← Chapters

ဟွမ်မိသားစုဘိုးဘေး

Vol. 69 Ch. 4.542

ဟွမ်မိသားစုဘိုးဘေး

Vol. 69 Ch. 4.542

ဤစိမ်းလန်းသော ရေများသည် မျက်စိတစ်ဆုံး နက်ရှိုင်း​လေသည်။

လုရွှမ် အတွက်တော့ ဒါက သက်ရောက်မှု လုံးဝမရှိပါဘူး။ သူ့ခန္ဓာကိုယ်ရဲ့ အသန်မာဆုံး အစိတ်အပိုင်းက မျက်လုံး မဟုတ်ရင်တောင်မှ သူ့ရဲ့အသန်မာဆုံး ထိပ်တန်းစာရင်းထဲမှာ နံပါတ်သုံးနေရာက ပါနေပါသေးတယ်လေ။

ကောင်းကင်မီးတောက်များ လင်းထိန်သွားကာ လုရွှမ်၏ မျက်လုံးများသည် အလင်းတန်း နှစ်စင်းကဲ့သို့ ပစ်လွှတ်လိုက်ကာ လေထုထဲ၌ လင်းထိန်သွားစေသည်။ နတ်သမီးဟွေယင်းလည်း လုရွှမ်ရဲ့ မျက်လုံးများကို မြင်လိုက်ရသောအခါ သူမ တိတ်တဆိတ် ထိတ်လန့်သွားခဲ့သည်။

ရှေးဟောင်းလျှပ်စီးကမ္ဘာတွင် ကျော်ကြားခဲ့သော ဤပါရမီရှင်သည် ပြင်ပကမ္ဘာမှ သိထားသည့် အရာများထက်ပင် ပို၍ အစွမ်းထက်​​ပေသည်။

ဟွေယင်းသည် သူမစိတ်ကို အမြန်ပြန်ရုတ်လိုက်ပြီး ဆက်ဆံရေးကို ပိုတင်းမာအောင် မလုပ်နိုင်ခဲ့သည့်အတွက် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာမိသွားသည်။ မဟုတ်ပါက သူမလည်း သင်္ချိုင်းနေရာမရှိဘဲ ကျိန်းသေ သေသွားရပေလိမ့်မည်။

သူတို့ နှစ်ယောက်သည် တစ်ယောက်ပြီး တစ်ယောက် အောက်သို့ ခုန်ဆင်းသွားကြသည်။

လုရွှမ်သည် သူ၏စွမ်းအားကို ပြသပြီး သားရဲအားလုံးကို ထိတ်လန့်စေခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ယခုအချိန်တွင် ပင်လယ်ရေက ငြိမ်သက်သွားခဲ့ပြီ။

ဟွေယင်းသည် ဤကဲ့သို့ ငြိမ်းချမ်းသော ခရီးလမ်းကို တောက်လျှောက်ဆင်းရပြီး မီးတောင်ပေါက်ဝရှေ့သို့ ရောက်ရှိလာသည့် အခိုက်က ပထမဆုံး အကြိမ်ဖြစ်သည်။

ဤမီးတောင်သည် အလွန်ကြီးကျယ်သော မီးတောင်မျိုး မဟုတ်ပေ။ မီးတောင်က ပေါက်ကွဲပြီးသွားကာ မီးတောင်ဝသည် ချော်ရည် အလင်းရောင်ဖြင့် တောက်ပနေသေးကာ ပင်လယ်ရေသည် ပွက်ပွက်ဆူနေသည်။

နှစ်ယောက်သား မီးတောင်ခြေရင်းကို ကြည့်လိုက်ကြသော်လည်း ကံမကောင်းစွာဖြင့် ခြေရင်းက မီးတောင်ပြာများဖြင့် ဖုံးလွှမ်းထား​လေသည်။

ဟွေယင်းထံမှ ထွက်ပေါ်လာသည်။

"အသွင်ပြောင်းမြက်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းက မီးတောင်ပြာတွေနဲ့ ဖုံးလွှမ်းနေတာ ဖြစ်မယ် ကျွန်မတို့ ပြာတွေကို တူးဆွဖို့ လိုအပ်တယ်.... အဲဒါက အဆင့်မြင့်မားတဲ့ အသွင်ပြောင်းမြက်ပင် ဆိုရင် သူ့ကို မီးတောင်ပြာတွေက ဖုံးအုပ်ထားနိုင်မှာ မဟုတ်ဘူး"

