ကန်ရွှမ်းကလန်သို့ ဝင်ရောက်ခြင်း
Vol. 16 Ch. 212
အစိမ်းရောင် တိမ်တိုက်က ဝှစ်ခနဲ အသံနှင့်အတူ ကောင်းကင်တွင် ဖြတ်သန်းသွားနေသည်။
ဇူယွမ်တို့ လူစုက တိမ်ပေါ်တွင် ထိုင်လျက်ရှိပြီး သူတို့၏ အကြည့်များက စူးစမ်းချင်စိတ် ပြင်းပြစွာဖြင့် ကျယ်ပြောသော ကုန်းမြေကြီးကို ဂရုတစိုက် လေ့လာနေကြသည်။ ရှန်ဇူတိုက် အတွင်းသို့ ဝင်ရောက်စဉ် ကတည်းက သည်နေရာရှိ မူလချီများသည် သူတို့ ကန်မင်တိုက်ကြီးထက် သာလွန်သည်ကို ခံစားမိပေသည်။
ယခုချိန်တွင် သူတို့က ရှန်ဇူတိုက်ကြီး မည်မျှ ကျယ်ပြန့်သလဲ ဆိုသည်ကို မြင်တွေ့ခွင့် ရခဲ့ပြီဖြစ်သည်။
သူတို့ ပန်းတစ်ရာ လှေကြီးပေါ်မှ ထွက်ခွာခဲ့သည်မှာ ရှစ်ရက်ရှိပြီဖြစ်ကာ နေတိုင်းတွင် အနားယူခြင်း မရှိပဲ အမြန်ဆုံး သွားနေကြသည်။ သူတို့အနေဖြင့် မြို့ပြောင်းမည်မျှကို ဖြတ်သန်းခဲ့ပြီး တယ်လီပို့ အစီအရင် (တစ်နေရာမှ တစ်နေရာသို့ လွယ်ကူစွာ သွားလာနိုင်အောင် စီမံထားသော အစီအရင်) မည်မျှကို အသုံးပြုခဲ့မှန်းပင် မှတ်မိတော့ပဲ။ တစ်နေရာသို့ ခုန်ကျော် သွားတိုင်းတွင် မိုင်းပေါင်း ထောင်ကျော်လား ရာကျော်လားပင် မသိတော့ချေ။
သို့သော်ငြားလဲပဲ ယခုထိတိုင် သူတို့၏ ဦးတည်ရာသို့ မရောက်သေးပေ။
သူတို့၏ အမြင်များကို အမှန်တကယ်ကျယ်စေခဲ့သည်။
ရုတ်တရက် မူဝူကျိက ပြောလိုက်သည် “မနက်ဖြန်ဆို ငါတို့ ကန်ရွှမ်းကလန်ကို ရောက်လိမ့်မယ်”
သည်စကားလုံးများက ဇူယွမ်တို့လူစုကို အားပြန် တက်လာစေသည်။ သူတို့အနေဖြင့် ခရီးသွားခဲ့သော ရှစ်ရက်လုံးတွင် မူလ ချီအနည်းငယ်မျှပင် မသုံးရသော်လည်း ကြာရှည်စွာ သွားလာရခြင်းက သူတို့ကို ပင်ပန်း စေပေသည်။ ကံကောင်းစွာပဲ သူတို့၏ ဦးတည်ရာကို နောက်ဆုံး ရောက်ရှိတော့မည် ဖြစ်သည်။
သည်လိုနှင့် မျှော်လင့် စောင့်စားမှု အောက်တွင် နေ့တစ်နေ့က ကုန်ဆုံးသွားသည်။
