← Chapters

အပေးအယူ

Vol. 69 Ch. 4.543

အပေးအယူ

Vol. 69 Ch. 4.543

ဟွေယင်း ညည်းညူရင်း သူမမျက်လုံးတွေက အနည်းငယ် မသဲကွဲသလို ဖြစ်လာသည်။ လုရွှမ်လည်း တိတ်တဆိတ် ကျိန်ဆဲလိုက်ပေ၏။ ဤအငွေ့စား သားရဲတွေဟာ တစ်ဖက်လှည့်၍ ဟွေယင်း၏ အနီးတဝိုက်တွင် အမှန်တကယ် စုရုံး​နေကြသည်။

အငွေ့စားသားရဲ၏ အမြီးသည် ​ဟွေယင်းဘက်ကို ရိုက်ခတ်လိုက်ရာ ပင်လယ်ရေထဲက အသံအတားအဆီးများကို အမှန်တကယ် ချိုးဖျက်ပစ်လိုက်သည်။

လုရွှမ်လည်း ဒီလိုတိုက်ခိုက်မှုမျိုးနှင့် အလွန်ရင်းနှီးသူ ဖြစ်သည်။ ယခင်ဘဝက တိမ်ပင်လယ် နယ်မြေ၌ရှိစဉ်တွင် ရေအောက် သားရဲတစ်ကောင်ကို တွေ့ခဲ့ဖူးသည်။ သူတို့ရဲ့ ပင်လယ်ရေပြင်ပေါ် တိုက်ခိုက်နိုင်တဲ့ အရှိန်က အလွန်လျင်မြန်သဖြင့် ပင်လယ်ရေကိုပင် တိုက်ရိုက်ထိမှန်ပြီး ပေါက်ကွဲသွားခဲ့သည်။

ဒီလိုအရှိန်နဲ့ဆို ပင်လယ်ရေကလည်း ပေါက်ကွဲသွားကာ ပတ်ဝန်းကျင်က သတ္တဝါများကပင် သူ့ကို မထိနိုင်ဘဲ အသားအပိုင်းအစများ ကြေမွသွားခဲ့သည်။

ထိုကြောက်လန့်မှုမျိုးသည် ထိုအချိန်က မဟာသူ​တောိစင်ကြီး ဖြစ်နေပြီ ဖြစ်သော လုရွှမ်ဟာ အလွန်ကြောက်စရာ ကောင်းသည်ဟု ခံစားမိသေးသည်။ ဒါပေမဲ့ အခုတော့ အလားတူ ကြောက်စရာကောင်းတဲ့ အငွေ့စားနေသားရဲက ဒီလို မြင်ကွင်းကို ပြန်ဖော်နေတာ တွေ့လိုက်ရ၏။

မစဉ်းစား​​​နေဘဲ လုရွှမ် သူ့ဓားကို ဝေ့ယမ်းဖို့ ပြင်လိုက်သည်။

"မလှုပ်နဲ့!"

ဟွေယင်း သူမနှလုံးသားထဲတွင် သေရေးရှင်ရေးကြားက အကြပ်အတည်းတစ်ခု ရုတ်ချည်း ခံစားလိုက်ရသည်။ ထိုခံစားချက်က ပြင်းထန်လွန်းသဖြင့် သူ့နှလုံးသား တစ်ခုလုံးကို ဖုံးလွှမ်းသွားရာ ခံနိုင်ရည် မရှိချင်တော့ပေ။

ထိုအချိန်တွင် လုရွှမ်အသံသည် သူမ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။ သူမ မလှုပ်ရှားဝံ့သလို သူမတစ်ချိန်လုံး မလှုပ်ရှားနိုင်တော့ဘဲ တောင့်တင်းနေလျက်သား။

အံ့ဩစရာ ကောင်းလောက်တဲ့ ဓားစွမ်းအင်တစ်ခုက သူမခန္ဓာကိုယ်ကို ဖြတ်သွားလုနီးပါး ပြေးထွက်သွားပြီး သူမရှေ့က အငွေ့စားသားရဲကို ထိုးဖောက်ပစ်လိုက်သည်။ နောက်ဆုံး ၎င်း၏အမြီးသည် တိုက်ရိုက် ပေါက်ကွဲသွားပြီး တစ်ချိန်တည်းမှာပင် ဟွေယင်းလဘ်း သူမခန္ဓာကိုယ်က ပြန်လည် လှုပ်ရှားလာနိုင်တယကို ခံစားလိုက်ရကာ အစောက သေခြင်းတရားရဲ့ အငွေ့အသက်လည်း ပျောက်ကွယ်သွားခဲ့သည်။