လုရွှမ်သည် ဟွေယင်း၏ ဆိုလိုရင်းကို နားလည်ပါသည်။ မီးတောင်ချော်ရည်ပြာများဖြင့် ဖုံးအုပ်ထားသူများသည် အရည်အသွေး ညံ့ဖျင်းပါသည်။ အမှန်တကယ် အရည်အသွေးကောင်းမွန်သော မြက်ပင်များကို ၎င်းရဲ့စွမ်းအင်က အလိုအလျောက် ကာကွယ်နိုင်မှာပဲ ဖြစ်သည်။

"ငါတို့စောင့်ကြည့်ရအောင် ဒီလောက်ကြီးကျယ်တဲ့ နေရာမျိုးမှာ တစ်ခုခုတော့ သေချာပေါက် ဖြစ်လာလိမ့်မယ်"

"ဒါပေမဲ့ အပြင်မှာ လူတွေက ပိုပိုပြီး စုဝေးလာပြီ ဒါက ရှင့်အတွက် ပိုပိုပြီး အန္တရာယ်များလာပြီလေ"

"အန္တရာယ်တော့ ရှိနေတာပဲ ဒါပေမဲ့ ဘယ်သူလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်"

နှစ်ယောက်သား ရေပေါ်ကနေ ခုန်ချပြီး ရှေ့ကို ဆက်သွားကြသည်။

လမ်းမှာ နတ်သမီးဟွေယင်းက ၀တ်ရုံတွေချုပ်ဖို့ အငွေ့စားသားရဲကို ဘယ်လို သုံးရမလဲဆိုတာ လုရွှမ်ကို ပြောပြသည်။ လုရွှမ်လည်း သူ့စိတ်ထဲမှာ သေချာမှတ်ထား၏။ နောက်ထပ် ပစ္စည်းတစ်ခုလည်း လိုသေးသည်။ အဲဒါက အသွင်ပြောင်းမြက်ရဲ့ ဘေးမှာ ပေါက်နေတာမို့ တစ်ချိန်တည်းမှာပဲ သူရခဲ့နိုင်သည်။

ယခုအချိန်မှာတော့ ပင်လယ်ပြင်ရဲ့ အပြင်ဘက်တွင် လူပင်လယ်ကြီး ရှိနေပြီဖြစ်ကာ ကျင့်ကြံသူ များစွာတို့သည် ပင်လယ်ပေါ်တွင် စုဝေးနေကြသည်။

သူတို့ရှေ့က စိတ်ပျက်စရာကောင်းတဲ့ အငွေ့အသက်ကို ခံစားလိုက်ရတော့ အားလုံးက ရင်တထိတ်ထိတ်နဲ့ ဖြစ်သွားကြသည်။

အရှေ့တွင် ဦးဆောင်ကာ ရပ်နေသော ကောင်းကင်ဘုံသခင် တစ်ဒါဇင်ကျော်ရှိပြီး ၎င်းတို့အနက်မှ အပြင်းထန်ဆုံးမှာ နတ်မီးနယ်ပယ်ကို ခြေလှမ်းတစ်ဝက် ရောက်နေကြသူများ ဖြစ်သည်။ ထိုလူဟာလည်း ကမ္ဘာကနေ နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့တဲ့ ဟွမ်မိသားစုရဲ့ ဘိုးဘေး ဟွမ်ရှန်ဖြစ်ကာ ဒီတစ်ကြိမ်မှာ အမှန်တကယ် ထပ်ထွက်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ချေ။

"ဘိုးဘေး... အဲဒီလူနှစ်ယောက် သေသွားတာများလား? ဘာလို့ အခုထိ မထွက်လာကြသေးတာလဲ?"

