← Chapters

အရေထူသူ

Vol. 69 Ch. 4.544

အရေထူသူ

Vol. 69 Ch. 4.544

အငွေ့စား သားရဲ ထွက်သွားတာကို ကြည့်ရင်း ဟွေယင်းဟာ ခဏတာလောက်အထိ အထိတ်တလန့် ဖြစ်နေဆဲပင်။

ဒီလို အန္တရာယ်တွေက ဒီအတိုင်း ကင်းစင်သွားပြီလား?

လုရွှမ် မီးတောင်အောက်ခြေသို့ ရောက်သွားပြီး အသွင်ပြောင်း သစ်သီးတစ်လုံးကို သူမထံ ပြန်ပေးလိုက်သည်။ ဟွေယင်းမှာ ရှက်ရွံ့သော မျက်နှာဖြင့်

"ကျေးဇူးအများကြီး တင်ပါတယ် လုရွှမ်... ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်မရှင့်ကို အခွင့်ကောင်း ယူသွားမိခဲ့တယ်... အစောက ရှင့်ရဲ့ ဆန်းကြယ်ကောင်းကင် အိမ်တော်က ဘာဆိုလား အဲဒီအမှတ်အသားက အရမ်းအရေးကြီးတယ် မဟုတ်လား? ကျွန်မ..."

သူမပြောတဲ့ စကားသည် အနည်းငယ် ရှုပ်ထွေးနေသော်လည်း သူမတွင် ရည်ရွယ်ချက်ကောင်း ရှိကြောင်း သဘာဝအတိုင်း မြင်နိုင်သည်။

"စိတ်မပူပါနဲ့ ငါ့မှာ တစ်ခုရှိသေးတယ်...ရှိနေလည်း အသုံးမဝင်ဘူး ပေးလိုက်တော့လည်း ကျေနပ်စရာတစ်ခုပဲ။ ဒါ့ပြင် မင်းလည်းငါ့ကို သတင်းတွေ အများကြီး ပေးခဲ့ဖူးတာပဲ... မင်းကြောင့်သာ မဟုတ်ရင် ဒီအရာတွေကို ငါရှာတွေ့မှာ မဟုတ်ဘူး...အခု အသွင်ပြောင်း အသီးကိုလည်း ရခဲ့ပြီ”

"ကောင်းပြီ မရှက်ပါနဲ့... စကားမစပ် မင်းအရင်ပြောခဲ့တဲ့ အပင်က ဒါလား"

လုရွှမ်သည် နီရဲတောက်နေသော ပန်းပွင့်များ ပွင့်နေသည့် အပင်ကို ညွှန်ပြလိုက်သည်။ အရမ်းထူးဆန်းတာက အရောင်က အရမ်းတောက်ပနေပေမယ့် ပထမတစ်ခါ ကြည့်ပြီးနောက်မှာတော့ လူတွေကို ငြီးငွေ့သွားစေတဲ့ အရာတစ်ခုမှ မခံစားရစေပေ။

လုရွှမ် ထိုအပင်၏ ထူးကဲသော သဘာဝကို သတိပြုမိသည်။

ဟွေယင်း ခေါင်းညိတ်ပြီး

"အဲဒါပဲ အရောင်မဲ့ပန်း!"

လုရွှမ် အရောင်မဲ့ပန်းကို ကောက်ယူပြီး ကျောက်စိမ်းပြားထဲ ထည့်ထားလိုက်သည်။

"အပြင်ထွက်ရအောင် ငါတို့ပင်လယ်ထဲမှာ နေတာကြာပြီ"

ဟွေယင်းမှာ ဒီစကားကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့တာ ကြာလှပြီဖြစ်သည်။ သူမရဲ့ ကျင့်ကြံမှုက ပျမ်းမျှသာဖြစ်ကာ ဒီပင်လယ်ဧရိယာထဲက ရေဟာ အဆိပ်ငွေ့တွေနဲ့ ရောနှော​​နေပြီး အသားအရေကို ညစ်ညမ်းစေမယ့် အစိမ်းရောင် ရောင်ဝါတွေလည်း ပြည့်နှက်နေတာကြောင့် သူမသာ အဲ့ဒီမှာ ကြာကြာနေနေမယ်ဆိုရင် ခံနိုင်ရည်ရှိတော့မှာ မဟုတ်ပါဘူး။