သူမသည် လုရွှမ်ဆီသို့ အလိုလို ပြေးသွားကာ လုရွှမ်ကလည်း သူ့နောက်တွင်ထားလျက် အကာအကွယ်ပေးခဲ့သည်။ နေရာတိုင်းတွင် အငွေ့စားသားရဲ၏ ပုံရိပ်များဖြင့် ​ပြည့်နေပြီဖြစ်သည်။

"မင်းတို့ ပြန်ဆုတ်မလား ဒါမှမဟုတ် ငါမင်းတို့အားလုံးကို သတ်ပစ်ရမလား?"

လုရွှမ် အော်လိုက်သည်။

ဒီသားရဲတွေက မရိုးရှင်းပေ။ လုရွှမ်မှာ သူတို့နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အရာတစ်ခုခု ရှိနေသလိုမျိုး သူတို့အပေါ် နားမလည်နိုင်တဲ့ အရိပ်အယောင်ကို ခံစားနေရသည်။

လုရွှမ်လည်း ၎င်းတို့ကိူ ကမူးရှုးထိုး မလုပ်စေချင်ပေ။ တစ်ဖက်အကောင်တွေဟာ မဟာသူတော်စင် ပြီးပြည့်စုံမှုမျှသာ ဖြစ်သောကြောင့် သူသည် ၎င်းတို့ကို တိုက်ရိုက် သတ်နိုင်သည်။

အငွေ့စား သားရဲအုပ်စုတစ်စုသည် တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသကဲ့သို့ မလှုပ်ရှားဘဲ ထွက်ခွာသွားကာ ၎င်းတို့ပတ်ဝန်းကျင်တွင် စုရုံးနေကြဆဲဖြစ်သည်။

"လုရွှမ် ကြည့်လိုက်!"

ဟွေယင်းက ရုတ်တရက် အော်လိုက်ပြီး တစ်နေရာကို ညွှန်ပြလိုက်သည်။

မီးတောင် ပေါက်ကွဲမှုကနေ ပေါက်ထွက်လာသော ပြာတွေ မဖုံးလွှမ်းထားတဲ့ အသွင်ပြောင်း မြက်ပင်တစ်ပင် ဖြစ်ကာ ၎င်းမှာ ဂုဏ်ယူစွာ ပွင့်လန်းနေဆဲဖြစ်သည်။

အသွင်ပြောင်းမြက် သုံးပင်ပေါ်တွင် မီးတောက်နေသော အနီရောင်သစ်သီး သုံးလုံးက အလင်းရောင် ခပ်ဖျော့ဖျော့နှင့် လင်းလက်နေသည်။ တစ်ချက် ကြည့်လိုက်တာနဲ့တော့ ထူးထူးခြားခြား ဖြစ်နေတာကို ခံစားရမှာ မဟုတ်ပါဘူး။

ကျားဖြူလေးဟာ နှစ်ကြိမ်ခန့် ငြီး​ငြူလိုက်ပြီး လင်းယုန်နက်ကလည်း အသံပေးလေသည်။ သားရဲ သဘာဝအတိုင်း အသွင်ပြောင်းအသီးရဲ့ အကျိုးသက်ရောက်မှုကို သူတို့ သိသိသာသာ ခံစားခဲ့ရလေသည်။

“ဒီအငွေ့စား သားရဲတွေက ဒီအသွင်ပြောင်း သစ်သီးတွေကို ရွေးဖို့ စောင့်နေကြတာပဲ”

ဟွေယင်း သူမရဲ့အမြင်ကို အမြန်ပြောလိုက်သည်။

လုရွှမ်သည် ဒီအငွေ့စားသားရဲတွေ ဤနေရာတွင် စောင့်ဆိုင်းနေခြင်းက ၎င်းတို့၏ အမျိုးအနွယ် ရောက်ရှိလာမှာကို စောင့်ဆိုင်းနေကြောင်း သတိထားမိသည်။