ဟွမ်မိသားစုနှင့် လက်ရှိ ဘိုးဘေး၊ ဟွမ်ထောင်ရဲ့ ဖခင် ဟွမ်ဝေက လေးစားစွာ မေးလိုက်သည်။

သူသည် အဝေးက လွင့်နေသော တိမ်တိုက်များကို လှမ်းကြည့်ရင်း အောက်ဖက်က ပင်လယ်လှိုင်းလုံးများကိုလည်း ခံစားလိုက်ရတာကြောင့် ပိုပို၍ စိုးရိမ်လာသည်။

ဒါက မန်ဟွမ်နတ်ဘုရားမျှော်စင်ပဲ။ သူတို့ရနိုင်ရင် သူတို့ရဲ့ ဟွမ်မိသားစု တစ်ခုလုံးက ချမ်းသာလာမှာ ဖြစ်ပြီး ဒီလိုနေရာမှာ နေဖို့ မလိုအပ်တော့ဘူး မဟုတ်လား။

မန်ဟွမ်နတ်ဘုရားမျှော်စင်ကို ရပြီးတာနဲ့ သူတို့မိသားစုက ဒီနေရာကနေ ချက်ချင်း ထွက်ခွာသွားတော့မှာပဲ ဖြစ်ပေသည်။

ဘိုး​ဘေးက သိုသိုဝှက်ဝှက် ပုန်း​နေပြီးနောက် နှစ်ပေါင်းတစ်ရာကျော်ကြာမှ ပြန်ထွက်လာခဲ့သည်။ ယခုအချိန်တွင် ဟွမ်မိသားစုသည် ရှေး​ဟောင်း လျှပ်စီးကမ္ဘာတွင် နံပါတ်တစ်မိသားစု ဖြစ်လာ​တော့မှာပဲ ဖြစ်သည်။

အောင့်မိသားစုသည် မန်ဟွမ်နတ်ဘုရားမျှော်စင်ကြောင့် သူတို့ရဲ့ လက်ရှိအခြေအနေအထိ အောင်မြင်ခဲ့တာ မဟုတ်လား။ ဒီအစီအစဥ်က ကြီးမားပြီး အန္တရာယ်များကြောင်း သူသိသော်လည်း သူ့မိသားစု အနာဂတ်အတွက် ပြင်းပြင်းထန်ထန် ကြိုးစားရမည်။

ဟွမ်ရှန်က အဝေးက တိမ်တိုက်များကို စိုက်ကြည့်ရင်း လေးနက်သော အသံဖြင့်

"ဟွမ်ဝေ... မင်းက မိသားစုရဲ့ အကြီးအကဲ ဖြစ်နေပြီ.... ကြီးကျယ်ပြီး စိတ်ရှည်ရမယ်။ မင်း မစောင့်နိုင်တော့ဘူး ဆိုရင် အောက်က လူတွေ ဘာဖြစ်သွားမယ်ထင်လဲ??"

ဟွမ်ဝေက ရှိုက်ကြီးတငင် ပြုံးပြီး

"ဘိုးဘေး... ဒါပေမဲ့ ဒီကိစ္စက ပြင်းထန်လွန်းတယ်လေ အခုက သုံးရက်ကျော်နေပြီ... ဟန်ကျိုးရဲ့ လမ်းမပေါ်မှာ ကျင့်ကြံသူ ဘယ်နှယောက်တောင် ရောက်နေပြီမလဲ မသိဘူး... သူတို့ရောက်လာရင် ကျွန်​တော်တို့မှာ ဘာအခွင့်အရေး မရှိတော့မှာကို ကြောက်ရတယ်"

"ဟမ်...ဘဝမှာ ပြီးသွားရမယ့် အချိန်တွေ ရှိတယ် ဘဝမှာ လိုချင်တဲ့အရာတွေကို တွန်းအားပေးစရာ မလိုတဲ့ အချိန်တွေလည်း ရှိတယ်။ အဲဒါက ငါတို့ဟာဆိုရင် အဲဒီအရာက ထွက်ပြေးလို့ မရဘူး... ငါတို့ဟာမဟုတ်ရင် မင်းယူလို့လည်း ရမှာမဟုတ်ဘူး.... အဲဒီသခင်တွေ တကယ်လာရင် ငါလည်း မတိုက်တာရကြာပြီလေ ငါ့သွေးက မအေးသေးပါဘူး"

