← Chapters

သံသယများကိုဖြေရှင်းခြင်း

Vol. 69 Ch. 4.552

သံသယများကိုဖြေရှင်းခြင်း

Vol. 69 Ch. 4.552

ဆရာကြီးရွှမ်ကွေးက တဟားဟား ရယ်ပြီး

"ကောင်လေး မင်းကအရမ်း စိတ်ပူနေတာပဲ... မင်းအခုမှ သူတော်စင်ပဲ ရှိသေးတာကို နတ်မီးကို ထွန်းချင်နေပြီပေါ့လေ"

လုရွှမ်​က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး အကြောင်းအရာကို ပြောင်းလိုက်ချင်ပေမယ့် ဆရာကြီးရွှမ်ကွေးက။

"ဒါပေမဲ့ မင်းရဲ့ ပင်ကိုယ်စွမ်းရည်ကို ကြည့်ပြီး တစ်ယောက်နဲ့တစ်ယောက် သိခွင့်ရတာ ကောင်းပါတယ် ဒါကြောင့် ဒီအကြောင်းကို ငါပြောပြလိုက်မယ်.... ပြီးတော့ နဂါးအို​ကြီး နတ်မီးထွန်းနေတာကို ကြည့်လိုက်ရင် နတ်မီးနယ်ပယ်က ထူးခြားတဲ့ အခြေအနေတစ်ခုပဲ...မင်းတို့ အနာဂတ်မှာ နတ်မီးကို ထွန်းညှိတဲ့နေရာမှာ အကူအညီ ဖြစ်လိမ့်မယ်"

ထင်ရှားသည်မှာ လိပ်အိုကြီးရဲ့ စကားအရ သူတို့နှစ်ဦးသည် နတ်မီးကို တောက်လောင်စေမည့် လူများအဖြစ် သတ်မှတ်ခံထားရသည်။

"နတ်မီးကို ထွန်းချင်ရင် နတ်မီးဆိုတာ ဘာလဲ အရင် နားလည်ရမယ်... ကောင်လေး လူတွေနဲ့ သက်ရှိသတ္တဝါတွေရဲ့ ပခုံးပေါ်မှာ နတ်မီးခွက်နှစ်လုံး ရှိတယ် ဆိုတဲ့အကြောင်း ကြားဖူးလား? အဲဒါက မမြင်ရဘူး... ဒါပေမဲ့ တကယ်ရှိနေတာပဲ"

လုရွှမ် ခေါင်းညိတ်လိုက်သည်။

"တကယ်တော့ နတ်မီးလုံးတွေ ဘယ်လောက်ရှိတယ်ဆိုတာ ငါလည်း မသိဘူး ဒါပေမဲ့ ယေဘူယျအခြေအနေနဲ့ ပြောရရင် အနည်းဆုံး ငါးခု ရှိတယ်... တစ်နည်းပြောရရင် နတ်မီးလုံးငါးလုံးကို ထွန်းထားမှ နတ်မီးနယ်ပယ်ထဲကို ရောက်နိုင်တယ်"

"ပထမဆုံး နတ်မီးလုံးက မျက်ခုံးကြားမှာ ရှိတယ်... အဲဒါကို နတ်မျှော်စင်မီးလုံးလို့ ခေါ်တယ်...နတ်မီးကို ထွန်းဖို့ အခက်ခဲဆုံးနဲ့ ပထမအဆင့်ပဲ။ ဒီနတ်မီးကို ထွန်းထားမှသာ ဝိညာဉ်ကျင့်စဉ်လမ်းစဉ်ကို လင်းလက်နိုင်မှာ... မဟုတ်ရင် အနာဂတ် ဘဝတစ်ခုလုံး အဲဒီမှာပဲ ရပ်နေရလိမ့်မယ်"

"ဒုတိယ နတ်မီးလုံးက လက်ဝဲပခုံးပေါ်မှာ ရှိတယ်... အဲဒါကို အတိတ်ဘဝရဲ့ နတ်မီးလုံး... အတိတ်ဘဝက ရုန်းထွက်ရတဲ့ အခြေအနေက အန္တရာယ်အရှိဆုံးမလို့ မအောင်မြင်ရင် အလောင်းကို ငရဲပြည်အထိ သယ်သွားသလိုမျိုး အရင်ဘဝရဲ့ အငွေ့အသက်တွေက လွှမ်းမိုးသွားလိမ့်မယ်”