သူတို့ နှစ်ယောက် ရေထဲမှ အမြန်ထွက်လိုက်တော့ အပြင်ဘက်တွင် အစိမ်းရောင် တိမ်တိုက်တစ်ခု ရှိနေပြီး သူတို့ကို နှိမ်လုနီးပါး ဖြစ်နေပြီ။ နှစ်ယောက်သားကြာကြာ မနေရဲတော့ဘဲ အပြန်လမ်းဆီသို့ အမြန် ပြေးထွက်သွားကြသည်။

တစ်လမ်းလုံး အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်လာခဲ့ပြီးနောက် နောက်ဆုံးတွင် အပေါက်ဝသို့ ပြန်ရောက်လာခဲ့သည်။ သူ အပြင်မထွက်မီ လုရွှမ် အပြင်ဘက်မှ အေးမြသော လေထုကို ရုတ်ချည်း ခံစားလိုက်ရသည်။

တိမ်တိုက် အရောင်ငါးရောင်သည် ကောင်းကင်တွင် လွင့်မျောနေသော်လည်း ရုပ်ပုံနှစ်ခုကို မဖုံးကွယ်နိုင်ရာ အပြင်ဘက်ရှိ လူအားလုံးကလည်း သူတို့ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ လုရွှမ်တို့လည်း အပြင်မှလူများကို မြင်ရသည်။

"ကောင်မလေး မင်းအလုပ်ကောင်းကောင်း လုပ်ထားပေမယ့် ဘာလို့ ဒီလောက် ကြာနေရတာလဲ?"

ဟွမ်မိသားစုခေါင်းဆောင် ဟွမ်ဝေက အော်ပြောလိုက်သည်။ ဟွေယင်းရဲ့ မျက်နှာမှာ နီရဲလာပြီး လုရွှမ်ကို တစ်ချက်ကြည့်လိုက်သည်။ ဒီကိစ္စကို လုရွှမ် ထုတ်ဖော်ခဲ့သော်လည်း သူမ အလွန်အရှက် ကွဲနေသေးသည်။

လုရွှမ် ရယ်လိုက်ပြီး ဟွေယင်းရဲ့ပုခုံးကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။

"ကိစ္စမရှိပါဘူး...မင်းသူ့အပေါ် အကြွေးတင် ပေးဆောင်ထားသမျှကို ဒီတစ်ခါ ပြန်ပေးဆပ်ပြီးပြီပဲလေ"

နတ်သမီးဟွေယင်းသည် ယခု သူ့ဘေးတွင် ရပ်နေပြီ။ ဟွမ်ဝေသည် သူ့​​စိတ်ထားကို ထုတ်ဖော်လိုက်ပြီးဖြစ်ကာ သူမ အသက်ရှင်ရှင် သေသေ ဂရုမစိုက်ကြောင်း သိသာထင်ရှားစွာ အသံဟစ်နေ၏။ ဒါကြောင့် ဟွေယင်းလည်း ဒေါသထွက်နေရာ လုရွှမ်ကို သတ်ခွင့်ပြုလိုက်သည်။

"သောက်ချီးပဲ! သခင်လေးလုရွှမ်က မိန်းမချော​လေး တစ်ယောက်ရှိတယ် ဆိုတာ ငါကြားထားတာ ကြာပါပြီ... လမ်းတလျှောက်မှာလည်း အမျိုးသမီးတွေ ပြတ်တောက်မှု မရှိခဲ့ဘူး... ဟွေယင်းကို ဖမ်းမိဖို့ အချိန်ဘယ်လောက်မှ မကြာလိုက်ဘူးနော် တကယ်ကို မမျှော်လင့်ထားဘူး"

"ဟမ့်... အချိန်အများကြီး ယူ​နေတာ မဆန်းပါဘူး။ မင်းငါ့ကို ကတိပေးထားတဲ့ ကိစ္စကို မေ့သွားပြီလား ခွေးမ"

