← Chapters

ရှောင်ထွက်သွားပြီ

Vol. 69 Ch. 4.545

ရှောင်ထွက်သွားပြီ

Vol. 69 Ch. 4.545

“ဘိုးဘွား!”

သူ့ဘေးက ဟွမ်ဝေမှာ မယုံကြည်နိုင်စွာ အော်ပြောလိုက်သည်။ မန်ဟွမ်နတ်ဘုရားမျှော်စင်ကို ယူဖို့ထက် ဒီလူကို တပည့်အဖြစ် စုဆောင်းတာကများ ပိုကောင်းလို့လဲ။

ဟွမ်ရှန်က သူ့လက်ကို ဝှေ့ယမ်းပြီး

"မင်း ထပ်ပြောစရာ မလိုပါဘူး ငါ့မှာ ကိုယ်ပိုင် အစီအစဉ် ရှိပြီးသား"

"ဘယ်လိုလဲ?"

"ဘာကိုလဲ?" လုရွှမ်က အော်လိုက်သည်။ ထိုလူရဲ့နှာခေါင်းကို လက်ညိုးထိုးပြပြီး ထပ်မေးလိုက်လေသည်။

“ခင်ဗျားကို ဆရာအဖြစ် ကိုးကွယ်စေချင်တာလား?”

ဟွမ်ရှန်က ခေါင်းညိတ်ပြီး ဂုဏ်ယူစွာနဲ့ ပြောလိုက်သည်။

"မှန်တယ်! ဟွမ်မိသားစုရဲ့ သမီးပျိုကိုလည်ူ မင်းရွေးချယ်နိုင်တယ် ဘယ်လိုလဲ?"

"ခင်ဗျား တကယ် အရေထူတာပဲ... ခင်ဗျားအဆင့်နဲ့လား ခင်ဗျားကကျုပ်ထက် အသက်နည်းနည်း ကြီးပေမယ့် လေးစားစရာ သိပ်မရှိဘူးလို့ ထင်တယ်နော် ဟမ့် ခင်ဗျားရဲ့ အရည်အချင်း နဲ့ ခင်ဗျားတပည့် အဖြစ် လက်ခံဖို့တော့ စိတ်မ၀င်စားဘူး အရှက်ရမှာ ကြောက်ရတယ်"

"ဟွေယင်း ဒီလူကြီးက စိတ်မနှံ့ဘူးလို့ မင်းထင်လား?"

နတ်သမီးဟွေယင်းက အေးဆေးတည်ငြိမ်ပေမယ့် ငတုံး မဟုတ်ပေ။ ဟွမ်မိသားစုက သူမအား အမြောက်စားစာအဖြစ် ရှင်းရှင်းလင်းလင်း ဆက်ဆံခဲ့သည်။

"ဟွန့် သေချာတာပေါ့... သူတို့အားလုံးက မာနကြီးပြီး ကိုယ့်ကိုကိုယ် ဖြောင့်မတ်တယ်ဆိုပြီး လုပ်နေသူတွေ... ကမ္ဘာပေါ်မှာ ဟန်ကျိုးလိုမျိုး သူတို့အုပ်စိုးနိုင်တဲ့ နေရာလေးတစ်ခုပဲ ရှိတယ်လို့ ထင်နေကြတာလေ... အဲဒီနေရာမှာ ထိုင်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ရင်တောင် ကောင်းကင်ကြီး ဘယ်လောက် မြင့်တယ်ဆိုတာ ဘယ်လိုမှ မသိပါဘူး”

"ရှင်က သခင်လေးလုရွှမ်ကို ရှင့်ရဲ့ တပည့်အဖြစ် လက်ခံချင်တုန်းပဲပေါ့? နတ်မီးနယ်ပယ်က အကြီးတန်းတွေတောင် မဝံ့ရဲကြဘူး... ရှင်က တကယ်ကို အရှက်မရှိတာပဲ"

ထိုစကား ဆုံးတဲ့နောက် ဟွမ်ဝေက ဒေါသတကြီး ဝင်အော်လိုက်သည်။

"ကလေးမ! မင်းဘာတွေ ဝင်ပြောနေတာလဲ? သေချင်နေတာလား?"