နောက်တစ်နေ့ ကောင်းကင်ပေါ်သို့ နေတစ်စင်း ထိုးတက်လာချိန်တွင် အနားယူနေသော ဇူယွမ်တို့ လူစုမှာ သူတို့ပတ်ဝန်းကျင်ရှိ မူလချီများ ရုတ်တရက် အားကောင်း လာသည်ကို ခံစား မိလိုက်သည်။ သူတို့၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်နှင့် မြူခိုးများ ဝေနေသည့် မရေမတွက် နိုင်သော ရှေးဆန်သော တောင်တန်းကြီးများကို တွေ့လိုက်ရပြီး ကြီးမားသည့် တောက်ထွတ် တစ်ခုဆီက မိုးကောင်းကင်ကိုပင် ထိခတ်နေသည်။
ကြီးမားသော တောင်များကြားတွင် များပြားလှသော ခန်းမများ၊ ပွဲကြည့်စင်မြင့်များနှင့် အခြားသော အဆောက်အဦများကို မြူများအကြားတွင် ရေးရေးလေး မြင်ရသည်မှာ ကောင်းကင်ဘုံ တစ်ခုနှင့်ပင် တူပေသည်။ ထိုစဉ်တွင် မရေမတွက်နိုင်သော အလင်းတန်းများက လွန်းထိုးသည့် အလား…
မူလစာလုံးများက ကောင်းကင်ထက်တွင် ဖျော့တော့စွာ ရှိနေသည်ကို သတိပြုမိ လိုက်သည်။ ထိုမူလစာလုံးများက တစ်ခုနှင့် တစ်ခုဆက်နေပြီး ကြီးမားသော မူလ စာလုံး အစီအရင်တစ်ခု ဖြစ်ပေါ်နေသည်။ ထိုအစီအရင်ကြီးက အောက်သို့ ပြန့်ကျဲနေပြီး များပြားလှသော တောင်တန်း များကို ဖုံးအုပ်ထားသည်။
သူတို့ထံမှ စွမ်းအားများက သူတို့အပေါ်သို့ သက်ရောက်လာခြင်း မရှိသော်လည်း။ သူတို့နားသို့ ရောက်လာသည်နှင့်ပင် ဇူယွမ်၏ စိတ်အတွင်း၌ ကြောက်ရွံ့စိတ်များ တိုးပွားလာသည်။
မူဝူကျိ၏ ခြေထောက်အောက်မှ အစိမ်းရောင် တိမ်တိုက်က မူလ စာလုံးအစီအရင်နှင့် နီးကပ် သွားသည်နှင့် အလင်းတန်းများက ထိုမှ ထွက်ပေါ်လာပြီး မူဝူကျိအား မည်သူမည်ဝါ ဖြစ်ကြောင်း စစ်ဆေးသည်။ ခဏအကြာတွင် အက်ကြောင်းတစ်ခု ပေါ်လာပြီး သူတို့အား ကာကွယ်ထားသော အစီအရင်ကို ဖွင့်ပေးခဲ့သည်။
မူဝူကျိက အစိမ်းရောင် တိမ်တိုက်ကို အတွင်းသို့ တိုက်ရိုက် ဝင်စေခဲ့သည်။ သူတို့ အထဲသို့ ဝင်ရောက်သွားသည်နှင့် အစကမှုန်ဝါးနေသော ကမ္ဘာလောကကြီးက ချက်ချင်းပင် သစ်လွင်လာခဲ့ပြီး ရှင်းလင်း လာခဲ့သည်။ မူလချီ အဆီအနှစ်များက လေထဲမှ သူတို့၏ ခန္ဓာကိုယ်များ အတွင်းသို့ စီးဝင်လာပြီး တစ်လှိုင်းပြီး တစ်လှိုင်း သူတို့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။