လုရွှမ် သူ့ဓားကို နောက်ပြန်ဆွဲထုတ်ကာ ဓားစွမ်းအင်က ကောင်းကင်သို့ ဖြတ်သန်းစေ၍ ဟွမ်ဝေရှေ့သို့ ချက်ချင်း ပြေးသွားလေသည်။ ဟွမ်ဝေမှာခုခံဖို့ အချိန်မရှိလိုက်တာကြောင့် သူ့ခမျာ အော်ဟစ်ပြီး လဲကျသွား၏။ ကံကောင်းထောက်မစွာနဲ့ သူ့နောက်က လူတွေရဲ့ ပံ့ပိုးမှုကို ရရှိခဲ့သည်။ မဟုတ်ရင်တော့ သူ အရမ်းရှက်ကွဲသွားလိမ့်မယ်။

သူ့ရှေ့တွင် လူတစ်ယောက် ရုတ်တရက် ပေါ်လာခဲ့သည်။

သူ့မျက်နှာပေါ်ရှိ အရေးအကြောင်းများက သူ အသက်ကြီးနေပြီဟု ညွှန်ပြနေသည်။ သူ့ဆံပင်တွေက မီးခိုးရောင် ဖြစ်နေပေမယ့် သူ့မျက်လုံးတွေက စွမ်းအင်တွေ ပြည့်နေသေးသည်။

၎င်းမှာ မိသားစုမှ အကြီးအကဲ ဘိုးဘေးကြီး ဟွမ်ရှန် ဖြစ်ကာ ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသော နယ်ပယ် ဖြစ်​လေသည်။

"သေချာပါတယ်... သူရဲကောင်း တစ်ယောက်ဟာ သန်မာတဲ့ ယောက်ျားလေး တစ်ယောက်ဆီကနေ မွေးဖွားလာခဲ့တာပဲ... ဒီဓားရဲ့ စွမ်းအားက ငါ့စွမ်းအားသုံးကွက်လောက် အထိ အစွမ်းထက်တယ်"

ဟွမ်ရှန်က ကြွေးကြော်ခဲ့သည်။

အဘိုးအို၏ ခန္ဓာကိုယ်မှ ဆိုးရွားလွန်းတဲ့ အနံ့အသက်မျိုး ထွက်နေတာ မရှိပေ။ အဘိုးအို၏ ခွန်အားသည် မှေးမှိန်သွားကြောင်း သိသာထင်ရှားလှပေသည်။ သို့သော် ကြည့်လိုက်လျှင် အိုနေသော်လည်း လူရွယ်တစ်ယောက်လို ခပ်ဖြောင့်ဖြောင့်ပင်။

လုရွှမ် သတိ​မပေါ့ဝံ့ပေ။ ရွှေဒြပ်စင်နတ်ပုတီးစေ့နဲ့ ယွမ်ယန်စွမ်းအင်တို့၏ အကူအညီဖြင့် လုရွှမ်သည် ကောင်းကင်ဘုံသခင် အဆက့်၅နဲ့ အဆင့်၆များကို ထိပ်တိုက်ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ခဲ့သည်။ ဤလူကြီးသည် ထူးထူးခြားခြား ခွန်အားရှိပြီး သေချာတာကတော့ သူ့အတွက် ယှဉ်နိုင်စရာ မရှိပေ။

"အဘိုးကြီး ခင်ဗျား ဘာလိုချင်လဲ? ခင်ဗျားလည်း မန်ဟွမ်နတ်ဘုရားမျှော်စင်ကို လိုချင်တာလား"

လုရွှမ်လည်း သူ့တွက်ချက်မှု မှားနေပါ​စေလို့ တိတ်တဆိတ် အော်လိုက်မိသည်။ ဝိညာဉ်စွမ်းအား ပါးလွှာသော ဤဝေးလံခေါင်သီသော အရပ်တွင် ကောင်းကင်ဘုံသခင် ပြီးပြည့်စုံသော ကာလကလူတစ်​ယောက် ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ ဒီလိုနေရာမျိုးမှာ နေရတာ ကျင့်ကြံမှုတွေ တိုးလာမယ့်အစား နောက်ပြန်ဆုတ်သွားမှာကို မကြောက်ဘူးလား။

"ဟားဟား မင်းက ဉာဏ်ကောင်းသားပဲ... အခု မင်းသိ​​ပြီဆိုရင် ထုတ်ပေးလိုက်တော့!"