နတ်သမီးဟွေယင်းသည် ဟွမ်ရှန်ကို အလွန်ကြောက်သော်လည်း ဟွမ်ဝေကိုတော့ အလွန်ကြောက်ရွံ့ခြင်း မရှိပေ။ ဟွမ်ဝေက အော်ဟစ်ပြီးနောက် သူ့လက်ဖဝါးကို ဝေ့ယမ်းလိုက်သည်။ လက်ဖဝါးအရိပ်က လေထဲတွင် ထွန်းတောက်လာကာ နတ်သမီးဟွေယင်းဆီသို့ ရိုက်ချလိုက်သည်။

လုရွှမ်ကလည်း လေပြင်းလက်ဝါးဖြင့် ပြန်ရိုက်သည်။

ဟွမ်ဝေသည် သူ့ထက် အဆများစွာကြီးမားပြီး စွမ်းအားများ အဆများစွာ ပေါင်းထည့်ထားသည့် လက်ဖဝါးကြီးသည် အကြောင်း တွေး​ကြည့်လိုက်ရုံဖြင့် သူ့နောက်မှ ချွေးစီးများ စီးကျလာတော့သည်။

ဟွမ်ဝေ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့လက်ဖဝါးအရိပ်ဟာ ပိုကြီးလာပြီး လုရွှမ်ရဲ့ ကြီးမားတဲ့ လေပြင်းလက်ဝါးနဲ့ လိုက်ဖက်သွားသည်။

သူသည် ကောင်းကင်ဘုံသခင် ဖြစ်သော်လည်း တစ်ဖက်က သူတော်စင်တစ်ဦးသာ ဖြစ်လေသည်။ သူ့လို ကောင်းကင်ယံသခင်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမယ်လို့ မယုံကြည်ခဲ့ပေ။ အပြင်မှာ ကောလဟာလတွေ ပျံ့နှံ့နေရင်တောင် သူ့မျက်လုံးနဲ့ မမြင်ရဘဲ မယုံနိုင်ဘူးလေ။

ဟွမ်ရှန်သည် ဟွမ် မိသားစုခေါင်းဆောင်၏ ပင်ကိုယ်စရိုက်ကိုလည်း သိပြီးသား ဖြစ်တာကြောင့် သူတို့ကို ဝင်ရောက် မတားဆီးခဲ့ပေ။

ထို့နောက် လက်ဝါးနှစ်ခုကို တပြိုင်နက် တိုက်မိသွားကာ ဟွမ်ဝေ ပစ်လွှတ်လိုက်သော လက်ဝါးသည် ပထမဦးစွာ အပိုင်းပိုင်း ကွဲသွားခဲ့သည်။ လုရွှမ်ရဲ့ ကြီးမားသော လေပြင်းလက်ဝါးကတော့ ဟွမ်ဝေအား ခုခံမှုမရှိဘဲ ထိမှန်သွားခဲ့သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ဟွမ်ဝေ အော်ဟစ်လိုက်သည်။

ဟွမ်ရှန်က သူ့လက်ဝါးဖြင့် ဝင်ရောက် ပိတ်ဆို့ထားလိုက်သည်။

"ကောင်လေး မင်း ခက်ခက်ခဲခဲ လုပ်ချင်​နေတာလား?"

လုရွှမ်က လှောင်ပြောင်သည့် အနေဖြင့် ပြုံးရင်း

"ဒါဆို ခင်ဗျားမှာ အရည်အချင်းရှိရင် ကျုပ်ကို ဘာလို့လိုက်မဖမ်းလဲ?"

လုရွှမ်ရဲ့စိတ်က ရွှေကျီးကန်းရဲ့ အသံအား ကြားလိုက်သည်။

"အစောတုန်းက အစိမ်းရောင် အငွေ့တွေကို ပြင်းပြင်းထန်ထန် စုပ်ယူလိုက်တာ ဒါကြောင့်ပေါ့လေ"

ရွှေကျီးကန်းက ထူးဆန်းစွာ ရယ်မောလိုက်ပြီး လုရွှမ်ရဲ့ အစီအစဉ်ကို သဘာဝကျကျ နားလည်သွားပြီး လုရွှမ် ဤလူကြီးကို အခွင့်ကောင်းယူချင်နေကြောင်းလည်း သိလိုက်သည်။ ထင်ထားတဲ့အတိုင်း ဟွမ်ရှန်က အော်ဟစ်ပြီး လှုပ်ရှားတော့မည်။