"တတိယက သဘာဝအတိုင်း ညာဘက်ပခုံးပေါ်မှာ တည်ရှိနေတာ... နောင်ဘဝရဲ့ နတ်မီးလို့ ခေါ်တယ်... ဆိုလိုသည်တာက အနာဂတ်ကို ဖြတ်တောက်ရမယ့် မီး၊ အနှစ်သာရဆုံး မီးပဲ...အဲဒါက အနာဂတ်ကို အခါအားလျော်စွာ ပြသနိုင်သလို ကံကြမ္မာကိုလည်း ပြောင်းလဲနိုင်တယ်... ဒါပေမဲ့ မင်း ရွေးချယ်မှုမှားသွားရင် ဘာအကျိုးဆက်တွေ ဖြစ်မလဲ ဆိုတာကို နတ်ဘုရားပဲ သိတယ်။ မင်းအနာဂတ်မှာ အကန့်အသတ်မရှိ အောင်မြင်မှုတွေ ရနိုင်ပေမယ့် စိတ်ပျက်စရာ ဘဝအဖြစ် ပြောင်းလဲသွားလိမ့်မယ်"

"စတုတ္ထ နတ်မီးလုံးက နောက်ကျောရိုးကြီးပေါ်မှာ ရှိနေတာ... အဲဒါကို နတ်ဖြစ်ခြင်းမီးလို့ ခေါ်တယ်... အဲဒီမီးကို ထွန်းထားမှ အနာဂတ် အောင်မြင်မှုကို ပံ့ပိုးပေးနိုင်မှာ... ပြီးရင် ဆိုးရွားတဲ့ အခြေအနေ နဲ့ သေခြင်းတရားကို ပြောင်းပြန်လှန်ထားတဲ့ ဘဝကို ရှင်သန်နိုင်မယ်"

“ပဉ္စမနတ်မီးလုံးက ရင်ခေါင်းအောက်က ဒန်တန်မှာ ရှိတယ်... လှည့်ပတ်နေတဲ့ နတ်မီးလုံးလို့ ခေါ်တယ် သူက မှော်အစွမ်းအထက်ဆုံး မီးဆိုလည်း ဟုတ်တယ်...တချို့လူတွေက သူ့ကို မှားယွင်းစွာ ထွန်းညှိခဲ့ကြသလို တချို့လူတွေကျတော့လည်း ထွန်းနည်းကို မသိခဲ့ကြဘူး... ဒီနတ်မီးလုံးကို ထွန်းညှိတာက နတ်မီးနယ်ပယ်ရဲ့ ပြီးမြောက်ခြင်းနဲ့ ကျင့်စဉ်ရဲ့ နောက်အဆင့်သို့ ဝင်ရောက်ခြင်းလို့လည်း ဆိုလိုတယ်"

လိပ်အိုကြီးရဲ့ မျက်လုံးများထဲမှ အမှန်တကယ်ပင် အလင်းတန်းတစ်ခု ထွက်လာပြီး နတ်မီးကို လောင်ကျွမ်းနိုင်​စေ​ဖို့ မျှော်လင့်နေတာ ထင်ရှား​ပေသည်။

"အကြီးအကဲ...တစ်ယောက်ယောက်က တခြားနတ်မီးလုံးတွေကိုရော ထွန်းနိုင်မယ်လို့ ထင်လား?"

“ကောင်းပြီ နတ်မီးလုံးတွေ အများကြီး ရှိတယ်လို့ ပြောကြပေမယ့် ရှေးဟောင်းလျှပ်စီးကမ္ဘာမှာတော့ ငါတို့လည်း တကယ် မသိဘူး။ မိုင်ထောင်ချီ ခရီးထွက်ပြီး စာအုပ်ပေါင်း ထောင်ချီပြီး စာအုပ်တွေ ဖတ်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း နဂါးအိုကြီးကို ကြည့်လိုက်ရင် နတ်မီးကို ထွန်းရင်း ခရီးဝေးကိုလည်း သွားရဦးမယ်ဆိုတာတော့ သေချာတယ်”

