ဦးခေါင်းကို လက်ဖဝါးဖြင့် ထိလိုက်ကာ သူမအား စိတ်မြန်မဆန်စေရန် အချက်ပြလိုက်သည်။

"နတ်သမီးဟွေယင်း မင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ငါ ဒီကို မဝင်လာခင်ကတည်းက နောက်ကွယ်က ပြဿနာတွေကို သိထားပြီးသားပါ။.... ဒီလို အန္တရာယ်ရှိတဲ့ နေရာကို မဝင်ခင်မှာလည့း အစီအစဉ်တွေ ချထားပြီးသားပါ"

"ဒါဆို ကျွန်မကို အပြစ်မတင်ဘူးလား?"

လုရွှမ်က ပြုံးပြီးပြောလိုက်သည်။

"ငါက အပြစ်မဲ့သူတွေကို လိုက်သတ်ပစ်တဲ့လူလို့ မင်းထင်နေတာလား? မင်းမရှိရင် ငါဒီအရာတွေကို ငါ မရနိုင်တော့ဘူး... စိတ်မပူပါနဲ့ ငါတကယ်ကို အဲဒီလူတွေကို ဂရုမစိုက်ဘူး"

နတ်သမီးဟွေယင်းမှာ မယုံနိုင် သေးသော်လည်း လုရွှမ်က သူမကို တကယ်လွှတ်​ပေးခဲ့သည်။ လုရွှမ်က ရေဘက်ကို ညွှန်ပြရင်း။

"ကြည့်! ပူဖောင်းတွေက ပိုသေးလာပြီ... မီးတောင် ပေါက်ကွဲပြီးသွားပြီ ထင်တယ် ဆင်းကြရအောင်"

နတ်သမီးဟွေယင်းက သူ့​ကို ကျေးဇူးတင်စကား နှစ်ကြိမ်ပြောပြီး ရုတ်တရက် တုံ့ပြန်လိုက်၏။

"အခုအချိန်က အစိမ်းရောင် အငွေ့တွေ အရမ်းထူတဲ့ အချိန်ပဲ.... ကျွန်မတို့ ရေအောက်မှာ အကြာကြီးနေလို့ မရဘူး ကောင်းကင်ဘုံသခင်တွေတောင် စမ်းကြည့်ဖူးတယ်... နံ့သာတစ်ချောင်းလောက်ပဲ ကြာရှည်ခံနိုင်တယ်။ ရှင် အတင်းလုပ်လို့ မရဘူး"

သူမပြောပြီး လင်းယုန်နက်ကြီးက သူ့ပုခုံးပေါ်တင်ပြီး ပင်လယ်ရေထဲ ခုန်ချသွားတော့သည်။

"ရှောင်ပိုင် ငါတို့လည်း ဆင်းရအောင်"

ထို့နောက် လုရွှမ်လည်း ကျားဖြူလေးနှင့်အတူ ပင်လယ်ထဲသို့ ခုန်ဆင်းသွားသည်။

ပင်လယ်ရေသည် အလွန် ညစ်ညမ်းနေပြီး အစိမ်းရောင် အဆိပ်ငွေ့ဖြင့် အဆိပ်သင့်​​နေသော ပင်လယ်သားရဲများလည်း ရေထဲတွင် မျောပါနေတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။

သူ့အရေပြားမှာ အနည်းငယ် ယားယံလာသည်။ ပင်လယ်ရေသည် သူ့အရေပြားထဲသို့ စိမ့်ဝင်သွားရာ ပင်လယ်ရေထဲ၌ အမှန်တကယ်ပင် နားမလည်နိုင်သော အဆိပ်အတောက်များ ရှိနေကြောင်း တွေ့လိုက်ရသည်။

ဒီအရာက လုရွှမ်သည် သူ့ခန္ဓာကိုယ်က ဘယ်လောက် အစွမ်းထက်နေပြီ ဆိုတာ တွေးတောမိပြီးနောက် အနည်းငယ် မယုံနိုင်စွာ ဖြစ်သွားခဲ့သည်။ အထူးသဖြင့် အတိဒုက္ခကို ဖြတ်ကျော်ပြီးနောက် ရုပ်ခန္ဓာသည် နတ်မိုးခြိမ်းသံဖြင့် အညစ်အကြေး ကင်းစင်သွားသည့် ပြောင်းလဲမှုဆီသို့ ခြေလှမ်းကြီး လှမ်းနေခဲ့ပြီ။

အညစ်အကြေးတွေရဲ့ ခန္ဓာကိုယ်ကို ပိုနားလည်လာလေ ဒါဟာ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံရဲ့ တောက်ကျင့်စဥ် အခြေခံဥပဒေသ မဟုတ်​တော့ဘဲ နယ်ပယ်တစ်ခု ဖြစ်ကြောင်း လုရွှမ် ပိုနားလည်လာလေပါပဲ။ ဘာကြောင့်လဲဆိုရင် မတူညီတဲ့ နယ်ပယ်တွေမှာ ခန္ဓာကိုယ်တွေဟာ ပြောင်းလဲနေဆဲ ဖြစ်တာကြောင့်ပင်။

ယခုမူ ဒီလို မပြင်ထန်းရတဲ့ အစိမ်းရောင် ပင်လယ်ရေသည် အန္တရာယ်မရှိဘူးဟု ထင်ရသော်လည်း သူ့အသားအရေကို စုတ်ပြဲသွား​စေနိုင်သည်။ လက်ရှိ အဆိပ်ရဲ့ အရှိန်အဟုန်အရဆို သူ့အစွမ်းသတ္တိနှင့်ပင်လျှင် တစ်နာရီအထိသာ နေနိုင်လိမ့်မည်။ သို့မဟုတ်ပါက အရေပြားသည် လုံးဝ ပျက်စီးသွားလိမ့်မည်။

All Chapters