ဟွ​မ်ဝေ အမြန်ရပ်လိုက်ပြီး

"ဘိုးဘေး အဲဒါက အန္တရာယ်တွေ အမျိုးမျိုးနဲ့ ပြည့်နေတဲ့နေရာကြီး... ရှေးခေတ်ကတည်းက တားမြစ်ထားတဲ့ ပင်လယ်ကြီးလေ လွယ်လွယ်နဲ့ မစွန့်စားတာ ပိုကောင်းပါတယ်"

"ဟမ့်!" ဟွမ်ရှန်က အထင်အမြင်သေးမှု အပြည့်နှင့် ခနဲ့လိုက်သည်။

"သူတော်စင်တစ်ယောက် ကြီးစိုးနိုင်တဲ့ အရပ်မှာ နတ်မီးနယ်ပယ်ကို ခြေလှမ်းတစ်ဝက် ရောက်နေတဲ့ ငါက ကြောက်စရာလိုလို့လား?"

ဟွမ်ရှန်က မထီမဲ့မြင်အပြည့်ဖြင့် အော်ဟစ်ပြီး တစ်ဖက်သို့ ပြေးထွက်သွားသည်။

"သူတကယ် ပျံသန်းလာပြီ ကျွန်မတို့ ဘယ်လိုလုပ်​ကြမလဲ?"

နတ်သမီးဟွေယင်းက တုန်တုန်ယင်ယင် အသံဖြင့် မေးလိုက်ရင်း သူမမျက်နှာကလည်း ဖြူဖျော့သွားခဲ့သည်။

"မကြောက်နဲ့ စစ်သားတွေ လာရင် ရေနဲ့ မြေကြီး​တွေကို ဖုံးဖိထားလို့ရတယ်... သူလာရဲတဲ့အတွက် ရှုံးဖို့လည်း အသင့်ပြင်ထားရမယ်!"

လုရွှမ်ရဲ့ စကားတွေက တကယ်ကို အဓိပ္ပာယ်မဲ့တဲ့ တိမ်စိမ်းစိမ်းတွေဆီက ရတဲ့ ထူးဆန်းမှုလိုမျိုးကြီး သူခံစားနေရသဘ်။ ဝိညာဉ်တစ်ကောင်က သူမကို စိုက်ကြည့်နေသလိုမျိုး ထူးဆန်းတဲ့ အရိပ်အယောင်တစ်ခုလည်း ရှိနေသည်။

လုရွှမ်သည် တိမ်များထဲတွင် နားမလည်နိုင်သော မှော်ဆန်သည့် အရာတစ်ခု ရှိ​နေမည်ဟု မှန်းဆမိသည်။ သူတို့ မလှုပ်ရှားခဲ့ပါက သူတို့ရဲ့ကျင့်ကြံမှု အဆင့်မှာ အလွန်နိမ့်သောကြောင့် ဂရုမစိုက်မိခဲ့ပေ။ တကယ်လို့ ဟွမ်ရှန်သာ ရဲရဲဝံ့ဝံ့ ဖြတ်ကျော်လာခဲ့လျှင် သူ မတတ်နိုင်တော့ပေ။

"ရွှေကျီးကန်းကို လွှတ်လိုက်တော့!"

လုရွှမ် အော်လိုက်သည်။ ရွှေကျီးကန်းကလည်း ဟွမ်ရှန်ကို ရည်မှန်းပြီး စုဆောင်းထားသော အစိမ်းရောင် အငွေ့များကို တိုက်ရိုက် ဖြန်းပက်​ပေးလိုက်သည်။

ဟွမ်ရှန်ရဲ့ အမူအရာက ရုတ်ချည်း ပြောင်းသွားပြီး ပြောချင်နေတဲ့ စကားလုံးများကို ဗိုက်ထဲထိရောက်အောင် အသက်ရှုသွင်းလိုက်သည်။

အငွေ့ကို မမြင်ရသော်လည်း အကျပ်အတည်းကို ခံစား​နေရသည်။ သူသည် ထူးကဲသော တန်ခိုးနှင့် ထပ်တူထပ်မျှ အဆင့်မြင့်သော နတ်မီးနယ်ပယ်ကို ခြေလှမ်းတစ်ဝက် ဝင်ရောက်နေသော သခင်ဖြစ်ခဲ့သည်။