သိပ်မကြာခင်မှာပဲ ပြင်းထန်တဲ့ အသက်ရှုသံတွေနဲ့ အတူ အငွေ့စား သားရဲတစ်ကောင် ဖြတ်သွားခဲ့သည်။ ထွက်လာတဲ့ ကျင့်ကြံမှုကနေ သုံးသပ်ကြည့်ရင် ဒါဟာ ကောင်းကင်ဘုံသခင်ရဲ့ အစွမ်းသတ္တိ ရှိလေ၏။

"ဒီအငွေ့စား သားရဲတွေက အခု သူတော်စင်တွေရဲ့ နယ်ပယ်မှာပဲ ရှိနေတာကို စိတ်ကူးကြည့်ဖို့ ခဲယဉ်းတယ်... သူတို့က ထူးထူးခြားခြား သားရဲတွေပဲ.... သူတို့သာ အသွင်ပြောင်းနိုင်ရင် မဟာသူတော်စင် အဆင့်ကို တိုက်ရိုက် ရသွားလိမ့်မယ်"

သူတော်စင် သားရဲများ အသွင်ပြောင်းခြင်းနဲ့ ပတ်သက်၍ ပြောရလျှင် သူတို့သည် ကြီးမားသော အတိဒုက္ခကို ဖြတ်သန်းပြီးနောက်မှ အသွင်ပြောင်းလေ့ရှိသည်။ ယခုသားရဲများသည် သဘာဝအားဖြင့် သာမန်ခွန်အားနှင့် စွမ်းရည်ရှိကြပြီး အများစုမှာ မဟာသူတော်စင် အဆင့်သို့ပင် မရောက်ရှိကြ​သေးပေ။

အလားတူပင် တချို့သော သားရဲများ၏ အရည်အချင်းများမှာ မြင့်မားလေ နောက်ပိုင်းတွင် ၎င်းတို့သည် သဘာဝအတိုင်း အသွင်ပြောင်းလာလေ ဖြစ်သည်။ မဟာသူတော်စင် အဆင့်တွင်ပင် သူတို့ခွန်အားသည် သာမန် ကောင်းကင်ဘုံသခင်များနှင့် ယှဉ်နိုင်နေပြီ။

ဒီအငွေ့စား သားရဲများရဲ့ အရည်အချင်းများက အလွန်မြင့်မားသောကြောင့် ၎င်းတို့သည် ကျားဖြူလေးနှင့်ပင် ယှဉ်လုနီးပါး ဖြစ်​နေ​ပြီ ​ဖြစ်သည်။

"ကြည့်... အပင်သုံးပင် ရှိတယ်.. မိသားစုသုံးစုမှာ တစ်ယောက်ချင်းစီအတွက် အပင်တစ်ပင် ရမယ် ဟုတ်တယ်မဟုတ်လား"

လုရွှမ်က အော်ပြောပြီး အဆုံးမှာ ပျံထွက်လာတဲ့ အငွေ့စား သားရဲကို ကြည့်နေ၏။ လုရွှမ်လည်း ထိုအငွေ့စား သားရဲအပေါ်က အန္တရာယ်ရှိသော အရိပ်အယောင်ကို ခံစားရ​လေသည်။

နောက်ဆုံးတွင် အငွေ့စားသားရဲက စကားပြောလာခဲ့သည်။

"အသွင်ပြောင်းသစ်သီးကို ရချင်ရင် မင်းရဲ့ခွန်အားကို ထုတ်ပြရမယ်... ဒါမှမဟုတ် တစ်ခုခုနဲ့ လဲလှယ်လို့ရတယ် ငါတို့မျိုးနွယ်က ဒီအသွင်ပြောင်းသစ်သီးတွေကို စောင့်နေတာ နှစ်ပေါင်းများစွာ ကြာ​​​မေပြီ သူတို့က မင်း လွယ်လွယ်ရသွားနိုင်တဲ့ အရာလို့ ထင်နေတာလား?"