သူက ခေတ္တရပ်လိုက်ပြီး

“ဒါပေမဲ့ လူတချို့က ၉လုံး ကန့်သတ်ချက် ရှိတယ်လို့ ပြောကြတယ်... နတ်မီးလုံးကို ကိုးခုထက် မပိုထွန်းသင့်ဘူးလို့ ထင်နေကြတယ်လေ နောက်ထပ် နတ်မီးလုံးတစ်ခု ထွန်းလိုက်တိုင်း ကောင်းကင်နဲ့ မြေကြီးပေါ်မှာ လုံးဝခြားနားတဲ့ နယ်ပယ်တစ်ခု ဖြစ်သွားပြီ.. နောက်ထပ် နတ်မီးလုံး လေးလုံးရဲ့ စွမ်းအားက သဘာဝအတိုင်း ဖုံးကွယ်ထားတယ်လို့ ယူဆထားတယ်.. သိချင်ရင် အနာဂတ်မှာ မင်းကိုယ်တိုင် စူးစမ်းလေ့လာဖို့ လိုအပ်လိမ့်မယ်"

လုရွှမ် ခေါင်းညိတ်လိုက်ပြီး သူသည် တခြားကမ္ဘာတစ်ခုသို့ လုံးဝ ဝင်ရောက်သွားသလို ခံစားလိုက်ရသည်။ ဟုတ်ပါတယ်။ အဲဒီကမ္ဘာကြီးဟာ အခုသူနဲ့ အရမ်းဝေးနေသေးပြီး လုရွှမ်ကတော့ အဲဒီအတွက် မမျှော်လင့်ဝံ့​သေးပါဘူး။

လုရွှမ် နောက်ထပ်မေးခွန်း တချို့ကိုလည်း မေးခဲ့သည်။ ဤလိပ်အိုကြီးလို အလွန်ကြင်နာတတ်သူအား ရှာတွေ့ရန်မှာ ရှားရှားပါးပါး ဖြစ်သည်။ ဒါကြောင့် အကူအညီ ထပ်တောင်းရန် အချိန်တန်ပြီ။

လုရွှမ်သည် လိပ်အိုကြီး၏ ရိုးရှင်းသော စကားများထဲမှ များစွာ အကျိုးရရှိခဲ့သည်။

ထိုနေရာ၌ သုံးရက်ကြာ ပျံဝဲပြီးနောက် လုရွှမ်သည် သူသိချင်​သော မေးခွန်းအားလုံးကို မေးခဲ့ပြီး လိပ်အိုကြီးကလည်း ဂရုတစိုက်ဖြေကြားပေးခဲ့ရာ လုရွှမ် အလွန်ပင် ကျေးဇူးတင်မိသည်။

"အကြီးအကဲ... ဒီအငယ်တန်း ထွက်သွားတော့မယ်... အနာဂတ်မှာ ကျွန်တော်တို့ တခြားကမ္ဘာငယ်လေးမှာ ဆုံနိုင်ခဲ့ရင် လုရွှမ် အကြီးအကဲရဲ့ သွန်သင်မှုတွေကို ထပ်ပြီး နားထောင်ချင်ပါသေးတယ်"

ကျားဖြူလေးကလည်း လိပ်အိုကြီးကို နှုတ်ဆက်ပြီး လူသားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူမသည် လုရွှမ်လို ဤနေရာတွင် လူသုံးယောက်လုံး ထိုင်ကာ မေးခွန်းတွေ နားထောင်နေဖို့ သည်းခံနိုင်စွမ်းမရှိပေ။

နန်းတော်တစ်ခုလုံးကို သုံးရက်ပတ်လုံး လှည့်လည်ကာ လိပ်အိုကြီးရဲ့ အငယ်တန်းများနှင့်လည်း မိတ်ဖွဲ့ခဲ့သည်။ လုရွှမ်နှင့် ကျားဖြူငယ်လေးတို့က လိပ်သားသမီးများနှင့် မြေးများအားလုံးကို နှုတ်ဆက်ပြီး ပင်လယ်ပြင်ပေါ် ပြန်ပေါ်လာခဲ့သည်။