လုရွှမ် ခန္ဓာကိုယ်ပေါ်က ဓားရောင်ဝါဟာ ဟောက်သံနှင့်အတူ ယွမ်ယန်ဓားကိုးစင်းရဲ့ ငါးစင်းမြောက်ဓားကို ခုတ်ထစ်လိုက်လေသည်။ ဓားစွမ်းအင်ထဲတွင် လေထုကိုပါ ပျက်သုဉ်းစေမည့် လှုပ်ရှားမှု၊ အသက်ကို ငြိမ်းစေနိုင်သော သေခြင်းစွမ်းအင်ကိုလည်း စုစည်းထား​သေး​သည်။

ပြီးတော့ ဒီနေရာမှာ အစိမ်းရောင် အငွေ့ထက် လူတွေရဲ့ စိတ်နှလုံးကို ပိုထိခိုက်စေနိုင်တဲ့ အရာက ဘာရှိဦးမလဲ။ ဟွမ်ရှန်သည်လည်း ချက်ချင်းပင် ရုန်းရင်းဆန်ခတ် ဖြစ်စေသော ဓားစွမ်းအင်ဖြင့် လှုပ်ရှားလိုက်သည်။

လူတွေမမြင်နိုင်တဲ့ နေရာမှာ အစိမ်းရောင် အငွေ့အုပ်စုတစ်စုဟာ လုရွှမ်ရဲ့ ဓားသွားဆီကို ဦးတည်ကာ စုရုံးလာကြသည်။

လုရွှမ်၏ ဦးခေါင်းထက်က ကောင်းကင်တွင် ပေါင်းစည်းလိုက်သော ဓားစွမ်းအင်များသည် လုရွှမ်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး ရွှေဒြပ်စင်နတ်ပုတီးစေ့ကို ချက်ချင်း အသက်ဝင်စေကာ မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ ရောင်ဝါကို တစ်ဖန် ပြန်လည် အသက်ဝင်လာစေခဲ့သည်။

ဓားစွမ်းအင်က စုစည်းပြီး အစိမ်းရောင် မီးပန်းအဖြစ် ပြောင်းလဲသွားသည်။

"ယွမ်ယန်ဓားကိုးစင်းရဲ့ ငါးစင်းမြောက်ဓား! ချေမှုန်းပစ်ပြီး သတ်ပစ်!"

ကျယ်လောင်သော အော်သံနှင့်အတူ လုရွှမ်သည် သူ့ဓားရိပ်ကို ဝှေ့ယမ်းကာ ဟွမ်ရှန်ကို ခုတ်ထစ်လိုက်သည်။

ဟွမ်ရှန်ရဲ့ အမူအရာလည်း သိသိသာသာ ပြောင်းလဲသွားသည်။ ဒီလိုလှုပ်ရှားမှုမျိုးကို သူ ရှင်းရှင်းလင်းလင်း ခံစားရနိုင်သည်။ ထိုစွမ်းအင်မျိုးသည် အလွန်အစွမ်းထက်သော ကောင်းကင်ဘုံသခင် အများစုကိုပင် သတ်နိုင်သည်။

သူက အဆင့်၉ ကောင်းကင်ဘုံသခင် ဆိုပေမယ့် အဆင့်တက်ဖို့ အဆင်သင့် မဖြစ်သေးဘူး။ သူဒီလိုဓားချက်နဲ့သာ တွေ့ရင် သေချာပေါက် ဒဏ်ရာရသွားလိမ့်မည်။

လုရွှမ်သည် သူ့ခန္ဓာကိုယ်အတွင်းက အားကောင်းမောင်းသန် တက်ကြွမှုကို ခံစားခဲ့ရပြီး ၎င်းသည် ယွမ်ယန်ဓားကိုးစင်း၏ စွမ်းအား မဟုတ်ကြောင်းလည်း သိလိုက်သည်။ ယင်းအစား သူ့ခန္ဓာကိုယ် အတွင်းက မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ ရောင်ဝါကနေ ထွက်လာသော စွမ်းအားသည် မူလဓား၏ ရွေ့လျားမှု စွမ်းအားကို အနည်းဆုံး နှစ်ဆတိုးစေသည်။

တိုးလာမှုက ပြင်းထန်လွန်းသဖြင့် လုရွှမ်ဓားစွမ်းအင်ကို ပစ်လွှတ်လိုက်သည့် အခိုက်တွင် မလှုပ်ရှားလိုက်ရသလိုပင်။

ဟွမ်ရှန်က "ဖယ်စမ်း!" ဟုအော်ကာ သူ့ခန္ဓာကိုယ်က တစ်ဖက်သို့ ရွေ့သွားရာ သူ့ရှေ့တွင် ဘယ်သူကမှ အတားအဆီး ဝင်မလုပ်ရဲပေ။