နတ်သမီးဟွေယင်းမှာ ထိတ်လန့်သွား​တော့သည်။ ဒါက စကားပြောနိုင်တဲ့ အငွေ့စားသားရဲကို ပထမဆုံးအကြိမ် တွေ့လိုက်ခြင်းပဲ ဖြစ်သည်။ ပြီးတော့ ဒီအငွေ့စား သားရဲဆီကနေ သူမဟာ တုနှိုင်းမရတဲ့ ကျယ်ပြောလှတဲ့ ရောင်ဝါကိုလည်း ခံစားလိုက်ရလေသည်။

လုရွှမ်ရဲ့ အပေါ်ကနေ ​အန္တရာယ် အငွေ့အသက်ကို မှုန်ကုပ်လေး ခံစားခဲ့ရစဥ်ကလိုပါပဲ။

ဒီသားရဲရဲ့ စွမ်းရည်က လုရွှမ်ထက်ပင် မြင့်မားနေပြီး ၎င်း၏ စွမ်းအားသည် သူမလောက်ပင် အားကောင်းနေပြီ မဟုတ်ပါလား။ ဒါဆို သူတို့ဒီမှာရပ်နေဖို့ အကျုံးမဝင်ဘူးလေ။

"ဒါဆို မင်းငါနဲ့ တစ်ပွဲလောက် တိုက်ချင်တာလား"

လုရွှမ် မိုးနတ်ဘုရားဓားကို ဆွဲထုတ်လိုက်သည်။ သူ့ကို ပြိုင်ဆိုင်နိုင်တဲ့ သားရဲတစ်ကောင်ကို ပထမဆုံးအကြိမ် တွေ့လိုက်ရခြင်းပင်။ တစ်ဖက်က သားရဲကလည်း

"မင်းရဲ့အငွေ့အသက်ကို ငါခံစားရတယ်... အရမ်းအစွမ်းထက်ပါတယ်။ လူသားတွေ ကြားမှာ မင်းကို အရမ်းတော်တဲ့ ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်နိုင်တယ် ငါမင်းကို တိုက်ခိုက်ဖို့ ရည်မှန်းထားပေမယ့် အခု မဟုတ်သေးဘူး... ငါအသွင်ပြောင်းလဲလာတဲ့ အထိ စောင့်ကြတာပေါ့"

"အခု မင်းရဲ့ ကျားဖြူလေးအတွက် အသွင်ပြောင်းမြက်ကို လိုချင်တယ် ဆိုရင်တော့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး... မင်း သူမကို ထားခဲ့လိုက်... ငါသူမကို လိုချင်တယ်"

ဟွေယင်းရဲ့ မျက်နှာက သိသိသာသာ ပြောင်းလဲသွားကာ သူမကိုယ်သူမ ညွှန်ပြ​နေရင်း "ကျွန်မ?"ဟုပင် ရေရွတ်လိုက်မိသည်။ သားရဲ တစ်ကောင်က သူမကို လိုချင်နေတာကြောင့် သူမ မယုံနိုင်အောင် ဖြစ်သွားတော့သည်။

သူမသည် လုရွှမ်ကိုကြည့်ရင်း လုရွှမ် သည် သူမအား လဲလှယ်လိုသည့် အရာအဖြစ် ဆက်ဆံခံရမည်ကို လေးလေးနက်နက် ကြောက်ရွံ့နေမိသည်။

လုရွှမ်က ညင်သာစွာပြုံးပြီး

"လုရွှမ် ငါက ငါ့သူငယ်ချင်းတွေကို ဘယ်တော့မှ သစ္စာမဖောက်ဘူး စိတ်မပူနဲ့"

ဟွေယင်းရဲ့ နှလုံးသားသည် ည်း နွေးထွေးသွားသလို ခံစားလိုက်ရသည်။

"ရှင် ကျွန်မကို သူငယ်ချင်းလို့ သတ်မှတ်လိုက်တာလား?"

"အစောကတင် ငါတို့အတူ သေရေးရှင်ရေး အန္တရာယ်ကို ဖြတ်ကျော်လာခဲ့ပြီးပြီလေ ဘာလို့ သူငယ်ချင်း မဟုတ်မှာလဲ?"

ဟွေယင်းရဲ့ မျက်လုံးများ နီရဲလာကာ မထိန်းနိုင်ဘဲ "ကျေးဇူးတင်ပါတယ်" ဟု တိုးတိုးလေးပြောလာသည်။ လုရွှမ်သည် သူမ၏ ပခုံးကို ပုတ်ကာ အငွေ့စားသားရဲကို ​ပြန်ကြည့်လိုက်သည်။

"အခြေအနေတွေ ပြောင်းရအောင်... မင်းပြောတာက မဖြစ်နိုင်ဘူး"

"ဒါဆို မန်ဟွမ်နတ်ဘုရားမျှော်စင်ကို လွှဲပေးလိုက်!"