ဟွမ်ဝေရဲ့ သူ့စိတ်တွေက တုန်လှုပ်သွားပြီး နောက်ဆုံးတော့ သူက အော်ဟစ်လာခဲ့သည်။

"ဒီမှာ ဘိုးဘေးရှိရင် ရှောင်ဝေ စိတ်ချပါတယ်"

တစ်ဖက်က အကွာအဝေးရှိ တိမ်တိုက်များအောက်တွင် လုရွှမ်နှင့် နတ်သမီးဟွေယင်းတို့သည် ဟွေယင်း ယခင်က သွားခဲ့ဖူးသော နေရာကို ကျော်လွန်၍ အဝေးသို့ လျှောက်သွားကြသည်။ သူမ အနည်းငယ် ထိတ်လန့်နေ၏။ နေရာနှင့် မရင်းနှီးတော့ဘဲ သူမကို ကြောက်လန့်တကြား ဖြစ်စေခဲ့သည်။

"စိတ်မပူပါနဲ့ ငါအကုန် ဂရုစိုက်လိုက်မယ်"

လုရွှမ် ဟွေယင်းကို နှစ်သိမ့်ပေးလိုက်သည်။ ဟွေယင်းသည် သူ့အပေါ် အထင်ကြီးနေတာကြောင့် သူမက သူ့ကိုသစ္စာမဖောက်သရွေ့ လုရွှမ်လည်း သူမအသက်ကို ကယ်တင်ပေးဖို့ စဥ်းစားထားလေသည်။

"အောက်မှာ အငွေ့စားသားရဲတွေ ပိုများလာပြီ... ရှင့်ကို ခိုးဝင်တိုက်ခိုက်ဖို့ အခွင့်အလမ်းတွေ ရှာနေတာ တွေ့ရတယ်"

ဟွေယင်းက ဆိုလိုက်သည်။

ပင်လယ်ရေအောက်က အစိမ်းရောင် သားရဲတွေဆီကနေ ပြင်းထန်တဲ့ ရောင်ဝါတွေ ထွက်ပေါ်လာ၏။ သူတို့က အငွေ့စား သားရဲတွေပါပဲ။ သွေးနီရောင် မျက်လုံးကြီးတစ်စုံက လုရွှမ်ကို အချိန်မရွေး ခုန်အုပ်ချင်နေသလိုမျိုး ပြင်းထန်စွာ စိုက်ကြည့်နေသည်။

"သူတို့က ရေထဲမှာ အစွမ်းထက်လား ဒါမှမဟုတ် လေထဲမှာ ပိုအစွမ်းထက်လား"

အခြေအနေတွေ ပိုအန္တရာယ်များလေ စိတ်ကို အေးအေးဆေးဆေးထားဖို့ လိုအပ်လေပဲ ဆိုတာ သူ့အတိတ်ဘဝရဲ့ အတွေ့အကြုံတွေကြောင်း ကောင်းကောင်း သိလေသည်။

"ရေအောက်မှာ ပိုအားကောင်းတယ် ပိုမြန်တယ်... ဒီအစိမ်းရောာင် လေကို ရှုရှိုက်ရတာကလည်း အရမ်းအန္တရာယ် များတယ် ဒါပေမဲ့ ကျွန်မရဲ့ရှောင်ဟေးလေးကလွဲလို့ သူတို့က လေထဲမှာ အရောင်ကင်းစင်ပြီး မမြင်နိုင်တော့ ကျွန်မလည်း လုံးဝမဖော်ထုတ်နိုင်ဘူး ဒါကြောင့် ဘယ်နေရာမှာ အန္တရာယ်ပိုရှိလဲ ဆိုတာတော့ ကျွန်မ မပြောနိုင်ပါဘူး”

လုရွှမ်က ပြုံးပြီး ပြန်ပြောလိုက်သည်။

"ဒါဆို လုံလောက်ပြီ"

အပေါ်က တိမ်တွေဟာ ပိုပိုထူလာကာ စိမ်းစိုပြီး စွမ်းအင်ကြွယ်ဝလွန်းတဲ့ တိမ်တိုက်တွေ အဖြစ်ကနေ လုံးလုံးလျားလျား ပြောင်းလဲလာပါတော့သည်။