လုရွှမ်မှာ မယုံနိုင်အောင် ဖြစ်သွားသည်။ ဒါဘိုးဘွားတစ်ယောက် လုပ်သင့်တဲ့ အလုပ်လား။ သူ့နောက်မှာတော့ ဟွမ်မိသားစုရဲ့ အငယ်တန်းတွေ အားလုံးကလည်း သူ့လမ်းကနေ ထွက်သွားပေးကြရသည်။

ဓားအရိပ်က လဲကျသွားပြီး ဟွမ်မိသားစုဝင်များကို ထိသွားသည်။

ထို​လူများသည် ခွန်အားနည်း၍ ကောင်းကင်ဘုံသခင် အနည်းငယ်မျှသာ ရှိပြီး တခြားသူများကလည်း မဟာသူတော်စင်များ ဖြစ်ကြပေသည်။ ဒီလို ဓားစွမ်းအင်ကို သူတို့ဘယ်လိုလုပ် တားဆီးနိုင်စွမ်းရှိမှာလဲ။ ဒါ့အပြင် ဓားရောင်ဝါသည် ထူးဆန်းသော အစိမ်းရောင် စွမ်းအင်များနှင့် ရောနှော​နေကာ သူတို့ခန္ဓာကိုယ်များကို တရစပ်တိုက်ခိုက်လာတာကြောင့် ခန္ဓာကိုယ် တစ်ခုစီသည် အသွေးအသား အပိုင်းအစများ အဖြစ် တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။

“ဘိုးဘေး!”

လူများစွာက တစ်ပြိုင်တည်း ကျယ်လောင်စွာ ​အော်ကြသည်။ ဘိုးဘေးက အမှန်တကယ် ကိုယ်လွတ်ရုန်းပြီး သူတို့ သူ့ကို အလိုအပ်ဆုံး အချိန်မှာ တကယ် ထွက်ပြေးသွားမယ် ဆိုတာကို မယုံနိုင်ကြသေးချေ။

သူတို့သည် ဒီအကျပ်အတည်းမှ လွတ်မြောက်ရန် အခွင့်ကောင်းယူချင်သော်လည်း သူတို့ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာသော အစိမ်းရောင် အငွေ့များက ခန္ဓာကိုယ်ဆီသို့ ပြေးလာပြီး ရိုက်ခတ်လာတာကြောင့် မလွတ်မြောက်နိုင်ခဲ့ပေ။

လူတစ်ထောင်ကျော် ရှိသည့် ဟွမ်မိသားစု၏ ထက်ဝက်ကျော်ရှိ လူများသည် လုရွှမ်ဓားဖြင့် အသတ်ခံခဲ့ရပြီး အခြား ၃၀% မှာ အစိမ်းရောင် အငွေ့များ၏ စွမ်းအင်ကြောင့် ပင်လယ်ထဲသို့ ကျသွားခဲ့သည်။

ဓားတစ်ချောင်း ​ဝေ့ယမ်းပြီးနောက် ပင်လယ်တစ်ခုလုံးသည် ရုတ်တရက် လှိုင်းလုံးများ ရိုက်ခတ်သွားလေသည်။

အော်ဟစ်သံများသည် အလွန် ကြေကွဲဖွယ်ကောင်းပြီး ဟွေယင်းပင် အသက်ရှုကြပ်မတတ် မျက်လုံးများ အနည်းငယ် နီနေခဲ့ကာ လုရွှမ်ကို အထိတ်တလန့်နဲ့ ကြည့်နေခဲ့သည်။

"လုရွှမ်!" ဟွမ်ရှန်က

"မင်းက အရမ်းရက်စက် ယုတ်မာတာပဲ!"

လုရွှမ်က "ခင်ဗျားကသာ အရှက်မရှိဘဲ စက်ဆုပ်ရွံရှာစရာကောင်းတဲ့လူ... တာဝန်မဲ့ပြီး အေးစက်တဲ့ သဘောထားလည်း ရှိ​သေးတယ် နောက်ဆုံးတော့ ဟွမ်ထောင်က သူရဲ့ စိတ်နေစိတ်ထားကို ဘယ်သူ့ဆီကများ သင်ယူခဲ့တာလဲ ဆိုပြီး စဥ်းစားနေတာ လတ်စသတ်တော့ ခင်ဗျားကိုး"

All Chapters