“ကောင်းကင်ဘုံ တစ်ခုလား” ဇူယွမ်က မချီးမွမ်းပဲ မနေနိုင်ချေ။ သည်နေရာတွင် လေ့ကျင်နေပါ လူတစ်ဦး၏ ကျင့်ကြံမှုမှာ အံ့မခန်း ဖြစ်ပေလိမ့်မည်။
အခြားလူများကလဲ သိချင်စိတ်ပျင်းပြစွာ မေးမြန်း လိုက်ကြသည်။ “ဒါက ကန်ရွှမ်းကလန်လား”
“ဒါက ကန်ရွှမ်းကလန်ရဲ့ အပြင်ဘက်က တောင်တန်းတွေပဲ” မူဝူကျိက ရယ်မောခဲ့ပြီး “မင်းတို့ကောင်တွေ တောင်ထွတ် ရွေးချယ်တဲ့ အခန်းအနားအပြီးမှာ မင်းတို့ အားလုံး ကန်ရွှမ်းကလန်ရဲ့ မျက်နှာ အစစ်အမှန်ကို မြင်ရလိမ့်မယ်”
“နောက်ပြီး မင်းတို့အားလုံး တပည့်သစ်တွေ စုဝေးတဲ့ နေရာကိုအခု ငါခေါ်သွားမယ်”
သူ့စကားလုံးများ ဆုံးသွားသည်နှင့် အစိမ်းရောင် တိမ်အား ရွေ့လျားစေခဲ့ပြီး မြင့်မားလှသော တောင်အချို့ကို ဖြတ်သန်း သွားသည်။ ဒါဇင်ချီသည့် မိနစ်အချို့ကြာပြီးနောက် သူတို့၏ အရှိန်မှာ စတင်နှေးလာခဲ့ပြီး သူတို့၏ မြင်ကွင်းတွင် အလွန်ခမ်းနားသော တောင်ကြီးတစ်ခု ပေါ်လာခဲ့သည်။
တောင်၏ ခါးလယ်တွင် အလွန်ကြီးမားသော မြေကွက်လပ်ကြီး တစ်ခုရှိနေသည်။ အဆုံးမဲ့သော မြင်ကွင်းတွင် အလင်းတန်းများက နေရာအနှံမှပျံသန်းလာပြီး မြေကွက်လပ်ပေါ်သို့ ဆင်းသက် သွားလာနေကြပြီး အလွန်အမင်း အလုပ်ရှုပ်နေဟန်ရသည်။
မူဝူကျိ၏ အစိမ်းရောင် တိမ်တိုက်က မြေကွက်လပ်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် ကန်ရွှမ်းကလန်မှ ဝတ်ရုံအစိမ်းနှင့် လူတစ်ယောက်က သူတို့နားသို့ လာရောက် ကြိုဆိုပြီး ပြုံးလျက် “မင်းနောက်ဆုံးတော့ ဒီကိုရောက်လာခဲ့ပြီပဲ ဆရာဦးလေးမူ။ မင်းတို့က တပည့် အသစ်တွေထဲမှာ နောက်ဆုံးအသုတ်ပဲ”
“မတတ်နိုင်ဘူးလေ။ ကန်မင်တိုက်ကြီးက ဝေးလွန်းတာကို ” မူဝူကျိက သူရဲ့လက်များကို ယမ်းပြခဲ့ပြီးနောက် သူ၏ အနောက်တွင်ရှိသော အုပ်စုဘက်သို့ လှည့်ကြည့်လိုက်ပြီး “ဇူယွမ်နဲ့ ယောင်ယောင် င့ါနောက်လိုက်ခဲ့ ကျန်တဲ့သူတွေကတော့ ဒီမှာစောင့်နေဦး”
ပြောပြီးသည်နှင့် သူတို့နှစ်ယောက်ကို ဦးဆောင်ကာ မြေကွက်လပ် အနောက်ဘက်ရှိ အဆောက်အဦ တစ်ခုကို ဦးတည်လိုက်သည်။