ရောင်ဝါက အရမ်းပြင်းထန်လွန်း၏။ လုရွှမ်လည်း သူ့ရဲ့ ပါးစပ်နဲ့ နှာခေါင်းကို လေပြင်းနိယာမ စွမ်းအင်တွေ ပျံ့နှံ့သွားအောင် ထုတ်လွှတ်လိုက်သည်။ အရင်ကသူ့ရဲ့ လေပြင်းနိယာမ စွမ်းအင်က ပေါ့ပေါ့ပါးပါး ပျောက်ကွယ်သွားတာကြောင့် အခု ပိုသတိထားရတော့မည်။

လမ်းတစ်လျှောက်တွင် ရေထဲသို့ အကြိမ်ကြိမ် ခုန်ဆင်းခဲ့ကြသော်လည်း အကောင်းဆုံးသော အသွင်ပြောင်းသစ်သီးကို ရှာမတွေ့ခဲ့ကြပေ။ ရှောင်ပိုင်က သူ့ညီမကဲ့သို့ပင်။ ဒါကြောင့် သဘာဝကျကျ သူမကို အကောင်းဆုံး အရာအား ပေးချင်သည်။

အောက်​ဖက်က ​အော်​ဟစ်​သံ​တွေ​ကြောင့်​ ​ရေ​မျက်နှာပြင်​က တလိမ့်​လိမ့်​ တက်လာပြန်​သည်​။ ပိုနက်လေ မီးတောင်များ ပေါက်ကွဲလေ ဖြစ်သည်။

ရေထဲမှ ထွက်လာသော အစိမ်းရောင် လေထုကလည်း ပိုမို အားကောင်းလာကာ ပြင်းထန်လာသည်။ တဖြည်းဖြည်းနှင့် လုရွှမ်ပင် သူပြန်ဝင်သွားပါက ပိုအန္တရာယ်များမည်ဟု ခံစားလာရတာကြောင့် သူ့ခွန်အားနှင့်ပင် ပေါ့ပေါ့လျော့လျော့ မနေရဲတော့ပေ။

ခဏကြာတော့ ရေမျက်နှာပြင်က တဖြည်းဖြည်း ငြိမ်သက်လာသည်။

"ဆင်းရအောင်!"

လူနှစ်ယောက်နဲ့ သားရဲနှစ်ကောင်တို့ ပြေးဆင်းသွားပြန်သည်။

ရေအောက်တွင် အငွေ့စားသားရဲသည် ယခုတစ်ကြိမ်တွင် မရှောင်တိမ်းတော့ဘဲ ၎င်းတို့နှစ်ဦးဆီသို့ တိုက်ရိုက် ပြေးဝင်လာ၏။ ၎င်းရဲ့ အဓိကတိုက်ခိုက်မှုမှာ သဘာဝအတိုင်း လုရွှမ်ဆီကိုပဲ ဖြစ်သည်။

ရေထဲမှာမို့ နောက်ဆုံးတော့ ဒီအငွေ့စားသားရဲတွေရဲ့ အလောင်းတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။ ၎င်းတို့ခန္ဓာကိုယ်က ပင်လယ်ငါးတွေလို မကြီးပေမယ့် ခြေလက်တွေရှိပြီး ခြေလက်တွေ လှုပ်ရှားတာကလည်း အရမ်းမြန်သည်။

ဒါပေမဲ့ ကြောက်စရာ အကောင်းဆုံးက သူ့အမြီးပါပဲ။ ငါးတစ်ကောင်ရဲ့ အမြီးနဲ့ မတူပေ။ ရှည်ပြီး ပိန်သလို ချောမွေ့ပြီးတော့ လှုပ်ရှားတာကလည်း မြန်သည်။ သူနဲ့ မထိတွေ့ရသေးပေမယ့် အမြီးက သူ့ကိုပေးလာတဲ့ ခံစားချက်က အငွေ့စား သားရဲရဲ့ ချွန်ထက်တဲ့သွားတွေလိုပါပဲ။

"သူတို့အမြီးတွေကို သတိထား!"

All Chapters