သူတို့မသိခဲ့တာက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မူလလမ်းကြောင်းမှ လာခဲ့သော လူများသည် အနီးနားက ပင်လယ်ဧရိယာထဲကို ရှာဖွေခဲ့ကြသော်လည်း လုရွှမ်ရဲ့ ခြေရာလက်ရာကို ရှာမတွေ့ခဲ့ကြပေ။

လုရွှမ် ရုတ်တရက် လေထဲမှ ပျောက်ကွယ်သွားသလိုပင်။

ယခုအချိန်တွင် ဟန်ကျိုးမြို့သည် ပရမ်းပတာနေရာတစ်ခု ဖြစ်လာခဲ့​ပြီ။

လုရွှမ်ကို လိုက်ရှာနေသော နတ်မီးနယ်ပယ်၊ ကောင်းကင်ဘုံသခင် နှင့် ၎င်းတို့နောက် လိုက်ခဲ့သော မဟာသူတော်စင်ကြီးများသည် ၎င်းတို့၏ဒေါသမီး စွမ်းအင်ကို အချင်းချင်း သာမက ဒေသခံပြည်သူများအပေါ်ပါ သဘာဝအတိုင်း ပျံ့နှံ့သွားစေခဲ့သည်။

တစ်စုံတစ်ဦးကို စော်ကားမိခဲ့သလို သို့မဟုတ် စကားပြော မှားခဲ့လို့ဟူ၍ ဒေသခံမိသားစုငယ်များ ဘယ်လောက်တောင် သုတ်သင်ခံခဲ့ရလဲပင် မသိတော့ချေ။ ကျင့်ကြံသူ မိန်းကလေးတွေလည်း ဘယ်လောက်တောင် လုယက်ခံရပြီး ကျွန်ဖြစ်သွားမှန်းပင် မသိ။

ဤအခိုက်အတန့်တွင် ပင်လယ်ထဲတွင် အောင့်မိသားစုရဲ့ ရှစ်ယောက်မြောက် ဘိုး​ဘေးဦးလေးနှင့် အဘိုးကြီးစန်းရွှိက်တို့ရဲ့ ရှာဖွေမှုကလည်း ဖြစ်သွားပြန်သည်။ ဒေါသကြီးသော အဘိုးကြီးစန်းရွှိက်လည်း ဒေါသကို ပြေပျောက်ဖို့ ပင်လယ်သားရဲများကို တစ်ကောင်ပြီး တစ်ကောင် သတ်ဖြတ်ခဲ့ကြသည်။

သူက ပတ်ဝန်းကျင် ပင်လယ်ကို သွေးအိုင်အဖြစ် ဆေးဆိုးထားသည်။

အောင့်မိသားစုက ဘိုးဘေးဦးလေးလည်း ထိုအဘိုးကြီးနဲ့ ဝေးဝေးနေဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ ဒီအဘိုးကြီးကြောင့် မတော်တဆ ထိခိုက်ဒဏ်ရာရခဲ့ရင်တော့ ကံမကောင်းနိုင်ဘူးလေ။

နတ်သမီးဟွေယင်းလည်း ဘေးနားတွင် ရပ်နေသည်။ သူမသည် နတ်မီးနယ်ပယ်က သခင်များ အစွမ်းကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်လေ၏။ သူသည် ယခင်က ဟွမ်ရှန်ထက် များစွာ အားကောင်း​သူ ဖြစ်သည်။

"သမီးလေး ပြောပါဦး... အဲဒီကောင်လေး ဘယ်ရောက်သွားတာလဲ"

​အောင့်မိသားစုရဲ့ ရှစ်ယောက်မြောက် ဦးလေးက နတ်သမီးဟွေယင်းကို အမြန်ကာကွယ်ထားပြီး မေးလိုက်သည်။

"အဘိုးကြီးစန်းရွှိက် ခင်ဗျား ရူးချင်ယောင်ဆောင်ပြီး တခြားသူတွေကို ရူးအောင် လုပ်မနေနဲ့တော့ ခင်ဗျားကိုရှင်းအောင် ပြောထားရဦးမယ်... ခင်ဗျား ကျုပ်တို့ အောင့်မိသားစုအတွက် ဘာမှ မလုပ်​ပေးရသေးဘူးနော်?"