“သည်တစ်ခေါက် အပြင်ဘက်တောင်ရဲ့ တပည့်တွေရဲ့ တာဝန်ခံက ဘယ်သူလဲ” သူတို့ သွားနေရင်းမှ မူဝူကျိက အစောပိုင်း၌ သူတို့အား လာကြိုခဲ့သော ကန်ရွှမ်းကလန်၏ တပည့်ကို မေးလိုက်သည်။
“မိုးကြိုးအကျဉ်းထောင် တောင်ထွတ်က ဆရာဦးလေး ချန်းယွင် ” တပည့်က ပြန်ဖြေခဲ့သည်။
“ချန်းယွင်လား” မူဝူကျိ၏ မျက်ခုံးများမှာ တွန်ကွေး သွားသော်လည်း နောက်ထပ်မည်သည်မှ ထပ်မပြောတော့ပေ။
သူတို့ မြေကွက်လပ်ကို ဖြတ်ကျော်ပြီးနောက် အဆောက်အဦ တစ်ခုသို့ ရောက်လာခဲ့ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
“ဟီးဟီး ငါက ဘယ်သူများလဲလို့။ လူအိုကြီးဝူ ကို။ မင်းသည်တစ်ခေါက် ခရီးကပြန်လာတာ တကယ်ကိုမကောင်းဘူး။ ဒီတစ်ခေါက် မင်းပြန်လာတာ တအားနောက်ကျတယ်”
ဇူယွမ်က လှမ်းကြည့်လိုက်လျှင် စကားပြောလိုက်သည် ပိန်ပိန်ပါးပါးနှင့် သတ်လတ်ပိုင်း လူကြီးကို တွေ့ခဲ့သည်။ ထိုသူက ပြုံးနေသော်ငြားလဲပဲ ထိုအပြုံး၏ နောက်မှ ကောက်ကျစ် လိုစိတ်များကို ခံစားမိပေသည်။
မူဝူကျိက ပြန်ပြောလိုက်သည်။ “ကန်မင်တိုက်ကြီးကို မင်းသွားကြည့်ပါလား”
“တခြာသူတွေလဲ အဲ့လိုဝေးလံတဲ့ နေရာကနေပြီးတော့ ကောင်းကောင်း ပြန်ရောက် လာကြပါပြီ ” ချန်းယွင်လို့ ခေါ်သောသူက မရိုးမသား ပြုံးလိုက်ရင်း ပြောသည်။
မူဝူကျိက ထိုသူနှင့် ပတ်သက်ပြီး စိတ်ရှုပ်မခံတော့ပဲ ဇူယွမ်နှင့် ယောင်ယောင်ကို ညွှန်ပြရင်း ပြောလိုက်သည်။ “ဒီနှစ်ယောက်က ကန်မင်တိုက်ကြီးက တပည့်အသစ်တွေပဲ။ သူတို့နှစ်ယောက်လုံး ပထမတန်းမှာ တက်ခွင့်ရဖို့လိုတယ်”
ချန်းယွမ်က သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ အခက်အခဲ ဖြစ်နေသော မျက်နှာဖြစ်သွားပြီး ပြောလိုက်သည်။ “လူအိုကြီးမူ မင်းပြန်လာတာ အရမ်း နောက်ကျတယ်။ တပည့်အသစ်တွေရဲ့ အရေအတွက်က ဒီတစ်ကြိမ်မှာ အကန့်အသတ်ထက် ပိုလိုနေခဲ့တယ်။ ပထမတန်းကို တက်ရောက်ခွင့်ပေးတဲ့ ပမာဏက သိပ်မများဖူး သူတို့တွေအားလုံးကို သီးသန့်ထားဖို့ လိုအပ်တယ်လေ”