လွှဲပေးနိုင်ရင်တောင် ဘယ်တော့မှ လက်လွှဲမှာ မဟုတ်ပါဘူး။ မန်ဟွမ်နတ်ဘုရား မျှော်စင်ရဲ့ စွမ်းအားကို သူ အသုံးမပြုနိုင်သော်လည်း ကောင်းကင်ဘုံသခင် တစ်ယောက်ကိုတော့ သူ့မျက်လုံးထဲ ထည့်ထားမှာ မဟုတ်ပေ။

"ဟမ့် လူအိုကြီး... ကျုပ်မှာသာ မန်ဟွမ်နတ်ဘုရားမျှော်စင် တကယ်ရှိရင် ခင်ဗျားကို သတ်ပစ်လိုက်တာ ကြာပြီလို့ မထင်ဘူးလား? ကျုပ် ခင်ဗျားနဲ့ စကားစမြည် ပြောနေစရာ လိုသေးလို့လား?"

ဟွမ်ရှန်ကလည်း။

"မင်းလုပ်နိုင်မယ်လို့ ထင်လား? ဟမ့် မင်းရဲ့လက်ရှိခွန်အားနဲ့ သူ့ကို ဘယ်လိုလုပ်ပြီး ထိန်းနိုင်မှာလဲ? မန်ဟွမ်နတ်ဘုရား မျှော်စင်က သာမန်ကမ္ဘာ့ရတနာ မဟုတ်ဘူး.... ရွှမ်ထျန်း ကမ္ဘာ့ရတနာတစ်ခုပဲ... ရွှမ်ထျန်း ကမ္ဘာ့ရတနာကို ထိန်းချုပ်ချင်ရင် အနည်းဆုံးတော့ ကောင်းကင်ဘုံသခင်ရဲ့ စွမ်းအင်မျိုး ရှိထားဖို့ လိုတယ်... မင်းမှာ ထူးကဲတဲ့ အရည်အချင်းတွေရှိပေမယ့် မင်းက သူတော်စင်တစ်ယောက်ပဲလေ..."

လုရွှမ်လည်း ဒါက အမှန်တကယ် ကြီးမားသော ကန့်သတ်ချက် ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။

သူ့ခန္ဓာကိုယ်တွင်းရှိ ရောင်ဝါသည် မရေမတွက်နိုင်အောင် ရှိနေတယ်လို့ ခံစားရသော်လည်း အမြဲတမ်း အလုပ်မဖြစ်ဘူးဟု ထင်မြင်နေမိသည်။ လတ်စသတ်တော့ ကျင့်ကြံမှု မလုံလောက်လို့ကိုး။ အခု စဉ်းစားကြည့်တော့ ထိုရောင်ဝါ ထွက်လာခါနီးတိုင်း ရွှေဒြပ်စင်နတ်ပုတီးစေ့က သူ့စွမ်းအင်ကို အရင်ဆုံး စဖွင့်လိုက်သလိုပဲ။

"မင်းက ငါ့ရဲ့ အငယ်တန်း မျိုးဆက်ကို သတ်လိုက်တယ်... လျော်ကြေးပေးဖို့ မန်ဟွမ်နတ်ဘုရားမျှော်စင်နဲ့ လဲလှယ်လိုက်..."

ထွီး!

နတ်သမီးဟွေယင်းပင် မထိန်းနိုင်ဘဲ ရွံရှာစွာ တံတွေးထွေးထုတ်လိုက်သည်။ ဒီလူကြီးက တော်တော်ကလေး အရှက်မရှိလှပေ။

ဟွမ်ထောင်က ဘာကောင်လဲ၊ စာရေးတာ ဒါမှမဟုတ်ရင် ကိုယ်ခံပညာ မကျွမ်းကျင်ရင် တခြား ကျင့်ကြံသူတွေကို လှည့်စားမယ်။ ဒါကလွဲရင် တခြား ဘာလုပ်နိုင်သေးလို့လဲ။

ထိုသို့သော လူယုတ်မာကို သတ်သင့်သော်လည်း သူ့အသက်ကို အားကိုးပြီး မန်ဟွမ်နတ်ဘုရား မျှော်စင် လိုချင်နေသေးတဲ့ လူတွေကြောင့် သူသေဆုံးရခြင်းမှာ အတော်လေး ခံပြင်းစရာ ကောင်းသွားပြီ။

"ဟမ့်" ဟွမ်ရှန်ရဲ့ မျက်နှာက အေးစက်လာပြီး

"မင်းက ဘယ်သူလဲ!"