လုရွှမ် အကျယ်ကြီး ရယ်မောလိုက်လေသည်။

“ဒီလိုဝေးလံခေါင်သီတဲ့ အရပ်ကတောင် မန်ဟွမ်နတ်ဘုရား မျှော်စင် တည်ရှိနေတာကို မင်းတကယ် သိလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး.."

"ဟမ့် မင်းရဲ့ မန်ဟွမ်နတ်ဘုရား မျှော်စင်ကို လိုချင်လို့ အခု အပြင်မှာ လူဘယ်နှစ်ယောက်တောင် စုဝေးနေကြပြီလဲ မသိဘူး... ဘာလို့ငါက မလုပ်နိုင်ရမှာလဲ?"

"ဟားဟား ဒါက ပိုလို့တောင် မဖြစ်နိုင်ဘူး ငါတို့ လုပ်နိုင်တာက အဆိုးဆုံး တိုက်ပွဲပဲ!"

"မင်းသေရမှာ မကြောက်ဘူးလား"

"ဘယ်သူအသက်ရှင်ပြီး ဘယ်သူ သေမယ်ဆိုတာ အယူအဆ နှစ်ခုလို​ရှိ​​နေတုန်ပဲ... ငါတို့မသေဘူးဆိုတာတော့ သေချာတယ်"

လုရွှမ် စကားဆုံးသောအခါ သူ့ခန္ဓာကိုယ်အတွင်းရှိ ဓားစွမ်းအင်များ လှုပ်ရှားလာပြီး ရွှေဒြပ်စင်နတ်ပုတီးစေ့ရဲ့ စွမ်းအင်က တဟုန်ထိုး တက်လာသည်။ အလွန်ထက်မြက်သော ဓားစွမ်းအင်ကို မိုးနတ်ဘုရားဓားပေါ်တွင် ပေါင်းထည့်ကာ အဝေးက အငွေ့စားသားရဲ တစ်စုကို ညွှန်ပြသည်။

ဓားစွမ်းအင်က မလှုပ်ရှားသေးသော်လည်း ပြင်းထန်သော ဓားရည်ရွယ်ချက်မှာ အငွေ့စားသားရဲ၏ စိတ်ထဲကို လှုပ်လှုပ်ရှားရှား ဖြစ်သွား​စေသည်။

အငွေ့စားသားရဲက "မလုံလောက်ဘူး!"

လုရွှမ် နှလုံးခုန်သံနဲ့အတူ ရွှမ်ထျန်းတံဆိပ်ပြား တစ်ခုကို ပစ်ချ​ပေးလိုက်​သည်။

"ဒါဘာလဲ?"

"ဆန်းကြယ်ကောင်းကင်အိမ်တော် အကြောင်းတော့ ကြားဖူးတယ်မလား? အနာဂတ်မှာ မင်းရဲ့ကျင့်ကြံမှုကို တိုးတက်ချင်ရင် ဒီမှာပဲ တစ်ချိန်လုံး ပုန်းနေမယ့်အစား ပျော်ဖို့ တစ်နေရာရာကို သွားလို့ရတာပေါ့!"

လုရွှမ်လည်း အငွေ့စားသားရဲ၏ မျက်လုံးများ တောက်ပလာခဲ့တာကို တွေ့လိုက်ရသည်။ သူ ဆန်းကြယ်ကောင်းကင် အိမ်ကြီးအကြောင်းကို သေချာပေါက် ကြားသိထားသူပဲ ဖြစ်မည်။

“ကောင်းပြီလေ တစ်ယောက်ချင်းစီအတွက် တစ်လုံးစီပေါ့”

အငွေ့စား သားရဲသည် ရှေ့သို့ တိုးလာပြီး အသွင်ပြောင်း သစ်သီးကို မျိုချလိုက်ပြီးနောက် မျိုးနွယ်စုနဲ့အတူ ထွက်ခွာသွားခဲ့သည်။

All Chapters