ချန်းယွင်က လက်တစ်ချက် ယမ်းလိုက်ပြီး အကြံပြု စကားဆိုလိုက်သည်။ “သူတို့ နှစ်ယောက်လုံးကို ဒုတိယတန်း တပည့် နေရာပေးမယ်လေ ဘယ်လိုလဲ”
မူဝူကျိက ဆေးတံကို စားပွဲပေါ်သို့ ရိုက်ချလိုက်ပြီး အေးစက်စက် နှာခေါင်းရှုံကာ “ငါ့ကို ပေါက်တတ်ကရ ပြောမနေနဲ့။ မင်းရဲ့ နည်းလမ်းတွေကို မသိတဲ့သူ မရှိဘူး။ မင်းပထမတန်း ကျောင်းသား စာရင်းကို တိတ်တိတ်လေး ပြောင်းလဲထားတာလား”
ချန်းယွင်၏ မျက်နှာမှာ ရုပ်ပျက်သွားခဲ့ပြီး “မင်းဘာတွေ ပြောနေတာလဲ… ငါ့အနေနဲ့ ဒီကောင်မလေးကို ပထမတန်း ပေးတက်လို့ ရပါတယ်။ သူမရဲ့ စိတ်ဝိညာဉ်က သန်မာတဲ့ အတွက် သူမက အရှည်အချင်း ပြည့်မီတယ်”
“ဒါပေမဲ့…”
သူ၏ အကြည့်က ဇူယွမ်ဆီသို့ ရောက်ရှိသွားပြီး ဆက်ပြောလိုက်သည်။ “တစ်ဝက်တစ်ပျက် မူလစဦး အဆင့်ပဲ ရောက်သေးတဲ့ ကလေးက ပထမတန်းကျောင်းသား ဖြစ်ဖို့က စည်းမျဉ်းနဲ့ ဆန့်ကျင်တယ်။ မင်းမှာ အကြောင်းပြချက် ကြီးကြီးမားမား မရှိရင် မင်းသူ့ကို မြှင့်တင် ပေးလို့ မရဘူး”
မူဝူကျိက မည်သည့်စကားမှ ပြန်ပြောမနေတော့ပဲ သင်္ကေတပြားကို ထုတ်ယူကာ ချန်းယွင်ထံသို့ ပစ်ပေးလိုက်သည်။
ချန်းယွင်က တံဆိပ်ပြားကို ဖမ်းလိုက်ပြီး ထိုအရာကို ဖျတ်ခနဲ ကြည့်လိုက်သည်နှင့် သူ၏ မျက်လုံးအစုံက ပြူးကျယ်လာကာ သိလိုစိတ်ပြင်းပြစွာဖြင့် ရေရွတ် လိုက်သည်။ “ကန်မင် တိုက်ကြီးလို နေရာမျိုးက လူငယ်လေးဆီမှာ ဒီလိုအရာက ဘယ်လိုလုပ် ရှိနိုင်တာလဲ”
သူတို့ ကန်ရွှမ်းကလန်နှင့် အဆက်အသွယ် ရှိသူများတွင်သာ သည်လို သင်္ကေတပြားမျိုး ရှိပေသည်။
ချင်းယွင်၏ အကြည့်များက ထိုအခိုက်တွင် တောက်ပလာခဲ့ပြီး ဇူယွမ်အား ကြည့်ကာ စိတ်ရင်းနှင့် ပြောလိုက်သည်။ “လူကလေး ငါမင်းကို ပထမတန်း တက်ခွင့် ပေးနိုင်ပါတယ် ဒါပေမဲ့ မင်းသိသင့်တာက တပည့်သစ်တွေ ကြားက ပြိုင်ဆိုင်မှုတွေက အရမ်းကို ကြီးမားလွန်းတယ်။ မင်းရဲ့ တစ်ဝက်တစ်ပျက် မူလစဦး အဆင့်လေးနဲ့ ဒီအကန့်အသတ်နဲ့ပဲ လက်ခံတဲ့ အတန်းမှာ အကြာကြီး မနေနိုင်ဘူးလို့ ငါခံစားမိတယ်။ ပြီးတော့မင်းက တခြားတပည့်တွေရဲ့ ပစ်မှတ်တစ်ခု ဖြစ်လာလိမ့်မယ်။ ဒါကြောင့်မလို့ မင်းဒုတိယတန်းရဲ့ တပည့်အရင်လုပ်တာ ပိုသင့်လျှော်တယ်လို့ ငါခံစားမိတယ်။ မင်းရဲ့ သန်မာမှု မြင့်မားလာတဲ့ အချိန်ကျမှ ငါမင်းကို ချက်ချင်း ပထမတန်းကို ပြောင်းပေးလို့ရတယ်။ မင်းဘယ်လိုထင်လဲ”