အကျပ်ကိုင်မှုတစ်ခု ပေါ်လာပြီး အသံလှိုင်းက သံတူရွင်းအဖြစ်သို့ ပြောင်းလဲကာ ဟွေယင်း ဦးတည်ပြေးထွက်သွားသည်။

သူမရဲ့လှပသော မျက်နှာသည် ဖြူဖျော့လာပြီး ဖိအားများက သဘာဝ ဘေးအန္တရာယ်တစ်ခုကဲ့သို့ ရောက်ရှိလာကာ ထိုဖိအားအောက်တွင် အသက်မရှူနိုင်တော့ပေ။

သူ့ဘေးနားက လက်တစ်ဖက် ဆန့်ထွက်လာသည်။ ၎င်းက လုရွှမ်ပင်။ လုရွှမ် ဟွေယင်းကို သူ့အနောက်ကို ဖမ်းဆွဲထားလိုက်ကာ ဖိအားကိုတားဆီးရန် ဓားကို ​ဝေ့ယမ်းလိုက်သည်။

စွမ်းအားများ တိုက်မိပြီး အရပ်ရပ်သို့ လေပြင်းများ တိုက်ခတ်သွားသည်။ ကျင့်ကြံသူတွေမှာ အရမ်း တုန်လှုပ်သွားပြီး ခိုင်မြဲစွာ မရပ်တည်နိုင်တော့ဘဲ အဆက်မပြတ် ပြန်ဆုတ်သွားရသည်။

သို့သော် လုရွှမ်သည် မလှုပ်မယှက်ဖြင့် တောက်လောင်နေသော မျက်လုံးများကို ဖွင့်လျက် ဟွမ်ရှန်ကို စိုက်ကြည့်နေသည်။

"အဘိုးကြီး... ခင်ဗျားက စီနီယာအကြီးအကဲ တစ်ယောက် ဖြစ်ပြီးတော့ ဒီလိုမိန်းကလေးကို ဆက်ဆံတဲ့အခါ အနည်းဆုံးတော့ ခင်ဗျားမှာ အရှက်တရား ရှိတဲ့ မျက်နှာလေးတော့ ရှိသင့်တယ် မဟုတ်ဘူးလား? အခုပုံစံက ရှက်စရာကောင်းတယ်လို့ မထင်ဘူးလား?"

လုရွှမ်ဟာ ဟွေယင်းကို ကယ်တင်ဖို့ သေချာပေါက် လုပ်ဆောင်မယ်ဆိုတာ သိတာကြောင့် လုရွှမ်ရဲ့ စစ်မှန်သော အဆင့်ကို စမ်းသပ်ရန်အတွက် ဤအရှိန်အဟုန်ကို စွမ်းအား ၅၀% ထုတ်သုံးခဲ့သည်။

မထင်မှတ်ဘဲ ဒီလှုပ်ရှားမှုကို လုရွှမ်က အလွယ်တကူ တားဆီးနိုင်ခဲ့သည်။ ဤကောင်လေးရဲ့ ခွန်အားတွေက သူ့​မျှော်လင့်ထားတာထက်ပင် ပိုမိုများပြားနေပေသည်။

"ကောင်လေး... မင်းက အရည်အချင်းရှိတဲ့ သူတစ်ယောက်လို့ ငါထင်တယ်... မင်းကို သတ်ရတာ နှမြောစရာ ကောင်းတယ်.. ဒီလိုလုပ် မင်းငါ့ကို ဆရာအဖြစ် ကိုးကွယ်ရင် ငါ မင်းကို ဆွေမျိုးတစ်ယောက်လို ဆက်ဆံမယ်!"

All Chapters