ဤစကားများသည် အဘိုးကြီးစန်းရွှိက်ရဲ့ နှလုံးသားကို တိုက်ရိုက် ညွှန်ပြနေသည်။ အောင့်မိသားစုကို ပထမနေရာ ပြန်ရအောင် ကယ်တင်ခဲ့သူက လုရွှမ်ပဲ ဖြစ်သည်။ ပုံမှန်အားဖြင့် အဘိုးကြီးစန်းရွှိက်နဲ့ အောင့်မိသားစုကြား သဘောတူညီချက်ကို ထည့်သွင်း မတွက်ထားရ​သေးပေ။

"ဟမ့် လောင်ပါး... ယုံချင်ယုံ မယုံချင်နေ ငါ အဲဒီကလေးကို ဖမ်းပြီး ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်ပစ်မယ်! အဲဒီအခါကျရင် သူက မနာခံဘူးလို့ မယုံဘူး!"

အောင့်မိသားစု၏ ရှစ်ယောက်မြောက် ဦးလေးဖြစ်သူကလည်း

"လုရွှမ်ကို ဒီလိုလုပ်ရင် သူခင်ဗျားလက်အောက်ကို ဝင်မယ်လို့ ထင်နေတာလား? ခင်ဗျားရဲ့ အသက်အရွယ်အရ ခွေးတစ်ကောင်လို အသက်ရှင်နေရတယ်လို့ ကျုပ်တော့ ထင်တယ် လူတွေက အသက်နဲ့ သေခြင်းတရားကိုပဲ ဂရုစိုက်ပြီး ကတိကဝတ်တွေကို တန်ဖိုးမထားတတ်ကြဘူး... တရားထိုင်ပြီး ခင်ဗျား တစ်ဖက်လူကို ကျေနပ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ စဉ်းစားထားဦး... မဟုတ်ရင် သူခင်ဗျားကို ကုသပေးဘဲ ခင်ဗျားက မထိုက်တန်ဘူးလို့ ခံစားနေရဦးမယ်"

အဘိုးကြီးစန်းရွှိက်ကလာ်း “ဒါဆို မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ? ဒူးထောက်ပြီး တောင်းဆိုခိုင်းနေတာလား? ဒါမှမဟုတ် မင်းရဲ့ သခင်ငယ်​လေးကို ကိုးကွယ်​စေချင်တာလားကွ!”

သူ့အသံက ရွဲ့စောင်းနေပြီး အသံလှိုင်းတွေ ပျံ့နှံ့သွားတော့ ပတ်ဝန်းကျင်က ပင်လယ်ရေဟာလည်း ဆက်လက် တုန်ယင်သွားသည်။ မတ်တပ်ရပ်လိုက်သည်နှင့် အသွေးအသား အပိုင်းအစများ တဖန်တဆတ်ဆတ် တုန်ခါသွားကာ သူ့စွမ်းအားက အလွန်အမင်း ကြောက်စရာကောင်းလှသည်။

သို့သော်လည်း ​​အောင့်မိသားစု၏ ရှစ်ယောက်မြောက် ဦးလေးသည် သူ့​အမူအရာကို လုံးဝ မပြောင်းလဲသွား​စေဘဲ

"အဲ့လိုလည်း မဆိုးဘူး"

အော်ကာ အချင်းချင်း တိုက်ရိုက် ထိပ်တိုက်တွေ့ကြ​တော့သည်။ အဘိုးကြီးစန်းရွှိက်က တစ်ဖက်လူကို အချိန်အကြာကြီး စိုက်ကြည့်ရင်း ဟစ်အော်ရန် အရှိန် ပြန်ယူလိုက်သည်။

“သူ အကျင့်စာရိတ္တကောင်းရင် သူ့ကို ငါ့တပည့်အဖြစ် ငါလက်ခံနိုင်တယ်... သူ့ရဲ့ ကျင့်ကြံမှုက နိမပေမယ့် ငါသည်းခံနိုင်ပါတယ်"

​အောင့်မိသားစု၏ ရှစ်ယောက်မြောက် ဦးလေးသည် ထိုစကားကိုကြားတော့ တိုက်ရိုက်ပဲ ရယ်မောချလိုက်လေ၏။

All Chapters