သူက ဇူယွမ်က သူ့သဘော ဆန္ဒအလျောက် ပထမတန်းတွင် မတက်ရောက်စေရန် ရည်ရွယ်ကာ ပြောနေသည်။
ဇူယွမ်က ထိုစကားကြားချိန်မှာ ရယ်မောရုံသာ ရယ်မောလိုက်ပြီး “ဆရာဦးလေးရဲ့ စဉ်းစားပေးမှု အတွက် ကျေးဇူးအများကြီး တင်ပါတယ် ဒါပေမယ်… ကျွန်တော်က ပြဿနာတွေကို မကြောက်ဘူး”
ချန်းယွင်၏ အမူအရာက တစ်စက္ကန့်မျှ အေးခဲသွားသည်။ သူ့အနေဖြင့် တစ်ဝက်တစ်ပျက် မူလစဦး အဆင့်သာ ရှိသေးသော ဇူယွမ်က အလွန်စိတ်ကြီး ဝင်နေခြင်းကို အံ့အောမိပေသည်။
သူ၏ မျက်နှာပေါ်တွင် အနည်းငယ် သဘောမကျဟန် ပေါ်နေသော်လည်း သူက အကူအညီမဲ့စွာပင် စာရင်း စာအုပ်ငယ်လေးကို ထုတ်ယူလိုက်ပြီး ဇူယွမ်နှင့် ယောင်ယောင်၏ အချက်အလက်များကို မှတ်တမ်း တင်လိုက်သည်။
“ကောင်းပြီ မင်းအခုသွားလို့ရပြီ။ ခဏနေကျရင် တပည့်အသစ်တွေ စုဝေးတဲ့ အချိန်ကျ အတန်းတွေကို ကြေညာလိမ့်မယ်။ မင်းပြဿနာတွေ ဘယ်လောက်ဖြစ်ဖြစ် မင်းသိရမှာက အဲ့အရာတွေကို မင်းကိုယ်တိုင် သယ်ဆောင် လာခဲ့တယ် ဆိုတာပဲ” ချန်းယွင်က သူ၏လက်များကို ဝေ့ယမ်းလိုက်ပြီး သူတို့ကို ထွက်သွား ခိုင်းလိုက်သည်။
မူဝူကျိက ထိုသူနှင့် အစကတည်းက တစောင်းစေးနှင့် မျက်ချေး ဖြစ်နေသောကြောင့် ချက်ချင်းပင် သူတို့ နှစ်ယောက်ကို ဦးဆောင်ကာ ထွက်လာခဲ့သည်။
သူတို့ထွက်သွားသည်ကို မြင်လိုက်သည်နှင့် ချန်းယွင်က စာရင်းစာအုပ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး အထင်အမြင် သေးဟန်များက သူ၏ နှုတ်ခမ်း ထောင့်စွန်းမှ ပေါ်လာခဲ့သည်။
“ရူးသွပ်တဲ့ကလေး၊ မင်းအတွက် ဘာကကောင်းလဲ ဆိုတာကို မင်းတကယ် မသိဘူးပဲ။ ပြီးတော့ ငါ့ရဲ့ ကောင်းမွန်တဲ့ အကြံကိုလဲ နားမထောင်ဘူး။ မင်းဘယ်နှရက်လောက် ပထမတန်း ကျောင်းသား အဖြစ် နေနိုင်မလဲဆိုတာကို ငါစောင့်ကြည့်ဦးမယ်”